ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ဂျီကျ တတ်တဲ့ကလေး ကိုယ့်စကား နားထောင်အောင် ဘယ်လိုထိန်းမလဲ

ကလေးတွေကို တချို့က အလိုလိုက်တယ်၊ တချို့က အကြမ်းနည်းနဲ့ စည်းကမ်းပေးတယ်၊ တချို့က ဉာဏ်ရှိရှိနဲ့ ကလေးကို စည်းရုံးပြီး သွန်သင်ထိန်းသိမ်းကြပါတယ်။ ဘာနည်းပဲသုံးသုံး ကလေးငြိမ်သွားဖို့၊ ကိုယ့်စကားနားထောင်ဖို့ချည်းပဲ အဓိကထားလို့မရပါဘူး။ ဥပမာ ကလေးက ဂျီကျ ပြီး ချော့မရတဲ့အချိန် “ အခုတိတ်နော်…မတိတ်ရင် အရိုက်ခံရမယ်” ဆိုပြီး ကလေးကို ခပ်ကြမ်းကြမ်းဆက်ဆံတာမျိုးက ခဏတာတော့ ကလေးက လန့်ပြီး တိတ်သွားမှာပေမယ့် ရေရှည်အတွက် အဆင်မပြေနိုင်ပါဘူး။ မိဘလုပ်သူကို ကြောက်စိတ်ဝင်သွားပြီး ဆက်ဆံရေးမှာ ထိခိုက်လာတာ၊ ဒါမှမဟုတ် နောက်ပိုင်းမကြိုက်တဲ့ အပြုအမူတွေ ခိုးလုပ်တတ်လာတာ၊ အရွဲ့တိုက်လာတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် စကားနားမထောင်တဲ့ ကလေးလေးတွေကို ဘယ်လိုထိန်းကြမလဲဆိုတာ အခက်ကြုံနေတဲ့ မိဘတွေအတွက် ဒီအချက်လေးတွေက အထောက်အကူပေးပါလိမ့်မယ်။ ဂျီကျ တတ်တဲ့ ကလေးကို ထိန်းကျောင်းနိုင်ဖို့ (၁) အခြေအနေကို ထိန်းညှိပါ စာလုပ်ခိုင်းရင် မလုပ်ချင်တဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မေမေတို့ကြောက်တဲ့ ဘေဘီတို့ရဲ့ ခေါင်းလျှော် ချိန်

ကလေးဝေယျာဝစ္စတွေထဲမှာ အနှီးလေးပတ်ထားရတဲ့အရွယ်တုန်းက လုပ်ပေးရလွယ်ကူသလောက် ကြီးလာလေ ခက်ခဲလာလေ ဖြစ်ရတာက ရေချိုးပေးတဲ့အချိန်ပါပဲ။ ရေချိုးတဲ့အချိန် ရေဆော့ချင်တဲ့ ဘေဘီတို့အတွက် ပျော်စရာဖြစ်ပေမယ့် ခေါင်းလျှော် တဲ့အချိန်တော့ မေမေတို့ပြဿနာတက်ရတဲ့ ကလေးတွေရှိပါတယ်။ ကလေးက ဘာလို့ ကြောက်တာလဲ ကလေးက ခေါင်းလျှော်ဖို့ကို ဒီလောက်ကြောက်နေရအောင် ဘာအကြောင်းရင်းတွေကြောင့်လဲဆိုတာ အရင်ဆုံးတွေးရပါမယ်။ ဒါမှ ရေချိုးချိန်၊ ခေါင်းလျှော်ချိန်တွေမှာ သူပျော်လာအောင် ဘယ်လိုပြင်ဆင်ပေးရမလဲဆိုတာ စဉ်းစားလို့ရမှာပေါ့။ ဥပမာ – ကလေးက ရေထိမှာ၊ ရေစိုမှာကို ကြောက်တာ သို့မဟုတ် မကြိုက်တာကြောင့်လား၊ ရေဆော့ရတာ ပျော်ပေမယ့် ခေါင်းကို ရေစိုရင် အေးခနဲ ခံစားချက်ကို ကြောက်တာလား၊ ခေါင်းကို ရေပိုက်နဲ့ဖြစ်ဖြစ်၊ ရေခွက်နဲ့ဖြစ်ဖြစ် ရေလောင်းချမှာကို ကြောက်တာလား၊ ရေမွန်းမှာ ကြောက်တာလား၊ ခေါင်းလျှော်ရည်ကြောင့် မျက်စိစပ်မှာကြောက်တာလား စသည်ဖြင့် ကိုယ့်ကလေးရဲ့အမူအကျင့်နဲ့အကြိုက်တွေကို အခြေခံပြီးတွေးကြည့်ပါ။ ပြီးမှ သူ့မှာ […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကလေးတို့အတွက် အားကစား ရဲ့ အကျိုးကျေးဇူးတွေ

