မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်မှာ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုတွေက အံ့မခန်းပါပဲ။ ကလေးတွေ ကျန်းမာကြံ့ခိုင်ဖို့ အကြံဉာဏ်ကောင်းတွေကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်

Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ

ကလေးဆိုတာမျိုးက ထားသလိုနေတုန်းလေးသာ ချစ်စရာကောင်းတာ စကားကောင်းကောင်း ပြောတတ်လာပြီ။ လမ်းကောင်းကောင်းလျှောက်တတ်လာပြီဆိုရင် အိပ်နေချိန်သာ အိန်ဂျယ်လ်လေးနဲ့တူတာ နိုးပြီး တောက်တောက် တောက်တောက် လျှောက်သွားတာနဲ့ မေမေဖေဖေတို့ခမျာ သူ့နောက် တကောက်ကောက်လိုက်ရင်း ထိန်းရတာ အတော်ကို မလွယ်တာနော်။ နောက်ပြီး ဒီအရွယ်မှာ မိဘက ဒါဆို မဒါတော့ဘူး။ ဟင့်အင်းပေါင်း များစွာလုပ်တတ်လာကြပါတယ်။ ဒီကာလလေးကို ကလေးကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ Terrible Two လို့ အမည်တပ်သတဲ့။ ဒီလို သားသားမီးမီးတို့ကို ထိန်းရသိမ်းရခက်တဲ့ Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကို ဖေဖေမေမေတို့ သိပြီးရဲ့လား! မသိသေးဘူးဆိုရင်တော့ နည်းလမ်းကောင်းလေးတွေကို ပြောပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ Terrible Two ဆိုတာ ဘာများပါလိမ့်! Terrible Two ဆိုတာက ကလေးတစ်ယောက်ရဲ့ အသက် ၁ […]

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ် ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

သားသားမီးမီးတို့ ဘယ်အချိန်မှာ စာစရေးလို့ ရပြီလဲ!

မေမေဖေဖေတွေမှာ သားသားမီးမီးတို့ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေချင်တဲ့ စိတ်ကူး အပြင် နောက်ထပ် စိတ်ကူးလေး တစ်ခု ရှိကြပါသေးတယ်။ ဒါကတော့ သားသားမီးမီးတို့ကို ပညာတတ်ကြီး ဖြစ်စေချင်တာပါ။ ဒီစိတ်ကူးလေး အထမြောက်စေဖို့ ကြိုးပမ်းကြရာမှာ လွဲမှားနေတဲ့ အချက်လေးတစ်ခု ရှိနေပါတယ်။ ဒါကတော့ ကလေးကို လက်ချောင်းကြွက်သားလေးတွေ လုံလောက်အောင် မသန်မာသေးတဲ့အချိန်မှာ စာရေးတတ်အောင် သင်တာပါ။ ကလေးကို အခြားကလေးတွေထက် နောက်ကျနေတာမျိုး မဖြစ်စေဖို့ စာကို စောစောစီးစီး ရေးတတ်အောင် သင်ပေးတာက ကလေးကို တကယ်ပဲ ကောင်းကျိုး များစေမလား။ ကလေးအတွက် ဘယ်အချိန်က စာရေးတတ်အောင် သင်ပေးဖို့ အကောင်းဆုံးဖြစ်မလဲ။ သားသားမီးမီးတို့ ဘယ်အချိန်မှာ စာစရေးလို့ ရပြီလဲ! ဆိုတာကို မေမေတို့ သိရှိနိုင်စေဖို့ ဝေမျှပေးလိုက်ရပါတယ်။  သားသားမီးမီးတို့ရဲ့ စာရေးစာဖတ်စွမ်းရည် ဘယ်လိုများ တိုးတက်လာသလဲ! သားသားမီးမီးတို့က […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ဖြတ်ထိုးဉာဏ်ကောင်းတဲ့ ကလေးဖြစ်စေဖို့

ဘာမှ မပြောခင် အရင်ဆုံး မေးချင်တာလေး တစ်ခု ရှိပါတယ် မေမေဖေဖေတို့ရေ။ ဒါကတော့ ဖြတ်ထိုးဉာဏ်ကောင်းတဲ့ ကလေးဖြစ်စေဖို့ ဘယ်လို ပျိုးထောင်ပေးရမလဲ ဆိုတာကို သိပြီးပြီလား! သားသားမီးမီးတို့ကို ထက်ထက်မြက်မြက် သွက်သွက်လက်လက်လေး ကြီးပြင်းစေချင်တဲ့ ဆန္ဒ မိဘတိုင်းမှာ ရှိမှာပါ။ ကိုယ့်ကလေးက အခက်အခဲ တစ်ခုခု ကြုံလာလို့ ပါးပါးနပ်နပ်နဲ့ တုံ့ပြန်ဖြေရှင်းနိုင်လိုက်ရင် တပြုံးပြုံးကြည့်ရင်း ငါ့သားလေးကဖြင့် တော်လိုက်တာ၊ ငါ့သမီးလေးကဖြင့်တော်လိုက်တာဆိုပြီး ကျေနပ်နေတတ်တာ မိဘတိုင်းနော်။ သားသားမီးမီးတို့ကို ဒီလိုမျိုး ပါးပါးနပ်နပ် ဖြတ်ထိုးဉာဏ် ရှိရှိနဲ့ ကြီးပြင်းလာစေဖို့က ကိုယ်တိုင်ပျိုးထောင်လို့ ရပါတယ်။ ဘယ်လို ပျိုးထောင်ပေးရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးပါမယ်နော်။ ဖြတ်ထိုးဉာဏ်ကောင်းစေဖို့ အရေးပါသော အရာ (သို့မဟုတ်) အာဟာရ ပြည့်ဝမှု သားသားမီးမီးတို့ကို ဖြတ်ထိုးဉာဏ်ကောင်းတဲ့ ကလေးဖြစ်စေဖို့ ငယ်စဉ်ကတည်းက အာဟာရ ပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့ အရေးပါပါတယ်။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးတွေရဲ့ ထူးဆန်းတဲ့ မေးခွန်းတွေကို ဘယ်လိုပြန်ဖြေကြမလဲ။

'မေမေ သားက ဘယ်ကရောက်လာတာလဲ'တို့၊ 'မေမေနဲ့ ဖေဖေ မင်္ဂလာဆောင်တုန်းက သားက ဘယ်ရောက်နေတာလဲ' တို့ဆိုတာက မိဘတွေကို အကျပ်ရိုက်စေတဲ့ မေးခွန်းတွေပါပဲ။ သူတို့တွေရဲ့ အလစ်အငိုက်မေးခွန်းတွေနဲ့ တိုက်ခိုက်တာ ခံရပြီဆိုရင် ဘယ်လိုမျိုး အကောင်းဆုံး တုံ့ပြန်ကြမလဲဆိုတာ မိဘတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ ကလေးတွေရဲ့ ထူးဆန်းတဲ့ မေးခွန်းတွေကို ဘယ်လိုပညာသားပါပါနဲ့ ပြန်ဖြေကြမလဲ။ ကလေးတွေက မေးခွန်းတွေမေးတာ သဘာဝပါ။ ပြန်စဉ်းစားကြည့်ရင် ကိုယ်လည်း ငယ်ငယ်က မိဘတွေကို ပေါက်ကရမေးခွန်းတွေကို မေးဖူးမှာပါပဲ။ ခုချိန်စဉ်းစားရင်တော့ ပေါက်ကရပေါ့။ အဲ့အချိန်တုန်းကတော့ ကိုယ်တကယ်မသိလို့ မေးခဲ့တာပါပဲ။ ခုလည်း ကိုယ့်ကလေးတွေက ကိုယ့်ကို ဒီလို ထူးဆန်းတဲ့ မေးခွန်းတွေ မေးဦးမှာပါပဲ။ ကိုယ့်တုန်းကတော့ အမေက ဘာတွေလာမေးနေတာလဲဆိုပြီး ဒေါက်ခနဲ ခေါက်ခံရကောင်း ခံရမှာပါ။ ပြောင်းလဲလာတဲ့ ကလေးပြုစုပျိုးထောင်နည်းတွေအရ ကလေးကို ဒီလိုခေါက်လို့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကလေး တစ်ယောက် ဖွံ့ဖြိုးမှု

မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကလေး တစ်ယောက် ဘယ်လိုဖွံ့ဖြိုးလာသလဲ။ ကလေးလေးရဲ့ အသက်  ၁နှစ် ကနေ ၅ နှစ်တာကာလအတွင်းမှာ အရပ်အမောင်းရော ကိုယ်အလေးချိန်ပါ ပြောင်းလဲလာပါပြီ။ ပုံပန်းသဏ္ဍာန်လေးလည်း ပြောင်းလဲလာတော့မှာပါ။ ကလေးက တစ်နှစ်ကို ၃ လက်မလောက် အရပ်တက်လာမှာ ဖြစ်သလို ကိုယ်အလေးချိန်ကလည်း တစ်နှစ်ကို ၄ ပေါင်ခွဲလောက်စီကို တိုးလာတော့မှာပါ။ ကလေးက သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်မှုတွေကို စတင် လုပ်ဆောင်နေပါပြီ။ အရိုးတွေ၊ ဦခေါင်းခွံနဲ့၊ မျက်နှာတွေ ကြီးထွားဖွံ့ဖြိုးလာပါပြီ။ ဒီကာလမှာ မျက်နှာဝိုင်းဝိုင်းလေးကနေ မျက်နှာကျပုံစံ အမျိုးမျိုး ပြောင်းလာတော့မှာပါ။ အကြောင်းကတော့ သားသားမီးမီးတို့ရဲ့ နဖူး၊ နှာခေါင်း၊ မေးစေ့တွေက ထင်းထင်းလာပါပြီ။ မေးရိုးတွေကျယ်လာပြီး သွားတွေလည်း စုံလာပြီ။ ပခုံးလေးကျဉ်းလာပြီး ဗိုက်ကလေးက ချပ်ရပ်လာပြီ။ ကိုယ်နေဟန်ထား […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အာဟာရ

မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အသက် ၁ နှစ် ကနေ ၅ နှစ်အရွယ်ကို အစားအစာကျွေးမွေးရတာက တော်တော်လေး စိန်ခေါ်မှု ဖြစ်စေတဲ့ ကိစ္စရပ် တစ်ခုပါ။ ဒီကာလမှာ ကလေးက များစွာသော ပြောင်းလဲမှုတွေ၊ ကြီးထွားဖွံ့ဖြိုးမှုတွေ ဖြစ်ပေါ်နေတာကြောင့် အာဟာရ ပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့က အတော်လေး အရေးကြီးပါမယ်။ ဒီကာလမှာ သူတို့က ကြီးထွားမှု စပြီး နှေးသွားပြီ ဖြစ်သလို အစားစားချင်စိတ်လည်း နည်းသွားပါပြီ။ ဒီလို အပြောင်းအလဲတွေကြောင့် အစားစားချိန်မှာ ကျွေးဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ဒီကာလမှာ ကလေးကို အာဟာရ ပြည့်အောင် ကျွေးဖို့ လိုသလို အာဟာရမျှတအောင် ကျွေးဖို့လည်း လိုပါမယ်။ ဒီတော့ မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အာဟာရ အကြောင်းကို အတူတူ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကလေးဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေး အသက် ၁ နှစ်ခွဲကျော်ပြီဆိုရင် ဘေဘီလေးက မတ်တတ်စမ်းဖို့ စပါပြီ။ လမ်းလျှောက်ဖို့ ခြေမလေးတွေနဲ့ တိုင်ပင်ခေါ်တဲ့ အဆင့်ကို တော်တော်လေး ကျော်လာပြီပေါ့။ မတ်တတ်စမ်းရင်း အမှီပြု အားယူထဖို့ ဟိုဟာ ဆွဲလိုက် ဒီဟာ ဆွဲလိုက်တွေ လုပ်တော့မှာပါ။ ဒီအချိန်မှာ ကလေးကို အပူလောင်တာမျိုးတွေ တစ်ခုခု ပိတာမျိုး ထိခိုက်မှုတွေ မဖြစ်အောင် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ မေမေရေပဲ ခေါ်နေတာ မဟုတ်တော့ဘဲ မေမေရေ ဖေဖေရေ ခေါ်ရင်း နောက်ကနေ ပြေးလိုက်လာတော့မှာ ဖြစ်တာကြောင့် ကလေးအနားကနေ ထထွက်သွားချိန်တိုင်းမှာ ကလေးကို ထိုင်နေဖို့၊ မလိုက်လာဖို့ သေချာမှာတာမျိုး လုပ်ဖို့ လိုအပ်လာပြီ ဖြစ်သလို ကလေးနားက ထထွက်ချိန်မှာ ကလေးလိုက်လာလားဆိုပြီး နောက်ကို လှည့်ကြည့်ဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ မတ်တတ်ပြေး […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးတို့ကို မပြောသင့်တဲ့ စကားတွေက ဘာတွေ ဖြစ်မလဲ

