ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ

ကလေးလေးတွေ အသားအရေအတွက် lotionတွေ၊ ဆပ်ပြာတွေ သုံးကြပေမယ့် baby oilကိုတော့ သုံးတဲ့သူ နည်းမယ်လို့ ထင်ပါတယ်။ တကယ်တော့ baby oilကလည်း ကလေးလေးတွေမှာ သုံးပေးလို့ ရသလို ကောင်းကျိုးတွေလည်း ရှိပါတယ်။ ဒါဆို ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကို လေ့လာကြည့်ရအောင်။ ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကလေးလေးတွေမှာ baby oilသုံးမယ်ဆိုရင် ရေချိုးပြီးစ အသားအရေ စိုစွတ်နေချိန်မှာ သုံးတာ အကောင်းဆုံးပါ။ ကလေးလေးတွေအတွက် baby oilကို နှိပ်နယ်ဖို့ အသုံးပြုပေးနိုင်ပါတယ်။ ရေချိုးပြီးစ အချိန်ဖြစ်ဖြစ်၊ ကလေးကို သိပ်ခါနီးအချိန်ဖြစ်ဖြစ် baby oilကို လက်ထဲ အနည်းငယ်ထည့်ပြီး ကလေးရဲ့ လက်တွေ၊ ခြေထောက်တွေ၊ ကျောပြင်တွေကို အသာအယာ ပွတ်သပ်ပေးပါ။ […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်ပထမနှစ်

ဦးခေါင်းသေး သေး ကလေးလေး

မွေးကတည်းက ခေါင်းသေးသေးနဲ့ ကလေးတွေကို မြင်ဖူးပါသလား။ ဒါမှမဟုတ် ကိုယ့်ကလေးခေါင်းက ရွယ်တူ ကလေးတွေရဲ့ ခေါင်းနဲ့ ယှဉ်ရင် သေးတယ်လို့ ထင်ပါသလား။ ကလေးတွေမှာ မွေးရာပါချို့ယွင်းချက်အနေနဲ့ ဦးခေါင်းသေး တတ်ပါတယ်။ ဒီလိုကလေးတွေက တခြားကလေးတွေလို ပုံမှန်ဖွံ့ဖြိုးမှုရှိမှာမဟုတ်ပါဘူး။ ဒီကလေးတွေအကြောင်း လေ့လာကြည့်ရအောင်။ ကလေးလေးတွေ ဘာလို့ ဦးခေါင်းသေး တာလဲ။ ကလေးတွေမှာ အသက်အလိုက် ရှိရမယ့် ဦးခေါင်းအတိုင်းအတာဆိုတာ ရှိပါတယ်။ Head circumference လို့ခေါ်ပါတယ်။ ဦးခေါင်းပတ်ချာလည်ကို တိုင်းတာပါ။  အမေ့ဗိုက်ထဲမှာတုန်းက ကလေးလေးရဲ့ ဦးနှောက်ကြီးထွားလာတာနဲ့အမျှ ဦးခေါင်းလည်း ကြီးလာပါတယ်။ ဦးခေါင်းသေးတယ်ဆိုတာက အမေ့ဗိုက်ထဲမှာ ဦးနှောက်ကောင်းကောင်း မဖွံ့ဖြိုးလို့ ဒါမှမဟုတ် မွေးပြီးတဲ့အချိန်မှာ ဦးနှောက်ဖွံ့ဖြိုးမှု မရှိတော့လို့ ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ တခြား ဘာချို့ယွင်းချက်မရှိဘဲ ဦးခေါင်းသေးတာသက်သက်ပဲ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် တခြားချို့ယွင်းချက်တွေနဲ့ ပေါင်းပြီး […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