ကလေးတွေကို စာပဲကျက်ခိုင်း၊ စာအုပ်နဲ့မျက်နှာကပ်ထားစေချင်တာ၊ အမှတ်များဖို့၊ အဆင့်တစ်ရဖို့၊ ဂုဏ်ထူးတွေပါဖို့ပဲ ဖိအားပေးမိနေသလား။ အားကစား ကိုတော့ မေ့ထားမိသလား။ တော်စေ၊ ထက်မြက်စေချင်တဲ့ ဖေဖေမေမေတို့ရဲ့ စိတ်ဆန္ဒတွေက ဒီလိုတွန်းအားပေးတဲ့နည်းနဲ့ ထိရောက်စေပါ့မလား။  တကယ်တော်စေ၊ တတ်စေချင်ရင် စည်းစနစ်ရှိတဲ့ လွတ်လပ်ခြင်းကို ခံစားခွင့်ပေးလိုက်ပါ။ ကလေးတွေရဲ့ ဘက်စုံဖွံ့ဖြိုးမှုကို အားကစားက အထောက်အကူပေးနိုင်တယ်၊ ဉာဏ်ရည်ထက်မြက်စေတယ်လို့ပြောရင် မေမေတို့ယုံကြမှာလား။ ဘယ်လိုတွေ အကျိုးကျေးဇူးရှိလဲ ဆက်ကြည့်ရအောင်။ အားကစား လုပ်တဲ့ ကလေးတွေက - ကိုယ့်ကိုယ်ကိုယုံကြည်မှု ပိုရှိတယ် အားကစားလုပ်တဲ့အခါ လှုပ်ရှားသမျှ၊ ဆုံးဖြတ်သမျှ ကိုယ်တိုင်ပဲ လုပ်ရတာမို့ ကလေးအတွက် ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ အလေ့အကျင့်ရစေပါတယ်။ အတူကစားသူချင်း ပေါင်းသင်းဆက်ဆံရေးမှာလည်း ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစေတယ်။ အားကစားလုပ်ရင်း သူငယ်ချင်းတွေ အများကြီးရနိုင်တယ်လေ။ အရှုံးကို မကြောက်တော့ဘူး အနိုင်ရဖို့ အစွမ်းကုန်ကြိုးစားတတ်တဲ့ ဇွဲအပြင် ကျရှုံးတာရှိလည်း တုန်လှုပ်မသွားဖို့ အလေ့အကျင့်ရစေပါတယ်။ အရှုံးဆိုတာ အနိုင်ရဖို့ လှေကားထစ်တွေဖြစ်တဲ့အကြောင်းကို […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကျောင်းပိတ်ရက်မှာ သားသားမီးမီးနဲ့ မေမေတို့ ဘာတွေအတူတူလုပ်ကြမယ် စိတ်ကူးလဲ.....

