ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးအာဟာရချို့တဲ့ခြင်း

ကလေးများတွင် သံဓာတ် ချို့တဲ့ခြင်းကြောင့်သွေးအားနည်းရောဂါကိုကာကွယ်ကြမယ်။

သံဓာတ် ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါဟာ မွေးကင်းစလေးတွေနဲ့ ကလေးငယ်တွေမှာ အဖြစ်များတဲ့ သွေးရောဂါတစ်မျိုးပါ။ သံဓာတ်ချို့တဲ့တာကြောင့် သွေးနီဥရဲ့ အဓိက အစိတ်အပိုင်းလေးတွေ ဖြစ်တဲ့ haemoglobin လေးတွေမတည်ဆောက်နိုင်တဲ့ အတွက် သွေးအားနည်းလာခြင်းဖြစ်ပါတယ်။ ရောဂါ ဖြစ်လာပြီဆိုရင် ရောဂါလက္ခဏာတွေ အနေနဲ့ ကလေးဟာ အသားအရေဖြူဖျော့နေမယ်။ မျက်ခမ်း အတွင်းသားတွေ ဖြူဖျော့နေမယ်။ ကြီးထွားမှုနှုန်း နှေးနေမယ်။မောပန်းလွယ်မယ်။ လက်သည်းခွံလေးတွေက ချိုင့်နေ၊ ပြားနေပြီး ကျိုးလွယ်မယ်။ အခြားရောဂါပိုးတွေ အဝင်လွယ်ပြီး မကြာခဏဖျားမယ် စတဲ့ ရောဂါလက္ခဏာတွေ တွေ့ရတတ်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ဘေလုံးကြီးလာခြင်း၊ နှလုံးထိခိုက်ခြင်း၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း စတဲ့ အန္တရာယ်ရှိတဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်တဲ့အတွက် ဒီရောဂါကို ကာကွယ်ဖို့ အရမ်းအရေးကြီးပါတယ်။ သံဓာတ် ချို့တဲ့တာကိုဘယ်လိုကာကွယ်ကြမလဲ။ ၁။ လမစေ့၊ ပေါင်မပြည့်ကလေးများ (သို့) အမြွာကလေးများ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးရဲ့ အစာခြေစနစ် နဲ့ ကိုယ်ခံအားကို အားဖြည့်ပေးမယ့် အရာတွေက ဘာတွေများလဲ.......

ကလေးက ကျန်းမာတယ်နော်။ ကလေးက ထွားလိုက်တာ၊ ကလေးက တော်တော် ဉာဏ်ကောင်းတာပဲ ဆိုတဲ့ ချီးကျူးပြောဆိုမှုတွေ ကြားရရင် အလိုလိုနေရင်း ပြုံးမိပြီး စိတ်ထဲမှာ ပီတိဖြစ်မိတာ မေမေတိုင်းဟုတ်။ ကိုယ်ပျိုးထောင်တဲ့ ကလေးတစ်ယောက် ကောင်းကောင်းမွန်မွန် ကြီးပြင်းလာတာက မေမေတစ်ယောက်ရဲ့ မိခင်ဘဝ အောင်မြင်မှုဆိုလည်း မမှားပါဘူး။ ကလေးတစ်ယောက် အကောင်းဆုံး ကြီးပြင်းလာစေဖို့ မေမေတို့အနေနဲ့ ကလေးရဲ့ ကိုယ်ခံအား ကောင်းမွန်ဖို့ကို ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ကိုယ်ခံအား မကောင်းဘူးဆိုရင် ရောဂါပိုးတွေ ဝင်ရောက်ပြီး မကြာခဏဆိုသလို နာမကျန်းတွေဖြစ် နောက်ဆက်တွဲအနေနဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု နှေးကွေးတာတွေဆက်ဖြစ်လာနိုင်ပါတယ်။ ကလေးတစ်ယောက် ဘယ်လို ကြီးထွားဖွံ့ဖြိုးလာတာလဲ............ ကလေးတစ်ယောက် အကောင်းဆုံး ကြီးပြင်းလာစေဖို့ဆိုရင် ၂နှစ် အထက်ကာလမှာ  အာဟာရ ပြည့်ဝမှုကို သေချာလေး ဂရုစိုက်ရပါမယ်။ အဲဒီကာလအတွင်းမှာ ကလေးက ကိုယ်ခံအား တည်ဆောက်တယ် ပထမဆုံး […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးကို နှာခေါင်းထိပ် ညှစ်ဆွဲပေးရင် နှာခေါင်း ချွန်လာရောလား