တုပ်ကွေးကွေး တဲ့ ကလေးလေး မြန်မြန်သက်သာရေး

တုပ်ကွေးကွေး တာ၊ အအေးမိတာတွေက အဖြစ်များကြတဲ့ ပြဿနာတွေ ဆိုပေမယ့် ဖြစ်လာပြီဆို အသက် ၅ နှစ်အောက် ကလေးတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ပန်းနာရင်ကျပ် ရှိသူတွေနဲ့ ကိုယ်ခံအားနည်းသူတွေက တုပ်ကွေးဒဏ်ကို ပိုခံစားရလေ့ ရှိတတ်ပါတယ်။ ကလေးလေးတွေ တုပ်ကွေးဖြစ်တဲ့အခါ အရင်ဆုံး ဆရာဝန်ပြဖို့ အရေးကြီးပါတယ်။ အိမ်မှာ ပြုစုရတဲ့ ကျန်တစ်ပိုင်းကတော့ မိဘတွေရဲ့ တာဝန်ပါ။ ဆရာဝန်က ညွှန်ကြားချက်နဲ့ ဆေးညွှန်းပေးလိုက်ရုံ ဆိုပေမယ့် ကလေး မြန်မြန် သက်သာမလား၊ တာရှည်မလား ဆိုတာ အိမ်မှာ ဖေဖေမေမေတို့ရဲ့ အသေးစိတ်ပြုစုမှုက အရေးပါပါတယ်။  ဒါဆို ဒီအချက်လေးတွေ သိထားဖို့သင့်ပါတယ်။ တုပ်ကွေးကွေး တဲ့ ကလေးလေး မြန်မြန်သက်သာစေဖို့ ဆေးပတ်လည်အောင် တိုက်ပါ။ တုပ်ကွေး နဲ့ အအေးမိခြင်း အတွက် သီးသန့်ကုသဆေး မရှိပေမယ့် အဖျားကျစေပြီး ကိုက်ခဲမှု […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးကို ခေါင်းရိတ်ပေးရင် ဆံပင် သန်သတဲ့လား။

ကလေးက မွေးဆံပင်တွေနဲ့ မထားကောင်းဘူး ရိတ်ပစ်ရမယ်။ ကလေးက ဆံပင်ပါး နေပါလား။ ခေါင်းမရိတ် ဘူးလား။ ရိတ်ပေးလေ၊ ဒါမှ ဆံပင်သန်မှာပေါ့ ဆိုတဲ့ စကားကို အရပ်ထဲမှာ တော်တော်လေး ကြားနေရတယ်နော်။ ဒီ အယူအဆက တကယ်ရော မှန်ရဲ့လား။ ကလေးကို မဖြစ်မနေ မွေးဆံပင် ရိတ်ပေးရလား။ ကလေးကို မွေးဆံပင် ရိတ်ပေးရမယ် ဆိုတဲ့ အယူအဆက အများက လက်ခံထားတဲ့ အယူအဆ တစ်ရပ်သာ ဖြစ်ပြီး ကျန်းမာရေး အတွက် လိုအပ်တဲ့ အချက်တစ်ခုတော့ မဟုတ်ပါဘူး။ ဆံပင်ရိတ်တာက ကလေးကို ဆံပင် သန်စေမယ် ဆိုတဲ့ အယူအဆနဲ့ လုပ်ကြတာ များပါတယ်။ တကယ်ကတော့ ကလေးကို ဆံပင်ရိတ်ဖို့က မေမေဖေဖေတို့ရဲ့ ဆန္ဒ အပေါ်မှာပဲ မူတည် ပါတယ်။ ကလေးကို ခေါင်းမရိတ်ပေးရင် ဆံပင်ပါးမှာလား။ ဆံပင် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

Shaken baby syndrome (ကလေး ဦးနှောက်ဒဏ်ရာရခြင်း)

Shaken baby syndrome ဆိုတာ ကလေးငယ် အထူးသဖြင့် လသားကလေးကို ပြင်းပြင်းထန်ထန် လှုပ်ရမ်းလိုက်တဲ့အတွက် ဦးနှောက်ထိခိုက်သွားတာပဲ ဖြစ်ပါတယ်။ ဒီရောဂါစုက လူက လုပ်လို့ ဖြစ်တာပါ။ Traumatic ထိခိုက်ဒဏ်ရာလို့ ပြောလို့ရပါတယ်။ အခန့်မသင့်ရင် ကလေး အသက်ရှူရပ်ပြီး နေရာမှာတင် သေသွားနိုင်ပါတယ်။ အသက်ရှင်ခဲ့ရင်တောင် ဒုက္ခိတလေး ဖြစ်သွားနိုင်ပါတယ်။ လုံးဝမဖြစ်အောင် ကာကွယ်လို့ရတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ သိပ်မရင်းနှီးတဲ့ စကားလုံးဖြစ်တာကြောင့် သေချာ ရှင်းပြပေးပါမယ်။ Shaken baby syndrome ဆိုတာဘာလဲ။ ခုနကပြောခဲ့သလိုပဲ ကလေးကို အားနဲ့ လှုပ်ရမ်းလိုက်လို့ ဦးနှောက်ဒဏ်ရာရသွားတာပါ။ စသလို နောက်သလိုနဲ့ လှုပ်ရမ်းလိုက်တာ ဖြစ်နိုင်သလို ဒေါသထွက်ပြီး အားနဲ့ လှုပ်ရမ်းလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ကလေးကို ၅စက္ကန့်လောက် ပြင်းပြင်းထန်ထန် လှုပ်ရမ်းလိုက်ရုံနဲ့ Shaken baby […]