မကြာခင်မှာ အိမ်ရဲ့ဆည်းလည်းလေးတွေ ဖြစ်ကြတဲ့ သားသားမီးမီးတို့ရဲ့ ကျောင်းပိတ်ရက်ရောက်လာတော့မယ်နော်။ ဒီအချိန်က မေမေရော သားသားမီးမီးတွေပါ စိတ်အလှုပ်ရှားဆုံးအချိန်ဆိုလည်း ဟုတ်ပါတယ်။ ပိတ်ရက်မှာ အိမ်မှာနေမယ့် သားသားမီးမီးတို့ကို တစ်ချိန်လုံး အော်မနေရစေဖို့ မေမေတို့အနေနဲ့ အခုကတည်းက ဘာတွေလုပ်မလဲဆိုတာကို အစီအစဉ်ချထားနိုင်မှ တော်ကာကျမှာနော်။ ဒီတော့ ပိတ်ရက်ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ်မရှိသေးဘူးဆိုရင် ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေ။ ကျောင်းပိတ်ရက်မှာ သားသားမီးမီးတွေနဲ့အတူ လုပ်ဆောင်နိုင်မယ့်အရာတွေက ဘာတွေများလဲ............. ကျောင်းပိတ်ရက်မှာ မေမေတို့အနေနဲ့ သားသားမီးတို့ရဲ့ တိုးတက်မှုအတွက်ဖြစ်ဖြစ် ချစ်ခင်မှုတွေတိုးလာစေဖို့ဖြစ်ဖြစ် ဒီလုပ်ဆောင်မှုလေးတွေကို အတူတူလုပ်ဆောင်လို့ရပါတယ်။ အတူတူ ဈေးဝယ်ထွက်မယ် ဈေးဝယ်ထွက်တဲ့အခါသားသားမီးမီးတွေကို အတူခေါ်သွားပေးပါ။ ဒီလိုခေါ်သွားတာက သူတို့လေးတွေကို အတွေ့အကြုံရစေပြီး အစားကောင်းကောင်းစားစေဖို့လည်း အထောက်အပံ့ဖြစ်စေမှာပါ။ ဒီလိုလုပ်တာက မေမေနဲ့ ကလေးတို့ကြားမှာ သံယောဇဉ်လည်း ပိုတိုးစေနိုင်ပါတယ်။ သစ်ပင်လေးတွေ အတူတူစိုက်ကြမယ် ဒါက ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်သလို ကလေးကို သဘာဝတရား နဲ့ထိတွေ့ခွင့်ပေးတာက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေမှာပါ။ အတူတူ […]


ကလေးငယ်ပထမနှစ်

ဘေဘီလေး ကို ပန်းချီဆွဲခိုင်းသင့်တဲ့ အကြောင်းအရင်း

အိမ်မှာ ဘေဘီလေး က စာရွက်အလွတ်မြင်တိုင်း ခဲတံကိုင်ပြီး ပန်းချီဆွဲတယ်။ ရောင်စုံခဲတံကိုင်ပြီး အရောင်ခြယ်တဲ့အခါတိုင်း အရေးကြီးတဲ့ စာရွက်မဟုတ်ဘူးဆိုရင် မဆွဲနဲ့လေလို့ ဟန့်တားဆူပူတာမျိုး မလုပ်ပါနဲ့။ အကြောင်းကတော့ ပန်းချီဆွဲတာက ဘေဘီလေး တိုင်းကို ပေးလုပ်သင့်တဲ့ လုပ်ဆောင်မှုလေးတစ်ခုဖြစ်တာကြောင့်ပါ။ ဒါဆို ဘေဘီလေး ကို ပန်းချီဆွဲခိုင်းသင့်တဲ့ အကြောင်းအရင်း က ဘာများလဲ ဆိုပြီး သိချင်နေပြီလား ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဘေဘီလေး ကို ပန်းချီဆွဲခိုင်းသင့်တဲ့ အကြောင်းအရင်း ဘေဘီလေး ကို ပန်းချီဆွဲခိုင်းသင့်တဲ့ အကြောင်းအရင်း က ဘာများလဲ ! ပန်းချီဆွဲတာက ဘေဘီလေး ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်လား........... ဒီမေးခွန်းကို ဖြေပေးရမယ်ဆိုရင် ဟုတ်ပါတယ်လို့ပဲပြောရမှာပါ။ အကြောင်းကတော့ ဘေဘီလေး အနေနဲ့ ပန်းချီဆွဲတာကြောင့် ခံစားချက်ကို ပွင့်လင်းစွာဖော်ထုတ်တတ်စေတယ် ဘေဘီလေး ကို ပွင့်ပွင့်လင်းလင်းပြောတတ်သူ တစ်ယောက်အဖြစ် […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ကာကွယ်ဆေး ထိုးပြီးရင် မေမေတို့ဘာစိုးရိမ်လဲ

