backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဘေဘီလေး တွေမှာဖြစ်တဲ့ လည်ချောင်းနာ သက်သာစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဘေဘီလေး တွေမှာဖြစ်တဲ့ လည်ချောင်းနာ သက်သာစေဖို့

ဘေဘီလေး တွေက လည်ချောင်းနာတတ်လို့လားလို့ မေးစရာရှိနေမယ်ထင်ပါတယ်။ ဒါဆိုရင်တော့ နာတတ်တာပေါ့လို့ပဲ ပြန်ဖြေရမှာပါပဲ။ အကြောင်းကတော့ လည်ချောင်းနာတာက အရွယ်မရွေးဖြစ်နိုင်တဲ့ ပြဿနာတစ်ခုဖြစ်နေတာမို့ပါ။ ဒီတော့ ခံစားနေရတဲ့ ဝေဒနာကိုသေချာမပြောပြတတ်သေးတဲ့ ဘေဘီလေး ကို လည်ချောင်းနာ သက်သာစေဖို့ဘာတွေလုပ်ပေးလို့ရမလဲ…… ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

ဘေဘီလေး လည်ချောင်းနာ နေတာလား………..

ဘေဘီလေး တွေက လူကြီးတွေလို ခံစားနေရတဲ့ ဝေဒနာကို မပြောပြတတ်ကြပါဘူး။ ဒီတော့ သူတို့ခံစားနေရတဲ့ ဝေဒနာတွေကို လူကြီးကို လက္ခဏာတွေ၊ သူတို့လေးတွေရဲ့ အပြုအမူလေးတွေကို ကြည့်ပြီး ဆုံးဖြတ်ကြရပါတယ်။ ဘေဘီလေးက လည်ချောင်းနာနေမယ်ဆိုရင်

  • ကိုယ်နွေးနေမယ်
  • နေရထိုင်ရတာ သက်သောင့်သက်သာမရှိသလိုဖြစ်နေမယ်
  • အစာကျွေးရခက်နေမယ်
  • ရေပဲ သောက်ချင်နေမယ်
  • ဂျီကျနေမယ် စတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။

ဘေဘီလေးကို လည်ချောင်းနာ စေနိုင်တဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ……

ဘေဘီလေး ကို လည်ချောင်းနာစေနိုင်တဲ့ အကြောင်းအရင်းက တစ်ခုမကရှိနိုင်ပါတယ်။ ဒါတွေကတော့

ဘေဘီလေးမှာဖြစ်တဲ့ လည်ချောင်းနာတာ သက်သာစေဖို့

လည်ချောင်းနာတာက မဖြစ်မနေ ဆရာဝန်ပြရမယ့်ရောဂါတော့ မဟုတ်ပါဘူး။ လည်ချောင်းနာတာကို သက်သာစေဖို့ အိမ်တွင်းကုထုံးနည်းလေးတွေနဲ့ သက်သာအောင် လုပ်ပေးလို့ရပါတယ်။ အသက်၆လအထက် ဖြည့်စွက်စားတဲ့အရွယ်ဆိုမှ ဒီနည်းလမ်းတွေ သုံးပေးပါ။