မွေးကာစ ကလေးလေး တွေကို ဖယောင်းရုပ်လေးတွေ လို့ ခေါ်ကြတယ်နော်။ လိုသလို ပုံသွင်း လို့ ရတဲ့အရွယ်ပါတဲ့။ ဒီအရွယ်လေးမှာ နှာတံ ပေါ်အောင် ဆွဲပေးရတယ်၊ နှာခေါင်း ထိပ်လေး ညှစ်ဆွဲပေးရတယ် နဲ့ မေမေတို့ အလုပ်ကို ရှုပ်နေပါရောလား။ ဘေဘီလေး ကို ချောစေ၊ လှစေချင်တာကိုး။ ဒါနဲ့ ဘေဘီလေးကို နှာခေါင်းထိပ် ညှစ်ဆွဲပေးရင် နှာခေါင်း ချွန်လာရောလား .... ဘေဘီလေးကို နှာခေါင်းထိပ် ညှစ်ဆွဲပေးရင် နှာခေါင်း ချွန်လာရောလား ဘေဘီလေးကို နှာခေါင်းထိပ် ညှစ်ဆွဲပေးရင် နှာခေါင်း ချွန်လာရောလားဆိုတော့ နိုးပါ။ ကလေး ရဲ့ နှာခေါင်းပုံစံက သူ့ရဲ့ မျိုးဗီဇ အရ သတ်မှတ်ထားပြီးသားပါ။ နှာခေါင်းလေးကို ညှစ်တာ၊ ဆွဲတာ၊ နှိပ်နယ်တာတွေ နဲ့ သူ့ရဲ့ပုံစံကို ပြောင်းလဲပစ်နိုင်မှာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေး ခြေထောက်ခွင် နေတာ ပြင်ပေးလို့ရလား

ကလေး ခြေထောက်ခွင် နေရင် အသားလေးနှိပ်နယ်ပြီး ဆန့်ပေးရတယ်တဲ့။ အများစု ပြောလေ့ရှိကြ၊ လုပ်လေ့ရှိကြပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ပေးရင် ခွင်နေတဲ့ ခြေထောက်လေး တကယ်ရော ပြန်ဆန့်သွားရဲ့လား။ ခြေထောက်ခွင် တယ် ဆိုတာ ကလေးတွေမှာ ခြေထောက်ခွင်တာဟာ အမေ့ဝမ်းထဲမှာတုန်းက နေရာကျဉ်းလေးထဲ ဖွံ့ဖြိုးလာရတဲ့အတွက် အရိုးဖွံ့ဖြိုးမှုပုံစံ ကြောင့် ကလေးတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဒါကို ကလေးဖွံ့ဖြိုးမှုမှာ ပုံမှန်အဆင့် လို့ ခေါ်ပါတယ်။ ကလေး လမ်းစလျှောက်တဲ့အချိန်မှာ ခြေထောက်ခွင်တာ သိသာလာမှာ ဖြစ်ပေမယ့် အများအားဖြင့် အရွယ်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်းသက်သာသွားမှာပါ။ လမ်းစလျှောက်တာ စောတဲ့ ကလေးတွေမှာတော့ ပိုသိသာတတ်ပါတယ်။ ဒါ့ကြောင့် လမ်းစောစောလျှောက်ခိုင်းလို့ ခြေထောက်ခွင်တာလို့တောင် လူကြီးတွေ ပြောလေ့ရှိကြပါတယ်။ ဘာကြောင့် ခြေထောက်ခွင် သလဲ ကလေးအများစု ကတော့ အပေါ်မှာ ပြောခဲ့တဲ့အတိုင်းပဲ မွေးစတည်းက သဘာဝအလျောက် ဖြစ်လာတာ ဆိုပေမယ့် ဖြစ်ခဲတဲ့ […]