မေမေတို့ ကလေးငယ်လေးတွေ ပြုစုစောင့်ရှောက်တဲ့ နေရာမှာ အမြဲတမ်းစိုးရိမ်တတ်ကြတဲ့ ပြဿနာက ကာကွယ်ဆေး ပါ။ ကာကွယ်ဆေး ထိုးပြီးရင် ကလေးအဆင်ပြေပါ့မလား။ ဟိုနေ့က ဘေးအိမ်က ကလေးလေးကာကွယ်ဆေးသွားထိုးတာ ပြန်လာတော့ ဖျားနေပြီတဲ့။ အိမ်ကသားသားရော ကာကွယ်ဆေးထိုးပြီးရင် ဖျားမှာလား။ ကာကွယ်ဆေးထိုးပြီးရင် ကလေးကို ဘာတွေစောင့်ကြည့်ရမလဲစသဖြင့် ရေးသားပေးသွားမှာဖြစ်ပါတယ်။ အရင်ဆုံး လက်ရှိထိုးနေတဲ့ ကာကွယ်ဆေး အစီအစဥ်ကို ပြောပြပေးပါ့မယ်။ မွေးကင်းစ ဘီစီဂျီ : ဘယ်လက်မောင်းတွင်ထိုးသည်။ ပြင်းထန်တီဘီရောဂါကို ကာကွယ်ပေးပါသည်။ အသည်းရောင်အသားဝါ ဘီ : ဘယ်ဘက်ပေါင်တွင်ထိုးသည်။ အသည်းရောင်အသားဝါ ဘီရောဂါကို ကာကွယ်ပေးသည်။ ၂ လ ဘီစီဂျီ  (မွေးစတွင် မထိုးလိုက်ရသူများအတွက်) ပိုလီယို အစက်ချဆေး: ပါးစပ်မှ ဆေး ၂စက်ချတိုက်သည်။ ပိုလီယိုအကြောသေရောဂါကို ကာကွယ်ပေးသည်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ) : ပါးစပ်မှ ဆေးအစက်ချတိုက်သည်။ […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

အမွှေစိန်လေးတွေရဲ့ ကျောင်းပိတ်ရက်ရှည် ရောက်လာတော့မယ်နော်

နွေဦးရာသီ ရောက်လာပြီဆိုရင်တော့ ကလေးတို့မျှော်နေတဲ့ ကျောင်းပိတ်ရက်ရှည် ကြီး နီးကပ်လာပါပြီ။ အမွှေစိန်လေးတွေ အိမ်မှာမြဲပြီး ကဲကြမှာကို စိုးရိမ်နေတဲ့ မိဘတွေ ရှိကြပါတယ်။ ဒါပေမယ့် အလုပ်တွေ၊ ကျောင်းတွေနဲ့ လည်ပတ်နေရတဲ့ မိသားစုတွေ လူစုံတက်စုံရှိကြတဲ့အချိန်မို့ ပျော်စရာကောင်းမှာပါနော်။ မိသားစုရဲ့ပျော်ရွှင်စရာအမှတ်တရတွေ ဖန်တီးနိုင်မယ့်အချိန်လည်းဖြစ်လို့ ကလေးတွေကို စည်းကမ်းတွေအတင်းမချပါနဲ့၊ ပိတ်ရက်လေးတောင် ကျူရှင်ကိုပဲအတင်းမပို့ပါနဲ့။ ကလေးတို့လည်းအကျိုးရှိ၊ ပျော်ဖို့လည်းကောင်းတဲ့ အရာတွေလည်း ဖန်တီးရအောင်ပါ။ ခရီးသွားကြမယ်။ အခွင့်အရေးရတုန်းလေး အမှတ်တရအဖြစ်ရော အပန်းဖြေခရီးအနေနဲ့ပါ ကျောင်းပိတ်ရက်ရှည် မှာ မိသားစုလိုက် ခရီးတစ်ခုခုထွက်သင့်ပါတယ်။ ဘုရားဖူး သို့မဟုတ် ကမ်းခြေ ခရီးသွားတာမျိုးမှာ ပျော်ရွှင်စရာအမှတ်တရတွေဖန်တီးပါ။ ခရီးမှာတွေ့ရတဲ့ အသစ်အဆန်းတွေကို စူးစမ်းလေ့လာတဲ့ကလေးအတွက် သမိုင်းကြောင်းတွေ၊ ဗဟုသုတဖြစ်စရာလေးတွေ ပြောပြပေးပါ။ ပျော်စရာသင်တန်းတွေ တက်ခိုင်းမယ်။ (၁) ဂီတသင်တန်း အားလပ်ရက်မှာ ကလေးကို စန္ဒရား၊ တယော သို့မဟုတ် တူရိယာပစ္စည်းတစ်ခုခုကို တီးခတ်နည်းသင်ပေးလိုက်ပါ။ သားယောက်ျားလေးဆိုရင် ဂီတာတီးသင်ပေးတာလည်းကောင်းပါတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေး တွေမှာဖြစ်တဲ့ လည်ချောင်းနာ သက်သာစေဖို့

