လက်ကိုဆပ်ပြာနဲ့ဆေးတာနဲ့ ရေမလိုလက်သန့်ဆေးရည်သုံးတာ ဘယ်ဟာပိုကောင်းလဲ ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 30, 2020 . 2 mins read
Share now

တစ်ကိုယ်ရည်သန့်ရှင်းရေးတစ်ခုမှာ အရေးအကြီးဆုံးက ဘယ်ဟာလို့ထင်ပါသလဲ။  တစ်နေ့မစားရင် မနေနိုင်ကြတဲ့အတွက် အစားစားတဲ့နေရာမှာ အဓိက အရေးပါတဲ့ လက်သန့်ရှင်းရေးက အရေးအကြီးဆုံးပါ။ သန်ကောင်တွေရန်ကလည်း ကြောက်ရတယ်မလား။
လက်ကိုသန့်စင်တဲ့နေရာမှာ ရေနဲ့ဆပ်ပြာသုံးပြီး သန့်စင်နိုင်သလို ခုနောက်ပိုင်း ရေမရနိုင်တဲ့နေရာတွေမှာပါ သုံးလို့ရတဲ့ ရေမလို လက်သန့်ဆေးရည်တွေ ထွက်လာပါပြီ။
ရေမလိုလက်သန့်ဆေးရည်တွေက နေရာတိုင်းမှာ အလွယ်တကူ ဝယ်လို့ရနိုင်တဲ့အပြင် သုံးရတာလည်း လွယ်ကူတယ်မလား။ တစ်ချို့ဆို ရေနဲ့ဆပ်ပြာနဲ့တောင် မသုံးတော့ဘဲ ရေမလိုလက်သန့်ဆေးရည်တွေကိုပဲ လွယ်လွယ်သုံးလိုက်ကြတာတွေရှိပါတယ်။

ဒီတော့ ဒီနေရာမှာပြောစရာရှိတာက ရေနဲ့ဆပ်ပြာသုံးတာနဲ့ ရေမလိုလက်သန့်ဆေးရည်သုံးတာမှာ ဘယ်လိုကွာခြားချက် တွေရှိလဲ။ ဘယ်ဟာက ပိုကောင်းလဲ ။

ကွာခြားချက်တွေ အရင်မပြောခင် လက်သန့်ဆေးရည်နဲ့ ရေနဲ့ဆပ်ပြာသုံးပြီးလက်သန့်စင်တာ အကြောင်းလေးကို အရင်ပြောပြချင်ပါတယ်။
ရေနဲ့ဆပ်ပြာသုံးမယ်ဆိုရင် လက်ပေါ်မှာ ရှိတဲ့ ပိုးမွှားနဲ့ အညစ်အကြေးတွေ သန့်စင်ဖို့အတွက်
• တစ်ခါဆေးရင် စက္ကန့် ၂၀ လောက်ဆေးရမှာ ဖြစ်ပါတယ်။ ဒါမှ ပိုးမွှားတွေနဲ့ အညစ်အကြေးတွေက ဆပ်ပြာနဲ့ထိတွေကပျော်ဝင်ပြီး ရေဆေးချလိုက်တာအခါ ရေနဲ့အတူ ပါသွားမှာ ဖြစ်ပါတယ်။
• ဒီနေရာမှာ ရေအေးနဲ့ဆေးတာ ရေနွေးနဲ့ဆေးတာက အရေးမကြီးဘဲ ကိုယ်အချိန်ဘယ်လောက်ယူပြီးလက်ဆေးတယ်၊ လက်ရဲ့နေရာအနှံ့အပြားကိုရောက်မရောက်နဲ့ သုံးတဲ့ ဆပ်ပြာ အမျိုးအစားက စကားပြောသွားပါတယ်။