ကလေးအာဟာရချို့တဲ့ခြင်း

ကလေးကို အဝလွန် စေတဲ့ အကြောင်းတွေ

ကလေးက ဝဝကစ်ကစ်လေး ချစ်ဖို့ ကောင်းလိုက်တာလို့ ပြောတတ် ကြပါတယ်။ ချစ်ဖို့ထက် စိုးရိမ်စရာ ကောင်းတယ်လို့ပဲ ပြောပါရစေ။ ဘယ်အရွယ်မှာမဆို ဝခြင်း ပိန်ခြင်းသည် မကောင်းပါဘူး။ သူ့အရွယ်နဲ့သူ ထိုက်သင့်တဲ့ ကိုယ်အလေးချိန်ရှိမှသာ ကလေးက ကျန်းကျန်းမာမာနဲ့ ရောဂါကင်းကင်း နေနိုင်မှာပါ။ ကလေးအရွယ်တည်းက ဝနေရင် နောက်ပိုင်း ကြီးလာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်မှုတွေ ရှိလာမှာပါ။ ဒါကြောင့် ကလေးကို အဝလွန် စေတဲ့ အကြောင်းတွေက ဘာတွေလဲ။ နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲ။ အဝမလွန်အောင် ဘယ်လို ကာကွယ်ကြမလဲဆိုတာ မေမေတွေ သိထားသင့်ပါတယ်။ ကလေးကို အဝလွန် နေမှန်း ဘယ်လိုသိနိုင်လဲ။ ဝတဲ့ကလေးတိုင်းက အဝလွန်နေတာ မဟုတ်ပါဘူး။ တချို့ကလေးတွေက ဒီတိုင်းကို လူကောင်ထွားနေတာ ရှိပါတယ်။ နောက်ပြီး ကလေးတွေရဲ့ ကိုယ်မှာ အဆီစုတာကလည်း […]


ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးငယ်တွေကို ဖုန်း ပေးသုံးသင့်လား။

တိုးတက်ပြောင်းလဲလာတဲ့ ယနေ့ခေတ်ကြီးမှာ လူတိုင်းနီးပါး ဖုန်း တွေကို အသုံးပြုလာကြပါတယ်။ ဖုန်းတွေ၊ ကွန်ပြူတာစတဲ့ လျှပ်စစ်ပစ္စည်းတွေ၊ အင်တာနက် နဲ့ နည်းပညာတိုးတက်လာမှုတွေကြောင့် ဆက်သွယ်ရလွယ်ကူလာတယ်၊ သိချင်တဲ့အရာတွေကို အလွယ်တကူရှာဖွေ လေ့လာနိုင်တယ် စတဲ့ ကောင်းကျိုးတွေ အများကြီး ဖြစ်လာပေမယ့် လူတွေက ဖုန်းသုံးတာကို စွဲလမ်းလာကြတဲ့အခါ၊ ကောင်းမွန်တဲ့နည်းလမ်းတွေနဲ့ အသုံးမပြုကြတဲ့အခါ တဖြည်းဖြည်း ဘေးအန္တရာယ်တွေ ဖြစ်လာပါတယ်။ နောက်ပိုင်းမှာ တချို့မိဘတွေက ကလေးငယ်လေးတွေနဲ့ ကစားပေး၊ သင်ပေး တာတွေထက် ကလေးကို ဖုန်းတွေနဲ့ အချိန်ကုန်စေလာတာကို တွေ့လာရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကလေးငယ်တွေ ဖုန်းအသုံးပြုတဲ့အခါ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေနဲ့ သုံးသင့်၊ မသုံးသင့်ဆိုတာလေးကို မျှဝေပေးသွားမှာပါ။ ဖုန်း သုံးခြင်းရဲ့ ဆိုးကျိုးများ။ ၁။ အဝလွန်ခြင်း။ လှုပ်ရှားမှုတွေ နည်းလာပြီး အဆီတွေစုလာခြင်း၊ အဝလွန်ခြင်းအပြင် နောက်ဆက်တွဲတွေ ဖြစ်တဲ့ နှလုံး၊ […]