ဘေဘီလေး တွေက လည်ချောင်းနာတတ်လို့လားလို့ မေးစရာရှိနေမယ်ထင်ပါတယ်။ ဒါဆိုရင်တော့ နာတတ်တာပေါ့လို့ပဲ ပြန်ဖြေရမှာပါပဲ။ အကြောင်းကတော့ လည်ချောင်းနာတာက အရွယ်မရွေးဖြစ်နိုင်တဲ့ ပြဿနာတစ်ခုဖြစ်နေတာမို့ပါ။ ဒီတော့ ခံစားနေရတဲ့ ဝေဒနာကိုသေချာမပြောပြတတ်သေးတဲ့ ဘေဘီလေး ကို လည်ချောင်းနာ သက်သာစေဖို့ဘာတွေလုပ်ပေးလို့ရမလဲ...... ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ဘေဘီလေး လည်ချောင်းနာ နေတာလား........... ဘေဘီလေး တွေက လူကြီးတွေလို ခံစားနေရတဲ့ ဝေဒနာကို မပြောပြတတ်ကြပါဘူး။ ဒီတော့ သူတို့ခံစားနေရတဲ့ ဝေဒနာတွေကို လူကြီးကို လက္ခဏာတွေ၊ သူတို့လေးတွေရဲ့ အပြုအမူလေးတွေကို ကြည့်ပြီး ဆုံးဖြတ်ကြရပါတယ်။ ဘေဘီလေးက လည်ချောင်းနာနေမယ်ဆိုရင် ကိုယ်နွေးနေမယ် နေရထိုင်ရတာ သက်သောင့်သက်သာမရှိသလိုဖြစ်နေမယ် အစာကျွေးရခက်နေမယ် ရေပဲ သောက်ချင်နေမယ် ဂျီကျနေမယ် စတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။ ဘေဘီလေးကို လည်ချောင်းနာ စေနိုင်တဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ...... ဘေဘီလေး ကို လည်ချောင်းနာစေနိုင်တဲ့ […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

မေမေတို့သိချင်တဲ့ ဝက်သက် ရောဂါ

ဝက်သက် ရောဂါ ဟာ measlesဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး ကလေးတွေမှာ အတွေ့ရများပါတယ်။ ကာကွယ်ဆေးမပေါ်ခင်တုန်းကဆိုရင် ၅နှစ်အောက်ကလေးတွေ သေရတဲ့အကြောင်းထဲမှာသူလည်းပါခဲ့ပါတယ်။ အခုတော့ ကာကွယ်ဆေးတွေကြောင့် ကလေးတွေ ဝက်သက်ရောဂါဖြစ်နှုန်း၊ ဝက်သက်ရောဂါကြောင့်သေနှုန်း သိသိသာသာလျော့ကျသွားခဲ့ပါတယ်။ ဝက်သက်ရောဂါရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ကာကွယ်ဆေးကို ဘယ်လိုထိုးကြမှာလဲ။ ကာကွယ်ဆေးထိုးပြီးရင်ရော ဝက်သက်ပေါက်ဦးမှာလား စသဖြင့် စိတ်ဝင်စားစရာ မေးခွန်းတွေကို ဖြေပေးသွားပါမယ်။ ကလေးက ဝက်သက်ပေါက်နေတာလား။ ဒါကို ဖြေဖို့ အောက်ကလက္ခဏာတွေကို သိထားရပါမယ်။ ဝက်သက်ဗိုင်းရပ်စ်နဲ့ ထိတွေ့ပြီး ၁၀ရက် ၁၄ရက်နောက်နေရင် ရောဂါလက္ခဏာစပြပါပြီ။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့ ဖျားတာ ချောင်းခြောက်ဆိုးတာ နှာရည်ယိုတာ လည်ပင်းနာ မျက်စိနာတာ ပါးစောင်ထဲမှာ အဖြူစက်လေးတွေ ပေါ်လာတာ ကိုယ်မှာ အနီစက်လေးတွေထွက်လာတာ  စတာတွေပဲဖြစ်ပါတယ်။ နောက်ထပ် ဝက်သက်ရဲ့ ထူးခြားချက်တစ်ခုက ၂ပက် ၃ပက်အတွင်းမှာ ရောဂါက အဆင့်ဆင့်ပြောင်းလဲလာတာပါပဲ။ ရောဂါပျိုးချိန် ဗိုင်းရပ်စ်ဝင်ပြီး […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးမှာဖြစ်တဲ့ လေပြွန်ရောင်ရမ်းခြင်း

