ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ကလေးများကြီးထွားဖွံဖြိုးရာတွင် အရေးပါသော ဗီတာမင်များ

ဗီတာမင်များသည် ဆဲလ်ကြီးထွားမှုအရှိန်နှင့် ကွာလတီပေါ် လွှမ်းမိုးနိုင်သည့်အတွက် လူကြီးများအတွက်သာမက ကလေးများအတွက်ပါ မရှိမဖြစ်လိုအပ်ပါသည်။ ဗီတာမင်ကောင်းကောင်းမရပါက ကြီးထွားဖွံဖြိုးမှုဖြစ်စဉ်ကို ထိခိုက်စေပြီး တစ်ခြားသော ရုပ်ပိုင်းဆိုင်ရာ မူမမှန်မှုများကို ဖြစ်သွားစေနိုင်ပါသည်။ ဗီတာမင် အေ၊ ဘီ၊ စီ၊ ဒီ၊ အီး နှင့် ကေ အပါအဝင် အဓိကဗီတာမင် ၆ မျိုးရှိ၏။   ဗီတာမင်အေ ဤဗီတာမင်သည် မျက်လုံးအမြင်အာရုံအတွက် အရေးကြီး၏။ ထို့အပြင် ဗီတာမင်အေကို နေ့စဉ်လုံလောက်စွာရရှိနေပါက သင်၏ကိုယ်ခံအားစနစ်ကို အားမြှင့်ပေးပြီး ဆဲလ်နှင့်အရိုးများ၏ ပုံမှန်ကြီးထွားမှုကို အားပေးပါသည်။ ဗီတာမင်အေကြွယ်ဝသော အစားအစာများမှာ နို့၊ ချိစ်၊ ဥများ၊ အထူးသဖြင့် အနီရောင် ဟင်းသီးဟင်းရွက်များဖြစ်သည့် မုန်လာဥနီနှင့် ခရမ်းချဉ်သီးတို့ဖြစ်သည်။   ဗီတာမင်ဘီ ဗီတာမင်ဘီအုပ်စုတွင် B1, B2, B6, B12, နိုင်ရာစင်၊ ဖောလစ်အက်စစ်၊ ဘိုင်အိုတင်နှင့် ပန်တိုသန်းနစ်အက်စစ်တို့ ပါဝင်သည်။ ဤဗီတာမင်အုပ်စုသည် ဇီဝရုပ်ဖြစ်ပျက်ရာနှင့် […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးအနိုင်ကျင့်ခြင်း လက္ခဏာများ

Child abuse ဟာ အသက် ၁၈ နှစ်အောက် ကလေးတွေကို အနိုင်ကျင့်ခြင်း ဖြစ်ပါတယ်။ Child abuse ဟာ မသိသာတာကြောင့် လျစ်လျူရှုခြင်း၊ ကလေးကို ဂရုမစိုက်မိခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒ့ါပြင် အနိုင်ကျင့်ခံရတဲ့ကလေးတွေဟာ သူတို့ကို ဘာဖြစ်နေတယ်ဆိုတာကို အခြားသူတွေကို ပြောနိုင်ခြင်း မရှိပါဘူး။ အချို့ကလေးတွေဟာ အနိုင်ကျင့်ခြင်း အကြောင်းကို နားမလည်ကြပါဘူး။ လူကြီးသတိမထားမိရင် ကလေးတွေဟာ အကူအညီကင်းမဲ့တတ်ကြပါတယ်။ ဒါကြောင့် မိဘတွေက Child abuse အကြောင်းကို သေချာစွာ နားလည်ဖို့လိုအပ်ပြီး သူ့လက္ခဏာတွေနဲ့ ကလေးကို ဘယ်လိုထောက်ပံ့ပေးရမလဲဆိုတာပါ သိရှိဖို့ လိုအပ်ပါတယ်။ Child abuse ရဲ့ အဖြစ်များတဲ့ အမျိုးအစားတွေက ဘာတွေလဲ။ Child abuse ဟာ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ ထိခိုက်အောင်လုပ်ခြင်း ထက်ပိုပါတယ်။ ကြမ်းတမ်းစွာ ဆက်ဆံခြင်းကြောင့် ဖြစ်တဲ့ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးတွေမှာ အဖြစ်များတဲ့ စိတ်ရောဂါတွေက ဘာတွေလဲ

လူကြီးတွေလိုမျိုးပဲ ကလေးတွေဟာလည်း သူတို့ရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ လူကြီးတွေမှာလိုပဲ ကလေးတွေမှာ စိတ်ရောဂါလက္ခဏာတွေဟာ တိကျမှုမရှိတာကြောင့် ရောဂါရှိကြောင်း သိရှိဖို့ ခက်ခဲပါတယ်။ ကလေးတွေမှာ အဖြစ်များတဲ့ စိတ်ရောဂါအတော်များများဟာ မွေးရာပါဖြစ်ပါတယ်။ မိဘတွေက ကလေးမှာ ဖြစ်နိုင်တဲ့ စိတ်ရောဂါတွေ၊ လက္ခဏာတွေနဲ့ ကာကွယ်ခြင်းတွေကို နားလည်ပြီး ကလေးတွေကို သဘာဝအတိုင်း ကြီးထွားလာအောင် ကာကွယ်ပေးသင့်ပါတယ်။ ကလေးတွေမှာဖြစ်တဲ့ စိတ်ရောဂါလက္ခဏာတွေက ဘာတွေလဲ။ စိတ်ပူခြင်း ဒီရောဂါဟာ လူကြီးတွေမှာ အဖြစ်များပေမယ့် ကလေးတွေမှာ လက္ခဏာတူညီခြင်းမရှိပါဘူး။ တကယ်လို့ သင့်ကလေးက အချို့အရာတွေ၊ အဖြစ်အပျက်တွေကို ကြောက်ရွံ့၊ စိုးရိမ်မှုနဲ့ တုန့်ပြန်တယ်ဆိုရင်၊ ငိုရင်၊ အာခေါင်ခြစ်အော်ရင် ဒါဟာ စိတ်ရောဂါ လက္ခဏာ တစ်မျိုးမျိုး ဖြစ်နိုင်ပါတယ်။ တခါတရံမှာ ပြင်းထန်တဲ့ အခြေအနေတွေမှာ စိတ်လှုပ်ရှားခြင်းရဲ့ လက္ခဏာတွေ ဖြစ်တဲ့ နှလုံးခုန်မြန်ခြင်း၊ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ကလေးများတွင် ဖြစ်သော စိတ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများ

စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုဟာ လူတိုင်းမှာ ဖြစ်နိုင်ပြီး ကလေးရော လူကြီးပါ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လက္ခဏာတွေက ကွာခြားမှု ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုကို သိရှိနိုင်ဖို့ လက္ခဏာတွေကို ရှာဖွေသင့်ပါတယ်။   စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုကို သိရှိဖို့ ခက်ခဲပါတယ်။ တခါတရံမှာ ဒါကို ဘာလဲဆိုတာမသိပဲ အခြားရောဂါထင်တာမို့ လိုအပ်တဲ့ကုသမှုတွေကို မရရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ လက္ခဏာတွေကို သိရှိနားလည်ခြင်းဟာ သင့်ကလေးငယ်ကို သူတို့လိုချင်တဲ့ အရာတွေ ရရှိဖို့ ကူညီပေးနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ သင့်ကလေးငယ်ဟာ ဝမ်းနည်းနေပြီး နှစ်ပတ်ထက်ပို ကြာမြင့်ခြင်း (သို့) သူတို့ရဲ့ ခံစားချက်တွေကြောင့် စာလုပ်ခြင်း၊ အိမ်၊ ကျောင်းတွေမှာ ဆက်ဆံရေး အဆင်မပြေခြင်းတွေကို တွေ့နိုင်ပါတယ်။ သူတို့ဟာ ရုတ်တရက်ပျော်ပြီး ခဏနေ စိတ်မကောင်းကြီးစွာ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် စိတ်ပြောင်းလဲမှုတွေက အချိန်အကြာကြီး ကြာမြင့်နိုင်ပါတယ်။ ပြင်းထန်သော […]


