ခန္ဓာကိုယ်မှာ ရေဓာတ်မပြည့်ဝတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 30, 2020 . 2 mins read
Share now

ရေကို ပြည့်ဝလုံလောက်အောင် မသောက်ရင် ခန္ဓာကိုယ်မှာ ဘာဖြစ်လာမယ်ထင်လဲ….. တစ်နေ့တာမှာ ကျန်းမာနေစေဖို့ မဖြစ်မနေလုပ်ရမှာက အနည်းဆုံး ရေ ၈ ခွက်သောက်ဖို့ပါ။ ရေအစား အရည်တွေဖြစ်တဲ့ အချိုရည်တွေ၊ လက်ဖက်ရည်၊ ကော်ဖီ၊ ဆိုဒါ နဲ့ ဘီယာလိုမျိုး အရည်တွေကတော့ ရေအစားထိုးသောက်ဖို့ မသင့်တော်ပါဘူး။ ရေငတ်ပြေစေနိုင်ပေမယ့် ခန္ဓာကိုယ်ရဲ့ ရေဓာတ် လိုအပ်ချက်ကိုတော့ မဖြည့်ပေးနိုင်ပါဘူး။

အကြောင်းကတော့ ဒီသောက်စရာတွေမှာ သကြား၊ ဆား၊ ကဖင်း၊ အယ်လ်ကိုဟော စတာတွေ ပါဝင်နေလို့ပါပဲ။ ဒါတွေက ရေဓာတ်မပြည့်စေတဲ့အပြင် ခန္ဓာကိုယ်ထဲက ရေဓာတ်ကိုတောင် ဆုံးရှုံးစေနိုင်ပါသေးတယ်။ ရေငတ်မှ ရေဆာမာ ကိုယ်တွင်းမှာ ရေဓာတ်ခမ်းခြောက်မှုဖြစ်စဉ် စတာမဟုတ်ပါဘူး။ ရေဓာတ်မပြည့်ဝတာ၊ ရေဓာတ်ခမ်းခြောက်တာတွေက မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် နေ့ရက်တိုင်းမှာ ကျန်းမာနေစေဖို့ဆိုရင် အကောင်းဆုံးက ရေဓာတ်ပြည့်ဝအောင် သောက်သုံးတာပါ။

ရေဓာတ်မပြည့်ဝတဲ့အခါ ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ…………..

တစ်နေ့တာကို ရေ ၈ ခွက် ပြည့်အောင်မသောက်မိတာက တစ်ရက် နှစ်ရက်မဟုတ်ဘဲ ရက်ဆက်ဖြစ်လာတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်လုံလောက်မှု နည်းလာပါတယ်။ ဒီလို ရေဓာတ်ပြည့်ဝလုံလောက်မှု မရှိတဲ့အခါ ခန္ဓာကိုယ်မှာ

ကိုယ်ခံအား နည်းလာမယ်

လူ့ခန္ဓာကိုယ်ရဲ့ ၇၁ ရာခိုင်နှုန်းကို ရေတွေနဲ့ ဖွဲ့စည်းထားတာပါ။ ကျန်းမာတဲ့ လူတစ်ယောက်ဟာ သီတင်းပတ်တစ်ခုလောက် ရေမသောက်ဘဲ ရှင်သန်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ထဲမှာ ရေဓာတ် မလုံလောက်တဲ့အခါ ကိုယ်တွင်းက အဆိပ်အတောက်တွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားဖို့ ခက်ခဲလာပါမယ်။

ဒီလိုနဲ့ အဆိပ်အတောက်တွေကို မစွန့်ထုတ်နိုင်တော့တဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် ဟန်ချက်ညီမှု ပျက်သွားပြီး ရောဂါပိုးတွေ ဝင်ရောက်ကူးစက်ရဖို့ လွယ်ကူ သွားပါတယ်။ ရေဓာတ်နည်းတာက ခန္ဓာကိုယ် အင်အားကို ဆုတ်ယုတ်စေပြီး ကိုယ်ခံအားစနစ်ကို အားနည်းစေပါတယ်။

နှလုံးကျန်းမာရေးကို ထိခိုက်စေတယ်

ခန္ဓာကိုယ်မှာ ရေဓာတ်နည်းလာတဲ့အခါ သွေးတွေက ပျစ်လာပါတယ်။ ဒီလိုပျစ်လာတာက သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေပြီး နှလုံးဆီ သွေးရောက်ရှိမှု နည်းစေပါတယ်။ ဒီလိုကနေ သွေးတိုးတာ၊ သွေးတွင်း ကိုလက်စထရောများတာတွေ ဖြစ်စေပါတယ်။ ဒီအခြေအနေတွေက နှလုံးရောဂါဖြစ်စေဖို့ တွန်းအားပေးနေပါတယ်။

