ကလေးငယ်ငယ် ဆားစားမိရင် ဘာဖြစ်မလဲ။
တစ်နှစ်အောက် ကလေးတွေရဲ့ ကျောက်ကပ်က ကောင်းကောင်း အလုပ်မလုပ်နိုင်သေးပါဘူး။ သူ့ရဲ့ အလုပ်ဖြစ်တဲ့ ရေနဲ့ ဓာတ်ဆားတွေကို စွန့်ပစ်တဲ့အလုပ်ကို ကောင်းကောင်း မလုပ်နိုင်သေးတဲ့အတွက် ကိုယ်ထဲမှာ ဆားဓာတ်တွေ သိပ်များလွန်းရင် ကျောက်ကပ်ဝန်ပိပြီး ပျက်စီး တတ်ပါတယ်။
နောက်တစ်ခုက အရသာ စွဲလမ်းတာပါ။ မေမေတို့ သိပါတယ်။ ၆လအရွယ် ဖြည့်စွက်စာ စားတဲ့ကလေးတွေက အရသာတွေကို မှတ်ထားတတ်တယ်ဆိုတာ။ ဒီအရွယ်မှာ ဆားတွေ ကျွေးမိမယ်ဆိုရင် ကလေးက နောက်ဆို ဆားမပါရင် မစားတော့ဘူး။ ဆားရဲ့ အရသာကို စွဲလမ်းလာပြီး အရသာ လေးလေးပင်ပင် မရှိရင် မစားတော့ပါဘူး။ တဖြည်းဖြည်း အကျင့်ပါလာပြီး ကြီးလာရင် အငန် အစားများပြီး အဝလွန်တာ၊ ငယ်ငယ်လေးနဲ့ သွေးတိုးတာ၊ နှလုံး ရောဂါတွေ ဖြစ်တတ်ပါတယ်။
ဒီအရသာ မှတ်ထားတဲ့ ကိစ္စက ဘယ်လောက်ဆိုးသလဲဆို တချို့မေမေတွေ ပြောကြတယ်။ ကလေးက ငယ်ငယ်လေး ရှိသေးတာကို အိမ်က ထမင်းဟင်း မစားဘူး။ အပြင်စာပဲ စားနေတယ်ဆိုပြီးတော့လေ။ တကယ်တော့ မေမေတို့ အိမ်မှာ ဖြည့်စွက်စာ ကျွေးရင် ဆားမပါပေမယ့် ခုနကပြောသလို ဘီစကစ်တွေ၊ ကိတ်တွေ ကျွေးတဲ့အခါကျတော့ ကလေးက ဒီအရသာကို မှတ်ထားပြီး အိမ်က ကျွေးတာကို မစားတော့တာပါ။
ဒါဆို ကလေးကို ဆား မစားမိအောင် ဘယ်လိုထိန်းကြမလဲ။
- ၆လမတိုင်ခင်ဆိုရင် မိခင်နို့ပဲတိုက်ပါ။ နို့ဘူးတိုက်မယ့်သူတွေကလည်း ကလေးအရွယ်အလိုက် ထုတ်ထားတဲ့ formula milk တွေကိုပဲ တိုက်စေချင်ပါတယ်။
- ဖြည့်စွက်စာ ကျွေးမယ်ဆိုရင် ကလေးအတွက် သီးသန့်ပြင်ပေးပါ။ အပြင်စာတွေ မကျွေးပါနဲ့။ အပြင်စာတွေ အစား လတ်ဆတ်တဲ့ အသီးအနှံတွေ၊ ဥတွေ၊ ကျက်အောင် ချက်ထားတဲ့ အသား၊ ငါး၊ အသီးအရွက်တွေပဲ ကျွေးပေးပါ။
- အသက်တစ်နှစ်အောက် ကလေးကို ဆားလုံးဝမကျွေးမိပါစေနဲ့။
ဒါဆို တစ်နှစ်ကျော်သွားရင်ရော
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။