ကလေးငယ်အာဟာရ

ကလေးတွေ စားသောက်မှုပုံစံ မှန်စေဖို့အတွက် လိုက်နာသင့်တဲ့ အချက်လေးတွေ

တကယ်လို့ သင်ဟာ အလုပ်လုပ်နေရတဲ့ မေမေဆိုရင် သင့်ကလေးရဲ့ စားသောက်မှုပုံစံနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေမှာ အမှန်ပါပဲ။ ကလေးထိန်းနဲ့ ထားခဲ့တာပဲဖြစ်ဖြစ်၊နေ့ကလေးထိန်းကျောင်း ပို့တာပဲဖြစ်ဖြစ် သင့်ကလေး စားသောက်မှုပုံစံမှန်စေဖို့နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုသာ စားသုံးစေဖို့အတွက် စီမံထားသင့်ပါတယ်။ တကယ်လို့ သင့်ကလေးဟာ အစာချေရည်ဆန်တက်ခြင်းကြောင့် ရင်ပူတဲ့ရောဂါ (gastroesophageal reflux disease (GERD)) ခံစားနေရရင် စားသောက်မှုပုံစံမမှန်ခြင်းဟာ ရောဂါအခြေအနေကို ပိုဆိုးစေတာမို့ ငယ်ရွယ်စဉ်အချိန်ကတည်းက အစားအသောက်နဲ့ ပတ်သက်တဲ့ အလေ့အကျင့်ကောင်းတွေ ပျိုးထောင်ပေးထားဖို့ အင်မတန် အရေးကြီးပါတယ်။ ရင်ပူခြင်း နဲ့ အက်ဆစ်ရည်ဆန်တက်ခြင်း၊အဝလွန်ခြင်းတို့ မဖြစ်ပေါ်စေဖို့အတွက် ကလေးကို ကူညီပေးရပါမယ်။ ကလေးတွေ စားသောက်မှုပုံစံ မှန်စေဖို့အတွက် လိုက်နာသင့်တဲ့ အချက်လေးတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။   မိသားစုလက်စုံထမင်းစားချိန်လေးကိုဖန်တီးပါ။ အခြားသော ကလေးတွေလိုပဲ သင့်ကလေးဟာလည်း အစားအသောက်ကို အာရုံလာချင်မှ လာပါလိမ့်မယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးခေါင်းသန်းရှိရင် လုပ်သင့်သည့်အချက် ၃ ချက်

ဦးခေါင်းက သန်းတွေ ဟာ ကလေးအများစုမှာတွေ့ရတတ်ပြီး ခေါင်းယားတာမျိုး၊ မျက်ခုံးတွေနဲ့ မျက်တောင်တွေယားတာမျိုးဖြစ်စေတတ်ပါတယ်။ သူတို့ဟာ အန္တရာယ်မများပေမယ့် ဖြေရှင်းဖို့တော့ အတော်ခက်တဲ့ကိစ္စပါ။ တကယ်လို့သင့်ကလေးမှာ သန်းရှိတယ်ဆိုရင် သင်ဘာလုပ်မလဲ။ ဒီအကြံပြုချက် ၅ချက်ကို လိုက်နာကြည့်လိုက်ပါ။   ကလေးခေါင်းမှာ သန်းရှိမရှိ သေချာကြည့်ပါ။ ပထမဆုံး သင့်ကလေးမှာ သန်းတွေရှိနေတယ်ဆိုတာ အတည်ပြုပါ။ သင့်ကလေးရဲ့ လက္ခဏာတွေကို စစ်ဆေးနိုင်ပြီး သူ့ကိုလည်း စစ်ဆေးခံခိုင်းပါ။   လက္ခဏာတွေကတော့ သန်းတွေဟာ သေးငယ်ပေမယ့် သာမန်မျက်စိနဲ့ မြင်နိုင်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ကလေးဟာ ခေါင်းမှာ မနေနိုင်မထိုင်နိုင်ယားတာကို ခံစားမိနေမယ်။ ယားယံခြင်းကတော့ သန်းစကူးပြီ၊ သန်းစရှိပြီဆိုတာနဲ့ စတင်တာမဟုတ်ပါဘူး။ သင့်ကလေး စတင်ယားလာဖို့အချိန်နဲ့ သူတို့ခေါင်းကို စကုတ်ဖို့အချိန်က ရက်သတ္တပတ် အနည်းငယ်လောက် ကြာနိုင်ပါတယ်။   သင့်ကလေးက ခေါင်းမှာ အကောင်တွေ သွားနေသလို ခံစားချက်တွေရှိလာမယ်။ ကလေးရဲ့ လည်ပင်း၊ ခေါင်းနဲ့ ပုခုံးတွေမှာ အဖုတွေတွေ့လာနိုင်ပါတယ်။ အဖုတွေက သေးငယ်နီရဲပြီး […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးတွေမှာ တွေ့ရတတ်တဲ့ အစာအိမ်အချဉ်ရည် ဆန်တက်ခြင်း ပြဿနာ