လေပြွန်ရောင်ရမ်းတာက အရွယ်ရောက်ပြီးသူတွေမှာပဲ ဖြစ်တတ်တာမဟုတ်ပါဘူး။ ဘေဘီလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးမှာဖြစ်တဲ့ လေပြွန်ရောင်ရမ်းတဲ့အကြောင်းကို ပြောပြပေးချင်ပါတယ်။ လေပြွန်ရောင်ရမ်းခြင်းဆိုတာ ဘာလဲ............... လေပြွန်ရောင်ရမ်းခြင်းဆိုတာ လေပြွန်လို့ခေါ်တဲ့ အသက်ရှူလမ်းကြောင်းမှာပါဝင်နေတဲ့ လေပြွန်ရောင်ရမ်းတာပါ။ ဘေဘီလေးမှာဖြစ်တဲ့ လေပြွန်ရောင်ရမ်းတာက ပြင်းထန်တဲ့အမျိုးအစားပါ။ လေပြွန်ရောင်ရမ်းခြင်းကို ဘာကများဖြစ်စေတာလဲ......... ပြင်းထန်တဲ့ လေပြွန်ရောင်ရမ်းခြင်းက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။ များသောအားဖြင့်ကတော့ အဖျားဝင်ပြီးနောက်မှဖြစ်တာပါ။ ကလေးတွေကို လေပြွန်ရောင်စေနိုင်တဲ့အရာတွေကတော့ ဓာတ်မတည့်မှု ဖုန်မှုန့်တွေ ဆေးလိပ်ငွေ့ တို့လိုမျိုးအရာတွေက လေပြွန်ရောင်ရမ်းမှုတွေကိုဖြစ်စေနိုင်ပါတယ်။ ပန်းနာရင်ကျပ်ကြောင့်လည်း လေပြွန်ရောင်ရမ်းနိုင်ပါတယ်။ ဘယ်လိုလက္ခဏာတွေရှိလဲ.............. လေပြွန်ရောင်တဲ့လက္ခဏာက တစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ ဒါပေမယ့် များသောအားဖြင့်ကတော့ နှာစေးမယ် အဖျားငွေ့ငွေ့လေးရှိမယ် မအီမလည်ဖြစ်မယ် လည်ချောင်းနာမယ် ကြွက်သားတွေ နာကျင်ကိုက်ခဲမယ် ချောင်းဆိုးမယ် စတဲ့ လက္ခဏာတွေခံစားရနိုင်ပါတယ်။ ချောင်းဆိုးတယ်ဆိုတဲ့နေရာမှာ ချောင်းခြောက်ဆိုးနိုင်သလို အစိမ်းရောင် ဒါမှမဟုတ် အဝါရောင်ချွဲတွေဖြစ်နိုင်ပါတယ်။ လေပြွန်မှာ ချွဲတွေပိတ်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဘေဘီလေးက အသက်ရှူရတာခက်နေမယ်။ အဖျားက တစ်ပတ်လောက်ကြာတဲ့အထိ မပျောက်ဘဲဖြစ်နေမယ်ဆိုရင်တော့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း