backup og meta

မျှဝေပါ။

နုနုငယ်ငယ် ကလေးငယ်ကို ဒီလို အပြုအမူတွေ မလုပ်မိပါစေနဲ့

အသစ်စက်စက် မေမေဖေဖေတို့အတွက် မွေးကင်းစ ဘေဘီလေးရလာတာက အရုပ်ကလေးတစ်ရုပ်ရလိုက်သလို ချထားစရာမရှိအောင် ချစ်ကြတာနော်။ အမျိုးမျိုး ချော့မြူဆော့ကစားမိကြတယ်နော်။ မွေးကင်းစ ကလေး တစ်ယောက် ကို ဘယ်လောက်ချစ်ချစ် ဒီလို အပြုအမူတွေ မလုပ်မိပါဖို့ သတိထားစေချင်ပါတယ်။

နုနုငယ်ငယ် ကလေးငယ်ကို ဒီလို အပြုအမူတွေ မလုပ်မိပါစေနဲ့

ဒီလိုပြောရတာက နုနယ်တဲ့ကလေးတွေက ထိခိုက်နိုင်ခြေ မြင့်လို့ပါ။ အရမ်းနုနယ်သေးတဲ့အရွယ်မှာ သေချာလေး ဂရုစိုက်ပေးမှ ကလေးက ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းမှာပါ။ ဒါကြောင့် နုနယ်လွန်းတဲ့ ဘေဘီလေးကို ထိခိုက်မှု မရှိဘဲ ကြီးပြင်းစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်စေချင်ပါတယ်။

နုနုငယ်ငယ် ကလေးငယ်ကို ဒီလို အပြုအမူတွေ မလုပ်မိပါစေနဲ့

မွေးကင်းစ ဘေဘီ ထိခိုက်မှု ကင်းစေဖို့ နုနုငယ်ငယ် ကလေးငယ်ကို ဒီလို အပြုအမူတွေ မလုပ်မိပါစေနဲ့

ကိုယ်က ချစ်လို့ဆိုပြီး လုပ်လိုက်ပေမယ့် နုနယ်တဲ့ ကလေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အသစ်စက်စက် မေမေဖဖေတို့အနေနဲ့ ကလေးကို ဒီလို အပြုအမူလေးတွေ မလုပ်မိစေဖို့ သေချာလေး ဂရုစိုက်စေချင်ပါတယ်။

မွေးကင်းစ ကလေးကို မပွေ့ချီခင် လက်ဆေးပါ 

ဘေဘီလေးက  ကိုယ်ခံအား အပြည့်အဝ မဖွံ့ဖြိုးသေးပါဘူး။ မွေးပြီး ကာလအပိုင်းအခြား တစ်ခုရောက်မှ ကလေးက အပြည့်အဝ ဖွံ့ဖြိုးတာပါ။ ကိုယ်ခံအား မပြည့်အဝ မဖွံ့ဖြိုးခင်မှာ ကလေးက ရောဂါပိုးတွေ အလွယ်တကူ ကူးစက်နိုင်ပါတယ်။

ဒါကြောင့် ငယ်ရွယ်နုနယ်သေးတဲ့ ကလေးကို ရောဂါပိုးတွေ ကူးစက်ခံရမှုကနေ ကာကွယ်ဖို့အတွက် ဘေဘီလေးကို မချီခင်၊ မကိုင်တွယ်ခင်မှာ လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး သေချာ ဆေးကြောပါ။ အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်း အထက်ပါတဲ့ ရေမလိုလက်သန့်ဆေးကို သုံးပြီး ဆေးကြောပေးလို့လည်း ရပါတယ်။

ကလေးကို ချီတဲ့အခါ ခေါင်းနဲ့ လည်ပင်းကို သေချာ ထိန်းပါ 

ကလေးကို ပွေ့ချီတာပဲဖြစ်ဖြစ် ချော့သိပ်တာပဲဖြစ်ဖြစ် လုပ်တော့မယ်ဆိုရင် ချိုင်းကနေ ချီမတာမျိုး မလုပ်ပါနဲ့။ မွေးကင်းစ ဘေဘီလေးက သူရဲ့ ဦးခေါင်းနဲ့ လည်ပင်းကို သေချာ ပိုင်ပိုင်နိုင်နိုင် ထောင်မတ်နိုင်တဲ့ အထိ အပြည့်အဝ မဖွံ့ဖြိုးသေးပါဘူး။

ကလေးကို ချီမတဲ့အခါ ဦးခေါင်းနဲ့ လည်ပင်းနေရာအောက်ကို လက်ဝါးလေး သေချာထည့်လို့ ထိန်းပြီး ချီမပါ။ အောက်ချသိပ်တဲ့ခါလည်း ဘေဘီလေးကို အိပ်ရာပေါ်ကို သေချာချပြီးမှ လက်ကို ဖြည်းဖြည်းချင်းထုတ်ပါ။