တကယ်လို့ ရေနဲ့ဆပ်ပြာ လွယ်လွယ်ကူကူ မရဘူးဆိုရင်တော့ ရေမလိုလက်သန့်ဆေးရည်တွေကသာ အကောင်းဆုံးဖြစ်မှာပါ။
• ကိုယ်သုံးတဲ့ ရေမလိုလက်သန့်ဆေးရည် hand sanitizer က ဂျယ်လ်ပုံစံဖြစ်ပြီး စေးကပ်ကပ်မကျန်ခဲ့ဖို့ အရေးကြီးပါတယ်။
• ပိုးသေစေဖို့ alcohol ၆၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းလောက်ပါဖို့ကလည်းအရေးကြီးပါသေးတယ်။
• ဆေးရည်လေးကို လက်ထဲထည့်ပြီး ပွတ်လိုက်ရုံပဲ ဖြစ်တာကြောင့် သုံးရတာလွယ်ကူတဲ့အပြင် ဘူးပုံစံနဲ့ ထုတ်ထားတော့ သွားလေရာနေရာကို ဆောင်သွားလို့ရတာပေါ့။ အချိန်မရွေးထုတ်သုံးလိုက်ရုံပဲလေ။

ဒီတော့ ရေမလိုလက်သန့်ဆေးရည်နဲ့ ရေနဲ့ဆပ်ပြာသုံးပြီး သန့်စင်တာနဲ့ ဘယ်ဟာက ပိုကောင်းလဲ ကြည့်လိုက်ရအောင်။ ။

လက်သန့်ဆေးရည်တွေ ဘယ်လောက်ပဲ ကောင်းတယ် သုံးရတာ အဆင်ပြေတယ်ဆိုပေမယ့် ပုံမှန်ရေနဲ့ဆပ်ပြာသုံးပြီး လက်ဆေးတာကို သူတို့က အစားမထိုးနိုင်ပါဘူး။
• အားလုံးသိကြပါတယ်။ ရေမလိုလက်သန့်ဆေးရည်တွေက ဘက်တီးရီးယားကို ၉၉ ရာခိုင်နှုန်းလောက်က သေစေတယ်ဆိုတာ။ ဒါပေမယ့် ၁ ရာခိုင်နှုန်းတော့ ကျန်ခဲ့ပါသေးတယ်။ အဲဒီ ၁ ရာခိုင်နှုန်းပိုးမွှားတွေ ကိုယ့်ထဲ ရောက်သွားတာမျိုးလည်း ဖြစ်နိုင်တာကြောင့် အရမ်းကြီးစိတ်ချရတယ်လို့ ပြောလို့မရပါဘူး။ ရေနဲ့ဆပ်ပြာသုံးပြီးဆေးတာကကျတော့ ဆပ်ပြာက ၉၉ ရာခိုင်နှုန်းပိုးမွှားတွေကို သေစေပြီး ကျန်တဲ့ ၁ ရာခိုင်နှုန်းက ရေဆေးချလိုက်ရင် ပါသွားမှာ ဖြစ်တာကြော့င့် ရေနဲ့ဆပ်ပြာသုံးပြီးဆေးတာက ပိုစိတ်ချရပါတယ်။
• လက်သန့်ဆေးရည်တွေထဲမှာပါတဲ့ alcohol တွေ အခြား ပိုးသတ်ဆေးဓာတုပစ္စည်းတွေက လက်ပေါ်မှာပဲ ကျန်ခဲ့တတ်တာကြောင့် ဗိုက်ထဲ ဝင်သွားတာမျိုး ဖြစ်တတ်ပါတယ်။. ရေနဲ့ဆပ်ပြာနဲ့ သုံးရင်ကျတော့ ရေဆေးလိုက်တာကြောင် ပိုးမွှားအညစ်အကြေးတွေရော ဆပ်ပြာမှာပါတဲ့ ဓာတုပစ္စည်းတွေ ရော အကုန်လုံးစင်သွားနိုင်ပါတယ်။