ဆယ်ကျော်သက်နှင့်လူငယ်ကျန်းမာရေးပြဿနာများ

Sex education ကို ဘာကြောင့် သင်ပေးရတာလဲ။

Sex education တွေ သင်တော့မယ်ဆိုတဲ့ အသံကြားတော့ တချို့တွေက ဒါကို လိင်ဆက်ဆံနည်း သင်ပေးတယ်လို့ ထင်ကြတယ်။ နာမည်ကလည်း လိင်ပညာပေး ဆိုတော့လေ။ တကယ်တော့ လိင်ပညာပေးဆိုတာ လိင်ဆက်ဆံနည်းကို သင်ပေးတာ မဟုတ်ပါဘူး။ လိင်မှုဘဝရဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကစလို့ ကိုယ့်ပါတနာကို လေးစားဖို့အထိ လူမှုဆက်ဆံရေးတွေကိုပါ သင်ပေးတာပါ။ ဒါကြောင့် နောက်ပိုင်းမှာ Comprehensive sex education ပြီးပြည့်စုံသော လိင်ပညာပေးခြင်း (CSE) လို့ ပြောင်းခေါ်လာကြပါပြီ။ ဒီဆောင်းပါးမှာ Sex education ကို ဘာကြောင့် သင်ပေးရတာလဲ။ ဘာတွေကို သင်ပေးတာလဲဆိုတာ ဆွေးနွေးပေးမှာပါ။ Sex education ဆိုတာ ဘာလဲ။ Sex education ဆိုတာ လူငယ်တွေ အရွယ်ရောက်လာလို့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေနဲ့ […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

ကျောင်းတွေမှာ ဘာလို့ sex education သင်ပေးသင့်တာလဲ။

သိပ်မကြာခင်က ဆယ်တန်းမှာ လိင်ပညာပေး (sex education)နဲ့ ပတ်သတ်လို့ သင်ရမယ့် သင်ရိုးညွှန်းတမ်း ထွက်လာပါတယ်။ ထုံးစံအတိုင်း လူ၃ယောက်ရှိရင် ၂ဖွဲ့ကွဲတာဆိုတော့ သင်သင့်တယ်။ မသင်သင့်ဘူး စသဖြင့် အသံတွေ ပြန်ကြားရတာပေါ့။ ကိုယ်တွေနိုင်ငံမှာပဲ ဒီလိင်ပညာပေးကို သင်တာ မဟုတ်ပါဘူး။ တခြားနိုင်ငံတွေမှာလည်း သင်ပါတယ်။ ဒီမှာတော့ စစချင်းဆိုတော့ ပြောရတာ ခက်ခဲတာ၊ ကျောင်းသားက ကိုယ့်ကို မလေးစားမှာ စိုးတာ စသဖြင့် အခက်အခဲလေးတွေတော့ ရှိမှာပေါ့။ သူများဆီမှာလည်း ရှိပါတယ်။ ဒီလိုပဲ နည်းလမ်းရှာပြီး သင်ရတာပေါ့။ အရင်ဆုံး စိတ်ထဲမှာ ပြတ်ပြတ်သားသား သိထားသင့်တာက လိင်ပညာပေးဆိုတာ လိင်ဆက်ဆံနည်းကို သင်ပေးတာ မဟုတ်ဘူးဆိုတာပါပဲ။ ဒါကို အရင်ဆုံး စိတ်ထဲမှာ ရှင်းထားပါ။ သူတို့အခေါ်ကတော့ comprehensive sex education ပြီးပြည့်စုံတဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အမြွှာလေးတွေ မွေးခဲ့ရင် ဘယ်လိုပြုစု စောင့်ရှောက်ကြမလဲ။