ကလေးကို မလှုပ်ခါပါနဲ့ 

ကလေးကို ချစ်လိုက်တာဆိုပြီး လှုပ်ရမ်းတာ၊ လှုပ်ခါတာမျိုး လုပ်မိနိုင်ပါတယ်။ ဒီလို မလုပ်ပါနဲ့။ ကလေးကို လှုပ်ရမ်းတဲ့အခါ ဦးနှောက် ထဲမှာ သွေးယိုတာနဲ့ အဆိုးဆုံး သေဆုံးတာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ဘေဘီလေးကို အရမ်းချစ်တာပဲဆိုပြီး လှုပ်ခါတာမျိုး မလုပ်ပါနဲ့။ ကလေးကို အိပ်ရာက ထစေချင်ရင်တောင် လှုပ်ပြီး နှိုးတာမျိုး မလုပ်ပါနဲ့။ ဖြည်းဖြည်းညင်ညင်သာသာ နှိုးပေးပါ။

ကလေးကို တစ်ယောက်တည်း မထားခဲ့ပါနဲ့

ကလေးက ငယ်သေးတယ် မသွားလာနိုင်သေးဘူးဆိုပေမယ့် တစ်ယောက်တည်း မထားခဲ့ပါနဲ့။ ကလေးကို အိပ်နေတာပဲလေဆိုပြီး ထားခဲ့ရင်းက ကလေးက လူးရင်းလွန့်ရင်း မျက်နှာပေါ်ကို စောင်၊ အိပ်ရာခင်း၊ ခေါင်းအုံးစတာတွေ အုပ်မိတာမျိုးကြောင့် အသက်ရှူရပ်ပြီး သေဆုံးတာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ။

ကလေးကို သေချာဂရုစိုက်ပါ

ကလေးကို ကားနဲ့ အပြင်ခေါ်သွားတဲ့အခါ တွန်းလှည်းနဲ့ အပြင်ခေါ်သွားတဲ့အခါ ဒီအတိုင်းထည့်ခေါ်သွားတာ၊ ကားထိုင်ခုံပေါ် ဒီအတိုင်း တင်ခေါ်သွားတာမျိုး မလုပ်ပါနဲ့။ ခါးပတ်သေချာ ပတ်ပေးပါ။ အရမ်းမတင်းကြပ်စေဖို့နဲ့ အရမ်းလျော့မနေစေဖို့ ဂရုစိုက်ပါ။ ကလေးကို သက်တောင့်သက်သာ ဖြစ်အောင်ထားပါ။ ကားစီးတဲ့အခါ ကလေးထိုင်တဲ့ ထိုင်ခုံလေး သီးသန့်ဝယ်ထားပေးပါ။

ကလးကို ကားထဲမှာ မထားခဲ့ပါနဲ့

ဈေးဝယ်စင်တာလိုနေရာမျိုး သွားရင်ပဲဖြစ်ဖြစ်၊ ဆိုင်ထဲ ခဏလေးပါဆိုပြီး ပဲဖြစ်ဖြစ် ကလေးကို ကားပေါ်မှာ ထားခဲ့တာမျိုး မလုပ်ပါနဲ့။ ကလေးကို ကိုယ်နဲ့တပါတည်း ခေါ်သွားပါ။ ကလေးကို ကားထဲမှာ ထားခဲ့တာက အခန့်မသင့်ရင် သေဆုံးတာမျိုးအထိ ဖြစ်စေနိုင်တာကြောင့်ပါ။

ကလေးကို ပစ်မြှောက်တာမျိုး မလုပ်ပါနဲ့

ကလေးကို ချစ်လိုက်တာဆိုပြီး ပစ်မြှောက်တာမျိုး မလုပ်ပါနဲ့။ အရမ်းငယ်သေးတဲ့ ကလေးက ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် မထိန်းနိုင်သေးပါဘူး။ ဒါကြောင့် ကလေးကို လေထဲပစ်မြှောက် ဆော့တာမျိုး မလုပ်မိဖို့ ဂရုပြုပါ။ ကလေးကို ပစ်မြှောက်လိုက်တဲ့အခါ ကလေးက အထိတ်တလန့် ဖြစ်သွားတာမျိုး ဖြစ်နိုင်သလို ကလေးက ဟန်ချက်ထိန်းနိုင်ဖို့အတွက် ဒူးကို မကွေးတတ်ပါဘူး။

ဘေဘီလေး ထိခိုက်မှု ကင်းစေဖို့အတွက် နုနုငယ်ငယ် ကလေးငယ်ကို ဒီလို အပြုအမူတွေ မလုပ်မိပါစေနဲ့ ဖေဖေမေမေတို့ရေ

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

A Guide for First-Time Parents https://kidshealth.org/en/parents/guide-parents.html Accessed Date 28 May 2020

Baby 101: a guide for first-time parents https://babyology.com.au/baby/care/baby-101-guide-first-time-parents/ Accessed Date 28 May 2020

Baby Care 101 for First-Time Parents https://www.whattoexpect.com/first-year/baby-care/baby-care-101/landing.aspx Accessed Date 28 May 2020

ယခုပုံစံ

23/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 23/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement