ကလေးများ လိင်တံ အရေပြားဖြတ်ခြင်း ဆိုတာဘာလဲ
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
ကလေးများ လိင်တံ အရေပြားဖြတ်ခြင်း ဆိုတာဘာလဲ
လိင်တံ အရေပြားဖြတ်ခြင်း ဆိုတာ ယောက်ျားတန်ဆာရဲ့ ထိပ်ပိုင်းကို ဖုံးအုပ်ထားတဲ့ အရေပြားကို ခွဲစိတ်ပြီး ဖြတ်တောက်ဖယ်ရှားခြင်း ဖြစ်ပါတယ်။ တချို့ဒေသတွေမှာ အရေပြားဖြတ်ခြင်းကို မွေးခါစကလေးတွေမှာ လုပ်ဆောင်တတ်ကြပါတယ်။ ကြီးမှလုပ်လည်း ရပါတယ်။
တချို့မိသားစုတွေမှာ ဘာသာရေးထုံးတမ်းအရ လုပ်ဆောင်ကြပါတယ်။ ဒါ့အပြင် အရေပြားဖြတ်ခြင်းက လိင်အင်္ဂါသန့်ရှင်းရေး အလွယ်တကူ လုပ်နိုင်ခြင်းနဲ့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကျဆင်းစေခြင်း စတဲ့ကောင်းကျိုးတွေ ရှိပါတယ်။
အောက်ပါ အခြေအနေတွေမှာ လုပ်ဆောင်ပါတယ်။
-ပန်းငုံခြင်း (အရေပြား မပွင့်နိုင်ခြင်း)
-Balanitis xerotica obliterans (ပန်းငုံခြင်းနဲ့ ဆီးလမ်းကြောင်းကျဉ်းခြင်းကို ဖြစ်စေတဲ့ အရေပြားရောဂါ)
–ရောဂါပိုး ကူးစက်မှု မကြာခဏဖြစ်ပွားခြင်း
အာဖရိကမှ လူမျိုးစုများနဲ့ ကမ္ဘာအနှံ့က လူမျိုးအချို့ဟာ ဘာသာရေးထုံးတမ်းအရ အရေပြားဖြတ်ခြင်းကို လုပ်ဆောင်တတ်ကြပါတယ်။
တချို့နိုင်ငံတွေမှာ လိင်တံအရေပြားဖြတ်ခြင်းကို ပုံမှန် လုပ်ဆောင်လာကြတဲ့ အကြောင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁၉ရာစုအတွင်းမှာ ဆေးပညာရှင်တွေဟာ လိင်တံအရေပြားဖြတ်ထားသူတွေက မဖြတ်ထားသူတွေထက် တစ်ကိုယ်ရေသန့်ရှင်းမှု ပိုကောင်းတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။
ဒါကြောင့် ဘာသာရေးထုံးတမ်းကို ထည့်မတွက်ရင်တောင် ဆေးပညာရှုထောင့်အရ ယောက်ျားလေးများ အရေပြားဖြတ်ခြင်းကို အင်္ဂလန်မှာ ကျယ်ပြန့်စွာ လုပ်ဆောင်ခဲ့ကြပါတယ်။ ဆေးပညာအသိုင်းအဝိုင်း အချို့မှာတော့ ဒီလိုအရေပြားဖြတ်ခြင်းဟာ ထင်ရှားသိသာတဲ့ အကျိုးကျေးဖူးတွေ မရဘူးလို့ ငြင်းခုံခဲ့ကြပြီး ပုံမှန်လုပ်ငန်းအနေနဲ့ လုပ်ဆောင်ခြင်း လျော့နည်းလာခဲ့ပါတယ်။
ဒီနည်းလမ်းကို အစားထိုးလုပ်ဆောင်နိုင်တဲ့ ကုသမှုတွေ ရှိပါတယ်။
– ပန်းငုံခြင်းနဲ့ ဆီးလမ်းကြောင်းကျဉ်းတဲ့ အရေပြားရောဂါအတွက်တော့ လိင်တံအရေပြား ဖြတ်ခြင်းဟာ အကောင်းဆုံးပါပဲ။
– တခြားရောဂါတွေအတွက် ဖုံးနေတဲ့ထိပ်ပိုင်း အရေပြားကို ဖြတ်တောက်ခြင်း၊ အရေပြားရဲ့ ပုံပန်းသဏ္ဍာန်ကို ပြန်လည်ပြုပြင်ခြင်း စတာတွေ ပါဝင်ပါတယ်။
– ပန်းငုံပြီး ဆီးလမ်းကြောင်းကျဉ်း အရေပြားရောဂါ မရှိရင်တော့ ဆရာဝန်ဟာ အရေပြားနောက်ပိုင်း ခွဲစိတ်ခြင်းကိုပဲ အားပေးပါလိမ့်မယ်။ ဒီနည်းနဲ့ အရေပြားထိပ်ပိုင်းကို ကျယ်လာစေပါလိမ့်မယ်။