ဖေဖေမေမေ ဘိုးဘိုးဘွားဘွား ဦးဦးတီတီ တို့ရဲ့ နှုတ်ထွက်စကားတွေ ကလေးတွေအပေါ်မှာ ထင်ထားတာထက် အများကြီး ပိုသက်ရောက်နေပါတယ်။ ငယ်စဉ်မှာ ကလေးတွေကို လူကြီးတွေက ပြောလိုက်တဲ့ စကားတွေကို လူကြီးတွေဘက်က အမှုမဲ့အမှတ်မဲ့ ဆိုပေမယ့် ကလေးတွေဘက်က အတော်လေး အလေး ဂရုထားတတ်ကြပါတယ်။ ဒီလို သင်ယူနေတဲ့ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ကလေးတွေအပေါ်မှာ ပြောဆိုဆက်ဆံလိုက်တဲ့ ဖေဖေမေမေ ဘိုးဘိုးဘွားဘွား ဦးဦးတီတီ တို့ရဲ့ စကားတွေက သားသားမီးမီးတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပုံဖော်လိုက်တယ်ဆိုတာကို သတိထားဖို့ လိုပါမယ်။ ဒီလို သင်ယူနေတဲ့ အရွယ်လေးမှာ ကလေးကို ပြောဆိုတဲ့ စကားတွေမှာ အမှားအယွင်းပါမယ်ဆိုရင် ကလေးရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ထိခိုက်စေနိုင်သလို အတုယူမှားတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ သင်ယူနေတဲ့အရွယ် ကလေးတွေကို အကောင်းဆုံး ကြီးပြင်းအရွယ်ရောက်လာစေဖို့အတွက် မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးတို့ကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

သူစိမ်းကြောက် တတ်တဲ့ ကလေးကို ဘယ်လိုထိန်းကျောင်းမလဲ။

ကလေးက သူစိမ်းကြောက် တော့ ကောင်းတာပေါ့။ လူတကာခေါ်တိုင်းလိုက်နေရင် ကလေးပျောက်သွားမှာပေါ့လို့ တွေးနေတဲ့ မိဘတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ကလေးက ကြီးလာလေလေ မိဘအပြင် တခြားသူတွေနဲ့ ထိတွေ့ဆက်ဆံရမှာပါ။ ဒီအချိန်ထိ လူစိမ်းကြောက်နေရင် ကလေးက ပတ်ဝန်းကျင်မှာ ဝင်ဆန့်ဖို့ ခက်ခဲနေမှာပါ။ တချို့ကလေးတွေကျတော့ သူစိမ်းနဲ့ တွေ့တဲ့အခါ (ဥပမာ အနေဝေးတဲ့ အမျိုးတွေ၊ မိဘတွေရဲ့ မိတ်ဆွေတွေနဲ့) လွန်လွန်ကဲကဲ အော်ဟစ်ငိုယိုတာ၊ သောင်းကျန်းတာတွေ လုပ်တတ်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ မူကြိုထားရင် အဆင်ပြေပါ့မလားဆိုပြီး စိုးရိမ်နေကြတဲ့ မေမေတွေလည်း ရှိမှာပါ။ ဒီတော့ သူစိမ်းကြောက်တဲ့ ကလေးကို ဘယ်လိုထိန်းကျောင်းရင် ကောင်းမလဲ။ ကလေးတွေ သူစိမ်းကြောက် တတ်တာ ပုံမှန်လား။ ဒါက ကလေးတွေရဲ့ ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ ပြောရမယ်ဆိုရင် ကောင်းတဲ့အချက်ပါ။ ကလေးက သူ့ပတ်ဝန်းကျင်က သူ့ကို ထိန်းကျောင်းတဲ့သူတွေကို ချစ်လို့ တခြားသူတွေ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

သားသားမီးမီးတို့ကို မျှစ်ကျွေးလို့ ရလား ....

