ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးတို့အတွက်ကာကွယ်ဆေးများ

ကလေးများအတွက် ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး ကာကွယ်ဆေး

ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး ကာကွယ်ဆေး ကို MMRလို့လည်း ခေါ်ကြပြီး အသက် တစ်နှစ်က ခြောက်နှစ်အတွင်း ကလေးတွေ အဆိုပါ ရောဂါတွေကို ကာကွယ်ဖို့ ထိုးနှံပေးနိုင်ပါတယ်။ ကာကွယ်ဆေးထိုးခြင်းအားဖြင့် ဗိုင်းရပ်စ်ပိုးပမာဏအနည်းငယ် ဒါမှမဟုတ် ဗိုင်းရပ်စ်ပရိုတင်း ပမာဏအနည်းငယ်ကို ခန္ဓာကိုယ်နဲ့ ထိတွေ့စေတာဖြစ်တဲ့အတွက် အဆိုပါရောဂါတွေကို တိုက်ထုတ်နိုင်တဲ့ ခုခံအားစနစ်ကို ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။ ဝက်သက်၊ ပါးချိတ်ရောင်၊ဂျိုက်သိုး ကာကွယ်ဆေး ကို ဘယ်လိုထိုးပေးသင့်သလဲ အရေပြားအောက်ထိုးဆေးအဖြစ် ထိုးနှံပေးရမှာဖြစ်ပြီး ဆေးခန်း သို့မဟုတ် ဆေးရုံမှာ ထိုးရမှာ ဖြစ်ပါတယ်။ ကလေးအသက် ၁၂လကနေ ၁၅လအတွင်းမှာ ပထမအကြိမ် ထိုးရမှာဖြစ်ပြီး ဒုတိယအကြိမ်ကို အသက် ၄နှစ်နဲ့ ၆နှစ်ကြားမှာ ထပ်ထိုးရမှာ ဖြစ်ပါတယ်။ ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး ကာကွယ်ဆေး မထိုးခင် ဘာတွေသိသင့်သလဲ ကာကွယ်ဆေးအကြိမ်ရေမပြည့်ဖူးဆိုရင် အာနိသင်ထိရောက်မှုရှိမှာ […]


ကလေးငယ်ပထမနှစ်

သွားပေါက်ခြင်း

ကလေးငယ်လေးတွေမှာ ပထမဆုံးသော ငယ်သွားလေး စပေါက်ခြင်းဖြစ်တယ်။ များသောအားဖြင့် အစုံလိုက်ပေါက်လေ့ရှိပါတယ်။ အသက် ၆ လနဲ့ ၈လကြားမှာ စတင်ပေါက်လေ့ရှိပြီး သွားအချောင်း ၂၀ လုံးအပြည့်အဝပေါက်ဖို့ကတော့ နှစ်ချီပြီးကြာနိုင်ပါတယ်။ သွားပေါက်တဲ့အခါ သွားဖုံးတွေကနေ ထွက်လာတာမှန်ပေမယ့် တကယ်တော့ သွားဖုံးသားကိုဖြတ်ပြီးတိုးထွက်လာတာမဟုတ်ပါဘူး၊ သွားပေါက်ချိန်ရောက်တဲ့အခါ ဟော်မုန်းများထွက်လာပြီး ထိုဟော်မုန်းတွေက သွားထွက်လာရမယ့်နေရာမှ ဆဲလ်များကိုသေစေကာ သွားထွက်လာဖို့နေရာချဲပေးခြင်းဖြစ်တယ်။ သွားပေါက်ခြင်းဟာ ကလေးငယ်တွေရဲ့ သဘာဝကြီးထွား ဖွံ့ဖြိုးခြင်းတစ်ခုပါ။ ထွက်စမှာ နာကျင်ခြင်း၊ သက်သောင့်သက်သာမရှိခြင်းတွေကြောင့် မိဘတွေအတွက် စိတ်ပူစရာကိစ္စဖြစ်လာပါတယ်။ သွားပေါက်ချိန်ကြုံရမယ့် ဒီလက္ခဏာတွေဟာ အလျင်အမြန်ဘဲပျောက်သွားမှာဖြစ်ပြီး ကလေးငယ်ခံတွင်းသန့်ရှင်းအောင် သင့်ရဲ့အားထုတ်မှုကျေးဇူးကြောင့် မကြာခင်သင့်ရင်သွေးလေးမှာ ကျန်းမာတဲ့သွားအစုံရလာတော့မယ်ဆိုတာကို မမေ့ပါနဲ့။ ထူးခြားတဲ့လက္ခဏာတွေ၊ စိတ်ပူစရာတွေ၊ ရက်ကြာအောင်နေလို့ထိုင်လို့မကောင်းဖြစ်နေမယ်ဆိုရင်တော့ ကလေးဆရာဝန်နဲ့တိုင်ပင်ကြည့်လို့ရပါတယ်။ လက္ခဏာများ ကလေးငယ်တစ်ယောက်ချင်းစီမှာ သွားပေါက်ချိန်ကြုံရတတ်တဲ့ မတူညီတဲ့လက္ခဏာကိုယ်စီရှိတတ်ပါတယ်။ အဖြစ်အများဆုံးကတော့ စိတ်ကသိကအောက်ဖြစ်ရခြင်းနဲ့ အစားအသောက်ပျက်ခြင်းတို့ပဲဖြစ်တယ်။ တခြားလက္ခဏာတွေလည်းဖြစ်တတ်ပါသေးတယ် ဥပမာ- သွားရည်ကျခြင်း အမာစာများ ဝါးရခက်ခြင်း […]


