ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

အခြားကလေးကျန်းမာရေးပြဿနာများ

မောင်နှမအချင်းချင်း ယှဉ်ပြိုင်ခြင်းကို ဘာတွေက ဖြစ်စေသလဲ

မောင်နှမအချင်းချင်း ယှဉ်ပြိုင်ခြင်းကို ဘာတွေက ဖြစ်စေ သလဲ။ ကလေး ၂ယောက်နှင့်အထက် ရှိခြင်းသည် သင့် ကလေးများအား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက် ခြင်း တိုးတက်စေခြင်း၊ ဘဝတွင် အရင်းနှီးဆုံး သူငယ်ချင်း များ ရရှိခြင်း စသော အကျိုးကျေးဇူးများ ပေးနိုင်သည်။ သို့သော် လည်း မှားယွင်းသော ပြုစုထိန်းကျောင်းမှုများ ကြောင့် မောင်နှမ အချင်းချင်း ယှဉ်ပြိုင်ခြင်း ဟူသော ကွဲပြားသော ရလဒ် ဖြစ်နိုင်သည်။ မောင်နှမအချင်းချင်း ယှဉ်ပြိုင်ခြင်း ဆိုတာဘာလဲ။ မောင်နှမအချင်းချင်း ယှဉ်ပြိုင်ခြင်းဆိုသည်မှာ မိသားစု တစ်ခုအတွင်းရှိ ညီအစ်ကို မောင်နှမများ အချင်းချင်း မနာလို ခြင်း၊ ပြိုင်ဆိုင်ခြင်း၊ ရန်ဖြစ်ခြင်းတို့ ဖြစ်သည်။ ပြဿနာသည် ဒုတိယကလေး မွေးဖွားပြီးနောက် မည်သည့်အချိန်တွင်မဆို စတင်နိုင်သည်။ ညီအစ်ကိုများ၊ ညီအစ်မများ အားလုံးသည် […]


ကလေးငယ်အာဟာရ

သင့်ကလေးဟာ အစာမာစားဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာများ

ကလေးပေါက်စနတွေကို ကျွေးမွေးပြုစုရတာဟာ စိန်ခေါ်မှုကြီးတစ်ခုပါပဲ။ သူတို့ရဲ့ အာဟာရလိုအပ်ချက်တွေဟာ အချိန်နဲ့အမျှ ပြောင်းလဲနေတာမဟုတ်ပါလား။ သင့်ကလေးမှာတွေ့ရတဲ့ ပြောင်းလဲမှုသေးသေးလေးတွေကအစ သင်အမြဲမပြတ် ဂရုစိုက်နေဖို့လိုပြီး သင်ပြင်ဆင်ထားတဲ့စားစရာဟာ သူတို့အတွက် အာဟာရပြည့်မပြည့်ဆိုတာအပြင် သူတို့အသက်အရွယ်အပိုင်းအခြားအလိုက်သင့်လျော်မှုရှိမရှိ ဆိုတာကိုပါ ဂရုစိုက်နေဖို့လိုပါတယ်။ တကယ်လို့များသင်က သင့်ကလေးကို ဘယ်အချိန်မှာအစာမာ စကျွေးရမယ်မှန်းမသိဘူးဖြစ်နေရင် ဒီဆောင်းပါးကိုဖတ်ကြည့်ပါ။ ဒီဆောင်းပါးဟာ သင့်ကလေးဟာ အစာမာတွေအတွက် အဆင်သင့်ဖြစ်မဖြစ်ဆိုတာကို သင်ဆုံးဖြတ်တဲ့အခါ ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မကလေးအတွက် ဘယ်အချိန်မှာ အစာမာတွေ စကျွေးသင့်သလဲ။ အစာမာတွေကိုတော့ ကလေးအသက် ၄လကနေ ၆လအတွင်းမှာ စပြီးကျွေးနိုင်ပါတယ်။ ဒီအရှေ့မှာတော့ နို့မှုန့်၊ နို့ဘူးနဲ့ မိခင်နို့တွေဟာ သူတို့လိုအပ်တဲ့ အာဟာရဓါတ်တွေနဲ့ ကယ်လိုရီတွေကို လုံလုံလောက်လောက် ဖြည့်တင်းပေးနိုင်ပါတယ်။ မွေးပြီးစ လအနည်းငယ်မှာတော့ သင့်ကလေးရဲ့ အစာခြေစနစ်ဟာ မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် အစာမာပဲဖြစ်စေ၊ အခြားမည်သည့်အစာမျိုးဖြစ်စေ လုံးဝ (လုံးဝ)မကျွေးသင့်ပါဘူး။ ဒါ့အပြင် American […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင်က သင့်ကလေးအပေါ် စည်းကမ်းအရမ်းတင်းကြပ်လွန်းနေခြင်းရဲ့ လက္ခဏာများ