ရေမလိုလက်သန့်ဆေးရည်နဲ့ ရေနဲ့ဆပ်ပြာသုံးပြီး သန့်စင်ခြင်းကြားမှာ ကွာခြားချက်ဆိုလို့ ခုပြောပြခဲ့တဲ့ ၂ ချက်လောက်ပဲ ရှိပါတယ်။ သုံးရတာလွယ်တယ် ဘယ်နေရာဖြစ်ဖြစ် အသုံးပြုလို့ရတယ်ပြောပြာ ရေမလိုလက်သန့်ဆေးရည်တွေက ဘယ်လောက်ပဲ ကောင်းတယ်ပြောပြော ရေမလိုလက်သန့်ဆေးရည်တွေက ရေနဲ့ဆပ်ပြာကို အစားမထိုးနိုင်တာအမှန်ပါ။ ။

HelloHealth Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Home quarantine အိမ်မှာ သီးသန့်နေထိုင်မယ့်သူတွေအတွက် လိုက်နာရမယ့် စည်းကမ်းများ

quarantine ပိုးရှိလူနာ သံသယလူနာ Home quarantine နှာခေါင်းစည်း နှာချေချောင်းဆိုး လေဝင်လေထွက်ကောင်း ၆ပေအကွာ လက်ဆေး လက်သန့်ဆေးရည် အနံ့ပျောက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

မိသားစုဝင်အချင်းချင်း အဖျားမကူးစက်အောင် ဘယ်လိုကာကွယ်ကြမလဲ

ကိုဗစ်ရောဂါ၊ တုပ်ကွေးမိ၊ အအေးပတ်၊ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကာကွယ်ဆေး၊ ဆပ်ပြာ၊ ရေ၊ လက်သန့်ဆေးရည်၊ ကူးစက်ပြန့်နှံ့မှု၊ အစားအသောက်၊ Social Distancing

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သည်းခြေကျောက် မတည်အောင် ဘယ်လို ကာကွယ်ကြမလဲ။

သည်းခြေကျောက် အသားတွေဝါ အဝလွန် ကိုလက်စထရော အဆီအဆိမ့် သည်းခြေရည် ဘီလီရူဘင် သန်ကောင် အီစထရိုဂျင် အသီးအရွက် သန်ချ ဟော်မုန်း ကိုယ်ဝန်ဆောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အရေပြားပေါ် Permanent Marker မင်စွန်းတဲ့အခါ ဘယ်လိုဖျက်မလဲ

အရေပြားပေါ် Permanent marker မင်များစွန်းထင်းခဲ့ရင် ပျက်သွားဖို့ နှစ်ရက်သုံးရက်ခန့်ကြာနိုင်ပါတယ်။ Permanent marker မင်များဟာ ဓာတ်မတည့် ဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

ပဋိဇီဝပိုးတွေကို ဘယ်လိုသုတ်သင်နိုင်သလဲ။

ပဋိဇီဝပိုးတွေကို ဘယ်လိုသုတ်သင်နိုင်သလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 3 mins read
အဝတ်အထည်၊ ပိုက်ဆံနဲ့ အိမ်မွေးတိရစ္ဆာန်တွေပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်သလဲ

အဝတ်အထည်၊ ပိုက်ဆံနဲ့ အိမ်မွေးတိရစ္ဆာန်တွေပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 1 min read
Q center ကို သွားရတော့မယ်ဆိုခဲ့ရင် ဘာတွေ ယူသွားမလဲ။

Q center ကို သွားရတော့မယ်ဆိုခဲ့ရင် ဘာတွေ ယူသွားမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 9, 2020 . 2 mins read
Covid-19 ကာကွယ်ဖို့အတွက် WHOမှ ချမှတ်ထားသော နေ့စဉ်လိုက်နာရမည့်အချက်များ

Covid-19 ကာကွယ်ဖို့အတွက် WHOမှ ချမှတ်ထားသော နေ့စဉ်လိုက်နာရမည့်အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read