ကလေးပြုစုစောင့်ရှောက်ခြင်း

ခံတွင်း မှက္ခရု ဆိုတာဘာလဲ

ခံတွင်း မှက္ခရုကို ခံတွင်း မှိုပိုးဝင်ခြင်း လို့လည်း ခေါ်ပါတယ်။ ၎င်းသည် ခံတွင်းတွင် ဖြစ်သော မှိုပိုးတစ်ခုဖြစ်သည်။ မကူးစက်တတ်ပါ။ အများအားဖြင့် မှိုပိုးသတ်ဆေးများဖြင့် ကုသပျောက်ကင်းသည်။ ၎င်းသည် Candida albicans ဟုခေါ်သော မှိုတစ်မျိုး ပါးစပ်နံရံတွင် စုဝေးရာမှ ဖြစ်ပေါ်သည်။ Candida သည် ပါးစပ်တွင်ရှိသော ပုံမှန် ဇီဝသက်ရှိလေးများဖြစ်ပြီး တစ်ခါတစ်ရံတွင် အပွားလွန်ကာ လက္ခဏာများပေါ်တတ်သည်။ ခံတွင်း မှက္ခရုသည် ဘယ်လောက် အဖြစ်များသလဲ။ ခံတွင်း မှက္ခရုသည် အလွန် အဖြစ်များပါသည်။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များသည်။ မည်သည့် အသက်အရွယ်မဆို ဖြစ်ပွားနိုင်သည်။ ဖြစ်ပွားနိုင်ချေမြင့်မားစေသော အကြောင်းအရာများကို လျှော့ချခြင်းဖြင့် ကာကွယ်နိုင်သည်။ ပိုမိုသိရှိလိုသော အကြောင်းအရာများကို သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။ ရောဂါလက္ခဏာများ အဖြစ်များသော လက္ခဏာများမှာ--- လျှာ၊ ပါးစောင်အတွင်းသား နှင့် တစ်ခါတစ်ရံ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ထမင်းစားချိန် ပျော်အောင်လုပ်ပေးနိုင်မယ့် နည်းလမ်းများ