အဝလွန်စေနိုင်တယ်

ရေနည်းနည်းပဲသောက်တာက ကိုယ်တွင်းက ဇီဝကမ္မဖြစ်စဉ်တွေကို ကျဆင်းစေပါတယ်။ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ထိထိရောက်ရောက် မဖယ်ရှားနိုင်တဲ့အခါ အဆီဆဲလ်တွေထဲမျာ အညစ်အကြေးတွေစု လာစေပါတယ်။

ဒီအခြေအနေမှာ ရေကို ပြည့်ဝအောင်မသောက်မိဘဲ အချိန်ကြာမြင့်စွာနေမယ်ဆိုရင် ရေရှည်မှာ အဝလွန်လာမှာပါ။ ဒီပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းက မနက်စာ မစားခင်၊ နေ့လယ်စာ မစားခင် နဲ့ ညစာ မစားခင်တိုင်းမှာ ရေတစ်ခွက်ကနေ ၂ ခွက်လောက်အထိသောက်ပေးပါ။ ဒီလို ပုံမှန်လုပ်ပေးမယ်ဆိုရင် အဝလွန်တာကို အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေတယ်

နေ့စဉ်နဲ့အမျှ ရေဓာတ်မပြည့် မလိုအပ်ဘဲ အရေးအကြောင်းတွေကို ဖြစ်စေနိုင်ပါတယ်။ အရေပြားရဲ့ ၂၀ ရာခိုင်နှုန်းကို ရေဓာတ်နဲ့ ဖွဲ့စည်းထားတာဖြစ်တာကြောင့် ရေဓာတ် မပြည့်ဝတဲ့အခါ အရေပြားမှာ အရေးအကြောင်းတွေ ဖြစ်လာစေမှာပါ။ အရေပြားရဲ့ ကော်လာဂျင်ထွက်ရှိမှု ကောင်းစေပြီး တင်းရင်းလှပ စေဖို့ဆိုရင် ရေများများသောက်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အိပ်နေစဉ် သွားရည်ကျတာကို သက်သာစေဖို့

အိပ်နေတုန်း သွားရည်ကျတာက လူအများစု ကြုံဖူးမယ့် အိပ်စက်မှုဆိုင်ရာ ပြဿနာတစ်ခုပါ။ ဒီအခြေအနေကို လူတိုင်း တစ်ကြိမ်တော့ ကြုံဖူးမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘာတွေကများ ဆေးယဉ်ပါးမှုကို ဖြစ်စေတာလဲ………

ကြောက်စရာကောင်းတဲ့ ကျန်းမာရေးပြဿနာထဲမှာ ဆေးယဉ်ပါးတာကလည်း တစ်ခု အပါအဝင်ပေါ့။ ယဉ်ပါးမှုက ကေင်းပေမယ့် ဆေးယဉ်ပါးတာက အသက်အန္တရာယ်ရှိစေနိုင်တဲ့ ကိစ္စတစ်ရပ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စွန့်ချင်ပါလျက်နဲ့ အောင့်ထားမိတဲ့အခါ

တစ်ချို့အခြေအနေတွေမှာတော့ ဝမ်းသွားချင်စိတ်ကို တမင်ထိမ်းချုပ်ထားမိတတ်ပါတယ်။ ဝမ်းသွားချင်စိတ်ကို ထိမ်းချုပ်တာက မှန်ကန်တဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဘေဘီလေးကို အစေ့အဆန် ကျွေးသင့်ရဲ့လား။

အစေ့အဆန်တွေက အဟာရကြွယ်ဝပြီး ဘေဘီလေးတွေကို ကျွေးပေးသင့်တဲ့ အစားအစာပါ။ အစေ့အဆန်တွေက ဓာတ်မတည့်မှုဖြစ်စေနိုင်တယ်ဆိုပေမယ့် ကလေးတိုင်း မဖြစ်နိုင်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

သုက်မထွက်အောင် ထိန်းတာ

သုက်မထွက်အောင်ထိန်းတာ အန္တရာယ်ရှိသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
သရက်သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

သရက်သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
အယ်ကာလီဓာတ်များတဲ့ရေနဲ့ ကျန်းမာရေး

အယ်ကာလီဓာတ်များတဲ့ရေနဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
ပိုမိုကောင်းမွန်တဲ့ ရလဒ်နဲ့အတူ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိလာတဲ့ အမေရိကန်ရဲ့ ကိုဗစ်ကာကွယ်ဆေး

ပိုမိုကောင်းမွန်တဲ့ ရလဒ်နဲ့အတူ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိလာတဲ့ အမေရိကန်ရဲ့ ကိုဗစ်ကာကွယ်ဆေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read