ကလေးပြုစုစောင့်ရှောက်တယ်ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ။ အမြွှာဆိုတော့ ပိုဆိုးပြီပေါ့။ သေသေချာချာ မစီစဉ်ထားဘူးဆိုရင် သူတို့နှစ်ယောက်ကို ပျိုးထောင်ရ၊ ထိန်းရတာနဲ့ တစ်အိမ်လုံး ကမ္ဘာပျက်သွားနိုင်ပြီး ကလေးတွေလည်း ကောင်းကောင်းမွန်မွန် ကြီးပြင်းလာဖို့ ခက်ခဲပါလိမ့်မယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာတော့ အမြွှာလေးတွေ မွေးထားတဲ့သူတွေအတွက် အကူညီပေးနိုင်မယ့် နည်းလမ်းတချို့ကို မျှဝေပေးသွားချင်ပါတယ်။ အမြွှာလေးတွေ မွေးခဲ့ရင် ဘယ်လိုပြုစု စောင့်ရှောက်ကြမလဲ။ ၁။ လုပ်ရမှာတွေ၊ လုပ်သင့်တာတွေကို ချရေးထားပါ။ အမြွှာမွေးထားတဲ့ မိခင်တွေဟာ ပုံမှန် မိခင်တွေထက် အလုပ်ပိုများ၊ ပိုပင်ပန်းပါတယ်။ ဒါ‌ကြောင့် ကလေးတွေအတွက် အိပ်ချိန်၊ စားချိန် နဲ့ ဘယ်အချိန်လောက်မှာ ဘာလုပ်မယ် ဆိုတာကို အချိန်ဇယားကြိုဆွဲထားပြီး ဘာတွေ ကြိုတင်ပြင်ဆင်ထားမယ် ဆိုတာကို ရေးမှတ်ထားသင့်ပါတယ်။ တခြား အမြွှာမွေးဖူးတဲ့ အသိတွေရှိရင် အကြံဉာဏ်ကြိုတောင်းပြီး ကိုယ်ဝန်ဆောင်ချိန်ကတည်းက လေ့လာထားသင့်ပါတယ်။ ကြိုတင်ပြင်ဆင် အောင်ပွဲဝင်ဆိုတဲ့ အတိုင်း […]


ကလေးငယ်ပထမနှစ်

ကလေးများ ဖွံ့ဖြိုးမှု နောက်ကျလျှင်

ကလေးဆိုတာ သူ့အချိန်နဲ့သူ မှောက်ချိန်တန်မှောက်၊ ထိုင်ချိန်တန်ထိုင် တဖြည်းဖြည်း ကြီးထွားလာရမှာပါ။ မေမေတို့အနေနဲ့လည်း ကိုယ့်ကလေးက ဖွံ့ဖြိုးမှု နောက်ကျမှာ သိပ်ကြောက်ကြပါတယ်။ အတူတူမွေးတဲ့ ဟိုဘက်အိမ်က ကလေးက ထိုင်နေပြီ။ ဒီကောင်လေးက ခုထိ ဇက်မခိုင်သေးဘူး။ အကြီးကောင်တုန်းက ဒီချိန်ဆို စကားစပြောနေပြီ ဒီကောင်လေးကျ နောက်ကျလိုက်တာ စသဖြင့် တခြား ကလေးနဲ့နှိုင်းပြီး ကိုယ့်ကလေးကို ဖွံ့ဖြိုးမှုနောက်ကျတယ်လို့ ထင်တတ်ပါတယ်။ တကယ်နောက်ကျတာလည်း ဖြစ်နိုင်သလို မေမေတို့ စိုးရိမ်နေတာလဲည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးတွေ ဘယ်အရွယ်မှာ ဘယ်လို ဖွံ့ဖြိုးတယ်၊ ဘယ်အရွယ်ရောက်တာတောင် ဘာမလုပ်တတ်ဘူးဆိုရင် ဆရာဝန်နဲ့ ပြရမယ်ဆိုတာ သိထားရင် ပိုကောင်းတာပေါ့။ ကလေးများရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့် မွေးစကနေ ၄လ ခေါင်းခိုင်ရပါမယ်။ မျက်လုံးက အမေ့မျက်နှာ ဒါမှမဟုတ် ပတ်ဝန်းကျင်က ပစ္စည်းတွေကို လိုက်ကြည့်တတ်ရပါမယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း