ကလေးများ လိင်တံအရေပြားဖြတ်ခြင်းရဲ့ ဖြစ်နိုင်ခြေ အန္တရာယ်တွေက ဘာတွေလဲ
အရေပြားဖြတ်ခြင်းဟာ အကျိုးကျေးဇူး များစွာရှိပါတယ်။ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ခြေကို လျော့ကျစေပါတယ်။ ဒါပေမယ့် ဆေးပညာရှင် အချို့ကတော့ အရေပြားဖြတ်ခြင်းကြောင့် ရံဖန်ရံခါ ရောဂါပိုးဝင်ခြင်း၊ သွေးထွက်များခြင်း စတာတွေဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ မေ့ဆေးရဲ့ ဘေးထွက်ဆိုးကျိုးလည်း ကြုံရနိုင်ပါတယ်။
အရေပြားဖြတ်ခြင်းကြောင့် လိင်တံထိပ်အရေပြားမှာ အောက်ပါပြသနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒါကြောင့် ခွဲစိတ်မှု မခံယူခင် ဖြစ်နိုင်ခြေအန္တရာယ်တွေ၊ နောက်ဆက်တွဲပြသနာတွေ သိနားလည်ထားဖို့ အရေးကြီးပါတယ်။ ကောင်းကျိုးဆိုးကျိုးကို ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ အသေးစိတ်တိုင်ပင်သင့်ပါတယ်။
ခွဲစိတ်မှုမပြုခင်မှာ ဆရာဝန်က ခွဲစိတ်ခြင်းရဲ့ အကျိုးရော အပြစ်ပါ ရှင်းပြပါလိမ့်မယ်။ အုပ်ထိန်းသူက ခွဲစိတ်မှုခံယူဖို့ နားလည်သဘောတူကြောင်း လက်မှတ်ထိုး ရပါမယ်။ ကလေးက ဘာဆေးတွေသောက်နေသလဲ၊ ဘာနဲ့ ဓာတ်မတည့်သလဲ၊ ဘာရောဂါတွေရှိလဲ ဆရာဝန်ကို ပြောပြရပါမယ်။ မေ့ဆေးဆရာဝန်နဲ့လည်း တွေ့ဆုံ ဆွေးနွေးရပါမယ်။ ခွဲစိတ်မှုမတိုင်မီ ဆောင်ရန် ရှောင်ရန် ညွှန်ကြားချက်တွေကို လိုက်နာဖို့လည်း အရေးကြီးပါတယ်။
မေ့ဆေးနဲ့လုပ်ဆောင်ပြီး နာရီဝက်ခန့်ကြာနိုင်ပါတယ်။
သင့်ကလေးက ခွဲစိတ်ခုတင်ပေါ်မှာ ရှိနေပါမယ်။ ဆရာဝန်ဟာ ကလေးရဲ့ လိင်တံတစ်ဝိုက်ကို သန့်ရှင်းပါလိမ့်မယ်။ ပြီးရင် အရေပြားကို ဖြတ်တောက်ပါလိမ့်မယ်။ နောက်ဆုံးမှာတော့ သွေးကြောလေးတွေက သွေးထွက်တာကို ရပ်တန့်စေပြီး အရေပြားကို ပြန်ချုပ်ပါလိမ့်မယ်။
သိလိုတဲ့အချက်တွေ စိုးရိမ်ပူပန်တာတွေရှိရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။
သင့်ရဲ့ကလေး လုံးဝပြန်ကောင်းလာဖို့ ၁၀ရက်လောက် ကြာမြင့်နိုင်ပါတယ်။ အစပိုင်းမှာ လိင်တံခေါင်းဟာ နာကျင်၊ နီရဲပြီး ရောင်နေပါလိမ့်မယ်။ တစ်ခါတစ်ရံ အဝါရောင် အရည်တချို့ ထွက်လာနိုင်ပါတယ်။ လိင်တံခေါင်းပေါ် လေးလံတဲ့အရာနဲ့ မဖိမိအောင် ဂရုပြုရပါမယ်။
နေ့တိုင်း ဆေးထည့်ပေးပြီး အနာကို သန့်ရှင်းအောင် ထားရပါမယ်။ အများစုက တစ်ပတ်လောက်နေရင် အနာကျက်သွားပါလိမ့်မယ်။ လုံးဝပြန်ကောင်းသွားပြီးတဲ့အခါ ရေနဲ့ ဆပ်ပြာသုံးပြီး ဆေးကြောနိုင်ပါတယ်။ အောက်ပါလက္ခဏာတွေ တွေ့ရင်တော့ ဆရာဝန်ပြန်ပြသင့်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။