ထမင်းစားချိန် ပျော်အောင်လုပ်ပေးနိုင်မယ့် နည်းလမ်းများ က ဘာတွေများလဲဆိုတာကို ကိုယ်တိုင် လေ့လာလိုက်ပါ။ တစ်ခါတလေမဟုတ်ဘဲ အမြဲတမ်းလိုလို ညစာထမင်းဝိုင်းမှာ အစားအသောက်တွေစားဖို့ မိဘတွေနဲ့ကလေးတွေအကြား အားပြိုင်ရတဲ့အခါ ညစာ ထမင်းဝိုင်းလေးကပျော်စရာမကောင်းတော့ပါဘူး။ ထမင်းစားဝိုင်းမှာ ကလေးကို ပန်းဂေါ်ဖီစိမ်းလေးတစ်ကိုက်လောက်စားလိုက်ပါလို့ တောင်းပန်တာကနေစလို့ ထမင်းတစ်ပန်းကန်လုံးကုန်အောင်စားရမယ်ကြိမ်းမောင်းတာအထိ အနုနည်း အကြမ်းနည်းမျိုးစုံသုံးရင်း ညစာစားပြီးချိန်မှာကလေးကလည်းငို၊ လူကြီးလည်းပင်ပန်းတာမျိုးအထိ အခက်အခဲအမျိုးမျိုးနဲ့တွေ့ကြုံခံစားရနိုင်ပါတယ်။ ဒီလိုအနေအထားမျိုးက ကလေးကိုနောက်တစ်ကြိမ် ထမင်းမစားဝိုင်းကိုမလာချင်တာမျိုးအထိဖြစ်စေနိုင်ပါတယ်။ ကလေးကိုတုတ်ပြပြီး ထမင်းကျွေးတာမျိုးက ကလေးကိုစိတ်ဖိစီးတာမျိုးဖြစ်စေနိုင်ပါတယ်။ အစားအသောက်စားသုံးတာကပျော်ရွှင်စရာကောင်းတဲ့ တစ်နေ့တာလုပ်ငန်းတစ်ရပ်ဖြစ်သင့်တာပါ။ တစ်နေ့ကို သုံးကြိမ်လောက်စားသုံးနေရတဲ့ အစားအသောက်စားသုံးချိန်လေးက မိသားစုတွေအတွက်ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးပဲဖြစ်သင့်ပါတယ်။ စိတ်ဖိစီးမငကင်းတဲ့ ညစာဖြစ်ဖို့ဆိုရင် မိဘတွေအနေနဲ့ ကလေးကို သူနှစ်သက်တတ်တဲ့အစားအစာတွေပြင်ဆင်ပေးတာမျိုးလုပ်ဆောင်ပေးဖို့လိုအပ်သလို ကလေးတွေကို သူတို့မကြိုက်တဲ့အစားအစာတွေကို အတင်းအကျပ်စားစေတာမျိုးမလုပ်ဆောင်ဖို့ကအရေးကြီးလှပါတယ်။ ကလေးတွေကို ထမင်းစားချိန်တိုင်းမှာပျော်ရွှင်နေအောင်လုပ်ဆောင်ပေးမယ့် နည်းလမ်းအချို့ကို လမ်းညွှန်ပေးလိုက်ပါတယ်။ ထမင်းစားချိန် ပျော်အောင်လုပ်ပေးနိုင်မယ့် နည်းလမ်းများ ထမင်းစားချိန် ပျော်အောင်လုပ်ပေးနိုင်မယ့် နည်းလမ်းများ ကတော့ အစားအစာတွေကို အမည်ပေးပါ။ ပန်းဂေါ်ဖီစိမ်းကို ပန်းဂေါ်ဖီစိမ်းလို့ခေါ်မယ့် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့အာဟာရဓါတ်များ