မျှစ်ဆိုတာက သားသားမီးမီးတို့နဲ့ နီးစပ်တဲ့ အစားအစာ မဟုတ်ဘူးဆိုပေမယ့် သားသားမီးမီးတို့က ပဲပြုတ်ကြိုက်လို့ ပဲပြုတ်နဲ့မျှစ်ရောကြော်ထားတာလေးကို စားချင်တယ်ဆိုပြီး ဂျီကျနေလို့ ကျွေးလို့ ရပါ့မလား။ သားသားမီးမီးတို့ကို မျှစ်ကျွေးလို့ တည့်ပါ့မလားဆိုပြီး စိတ်ပူနေတဲ့ ဖွားဖွားတို့ တီတီတို့ အဖွားလေးတို့ မေမေတို့ ရှိကြလား ....... ဒါဆိုရင်တော့ ပဲပြုတ် နဲ့ မျှစ်ကြော် စားချင်ပေမယ့် ကလေးက မစားရလို့ဆိုပြီး ငိုမှာစိုးလို့ဆိုပြီး စိတ်မပူခင် ဆောင်းပါးလေးကို အရင်ဖတ်ကြည့်လိုက်နော်။ သားသားမီးမီးတို့ကို မျှစ်ကျွေးလို့ ရလား ........ သားသားမီးမီးတို့ကို မျှစ်ကျွေးလို့ ရလား ......... ဆိုတော့ ရပါတယ်။ ကလေးက ကောင်းကောင်းဝါးနိုင်ပြီ၊ မနင်အောင် သေချာမျိုချနိုင်ပြီဆိုရင်တော့ သေချာချက်ပြုတ်ထားတဲ့ မျှစ်ကို ပြင်ဆင်ကျွေးမွေးလို့ ရပါပြီ။ ဒီနေရာမှာ သတိထားရမှက မျှစ်က အစိမ်း မဖြစ်နေစေဖို့ ဆေးဆိုးထားတာမျိုး မဖြစ်ဖို့ ဆေးစိမ်ထားတာမျိုး […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

သားသားမီးမီးတို့နဲ့ လိုင်ဆင်းဓာတ် (Lysine)

လိုင်ဆင်းဓာတ် (Lysine) ဆိုတဲ့ စကားလုံးကို TV ကြော်ငြာတွေကနေတဆင့်တော့ မေမေတိုင်းလိုလို ရင်းနှီးနေနိုင်ပါတယ်။ ဒီရင်းနှီးပြီးသား စကားလုံးလေးဖြစ်တဲ့ လိုင်ဆင်း (Lysine) လေးကဘာလဲ။ သားသားမီးမီးတွေအတွက် ဘယ်လို အကျိုးပြုပေးလဲ။ ဘယ်အရွယ်တွေဆို သောက်လို့ ရပြီလဲဆိုတာတွေကို ဆောင်းပါးလေးထဲမှာ အတူတူ ကြည့်လိုက်ရအောင်လား ..... လိုင်ဆင်းဓာတ် (Lysine) ဆိုတာ ဘာလဲ။ လိုင်ဆင်း (Lysine) ဆိုတာက အမိုင်နိုအက်ဆစ် တစ်မျိုးပါ။ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးပေါ့။ ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တာကြောင့် နေ့စဉ် စားသုံးမှုတွေကနေဆင့် ရယူနေရတဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးပေါ့။ လိုင်ဆင်းက အစားစားချင်စိတ်ကို တိုးစေနိုင်ပြီး သားသားမီးမီးတို့ကို အစားများများ စားစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါတွေအပြင် လိုင်ဆင်းက အူတွေရဲ့ ကယ်လ်ဆီယမ် စုပ်ယူမှုကို ကောင်းမွန်စေပြီး အရိုးတွေ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း