ဆန်တက်ခြင်း ပြဿနာ ကလေးအများစုဟာ တခါတရံ အန်လေ့ရှိကြပါတယ်။ တနေ့ထဲမှာ အကြိမ်ရေ အတော်များများတောင် အန်တတ်ကြပါသေးတယ်။ ဒါဟာစိုးရိမ်စရာမရှိပေမယ့် အန်တာကနေ အခြားသော ပြဿနာတွေဆီ ဦးတည်လာတယ် ဒါမှမဟုတ် အခြားရောဂါလက္ခဏာတွေနဲ့ တွဲလာတယ်ဆိုရင်တော့ အစာအိမ်အချဉ်ရည်ဆန်တက်တာကြောင့် ဖြစ်နိုင်ပြီး ဆေးပညာအရ gastroesophageal reflux disease (GERD) လို့ ခေါ်ပါတယ်။   မွေးကင်းစနဲ့ ကလေးတွေမှာ ဖြစ်တတ်တဲ့ GERD ရဲ့ လက္ခဏာတွေက ဘာလဲ။ GERD ဟာ အကြမ်းဖြင်းအားဖြင့် အရွယ်ရောက်ပြီးသူတွေမှာသာ ဖြစ်ပွားတတ်ပေမယ့် မွေးကင်းစနဲ့ ကလေးတွေမှာလည်း ဖြစ်လာနိုင်ပါတယ်။ ကလေးတွေမှာဆိုရင် အောက်ဖော်ပြပါ လက္ခဏာတွေ အများဆုံးပြလေ့ရှိပါတယ်။ · မကြာခဏ အန်ခြင်း။ · ချောင်းဆိုးတာရှည်ခြင်း။ · အစားကောင်းကောင်း မစားတော့ခြင်း ဒါမှမဟုတ် အစာစားရခက်ခြင်း (သီးတာ၊နင်တာတွေ ဖြစ်လာပါလိမ့်မယ်)။ · အစာစားနေစဉ် ဒါမှမဟုတ် စားပြီးတဲ့အချိန်မှာ ငိုခြင်း။ · […]


အခြားကလေးကျန်းမာရေးပြဿနာများ

Circumcision For Children (ကလေးများ လိင်တံ အရေပြားဖြတ်ခြင်း)

ကလေးများ လိင်တံ အရေပြားဖြတ်ခြင်း ဆိုတာဘာလဲ လိင်တံ အရေပြားဖြတ်ခြင်း ဆိုတာ ယောက်ျားတန်ဆာရဲ့ ထိပ်ပိုင်းကို ဖုံးအုပ်ထားတဲ့ အရေပြားကို ခွဲစိတ်ပြီး ဖြတ်တောက်ဖယ်ရှားခြင်း ဖြစ်ပါတယ်။ တချို့ဒေသတွေမှာ အရေပြားဖြတ်ခြင်းကို မွေးခါစကလေးတွေမှာ လုပ်ဆောင်တတ်ကြပါတယ်။ ကြီးမှလုပ်လည်း ရပါတယ်။ တချို့မိသားစုတွေမှာ ဘာသာရေးထုံးတမ်းအရ လုပ်ဆောင်ကြပါတယ်။ ဒါ့အပြင် အရေပြားဖြတ်ခြင်းက လိင်အင်္ဂါသန့်ရှင်းရေး အလွယ်တကူ လုပ်နိုင်ခြင်းနဲ့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကျဆင်းစေခြင်း စတဲ့ကောင်းကျိုးတွေ ရှိပါတယ်။ ကလေးများ လိင်တံ အရေပြားဖြတ်ခြင်း ဘာကြောင့် လုပ်ဆောင်သလဲ အောက်ပါ အခြေအနေတွေမှာ လုပ်ဆောင်ပါတယ်။ ဆေးပညာရှုထောင့်။ -ပန်းငုံခြင်း (အရေပြား မပွင့်နိုင်ခြင်း) -Balanitis xerotica obliterans (ပန်းငုံခြင်းနဲ့ ဆီးလမ်းကြောင်းကျဉ်းခြင်းကို ဖြစ်စေတဲ့ အရေပြားရောဂါ) -ရောဂါပိုး ကူးစက်မှု မကြာခဏဖြစ်ပွားခြင်း ဘာသာရေးရှုထောင့်။ အာဖရိကမှ လူမျိုးစုများနဲ့ ကမ္ဘာအနှံ့က လူမျိုးအချို့ဟာ ဘာသာရေးထုံးတမ်းအရ အရေပြားဖြတ်ခြင်းကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးကို ရိုက်ပြီးဆုံးမမှာလား ဆိုးကျိုးတွေ ရှိနိုင်ပါတယ်

သင်ဟာ သားသမီးကို ရိုက်နှက်ဆုံးမတတ်သူလား။ ရိုက်ဆုံးမတဲ့နည်းလမ်းက ကလေးကို တကယ်လိမ္မာသွားစေမှာလား။ မိဘတွေဟာ ကလေးတွေကိုရိုက်ဆုံးမတဲ့အခါ ဒေါသထွက်နေချိန်ဖြစ်တာကြောင့် တစ်ခါတရံ စိတ်မထိန်းနိုင်ဘဲ ကိုယ့်စိတ်ဖြေသလို လုပ်နေမိတတ်ပါတယ်။ မိဘအနေနဲ့ ကိုယ့်စိတ်ကို အရင်ထိန်းပြီးဆုံးမသင့်သလောက်သာဆုံးမမယ်ဆိုရင်အကောင်းဆုံးပါ။ ကလေးကို ရိုက်ပြီးဆုံးမမှာလား ဆိုးကျိုးတွေ ရှိနိုင်ပါတယ် မိဘတွေက ကလေးကို ရိုက်ရတော့မယ်လို့ တွေးလိုက်ရင် အလိုလိုကို စိတ်မာထားရမယ်လို့ ခံယူထားကြပါတယ်။ အသည်းမာရမယ်ပေါ့။ ဒါ့ကြောင့်ပဲ ကလေးကို ရိုက်ပြီးမှ သနားပြီး ပြန်ငိုတဲ့ တချို့မိဘတွေ ရှိပါတယ်။နောက်တစ်ချက်က အခုလို ရိုက်ခံရအောင် ကလေးက သူ့ဘာသာ ဖန်တီးခဲ့တာလို့ တွေးထားတာ ဖြစ်ပါတယ်။ အရိုက်ခံရအောင် လုပ်တာ သူတို့အမှားပဲ၊ ငါတို့မှားတာ မဟုတ်ဘူးလို့ တွေးကြတာပါ။ ရိုက်ဆုံးမလိုက်ရင် ကလေးရဲ့ အပြုအမူတွေကို ခဏတာအတွင်း ထိန်းချုပ်နိုင်မှာလား ကလေးတစ်ယောက်ဟာ အရိုက်ခံလိုက်ရတဲ့အချိန်မှာ သူ့ရဲ့လေ့လာနိုင်စွမ်း၊နားလည်မှတ်သားနိုင်စွမ်းနဲ့ ဆိုင်တဲ့ ဦးနှောက်အပိုင်းမှာ နှိုးဆွလိုက်သလိုဖြစ်စေပါတယ်။ ဒါ့ကြောင့် […]


အခြားကလေးကျန်းမာရေးပြဿနာများ

လေးလံတဲ့ကျောပိုးအိတ်တွေက ကလေးတွေအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိနေသလဲ

ကျောင်းတက်ရင် ကျောပိုးအိတ် လှလှလေးနဲ့မှ တက်ချင်တယ်ဆိုတဲ့ သားသားမီးမီးတို့ကို ကျောပိုးအိတ် လှလှလေး မဝယ်ပေးခင် ဖေဖေမေမေတို့အနေနဲ့ ဒီဆောင်းပါးလေးကို အရင်ဖတ်ကြည့်စေချင်ပါတယ်။ ကဲ ...... လေးလံတဲ့ကျောပိုးအိတ်တွေက ကလေးတွေအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိနေသလဲ ဆိုတာကို လေ့လာလိုက်ရအောင်နော်။ အသုံးများလာတဲ့ကျောပိုးအိတ် ကျောပိုးအိတ်တွေကို အရောင်အသွေးစုံစုံလင်လင်၊အရွယ်အစားအမျိုးမျိုး။ အသားအမျိုးမျိုး၊ဒီဇိုင်းအမျိုးမျိုးနဲ့ ထွက်ရှိနေတာကြောင့် ကလေးတွေဟာသူတို့ရဲ့ အသက်အရွယ်နဲ့ အလိုက်ရွေးချယ်နိုင်သလို သူတို့နှစ်သက်တဲ့ဒီဇိုင်းတွေကိုလည်းရွေးချယ်နိုင်ပါတယ်။ ကျောပိုးအိတ်တော်တော်များများမှာကျောင်းသားတွေအနေနဲ့ စာအုပ်တွေနဲ့လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ယူဆောင်လို့အဆင်ပြေစေဖို့ အကန့်တွေအများအပြားထည့်သွင်းပြုလုပ်ထားပါတယ်။ဘေးလွယ်အိတ်တွေ၊စလွယ်သိုင်းလွယ်လို့ရတဲ့ အိတ်တွေ၊ လက်ကနေပိုက်လို့ရတဲ့ အိတ်တွေ နဲ့ကျောပိုးအိတ်တွေကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင် ခန္ဓါကိုယ်ရဲ့ သန်မာတဲ့ကြွက်သားတွေဖြစ်တဲ့နောက်ကျောကြွက်သွား နဲ့ ဝမ်းဗိုက်ကြွက်သားတွေက အိတ်ရဲ့အလေးချိန်ကိုထောက်ပံ့ပေးနိုင်တာကြောင့်ကျောပိုးအိတ်လွယ်တာက အခြားအိတ်တွေထက် ပိုအဆင်ပြေပါတယ်။ ကျောပိုးအိတ်ကို နည်းစနစ်မှန်မှန်နဲ့လွယ်မယ်ဆိုရင်ကျောပိုးအိတ်ရဲ့အလေးချိန်က ခန္ဓါကိုယ်တစ်ခုလုံးအပေါ်မှာ သက်ရောက်မှာဖြစ်ပြီး အခြားအိတ်တွေလွယ်သလိုမျိုး ပခုံး၊ဂုတ်ပိုးတွေအပေါ်မှာ ဝန်ပိတာမျိုးဖြစ်ပေါ်နိုင်ခြေကိုလျော့ကျစေပါတယ်။ တကယ်လို့များကျောပိုးအိတ်ကို နည်းစနစ်မှန်မှန်မလွယ်ရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် အရမ်းလေးလံအောင်ပစ္စည်းတွေထည့်ပြီးလွယ်ရင်ပဲဖြစ်ဖြစ် ကြွက်သားတွေနဲ့အဆစ်တွေအပေါ်မှာ ဝန်ပိတာမျိုးနဲ့ ခါးနာတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ဆရာဝန်တွေနဲ့ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေက ကလေးတွေကို သူတို့ကိုယ်အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်းကနေ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း