ဘေဘီလေးက ကိုယ်ခံအားနည်းနေတာလား…..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 5, 2020 . 2 mins read
Share now

ဝမ်းနဲ့ လွယ်မွေးတဲ့ မေမေရော ရင်နဲ့ လွယ်မွေးတဲ့ ဖေဖေပါ အတောင့်တဆုံး ဆန္ဒက ကိုယ်တွေရဲ့ ရင်သွေးလေး အကောင်းဆုံး ကျန်းမာဖို့ဟုတ်။ ရင်သွေးလေးကျန်းမာနေမှုက အတိုင်းမသိ ဝမ်းသာမှုတွေကို ပေးစွမ်းတယ်လေ။ ဘယ်လောက်ပဲ ပင်ပန်းနေပါစေဦး။ ကလေးက ကျန်းမာပျော်ရွှင်နေတယ်ဆိုရင်ကို အလိုလို စိတ်လက်ချမ်းသာနေမိတဲ့ ခံစားချက်ကို မိဘတွေပဲနားလည်ပါတယ်။

ဘေဘီလေး နဲ့ ကိုယ်ခံအား

ဘေဘီလေးတွေက မွေးလာချိန်မှာ ကိုယ်ခံအား အပြည့်အဝ မဖွံ့ဖြိုးလာသေးပါဘူး။ နေထိုင်ရင်း ကြီးပြင်းရင်း ကိုယ်ခံအားကောင်းစေဖို့ တည်ဆောက်ယူရင်းပါ။ ကလေးတွေ မွေးဖွားပြီး စကနေစလို့ ၂ လကနေ ၃ လအထိ ကိုယ်ခံအား အပြည့်အဝ မဖွံ့ဖြိုးသေးပါဘူး။

ဘေဘီလေးက အသက် ၇ နှစ်၊ ၈ နှစ်လောက်ရောက်လာတဲ့အခါမှာ ကိုယ်ခံအားက အပြည့်အဝဖွံ့ဖြိုးလာပြီး ရောဂါတွေကို တိုက်ထုတ်နိုင်တဲ့ အခြေအနေကို ရောက်လာတာပါ။

အရမ်းငယ်သေးတဲ့ အချိန်မှာ ဘေဘီလေးရဲ့ ကိုယ်ခံအားက တော်တော်လေး နည်းနေသေးတာကြောင့် ရောဂါပိုးတွေကို မတိုက်ထုတ်နိုင်သေးပါဘူး။ ဒါကြောင့် ငယ်ရွယ်နုနယ်သေးချိန်မှာ ဘေဘီလေးကို သေချာလေး ဂရုစိုက်ပေးဖို့က မဖြစ်မနေလိုအပ်ပါတယ်။

အရွယ်ရောက်လာတာ နဲ့အမျှ ကိုယ်ခံအားကလည်း တဖြည်းဖြည်းတက်လာပါတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ သေချာလေး စောင့်ရှောက်ဖို့ လိုနေပါပြီ။ အရွယ်ရေက်လာပေမယ့် ဘေဘီလေးရဲ့ ကိုယ်ခံအားက တက်မလာဘူးဆိုရင် ဘေဘီလေးက ကိုယ်ခံအားနည်းတဲ့ ပြဿနာ ခံစားနေရပါပြီ။ ဒီလိုဆိုရင် သေချာဂရုစိုက်ဖို့ လိုမှာ အသေအချာပါ။ ဒီတော့ ဘေဘီလေး ကိုယ်ခံအားက ပုံမှန်ထက်နည်းနေလားဆိုတာကို ဒီအချက်လေးတွေနဲ့ တိုင်းတာကြည့်ရအောင်လား…..

ဘေဘီလေးက ကိုယ်ခံအား နည်းနေတာလား………

ဘေဘီလေးမှာ အခုပြောပြမယ့် လက္ခဏာတွေရှိနေပြီ ဆိုရင်တော့ ဘေဘီလေးက ကိုယ်ခံအားနည်းနေပါပြီ။ ဘေဘီလေးက ကိုယ်ခံအား ရှိသင့်သလောက်မဖြစ်လာဘဲ ကိုယ်ခံအားနည်း နေမယ်ဆိုရင်

ဘယ်လို အခြေအနေဆို ဆရာဝန်ပြဖို့ လိုမလဲ……….

ဘေဘီလေးက ကိုယ်ခံအားလည်းနည်းမယ် အခုလို လက္ခဏာတွေလည်း ဖြစ်နေမယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုပါမယ်။

  • ဘေဘီလေးက အသက်ရှူရခက်နေမယ်
  • အသားတွေ ပြာနှမ်းနေမယ်
  • နှုတ်ခမ်းတွေ ပြာနေမယ်
  • ရေဓာတ်ခမ်းခြောက်နေမယ်
  • အဖျားတက်မယ်
  • တစ်ချိန်လုံး အိပ်ရာထဲမှာ ခွေနေမယ်ဆိုရင် ဆရာဝန်နဲ့ မြန်မြန်ပြကြည့်ဖို့ လိုပါပြီ။

ကာကွယ်မှုက ကုသမှုထက် ထိရောက်ပါတယ်

ရောဂါတစ်ခုခုဖြစ်မလာအောင် ကာကွယ်တာက ကုသတာထက် ပိုထိရောက်ပါတယ်။ ဒီတော့ ဘေဘီလေးက ကိုယ်ခံအားနည်းမယ်ဆိုရင် နောက်ဆက်တွဲပြဿနာတွေ ဖြစ်မလာစေဖို့

