Shaken baby syndrome ဆိုတာ ကလေးငယ် အထူးသဖြင့် လသားကလေးကို ပြင်းပြင်းထန်ထန် လှုပ်ရမ်းလိုက်တဲ့အတွက် ဦးနှောက်ထိခိုက်သွားတာပဲ ဖြစ်ပါတယ်။ ဒီရောဂါစုက လူက လုပ်လို့ ဖြစ်တာပါ။ Traumatic ထိခိုက်ဒဏ်ရာလို့ ပြောလို့ရပါတယ်။ အခန့်မသင့်ရင် ကလေး အသက်ရှူရပ်ပြီး နေရာမှာတင် သေသွားနိုင်ပါတယ်။ အသက်ရှင်ခဲ့ရင်တောင် ဒုက္ခိတလေး ဖြစ်သွားနိုင်ပါတယ်။ လုံးဝမဖြစ်အောင် ကာကွယ်လို့ရတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ သိပ်မရင်းနှီးတဲ့ စကားလုံးဖြစ်တာကြောင့် သေချာ ရှင်းပြပေးပါမယ်။