ကလေးငယ်ပထမနှစ်

ကလေးလေးတွေ ဘာကြောင့် ငို တာလဲ

ကလေးတစ်ယောက်ရဲ့ အူဝဲ အူဝဲဆိုတာ အမေ့ဝမ်းက ကျွတ်ကျွတ်ခြင်းမှာပဲ နားထောင်လို့ ကောင်းတာပါ။ နောက်ပိုင်းအချိန်တွေဆိုရင်တော့ မေမေတို့ ဖေဖေတို့ မျက်ခုံးလှုပ်လာပါပြီ။ ငို တယ်ဆိုတာ ကလေးတွေရဲ့ ဘာသာစကားပါပဲ။ သူတို့လိုချင်တာ ဖြစ်ချင်တာကို ငို ပြီး ဖော်ပြတတ်ပါတယ်။ ဒါကို ဖေဖေတို့ မေမေတို့ နားလည်ထားဖို့ လိုပါတယ်။ ဥပမာ ပြောရရင် ဗိုက်ဆာရင် ငိုတဲ့အသံက တအိအိနဲ့ ငိုတာပါ။ အကောင် တစ်ကောင်ကောင် ကိုက်လိုက်လို့၊ နေမကောင်းလို့ ဆိုရင်တော့ ရုတ်တရက် စူးခနဲ အော်ငိုတတ်ပါတယ်။ နောက်ပိုင်း ထိန်းရင်းနဲ့ ကိုယ့်ကလေးရဲ့ အထာကို သိလာမှာပါ။ အစပိုင်းမှာတော့ ကလေးငိုရင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေဦးမှာပါပဲ။ ကလေးငိုတာကို တုံ့ပြန်တဲ့ မိဘ နှစ်မျိုး ရှိပါတယ်။ တစ်ယောက်က ကလေးက အင့်ခနဲဆိုတာနဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မေမေ ဖြစ်ခြင်း အနုပညာ

မေမေ ဆိုတဲ့ အသံလေးကို ကလေးဆီက ပထမဆုံးကြားရတဲ့ ပျော်ရွှင်မှုကလေ လက်ရှိအချိန်ထိ မေမေတို့ ပင်ပန်းခဲ့ရသမျှကို အကုန်လွင့်ပျောက်သွားစေတယ် မဟုတ်လား။ ကလေးတို့ရဲ့ မေမေဖြစ်ရတာ ပျော်လား လို့မေးရင် ဘယ်လိုဖြေကြမှာလဲ။ ခဏလောက် တွေဝေပြီးရင် ကိုယ့်ရဲ့ နောက်ဆုံးအဖြေက ပျော်တာပေါ့ ဆိုတာပဲ ဖြစ်ကြမှာပါ။ မေမေဘဝမှာ ပင်ပန်းလိုက်၊ ဝမ်းသာလိုက်၊ ဝန်ပိပြီး စိတ်ဓာတ်ကျလိုက်၊ ပျော်ရွှင်လိုက်၊ တက်ကြွလိုက်နဲ့ ရသတွေ စုံခဲ့ရတာကိုး။ ဒါပေမယ့် သားသားမီးမီးတို့ မျက်နှာကို မြင်လိုက်ရတဲ့ မေမေတို့ရဲ့ ပီတိအပျော်က ပင်ပန်းခဲ့ရသမျှ အရာအားလုံးကို ချေဖျက်ပစ်လိုက်နိုင်ပါတယ်။ မေမေ့မေတ္တာ သီတာရေစင် မိခင် တစ်ယောက် ဖြစ်ရတာ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ မေမေ့ရင်တွင်းက ပျော်ရွှင်မှုက အတိုင်းမသိ များနေတာ သေချာပါတယ်။ ကလေးတွေ ဘယ်လောက် ကဲကဲ၊ ဝေယျာဝစ္စ အလုပ်ဘယ်လောက် များများ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးကင်းစကလေးတွေ ဝမ်းအစိမ်း သွားတာ စိုးရိမ်ရသလား

မေမေတို့အနေနှင့် သားသားမီးမီးလေးတွေကို ဒိုင်ပါလဲရချိန်တိုင်းမှာ ဝမ်းအရောင်ကို သေချာကြည့်ရှုဖို့ အရေးကြီးပါတယ်။ မွေးကင်းစကလေးငယ်လေးတွေရဲ့ ဝမ်းအရောင်နဲ့ အပျစ်အကျဲကို နေ့စဉ်စစ်ဆေးခြင်းဖြင့် ကျန်းမာရေးအခြေအနေကို သိရှိနိုင်ပါတယ်။ မွေးကင်းစကလေးငယ်တွေမှာ ဝမ်းအစိမ်း တွေ သွားရခြင်းအကြောင်းရင်းတွေကတော့ (၁) အစာက အူတစ်လျှောက် ခပ်မြန်မြန် ဖြတ်သန်းသွားခြင်းကြောင့် အစာနဲ့ ရောနှောနေတဲ့ အစာချေရည်အစိမ်းတွေကို ကိုယ်ခန္ဓာက စုပ်ယူချိန်မရလိုက်ခြင်းကြောင့် ဝမ်းအစိမ်းရောင်တွေ သွားတတ်ပါတယ်။ (၂) မွေးခါစတွင် အသားဝါခြင်းကြောင့် Phototherapy ဖြင့် မီးပြခြင်းခံခဲ့ရသော ကလေးတွေမှာလည်း အစာချေရည် များစွာထွက်သောကြောင့် ဝမ်းစိမ်းသွားတတ်ပါတယ်။ (၃) Rotavirusကဲ့သို့ အစာအိမ်တွင်း ဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့်လည်း ဝမ်းပျက်ခြင်း၊ ဝမ်းအစိမ်း သွားခြင်းဖြစ်နိုင်ပါတယ်။ (၄) မိခင်နို့တိုက်သော ကလေးတွေမှာ မေမေစားလိုက်တဲ့ အစားအစာနဲ့ ဓာတ်မတည့်ပါကလည်း ဝမ်းအစိမ်းသွားနိုင်ပါတယ်။ (၅) ဝမ်းစိမ်းသွားခြင်းဟာ မိခင်နို့စို့သောကလေးငယ်များကော နို့မှုန့်သောက်သောကလေးငယ်များတွင်ပါ ဖြစ်ပေါ်နိုင်ပါတယ်။ (၆) မေမေက အစိမ်းရင့်ရောင်အရွက်တွေ အစားများတဲ့အခါ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေး နဲ့ ချိုလိမ်စုပ်ခြင်း

ဘေဘီလေးကို အငိုတိတ်စေဖို့ ချော့မြူဖို့ ဆိုပြီး ချိုလိမ်လေးတွေကို မေမေဖေဖေတို့ တော်တော်များများ အသုံးပြုလေ့ ရှိကြပါတယ်။ ဒီ ချိုလိမ် အသုံးပြုတာက လူတိုင်း သုံးလို့သာ သုံးလိုက်တယ်။ ကောင်းလား ဆိုးလားလည်း မသိပါဘူး။ ချိုလိမ်စုပ်ခြင်း က ကလေးကိုရော ထိခိုက်စေမလား ဆိုပြီး စိုးရိမ်နေတဲ့ မေမေတွေအတွက် ဒီဆောင်းပါးလေး ကနေ ပြောပြပေးပါရစေ။ ဘေဘီလေးအတွက် ချိုလိမ်စုပ်ခြင်း ရဲ့ ကောင်းကျိုး ဘေဘီလေးတွေအတွက် ချိုလိမ် ပေးသုံးတာက ကလေးကို အငိုတိတ်စေတယ် - ဘေဘီလေးတွေဟာ ချိုလိမ် ဒါမှမဟုတ် မေမေ့နို့၊ နို့ဗူးတွေကို စို့ရချိန်က သူတို့ရဲ့ အပျော်ဆုံး အချိန်ပါ။ ကလေးကို အာရုံပြောင်း ပေးနိုင်တယ် - ကလေးကို ကာကွယ်ဆေး ထိုးတာ၊ သွေးဖောက် စစ်ဆေးတဲ့အခါ နာကျင်မှုကို အာရုံ မရောက်စေဖို့ ချိုလိမ်လေးကို အသုံးပြုပေးလို့ ရပါတယ်။ ကလေးကို […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့ရည် မှာ ဘာတွေပါနေလို့ ကလေးအတွက် အကောင်းဆုံးဖြစ်ရတာလဲ။