လူအများကြီးနဲ့ ထိတွေ့မှုကို ရှောင်ပါ – ကလေးက အရမ်းငယ်သေးတဲ့အချိန်မှာ ( ၆ လမတိုင်ခင်မှာ) လူအများကြီးရှိနေတဲ့ နေရာကို ခေါ်သွားတာမျိုး မလုပ်ပါနဲ့။ အိမ်ကို ဧည့်သည်တွေလာတဲ့အခါမှာလည်း လက်ကို လက်သန့်ဆေးရည်နဲ့ သန့်စင်ခိုင်းပြီးမှ ကလေးကို ကိုင်တွယ်စေပါ။ ကလေးကို ၂ လအထိတော့ လူအများကြီးနဲ့ လုံးဝမထိတွေ့စေဖို့ သတိပြုပါ။

အဖျား ဂရုပြုပါ – ဘေဘီလေးတွေ ဖျားနာတဲ့အခါ ဘာကြောင့် ဖျားနာတာလဲဆိုတာကို ခန့်မှန်းရတာ တော်တော်လေး ခက်ခဲပါတယ်။ ဒါကြောင့်ကလေးကို အမြဲလိုလို ကိုယ်အပူချိန်လေး တိုင်းပေးပါ။ ကိုယ်လေးနွေးနေပြီဆိုရင် အဖျားတိုင်းကြည့်ပါ။ အဖျားက ၁၀၀.၄ ဒီဂရီ ဖာရင်ဟိုက်ဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့ ပြကြည့်ပါ။

ကာကွယ်ဆေးတွေ ထိုးပေးပါ – ကလေးကို  မွေးစကစလို့ အသက်အရွယ်အလိုက် ထိုးနှံပေးရမယ့် ကာကွယ်ဆေးတွေ၊ တုပ်ကွေး ကာကွယ်ဆေးတွေ စသဖြင့်ပေါ့။

အာဟာရပြည့်ဝအောင် ကျွေးမွေးပါ – နို့စို့အရွယ်မှာဆိုရင် မေမေက အာဟာရပြည့်ဝအောင်စားသုံးလို့ ဘေဘီလေးကို နို့ချိုများများတိုက်ကျွေးပေးပါ။ အစား စစားနိုင်ပြီဆိုရင်လည်း ကလေးကို အာဟာရပြည့်ဝအောင် ကျွေးမွေးပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

လေထုညစ်ညမ်းမှု က ဘေဘီလေးရဲ့ ကျန်းမာရေးကို ဘယ်လို ထိခိုက်စေနိုင်သလဲ…………

လေထုညစ်ညမ်းမှု က ဘေဘီလေးရဲ့ ကျန်းမာရေးကို ဘယ်လို ထိခိုက်စေနိုင်သလဲ………… သေချာလေး သိရှိရအောင် ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

ဘေးအန္တရာယ် တစ်ခုခုနဲ့ ကြုံခဲ့ရင်

ဘေးအန္တရာယ် တစ်ခုခုနဲ့ ကြုံခဲ့ရင် ရာသီဥတုတွေက ဖောက်ပြန်မှုတွေ များနေတာကြောင့် လူသားတွေမှာ ခံစားရနိုင်တဲ့ ဘေးအန္တရာယ်တွေကလည်း ဒုနဲ့ဒေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

ကိုဗစ် ကာကွယ်ဆေးထိုးပြီးရင် ဘယ်လောက် အတိုင်းအတာအထိ ကာကွယ်ပေးနိုင်သလဲ…….. booster ထပ်ထိုးဖို့ လိုမလား…….

ကိုဗစ် ကာကွယ်ဆေးထိုးပြီးရင် ဘယ်လောက် အတိုင်းအတာအထိ ကာကွယ်ပေးနိုင်သလဲ…….. booster ထပ်ထိုးဖို့ လိုမလား……. အဖြေကတော့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

မွေးကင်းစ ဘေဘီလေးကို ကိုဗစ်ကာလမှာ ဒီလို ကာကွယ်ပါ

မွေးကင်းစ ဘေဘီလေးကို ကိုဗစ်ကာလမှာ ဒီလို ကာကွယ်ပါ ဘေဘီလေးတွေက လူကြီးတွေလို ရောဂါလက္ခဏာ မပြင်းထန်ပေမယ့် လုံးဝ မကူးစက်တာမျိုး မဟုတ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

HIV ပိုးရှိသူတွေ ကိုဗစ် ကာကွယ်ဆေးထိုးလို့ရလား

HIV ပိုးရှိသူတွေ ကိုဗစ် ကာကွယ်ဆေးထိုးလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 16, 2021 . 2 mins read
ကိုဗစ် ကာကွယ်ဆေးတွေ ကြားက ကွာခြားချက်များ

ကိုဗစ် ကာကွယ်ဆေးတွေ ကြားက ကွာခြားချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 16, 2021 . 3 mins read
Hybrid immunity ဆိုတာ ဘာများလဲ.........

Hybrid immunity ဆိုတာ ဘာများလဲ………

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 15, 2021 . 2 mins read
ကိုဗစ်ကာကွယ်ဆေး ထိုးတော့မယ်ဆိုရင်

ကိုဗစ်ကာကွယ်ဆေး ထိုးတော့မယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 14, 2021 . 2 mins read