ကလေးတွေဟာကျောင်းသွားလိုက်သင်ယူလိုက် အိမ်ပြန်လာလိုက်ဆိုတဲ့အလုပ်တွေကို အလျင်အမြန် လုပ်ဆောင်နေသလိုမျိုးပ ဲသူတို့လေးတွေရဲ့ ဦးနှောက်ကလည်း လျင်လျင်မြန်မြန်ကြီးထွားဖွံ့ဖြိုးလာနေပြီး ပြောင်းလဲမှုတွေဖြစ်ပေါ်လာနေပါတယ်။ အောက်ဖော်ပြပါအစားအသောက်ဆယ်မျိုးက ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်စားသုံးပေးသင့်တဲ့ အစားအသောက်တွေဖြစ်ပါတယ်။ ကလေးတွေရဲ့ငယ်ရွယ်စဉ်အရွယ်မှာ စားသောက်မှုပုံစံက ကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ သိမြင်မှုစွမ်းရည်တွေတိုးတက်စေဖို့အတွက် အရမ်းကိုအရေးပါ ပါတယ်။ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကတော့ အောက်မှာ ကြည့်လိုက်ရအောင်။ (၁) ဘယ်ရီသီးများ စတော်ဘယ်ရီ၊ချယ်ရီ၊ဘလူးဘယ်ရီနဲ့ဘလက်ဘယ်ရီသီးတွေမှာ အာဟာရဓါတ်တွေများစွာပါဝင်နေပြီး ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်တဲ့ ဗီတာမင် စီ လိုမျိုးဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေတိုးပွားအောင်လည်း လုပ်ဆောင်ပေးပါ တယ်။ လေ့လာမှုတွေအရ ဘလူးဘယ်ရီနဲ့စတော်ဘယ်ရီတွေက မှတ်ဉာဏ်စွမ်းရည်ကိုတိုးတက်ကောင်းမွန်စေပြီး အာဟာရဓါတ်တွေလည်းများစွာပါဝင်တဲ့အပြင် ဘယ်ရီသီးတွေရဲ့အစေ့တွေထဲမှာအိုမီဂါ- သရီးဖက်တီးအက်ဆစ် တွေလည်းကြွယ်ဝစွာပါဝင်နေပါတယ်။ (၂) ပဲအမျိုးမျိုး ပဲတွေမှာ ပရိုတင်းဓါတ်တွေ၊အမျှင်ဓါတ်၊ဗီတာမင်နဲ့သတ္တုဓါတ်များစွာပါဝင်တာကြောင့် ကိုယ်ခန္ဓါအတွက် စွမ်းအင်ရရှိစေနိုင်ပါတယ်။ ကလေးငယ်တွေရဲ့နေ့လည်စာထဲမှာပဲအမျိုးမျိုးကိုထည့်သွင်းစားသုံးပေးတာက နေ့လယ်ပိုင်းအချိန်မှာ ကလေးငယ်တွေရဲ့ စွမ်းရည်နဲ့တွေးတောနိုင်စွမ်းကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ဗိုလ်စားပဲနဲ့ pinto ပဲတွေမှာ အခြားပဲတွေထက် အိုမီဂါ သရီးဖက်တီးအက်ဆစ်ဓါတ်ကြွယ်ဝစွာပါဝင်တယ်။ အိုမီဂါ-သရီးဖက်တီးအက်ဆစ်က ဦးနှောက်ဖွံ့ဖြိုးကြီးထွားမှုနဲ့ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေအတွက်အရေးပါ ပါတယ်။ (၃) […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေရဲ့သင်ယူလေ့လာမှုပိုမြန်ဆန်စေဖို့ ဘာတွေလုပ်ပေးမလဲ

ကလေးတွေအတွက် ရိုးရှင်းပြီးပျော်စရာကောင်းတဲ့ နည်းတွေနဲ့ကစားရင်းသင်ပေးတာက သူတို့ရဲ့ လေ့လာသင်ယူနိုင်စွမ်းနဲ့ ဖွံ့ဖြိုးမှုကို တိုးတက်စေပါတယ်။ ကျန်းမာပြီးပျော်ရွှင်တဲ့ကလေးတွေအဖြစ်တင်မကဘဲ ဉာဏ်ရည်ထက်မြက်တဲ့ကလေးတွေဖြစ်လာဖို့လည်း မိဘတွေက လိုလားကြပါတယ်။ ဒီတော့ ကလေးတွေကို အကောင်းမြင်စိတ်နဲ့ပဲ ဆက်ဆံပြီး စကားတတ်မြောက်မှု၊ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ အိုင်ကျူစွမ်းရည်တိုးတက်စေဖို့ နေ့စဉ်လုပ်ဆောင်နေကျကိစ္စတွေမှာပဲ ကူညီသင်ပြ ပေးနိုင်ပါတယ်။ ကိုယ်က အသံ၊အနံ့၊ အထိအတွေ့၊ အရသာတွေသင်ပြပေးချိန်မှာ ကလေးကပျော်ပျော်ရွှင်ရွှင် လေ့လာနေဖို့ ၊ပတ်ဝန်းကျင်မှာရှိသမျှတွေကို စိတ်ဝင်တစားရှိနေဖို့ က အဓိကသော့ချက်ပါ။   ကလေးကိုစကားပြောပေးပါ ကိုယ့်ရဲ့တစ်နေ့တာအကြောင်း ကလေးကိုပြန်ပြောပြတာက ကလေးမှာ သူမြင်နေရတာတွေနဲ့ တွဲဖက်နားလည်နိုင်စွမ်းတိုးတက်စေပါတယ်။ စကားကိုဖြည်းဖြည်းနဲ့ ကလေးမြူသလိုပုံစံနဲ့ ပြောပေးတာက ကလေးရဲ့လေ့လာနိုင်စွမ်းကိုတိုးတက်စေတယ်လို့ သုတေသနကဖော်ပြပါတယ်။   ကလေးကိုယ်တိုင်ပါဝင်ခံစားစေပါ လမ်းလျှောက်ထွက်ရင်း ခွေးသံကြားတဲ့အခါ “ဘာသံလဲ”လို့ကလေးကိုမေးပြီး ဒါဟာခွေးဟောင်သံ(ဝုတ်ဝုတ်) ဖြစ်တဲ့အကြောင်း ကိုယ်ကပြန်ဖြေပြပေးပါ။ နောက်ကြုံတိုင်း ပြောတဲ့အခါ ကလေးက မှတ်မိပြီး ဝုဝုလို့ ကိုယ်တိုင်ဖြေနိုင်လာပါလိမ့်မယ်။ နောက်ဆုံးမှာ ခွေး ဆိုတဲ့ဝေါဟာရကို ကိုယ်တိုင်သိသွားစေမှာပါ။ အပြင်ထွက်တဲ့အချိန်မိုးဖွဲကျလာတဲ့အခါ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်ကို ဉာဏ်ရည်မြင့်မားစွာနဲ့ကြီးပြင်းလာစေနိုင်မယ့် အချက်များ

ကလေးငယ်လေးများရဲ့ဦးနှောက်ဖွံ့ဖြိုးမှုက သူတို့လေးတွေရဲ့ အနာဂတ်အသိဉာဏ်စွမ်းရည်တွေတိုးတက်ဖို့ အတွက် လမ်းဖွင့်ပေးနိုင်တဲ့အရာဖြစ်သလို သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်ရင့်ကျက်မှု တွေကိုဖြစ်ပေါ်စေနိုင်တဲ့အရာလည်းဖြစ်ပါတယ်။ ကလေးငယ်ရဲ့ ဘဝသက်တမ်း ပထမ ၅နှစ်တာကာလအတွင်းမှာ ကလေးငယ်ရဲ့ဦးနှောက်ဖွံ့ဖြိုးမှု ၉၀ ရာခိုင်နှုန်း ဖြစ်ပေါ်တာဖြစ်ပါတယ်။ ကလေးငယ်ရဲ့ဖွံ့ဖြိုးကြီးထွားမှုတွေထဲက ၅၁ ရာခိုင်နှုန်းလောက်ကတော့ ပတ်ဝန်းကျင် အနေအထားအချင်းအရာတွေကြောင့်ဖြစ်ပေါ်လာတာလို့ယူဆရပါတယ်။ ကလေးငယ်ကို အချိန်တိုင်းမှာ ဖြစ်ပျက်တွေ့ကြုံနေရသမျှ အကြောင်းအရာအလုံးစုံကိုပြောပြပေးခြင်းဖြင့် သူတို့လေး တွေရဲ့ဘာသာစကားပြောဆိုနိုင်မှုစွမ်းရည်ကိုကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ ကလေးငယ်လေးတွေ အနေနဲ့ ဘာသာစကားပြောစွမ်းရည်မြင့်မားတဲ့ မိသားစုမှာကြီးပြင်းလာရတဲ့ကလေးငယ် တွေက စကားပြောစွမ်းရည်နိမ့်ပါးတဲ့မိသားစုမှာမွေးဖွားကြီးပြင်းလာရတဲ့ ကလေးငယ်တွေထက် အသိဉာဏ် စွမ်းရည် ၃၈ ဆလောက်ပိုမိုမြင့်မားနေတာကိုတွေ့ရှိရပါတယ်။ အယူအဆနဲ့သဘောတရားပိုင်းဆိုင်ရာ စာအုပ်တွေဖတ်ပြပေးခြင်းဖြင့် ကလေးငယ်တွေကို မူလတန်းကြိုအရွယ်မှာ သိရှိရမယ့် အရောင်တွေ၊ပုံစံတွေ၊ရာသီဥတုတွေ၊သစ်သီး၊ ခြံမွေးတိရစ္ဆာန်တွေနဲ့ အခြားအခြေခံကျတဲ့ အကြောင်း ချင်းရာတွေကို သိရှိနားလည်စေနိုင်မှာဖြစ်ပါတယ်.။ ကလေးငယ်ကို စာအုပ်တစ်အုပ်ဖတ်ပြပြီး စာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေကို သူ့ရဲ့စကားလုံးတွေ နဲ့ပြန်ပြောပြစေတဲ့နည်းလမ်းနဲ့ကလေးငယ်ရဲ့ မှတ်ဉာဏ်စွမ်းရည်ကိုကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ သစ်သီကွင်းတွေကိုအသုံးပြုပြီးပဲဖြစ်ဖြစ် […]


မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်

သင့်ကလေးကို အစာစားချင်စိတ်တိုးလာစေမယ့် နည်းလမ်း (၅)ခု

သင့်ကလေးက အစားစားရာမှာ အခုတစ်မျိုးကြိုက်လိုက်၊တော်ကြာအကြိုက်ပြောင်းလိုက်၊ ဘယ်အရာကိုမှ များများစားစား မစားတဲ့သူလား။ ဒါမှမဟုတ် အစားစားဖို့ထက် ကစားဖို့ဆော့ဖို့ကိုပဲပိုအာရုံစိုက်နေသလား။ အစားရွေးတဲ့ကလေး၊ အစားနည်းတဲ့ကလေးတွေရဲ့ မိဘတွေအနေနဲ့ ကလေးကို အစားအစာမျိုးစုံကို ကြိုးစားကျွေးကြည့်သင့်ပါတယ်။ မိဘအတော်များများက ကိုယ့်ကလေးအစားကောင်းကောင်းမစားတဲ့အပေါ် စိတ်ပူတတ်ကြပါတယ်။ ကလေးကို အစားပိုဝင်အောင် နည်းပေါင်းစုံနဲ့ကြိုးစားတတ်ကြပေမယ့် ကလေးတွေရဲ့တစ်ပတ်အတွင်းစားသောက်မှုအာဟာရမှာ လိုအပ်တဲ့အာဟာရဓါတ်တွေ ပါရှိဖို့လည်းလိုအပ်ပါတယ်။ ကလေးရဲ့အစားစားချင်စိတ်ကိုမြှင့်တင်နိုင်ဖို့ ဘာတွေလုပ်ရမလဲဆိုတဲ့နေရာမှာ ဒီအချက်လေးတွေက အဓိကကျပါတယ်။ ၁ ။ ဘာလို့အစာသိပ်မစားချင်တာလဲဆိုတာ အကြောင်းရင်းကိုသိအောင်လုပ်ပါ ကလေးက စားချင်စိတ်ကိုရှိပုံမရတာ၊ အစားကိုငြင်းနေတာ ဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်းတွေအများကြီးရှိနိုင်ပါတယ်။ လည်ချောင်းနာနေတာ၊ ဖျားနေတာ၊ ဝမ်းပျက်နေတာ၊ ဝမ်းချုပ်နေတာ၊ သန်ထနေတာ စတဲ့အကြောင်းရင်းခံတွေရှိနိုင်ပါတယ်။ ဒါမှမဟုတ် စားဖို့ကို စိတ်မဝင်စားတာလည်းဖြစ်နိုင်ပါတယ်။ အဆော့မက်ပြီး အစားကိုစိတ်မဝင်စားတာလားဆိုတာလည်း သတိထားကြည့်ပါ။ ၂။ ကလေးမစားချင်တဲ့အချိန်မှာ အတင်းမကျွေးပါနဲ့ ကလေးကသိပ်မဆာသေးတဲ့အချိန်မှာ ထမင်း သို့မဟုတ် သရေစာတွေ အတင်းအကျပ်မကျွေးပါနဲ့။ ဒါ့အပြင် တချို့စားစရာတွေ အတင်းစားခိုင်းတာမျိုး၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးအတွက် အာဟာရပြည့်ဝတဲ့ နေ့လယ်စာထမင်းဘူး ပြင်ဆင်မယ်

ကလေးအတွက် အာဟာရပြည့်ဝတဲ့ နေ့လယ်စာထမင်းဘူး ပြင်ဆင်မယ် .... ကလေးတွေအတွက် ထမင်းဘူးပြင်ဆင်ပေးတဲ့အခါမှာ အရေးအကြီးဆုံးအချက်တစ်ခုက ကလေးတွေအတွက် တစ်နေ့တာလိုအပ်မယ့်အာဟာရဓာတ်ပြည့်ပြည့်ဝဝပါဝင်ဖို့ပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေ့လယ်စာဖြစ်ဖို့က အသီးအရွက်၊ သစ်သီး၊ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ် မာဏတွေကို သင့်တင့်မျှတစွာပါဝင်ပြီး ဆားနဲ့သကြားပါဝင်မှု မများဖို့ဘဲ ဖြစ်ပါတယ်။ အာဟာရမျှတတဲ့ နေ့လယ်စာက ကလေးကိုနေ့လယ်နေ့ခင်းမှာပင်ပန်းနွမ်းနယ်မှု မခံစားရအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ကလေးတွေအတွက် အာဟာရပြည့်ဝတဲ့နေ့လယ်စာကို ဘယ်လိုပြင်ဆင်ပေးရမှန်းမသိဘဲ အခက်တွေ့နေရတဲ့မေမေတွေအတွက် အာဟာရပြည့်ဝတဲ့နေ့လယ်စာပြင်ဆင်ပုံလေးကိုဖော်ပြပေးလိုက်ပါတယ်။ ကလေးအတွက် အာဟာရပြည့်ဝတဲ့ နေ့လယ်စာထမင်းဘူး ပြင်ဆင်မယ် ကလေးအတွက် အာဟာရပြည့်ဝတဲ့ နေ့လယ်စာထမင်းဘူး ပြင်ဆင်မယ် ဆိုရင် သတိထားရမှာလေးတွေ ရှိပါတယ်။ ကလေးတွေကို အစားအသောက်ပြင်ဆင်ပေးတဲ့နေရာမှာ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊အမျှင်ဓာတ်နဲ့ လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်စုံအောင် ပြင်ဆင်ပေးတာက ကလေးတွေကို အဝလွန်တာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးရာရောက်ပါတယ်။ ကလေးတွေအတွက် နေ့လယ်စာ ပြင်ဆင်ပေးတဲ့အခါ ကစီဓာတ်နဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်လေးတွေအတွက် အုန်းဆီရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ

အုန်းဆီက အရေပြားနဲ့ အခြားသောကျန်းမာရေးပြဿနာတွေကို ကုသရာမှာ တော်တော်လေးအသုံးဝင်ပါတယ်။ အုန်းဆီက ကလေးငယ်ရဲ့ အရေပြားကို အာဟာရဓာတ် ပေးနိုင်တဲ့ သဘာဝအဆီတစ်မျိုးဖြစ်ပါတယ်။ အုန်းဆီမှာပါတဲ့သေးငယ်တဲ့မော်လီကျူးလေးတွေက အရေပြားကနေ အဆီကို အလွယ်တကူစုပ်ယူနိုင်အောင် လုပ်ဆောင်ပေးသလို အဆီတွေကို ဆဲလ်အတွင်းပိုင်းနဲ့ တွယ်ဆက်တစ်ရှူးတွေအထိ ရောက်ရှိစေပါတယ်။ ကလေးငယ်လေးတွေအတွက် အုန်းဆီရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ က ဒါတင် မကသေးပါဘူး။ ကလေးငယ်လေးတွေအတွက် အုန်းဆီရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ ကလေးဦးရေပြား ခြောက်သွေ့ပြီး အရေခွံကွာတာ (Cradle Cap)  ကလေးဦးရေပြား ခြောက်သွေ့တာမျိုးဖြစ်နေရင် အုန်းဆီ လူးပေးလို့ရပါတယ်။ ဦးရေပြား ခြောက်သွေ့ပြီး အဖက်လန်တာ ဖြစ်နေရင် ကလေးခေါင်းကို အုန်းဆီရွဲနေအောင် လူးပြီး မိနစ် ၂၀ ဒါမှမဟုတ် တစ်ညသိပ်ထားပါ။ နောက်ရက်မှာ ဘီးအပျော့လေးနဲ့ ဖြီးချလိုက်ရင် အဖက်လေးတွေ ပါလာပါလိ့မ်မယ်။ ပြီးမှ ခေါင်းလျှော်ပေးပါ။ နှင်းခူနာ (eczema) နှင်းခူနာဖြစ်တဲ့အခါ ကလေးအရေပြားက […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း