ကလေးမွေးပြီးလို့ ဆရာမတွေက ကလေးအသက် ၆လပြည့်တဲ့အထိ မိခင်နို့ရည် ပဲတိုက်နော်။ မိခင်နို့က အကောင်းဆုံးပဲနော်လို့ ပြောလိုက်ရင် အင်းလို့သာ ခေါင်းညိတ်လိုက်ရတာ တကယ်က ဘာလို့ ကောင်းမှန်းလဲ မသိပါဘူး။ လူကြီးတွေ သောက်တဲ့ နို့လိုပဲ မဟုတ်ဘူးလားလို့ ထင်မှာပါ။ အိမ်ရောက်လို့ လူကြီးတွေက နင့်ကလေးကို နို့ပဲတိုက်တာလား။ တခြား ဘာမှ မတိုက်ဘူးလားလို့ မေးရင်လည်း မတိုက်ဘူး၊ မိခင်နို့က အကောင်းဆုံးပဲလို့ ပြောတယ်။ ကဲ ဘာကောင်းလို့လဲလို့ မေးရင် ကလေးဗိုက်ပြည့်တယ်လောက်ပဲ ပြောတတ်မှာပေါ့နော်။ တကယ်က မိခင်နို့က တော်တော်ဆန်းကျယ်တဲ့အရာပါ။ ကလေးတွေအတွက် လိုလေသေးမရှိအောင် အာဟာရတွေရော တခြား ကောင်းကျိုးတွေရော အများကြီး ရှိနေတဲ့အရာပါ။ ဒါတွေက ဘာတွေလဲဆိုတာ မေမေတို့ကို ပြောပြပေးပါ့မယ်။ ဒါမှ မေမေတို့ သံသယကင်းကင်းနဲ့ မိခင်နို့က အကောင်းဆုံးဆိုတာ […]


ကလေးငယ်အာဟာရ

ကလေးကို ဘယ်အချိန်မှာ ဆားစကျွေး မှာလဲ။

အားလုံးသိကြတာက ဆား က ဟင်းတွေကို အရသာရှိအောင် လုပ်ပေးတဲ့ ဟင်းခတ်အမွှေးအကြိုင်ဆိုတာပါပဲ။ ဒါကြောင့် ဟင်းချက်တိုင်းမှာ ဆားက မပါမဖြစ်ပေါ့။ ဒါပေမယ့် ဒီဆားက အသက်တစ်နှစ်အောက် ကလေးတွေမှာတော့ စားဖို့ မသင့်တော်ဘူးဆိုတာ သိပါရဲ့လား။ မေမေတွေက တစ်ခါတစ်လေ သတိမထားမိဘဲ ကလေးစားမယ့် အစားအစာထဲကို ဆားထည့်ကျွေးမိတတ်ပါတယ်။ ဒါဟာ ကလေးအတွက် အန္တရာယ်များပါတယ်။ မေမေအများစုကလည်း ကလေးကို ဘယ်အချိန်မှာ ဆားစကျွေး ရမလဲဆိုတာ သေချာမသိကြပါဘူး။ ဒီနေ့ ဒီအကြောင်းလေးကို အသေးစိတ်ဆွေးနွေးကြည့်ရအောင်။ ကလေးကို ဘယ်အချိန်မှာ ဆားစကျွေး မှာလဲ။ ဘယ်အချိန်မှာ စကျွေးမှာလဲ ဆိုတာထက် ဘယ်အရွယ်မှာ မကျွေးရဘူးလဲလို့ ဖြေတာ ပိုရှင်းပါတယ်။ အသက်တစ်နှစ်အောက် ကလေးတွေကို ပြင်ပက ဆားတွေ လုံးဝမကျွေးပါနဲ့လို့ အကြံပေးချင်ပါတယ်။ ဒီလိုပြောရင် ကလေးက ဆားဓာတ်မလိုဘူးလားလို့ မေမေတွေက […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း