(၃) ကလေးကို သူနှစ်သက်တဲ့ ကစားစရာအရုပ်လေးတွေ ပေးထားပြီး ရေချိုးပါ။
ဥပမာ ရေဇလုံထဲကို ဘဲရုပ်လေးတွေ ထည့်ထားပေးတာ၊ သူ့ကို ခဏလောက် ရေဆော့ခွင့်ပေးထားထာမျိုးကလည်း ရေနဲ့ ရင်းနှီးပြီး သက်သောင့်သက်သာ ဖြစ်စေပါတယ်။
(၄) ကလေးကို ရေချိုးပေးတိုင်းခေါင်းလျှော်ပေးဖို့မလိုပါဘူး။
ကလေးဆံသားက သိပ်ညစ်ပေမှာမဟုတ်တာကြောင့် တစ်ပတ်တစ်ကြိမ်ဆို သူတို့အတွက် လုံလောက်ပါတယ်။ ရက်နည်းနည်းခြားပေးခြင်းအားဖြင့် ခေါင်းလျှော် ရတဲ့စိတ်ဒုက္ခကို ကလေးက မေ့သွားလောက်ပါတယ်။
(၅) ရေချိုးခန်း အပေါ်မျက်နှာကြက်မှာ ရယ်စရာကောင်းတဲ့ ရုပ်ပုံ သို့မဟုတ် လှုပ်တုပ်တုပ် အရုပ်တစ်ခုခုချိတ်ဆွဲထားပါ။
ခေါင်းလျှော်နေတဲ့ ကိစ္စကနေ သူအာရုံပြောင်းသွားစေမယ့် အရာတစ်ခုခုပေါ့။
(၆) သီချင်းတစ်ခုခုကို ကျယ်ကျယ်ဆိုနေတာမျိုးကလည်း အာရုံပြောင်းတဲ့နေရာမှာ အထောက်အကူဖြစ်ပါတယ်။
လက်ကလေး၊ ခြေထောက်လေးတွေကို ရေချိုးပေးရင်းလည်း တစ်ခုချင်းအသံထွက်ပြီး စကားပြောပေးမယ်ဆိုရင် တစ်ကိုယ်လုံးရေချိုးပြီးတဲ့အခါ သင်သာလက်မြန်ခဲ့ရင် ခေါင်းတခါတည်း လျှော်လိုက်လို့ ရပါတယ်။
(၇) ကလေးရဲ့ ကြောက်စိတ်တွေကို ကူဖျောက်ပေးပါ။
ဘာမှကြောက်စရာမရှိတဲ့အကြောင်းပြောရင်း ကလေးရဲ့ လက်ကိုပါ ရှန်ပူထည့်ပေးပြီး သူကိုယ်တိုင်လည်း ဝင်လျှော်ခိုင်းပါ။ သူ့လက်နဲ့သူ လုပ်ရတာဖြစ်လို့ ယုံကြည်မှု ပိုရှိလာနိုင်ပြီး ကြောက်စိတ် လျော့လာမှာပါ။ နောက်အကြိမ်တွေမှာ အခုလောက် မခက်ခဲတော့လောက်ပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။