ငှက်ပျောသီး ကျွေးပါ
ငှက်ပျောသီးက ကလေးတွေမှာဖြစ်တဲ့ လည်ချောင်းနာတာကို အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။ ငှက်ပျောသီးပျော်ပျော်လေးက ပျော့ပျောင်းပြီး မျိုချရ လွယ်ကူပါတယ်။ ဒါ့အပြင် ငှက်ပျောသီးက ဗီတာမင် B6၊ ဗီတာမင် C နဲ့ ပိုတက်ဆီယမ်ကြွယ်ဝစွာ ပါဝင်နေပါတယ်။
ပူပူနွေးနွေး စွပ်ပြုတ်တစ်ခွက်က  လည်ချောင်းနာနေတဲ့ ဘေဘီလေးအတွက် လည်ချောင်းနာတာကို သက်သာစေနိုင်သလို ရေဓာတ်လည်းဖြည့်ပေးတဲ့အပြင် အာဟာရလည်း ပြည့်ဝစေနိုင်ပါတယ်။ အရမ်းပူမနေစေဖို့တော့ သတိထားပါ။ အသက်တစ်နှစ်အောက် ကလေးအတွက်ဆို ဆားမထည့်ပါနဲ့။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကို မထူမပါးလေးလှီးပြီး ရေနွေးဆူဆူထဲကို ထည့်ပါ။ ပြီးရင် ခဏလောက်စိမ်ထားပြီး ရေနွေးက အေးသွားပြီဆိုရင် ဘေဘီလေးကို လက်ဖက်ရည် ဇွန်း တဝက်စာလောက် တိုက်ပေးပါ။ ကြက်သွန်ဖြူက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး လည်ချောင်းနာ တာကို အမြန်ဆုံး သက်သာစေနိုင်မှာပါ။

အပူပေးထားတဲ့ မုန်ညှင်းဆီထဲကို ကြက်သွန်ဖြူကြိတ်ခြေထားတာ အနည်းငယ် ပဲနံ့သာစေ့အနည်းငယ်ထည့်ပြီး မွှေပါ။ ရလာတဲ့ဆီကို အအေးခံပါ။ ပြီးရင် ဘေဘီလေးရဲ့ လည်ပင်းမှာလိမ်းပေးပါ။ ဒါကလည်း လည်ချောင်းနာတာကိုသက်သာစေနိုင်ပါတယ်။

ရေနွေးငွေ့ခံပါ

ပုံးတစ်လုံးထဲကို ရေနွေးတွေထည့်ပါ။ ပြီးရင် ကလေးကို ချီထားပေးရင်း ရေနွေးငွေ့ရအောင်လုပ်ပေးပါ။ ဒါကလည်း လည်ချောင်းနာတာကို သက်သာစေမယ့် နည်းလမ်းတစ်ခုပါ။ ရေနွေးနွေးလေးနဲ့ ရေချိုးပေးလို့လည်းရပါတယ်။

ဒိန်ချဉ် ကျွေးပါ
ဒိန်ချဉ်က ရောဂါပိုးတွေကို အထိရောက်ဆုံးတိုက်ဖျက်ပေးနိုင်ပြီး လည်ချောင်းနာ တာကို သက်သာစေနိုင်ပါတယ်။ မျိုချရတာလည်း လွယ်ကူပါတယ်။ ဗီတာမင် C ပါဝင်နေတာကလည်း ကိုယ်ခံအားကောင်းပြီး လည်ချောင်းနာတာကို သက်သာစေဖို့ အထိရောက်ဆုံး အထောက်အပံ့ဖြစ်စေမှာပါ။ အေးခဲနေတဲ့ ဒိန်ချဉ်၊ အချိုကဲထားတဲ့ ဒိန်ချဉ်မဖြစ်ဖို့တော့ သတိပြုပါ။

မိခင်နို့

မိခင်နို့က ကလေးငယ်တွေကို ကိုယ်ခံအားတိုးစေနိုင်တဲ့ အကောင်းဆုံးသောအရာပါ။ မိခင်နို့ထဲမှာပါတဲ့ antibodies တွေက ရောဂါပိုးတွေ၊ ဘက်တီးရီးယားတွေကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးက လည်ချောင်းနာနေမယ်ဆိုရင် မိခင်နို့သာ များများတိုက်ပေးပါ။

အစိုဓာတ်ထိန်းစက်ဖွင့်တာက ဘေဘီလေးရဲ့ လည်ချောင်းကို အကောင်းဆုံး အစိုဓာတ်ထိန်းပေးပြီး လည်ချောင်းနာတာကို အထိရောက်ဆုံး သက်သာစေနိုင်မှာပါ။

ဘေဘီလေး လည်ချောင်းနာ တာကို ဒီနည်းလမ်းလေးတွေသုံးပြီး သက်သာအောင်လုပ်ပေးလိုက်ပါ မေမေတို့ရေ………..

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement