backup og meta

သင့်ကလေးရဲ့ ချက်ကြိုးအတွက် ဂရုစိုက်ပြုစုခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးရဲ့ ချက်ကြိုးအတွက် ဂရုစိုက်ပြုစုခြင်း

    ချက်ကြိုးဟာ ကိုယ်ဝန်ဆောင်နေစဉ်ကာလတစ်လျှောက်လုံးအတွင်း ကလေးငယ်ရဲ့ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ အရေးအကြီးဆုံးအခန်းကဏ္ဍတွေထဲက တစ်ခုပါပဲ။ ချက်ကြိုးက အောက်ဆီဂျင်တွေ၊ antibodies တွေနဲ့ အာဟာရရင်းမြစ်တွေကို မိခင်နဲ့ သန္ဓေသားကြားမှာ သယ်ယူပို့ဆောင်ပေးပါတယ်။ ဒါပေမယ့် ကလေးမွေးဖွားပြီးတာနဲ့ ချက်ကြိုးကို ညှပ်ပြီးဖြတ်ပစ်ရပါတယ်။ ဒါမှသာ ကလေးငယ်တွေမှာ ချက်ဖြစ်ပေါ်နိုင်မှာပါ။ ချက်ကြိုးကိုညှပ်ဖို့အတွက် အကောင်းဆုံးအချိန်ကတော့ မွေးဖွားပြီးအနည်းဆုံး၂မိနစ်ကြာတဲ့အချိန်မှာပါပဲ။ ဒါမှသာ ကလေးငယ်က ချက်ကြိုးထဲမှာကျန်နေတဲ့ အောက်ဆီဂျင်နဲ့သွေးတွေကို လက်ခံရရှိနိုင်မှာပါ။ ဒီလိုလုပ်ခြင်းဟာ သွေးအားနည်းရောဂါ (anaemia)နဲ့အခြားသော ကျန်းမာရေးဆိုင်ရာပြဿနာတွေဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။

    ဒီလိုချက်ကြိုးဖြတ်တဲ့လုပ်ငန်းစဉ်ဟာ ကလေးငယ်ရဲ့ဗိုက်ပေါ်မှာ (၂စင်တီမီတာမှ ၃စင်တီမီတာထိရှည်နိုင်တဲ့) ချက်ငုတ်ကို ကျန်ထားစေနိုင်ပါတယ်။ ၅ရက်မှ ၁၅ရက်ထိကြာပြီးနောက်မှာတော့ ၎င်းကခြောက်ပြီးကြွေကျသွားမှာပါ။ ကလေးငယ်တွေမှာ ပြီးပြည့်စုံတဲ့ချက်တစ်ခုဖြစ်ပေါ်ဖို့ အချိန်က ၁ပတ် သို့မဟုတ် ၁ပတ်နဲ့အထက်ကြာလေ့ရှိပါတယ်။

    • ကလေးရဲ့ချက်ငုတ်ကို ဂရုမစိုက်တာဟာ ဝမ်းဗိုက်နံရံမှာ Omphalitis-bacterial inflammation လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့်ရောင်ယမ်းခြင်းတွေကိုဖြစ်နိုင်ပြီး ဒီပြဿနာဟာ နောက်ပိုင်းမှာ ပိုမိုပြင်းထန်လာပြီး ကလေးငယ်တွေသေဆုံးသည်ထိဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကလေးရဲ့ ချက်ကြိုးကိုဂရုစိုက်တဲ့နေရာမှာ ပြုလုပ်ရမယ့်အရာတွေ မပြုလုပ်သင့်တဲ့အရာတွေ စတာတွေကို မိဘတွေသိထားဖို့ အလွန်အရေးကြီးပါတယ်။
    • ချက်ငုတ်ကို သန့်ရှင်းနေပါစေ။ Streptococcus နဲ့ Staphylococcus aureus တို့လိုဘက်တီးရီးယားတွေ အလျင်အမြန်ပေါက်ဖွားလာခြင်းမှ ကာကွယ်နိုင်ဖို့အတွက် ချက်ငုတ်ကို သန့်ရှင်းအောင်ထားပါ။ မိဘတွေဟာ သေးခံ(diaper)လဲပေးပြီးတဲ့အခါတိုင်းမှာ အစအနတွေနဲ့ အစိုဓါတ်တွေမကျန်ထားစေဖို့အတွက် အဆိုပါနေရာကို နူးညံ့ခြောက်သွေ့တဲ့အဝတ်နဲ့ ဂရုတစိုက်သန့်ရှင်းပေးဖို့လိုပါတယ်။ အရက်ပျံသုံးခြင်းဟာ အနာပျောက်ကင်းသွားစေတဲ့အချိန်ကို ပိုပြီးနှောင့်နှေးကြန့်ကြာစေတာကြောင့် မသုံးဖို့အကြံပြုထားပါတယ်။
    • ချက်ငုတ်ကို ခြောက်သွေ့အောင်ထားပါ။ ဒီနေရာကို မကြာခဏ လေသလပ်ခံပေးပါ။ မိဘတွေဟာ မွေးကင်းစကလေးငယ်ကို သူတို့ချက်ငုတ်ရှိနေသေးတဲ့အချိန်မှာ အင်္ကျီဝတ်ပေးတာမျိုးကို ရှောင်ရှားသင့်ပါတယ်။ မွေးကင်းစကလေးငယ်တွေအတွက် အထူးပြုလုပ်ထားတဲ့အပေါက်ပါတဲ့ diapers တွေကိုရွေးချယ်အသုံးပြုသင့်ပြီး ရေချိုးတဲ့အခါမှာလဲ ရေထဲနှစ်ပြီးချိုးပေးတာနဲ့စာရင် ရေမြှုပ်၊ဖော့ စတာတွေနဲ့ချိုးပေးတာက ပိုပြီးသင့်လျော်ပါတယ်။
    • ချက်ငုတ်ကို ဆွဲနှုတ်တာ ဆွဲထုတ်တာ ဖဲ့တာမျိုးမလုပ်ပါနဲ့။ ကျွန်တော်တို့အားလုံးဟာ ကျွန်တော်တို့ကလေးရဲ့အသားအရည်လှလှလေးပေါ်က ဒီရုပ်ဆိုးလွန်းတဲ့အရာကြီးကို ပျောက်ကင်းသွားစေချင်ကြတာပါပဲ။ ဒါပေမယ့် အလျင်လို အနှေးဖြစ်တတ်ပါတယ်။ ချက်ကြိုးကို သဘာဝအတိုင်းကြွေကျစေတာက ကလေးငယ်ရဲ့ဘေးကင်းလုံခြုံမှုအတွက် အကောင်းဆုံးနည်းလမ်းဖြစ်မှာပါ။
    • အောက်ပါအချက်တွေထဲကတစ်ခုခုဖြစ်လာရင် ဆရာဝန်ကိုအမြန်ဆုံးဆက်သွယ်ပါ။
    • ချက်ငုတ်ကနေ အနံ့ဆိုးတွေထွက်လာရင်
    • ချက်ငုတ်က အဖြူရောင်သို့မဟုတ် အဝါရောင်သမ်းတဲ့ပြည်တွေထွက်လာရင်
    • နီရဲပြီး ရောင်ရမ်းနေတဲ့အခြေဖြစ်လာရင်
    • သွေးထွက်နေဆဲဆိုရင်
    • ဆရာဝန်နဲ့အမြန်ဆုံးဆက်သွယ်ပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement