backup og meta

ကလေးအနိုင်ကျင့်ခြင်း လက္ခဏာများ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးအနိုင်ကျင့်ခြင်း လက္ခဏာများ

    Child abuse ဟာ အသက် ၁၈ နှစ်အောက် ကလေးတွေကို အနိုင်ကျင့်ခြင်း ဖြစ်ပါတယ်။ Child abuse ဟာ မသိသာတာကြောင့် လျစ်လျူရှုခြင်း၊ ကလေးကို ဂရုမစိုက်မိခြင်းတွေ ဖြစ်နိုင်ပါတယ်။

    ဒ့ါပြင် အနိုင်ကျင့်ခံရတဲ့ကလေးတွေဟာ သူတို့ကို ဘာဖြစ်နေတယ်ဆိုတာကို အခြားသူတွေကို ပြောနိုင်ခြင်း မရှိပါဘူး။ အချို့ကလေးတွေဟာ အနိုင်ကျင့်ခြင်း အကြောင်းကို နားမလည်ကြပါဘူး။ လူကြီးသတိမထားမိရင် ကလေးတွေဟာ အကူအညီကင်းမဲ့တတ်ကြပါတယ်။

    ဒါကြောင့် မိဘတွေက Child abuse အကြောင်းကို သေချာစွာ နားလည်ဖို့လိုအပ်ပြီး သူ့လက္ခဏာတွေနဲ့ ကလေးကို ဘယ်လိုထောက်ပံ့ပေးရမလဲဆိုတာပါ သိရှိဖို့ လိုအပ်ပါတယ်။

    Child abuse ရဲ့ အဖြစ်များတဲ့ အမျိုးအစားတွေက ဘာတွေလဲ။

    Child abuse ဟာ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ ထိခိုက်အောင်လုပ်ခြင်း ထက်ပိုပါတယ်။ ကြမ်းတမ်းစွာ ဆက်ဆံခြင်းကြောင့် ဖြစ်တဲ့ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်းကိုသာ တွေးမိတတ်ကြပါတယ်။

    ဒါပေမယ့် Child abuse တွေအားလုံးက သိသာခြင်း မရှိပါဘူး။ ကလေးတွေရဲ့ လိုအပ်ချက်တွေကို လျစ်လျူရှုခြင်း၊ သူတို့ကို စောင့်ကြည့်မှုမရှိခြင်း၊ အန္တရာယ်ရှိတဲ့ အခြေအနေတွေ ဖြစ်ခြင်း၊ ကလေးကို တန်ဖိုးမဲ့သလို ခံစားစေခြင်း ဒီအရာတွေ အကုန်လုံးဟာ Child abuse ပဲဖြစ်ပါတယ်။

    Child abuse အမျိုးအစားပေါ် မူတည်မှုမရှိပဲ ရလဒ်ကတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်းပဲဖြစ်ပါတယ်။ ကလေးငယ်ဟာ ပုံစံအမျိုးမျိုးနဲ့ အကြမ်းဖက်ခံရနိုင်ပြီး တစ်ခါတစ်ရံမှာ တစ်ချိန်တည်းမှာ ဖြစ်ပွားနိုင်ပါတယ်။

    • ကိုယ်ခန္ဓါပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း – ကလေးဟာ ဒဏ်ရာရခြင်း (သို့) အန္တရာယ်ရှိတဲ့ အခြေအနေတွေ ဖြစ်ခြင်း
    • လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း – ကလေးတိုင်းမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအမျိုးမျိုး ဖြစ်နိုင်ပါတယ်။
    • စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း – စကားပြောခြင်းအားဖြင့်၊ စိတ်ပိုင်းဆိုင်ရာ အားဖြင့် အနိုင်ကျင့်ခြင်း (ဥပမာ သိမ်ငယ်စေခြင်း၊ ဝေဖန်ပြောဆိုခြင်း၊ ပယ်ထားခြင်း၊ လျစ်လျူရှုထားခြင်း)
    • ကျန်းမာရေးပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း – တကယ်လို့ကလေးတစ်ယောက်ကို တမင်တကာ နေမကောင်းဖြစ်အောင်လုပ်တယ် ဆိုရင် ဒါကို ကျန်းမာရေးပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းလို့ ခေါ်ပြီး ကလေးကို ပြင်းထန်တဲ့ အန္တရာယ်၊ ဒဏ်ရာရမှုတွေကို ဖြစ်စေနိုင်ပါတယ်။
    • လျစ်လျူရှုခြင်း – ကလေးကို လုံလောက်တဲ့ အစားအသောက်မကျွေးခြင်း၊ နေစရာနေရာ မပေးခြင်း၊ ချစ်ခြင်းမေတ္တာ၊ ပညာရေး၊ ကျန်းမာရေးကုသမှု မပေးခြင်း

    Child abuse ရဲ့ သတိပေးလက္ခဏာများ

    Child abuse ဟာ မိသားစု၊ စာသင်ခန်းအတွင်းမှာ ဖြစ်နိုင်ပါတယ်။ အကြမ်းဖက်ခံရတဲ့ ကလေးတွေဟာ အထူးသဖြင့် အကြမ်းဖက်သူက မိဘ၊ ဆွေမျိုး၊ သူငယ်ချင်း ဖြစ်နေခဲ့ရင် ဝန်ခံနိုင်ဖို့ ခက်ခဲပါတယ်။

    Child abuse ဖြစ်နေကြောင်း သတိပေးလက္ခဏာတွေကတော့

    • သူငယ်ချင်း၊ ပုံမှန်အပြုအမူတွေကနေ ရှောင်ဖယ်ခြင်း
    • လွယ်ကူစွာ စိတ်တိုခြင်း၊ ရန်လိုခြင်း
    • ကျောင်းမှာ လုပ်ဆောင်နိုင်ခြေ ကျဆင်းခြင်း
    • စိတ်ကျခြင်း၊ ပုံမှန်မဟုတ်သော ကြောက်ရွံ့ခြင်း၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိခြင်း
    • ကျောင်းပျက်ခြင်း၊ လူမှုရေးအလုပ်များ ပျက်ကွက်ခြင်း
    • ပုန်ကန်လိုခြင်း၊ အာခံခြင်း
    • သေကြောင်းကြံရန် ကြံစည်ခြင်း

    ဒါ့ပြင် လက္ခဏာတွေဟာ အကြမ်းဖက်မှု အမျိုးအစားပေါ် မူတည်ပါတယ်။

    ကိုယ်ခန္ဓါ အကြမ်းဖက်မှု လက္ခဏာများ

    ကိုယ်ခန္ဓါအကြမ်းဖက်မှုဟာ ကလေးတွေကို မရည်ရွယ်ပဲ (သို့) တမင်တကာ ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒါဟာ မသင့်လျော်တဲ့ စည်းကမ်း၊ အပြစ်ပေးမှုတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဥပမာ ကလေးငယ်ကို ခါးပတ်နဲ့ ရိုက်ခြင်း။ ဒီလို ကိုယ်ခန္ဓါပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ ကလေးတွေဟာ အောက်ပါလက္ခဏာတွေ ရှိနိုင်ပါတယ်။

    • ရှင်းပြမရနိုင်သော ဒဏ်ရာရရှိမှုများ (သို့) excuse ပေးခြင်း
    • ကုသမှုမရှိတဲ့ ကျန်းမာရေးဆိုင်ရာ (သို့) သွားပိုင်းဆိုင်ရာ ပြဿနာများ

    လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း လက္ခဏာများ

    ကလေးတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ သားကောင်မှာ အပြစ်တင်ခြင်းတွေ၊ ရှက်ရွံ့ခြင်းတွေ ရှိနေတာကြောင့် ရှုပ်ထွေးပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အလုံအလောက် အစီရင်ခံခြင်း မတွေ့ရပါဘူး။

    လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ ထိတွေ့စရာ မလိုပါဘူး။ ကလေးကို လူကြီး ပစ္စည်းတွေ၊ လိင်ပိုင်းဆိုင်ရာ အခြေအနေတွေ ပြသခြင်းဟာလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း မည်ပါတယ်။

    • မသင့်လျော်တဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူများ
    • ကိုယ်ဝန်ရှိခြင်း၊ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများရှိခြင်း
    • လိင်အင်္ဂါ ပြဿနာများ၊ နာကျင်ခြင်း၊ လမ်းလျှောက်ခက်ခဲခြင်း၊ ထိုင်ရန် ခက်ခဲခြင်း
    • အတွင်းခံဘောင်းဘီအတွင်းမှာ သွေးရှိခြင်း

    စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း လက္ခဏာများ

    စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းမှာ ပြင်ပလက္ခဏာ မရှိပါဘူး။ အမာရွတ်ထင်ကျန်ခြင်း၊ အညိုအမဲစွဲခြင်းတွေ မရှိပါဘူး။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းဟာ ကလေးရဲ့ စိတ်ကျန်းမာရေး လူမှုရေး ဖွံ့ဖြိုးမှုတွေကို ထိခိုက်စေပြီး ဘဝတစ်သက်တာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

    • ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိခြင်း၊ တန်ဖိုးထားမှုမရှိခြင်း
    • စိတ်ကျခြင်း၊ စိတ်ပူခြင်း လက္ခဏာများ
    • ရုတ်တရက် ရှင်းပြမရနိုင်တဲ့ ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်းများ
    • လူမှုလှုပ်ရှားမှုတွေ၊ သူငယ်ချင်း၊ မိဘထံမှ ရှောင်ဖယ်ခြင်း
    • မေတ္တာ ငတ်မွတ်ခြင်း၊ ရှာဖွေခြင်း
    • စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နှောင့်နှေးခြင်း၊ မသင့်လျော်ခြင်း
    • မကြာခဏ ကျောင်းပျက်ခြင်း၊ ကျောင်းတွင်းစွမ်းဆောင်ရည် ကျဆင်းခြင်း၊ စိတ်ဝင်စားမှု လျော့ကျခြင်း
    • အချို့အခြေအနေတွေကို ရှောင်လိုခြင်း
    • အရင် ရှိဖူးတဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ကျွမ်းကျင်မှု လျော့နည်းခြင်း

    လျစ်လျူရှုခြင်း လက္ခဏာများ

    ကလေးကို လျစ်လျူရှုခြင်းဟာ ပြနိုင်ဖို့ ခက်ခဲပါတယ်။ ကလေးကို လျစ်လျူရှုခြင်းဟာ ကလေးငယ်အတွက် လိုအပ်တဲ့အရာတွေကို ပေးဖို့ ပျက်ကွက်ခြင်း ဖြစ်ပါတယ်။ မိဘတွေ၊လူကြီးတွေဟာ မသန်စွမ်းမှု၊ စိတ်ကျခြင်း၊ ပြင်းထန်တဲ့ ဒဏ်ရာရရှိခြင်းတွေကြောင့် ကလေးကို မစောင့်ရှောက်နိုင်ခြင်းပဲဖြစ်ပါတယ်။

    တခါတရံမှာ ဆေးစွဲနေသူ လူကြီးတွေဟာ ကလေးကို စောင့်ရှောက်နိုင်ခြင်းမရှိပဲ ကလေးငယ် လုံခြုံစိတ်ချရဖို့လည်း ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ခြင်း မရှိပါဘူး။

    • စိတ်ဝင်စားမှုမရှိခြင်း
    • တစ်ကိုယ်ရည် သန့်ရှင်းမှုမရှိခြင်း
    • ဖွံ့ဖြိုးမှု၊ ကိုယ်အလေးချိန် တိုးလာမှု မရှိခြင်း
    • အဝတ်အစားမရှိခြင်း၊ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို မရရှိခြင်း
    • အစားအစာ၊ ပိုက်ဆံခိုးခြင်း
    • ကျောင်းတွင်း စွမ်းဆောင်ရည် နည်းပါးခြင်း
    • ကျန်းမာရေးဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအတွက် သင့်လျော်သော ဂရုစိုက်မှု မခံရခြင်း
    • အစာများစွာ စားခြင်း၊ အစာဖွက်စားခြင်း
    • စိတ်ပိုင်းဆိုင်ရာ ပြဿနာများ၊ ဒေါသ ထွက်လွယ်ခြင်း၊ စိတ်ရှုပ်လွယ်ခြင်း
    • ကြောက်ရွံ့ခြင်း၊ စိတ်ပူခြင်း
    • ကိုယ်အလေးချိန်လျော့နည်းခြင်း

    တခါတရံမှာ ကလေးအကြမ်းဖက်မှုဟာ မိဘတွေ၊ ဆရာမတွေမှာလည်း ဖြစ်နိုင်ပါတယ်။

    • စည်းကမ်းတင်းကျပ်ခြင်း၊ အခြားသူတွေကိုလည်း အားပေးခြင်း
    • ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ စိတ်မသက်မသာဖြစ်ခြင်းတွေကို လျစ်လျူရှုခြင်း
    • ကလေးရဲ့ ဒဏ်ရာတွေအတွက် သဘာဝမကျသော၊ အဓိပ္ပါယ်မရှိသော အဖြေများပေးခြင်း
    • အမှားတိုင်းအတွက် ကလေးကို အပြစ်တင်ခြင်း၊ သိမ်ငယ်စေခြင်း၊ ဝေဖန်ပြောဆိုခြင်း၊ မကောင်းသော နာမည်ခေါ်ခြင်း၊ မကောင်းမြင်ခြင်း
    • ကလေးဆီမှ ဂရုစိုက်မှုကို မျှော်လင့်ပြီး အခြားမိသားစုဝင်တွေက ကလေးဆီမှ ဂရုစိုက်မှုရခြင်းကို မနာလိုခြင်း
    • အိမ်မှာ၊ ကျောင်းမှာ ပြဿနာရှိခြင်းကို ငြင်းဆန်ခြင်း၊ ပြဿနာတွေအတွက် ကလေးကို အပြစ်တင်ခြင်း
    • ကိုယ်ခန္ဓါ၊ ပညာရေးပိုင်းဆိုင်ရာ သင့်လျော်မှုမရှိသော အနေအထားတစ်ခုကို တောင်းဆိုခြင်း
    • ကလေး အခြားသူများနဲ့ ဆက်ဆံရေးကို အလွန်အကျွံ ပိတ်ပင်ခြင်း

    တကယ်လို့ ဒီလက္ခဏာတွေကို သင့်ကလေးမှာ၊ အခြားကလေးမှာ တွေ့ခဲ့ရင် အခြားသူတွေ၊ ဆရာဝန်၊ ရဲတွေကို အမြန်ဆုံးအကူအညီတောင်းသင့်ပါတယ်။

    ကျန်းမာရေး စောင့်ရှောက်သူတွေဟာ သံသယဖြစ်ဖွယ်ရှိတဲ့ ကလေးအကြမ်းဖက်မှုတွေအားလုံးကို သက်ဆိုင်ရာ နိုင်ငံ၊ မြို့တော် တာဝန်ခံတွေကို အစီရင်ခံဖို့ လိုအပ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement