ကလေးက ဝဝကစ်ကစ်လေး ချစ်ဖို့ ကောင်းလိုက်တာလို့ ပြောတတ် ကြပါတယ်။ ချစ်ဖို့ထက် စိုးရိမ်စရာ ကောင်းတယ်လို့ပဲ ပြောပါရစေ။ ဘယ်အရွယ်မှာမဆို ဝခြင်း ပိန်ခြင်းသည် မကောင်းပါဘူး။ သူ့အရွယ်နဲ့သူ ထိုက်သင့်တဲ့ ကိုယ်အလေးချိန်ရှိမှသာ ကလေးက ကျန်းကျန်းမာမာနဲ့ ရောဂါကင်းကင်း နေနိုင်မှာပါ။ ကလေးအရွယ်တည်းက ဝနေရင် နောက်ပိုင်း ကြီးလာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်မှုတွေ ရှိလာမှာပါ။ ဒါကြောင့် ကလေးကို အဝလွန် စေတဲ့ အကြောင်းတွေက ဘာတွေလဲ။ နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲ။ အဝမလွန်အောင် ဘယ်လို ကာကွယ်ကြမလဲဆိုတာ မေမေတွေ သိထားသင့်ပါတယ်။