သင်က သင့်ကလေးအပေါ် စည်းကမ်းကြပ်လွန်းနေတယ်ဆိုတာကို ညွှန်ပြနေတဲ့ လက္ခဏာအချို့နဲ့ သင်ဘာလုပ်သင့်တယ်ဆိုတဲ့ အကြံဉာဏ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။ စည်းကမ်းအများကြီးထားခြင်း တကယ်လို့သင်က စည်းကမ်းတွေအများကြီးထားထားမယ်ဆိုရင်တော့ သင်ဟာ အတော်ကို ခက်ထန်တဲ့ မိဘတစ်ယောက်ဖြစ်နေပါပြီ။ အဲ့ဒီလိုလုပ်မယ့်အစား စည်းကမ်းကို နည်းနည်းလျှော့လိုက်ပြီး ဒါကိုပဲ တိတိကျကျလိုက်နာခိုင်းလိုက်ပါ။ သာမန်ထက်ပိုပြီးခြိမ်းခြောက်ခြင်း တကယ်လို့များ သင်က “ ငါမင်းကို အိမ်အပြင်ကို ကိုင်ပေါက်မှာနော်”လို့များ ပြောခဲ့ရင် ဒါအလုပ်ဖြစ်မှာမဟုတ်ပါဘူး။ တကယ်လို့ကလေးကများ ဟုတ်ကဲ့ လို့ပြန်ဖြေလိုက်ရင် သင်လုပ်နိုင်တာတစ်ခုက ဘာမှမလုပ်တော့ရုံပါပဲ။ သင်လုပ်လိုက်တဲ့အပြုအမူဟာ အရာမရောက်တဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး သင့်ကလေးကို ဆိုးဆိုးရွားရွား ပြုမူတတ်အောင် သင်ပေးလိုက်တာပါပဲ။ တစ်ခုခုကို မပြောလိုက်ခင်မှာပဲ ဖြစ်လာနိုင်မယ့် အကျိုးဆက်တွေကို သေသေချာချာ စဉ်းစားသင့်ပါတယ်။ သင့်အချစ်မှာ ကန့်သတ်ချက်တွေပါနေခြင်း သင်က သင့်ကလေးကို အမြဲတမ်းချစ်နေမှာပေမယ့် ဒီလိုလေးတွေ လုပ်ဖို့ကိုတော့ မျှော်လင့်မိတယ်ဆိုတဲ့သဘောမျိုးရောက်အောင်ပြောပြပါ။ “ မင်းဒီလိုမလုပ်ဘူးဆိုရင်တော့ ဘာမှဖြစ်ထွန်းလာမှာမဟုတ်ဘူး။ အမှိုက်သာသာပဲ” ဆိုတာမျိုး မပြောပါနဲ့။ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကျွန်တော့်ကလေးသည် ဘေးကင်းပါသလား

ဖျားနာခြင်း အကြိမ်အရေ။ ပုံမှန် အကြိမ်အရေအတွက် သည် ဘယ်လောက်လဲ။ အသက် ၆လ နောက်ပိုင်းတွင် ကလေး၏မိခင်ဆီမှ ရရှိသော ကိုယ်ခံအားသည် ပျောက်ကွယ်စ ပြုလာပြီး သူတို့ ခန္ဓါကိုယ်မှ ကိုယ်ပိုင် ကိုယ်ခံအား စနစ် စတင်ဖြစ်လာသည်။ ထိုအချိန်တွင် ကလေးသည် ဖျားနာခြင်း ဖြစ်နိုင်သည်။ ထို အချိန်မှစပြီး အသက် ၂နှစ်အထိတွင် ကလေးသည် ထုံးစံ အားဖြင့် ၈ကြိမ်မှ ၁၀ကြိမ်အထိ အအေးမိခြင်း ဖြစ်နိုင်သည်။ ဤ အကြိမ်အရေအတွက်သည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း လျော့ကျလာသည်။ သူတို့၏ ကိုယ်ခံအား သည်လည်း စတင်ပြည့်စုံလာသည်။ (ဗိုင်းရပ်စ် တစ်ခါကူးစက် ခံရပြီးပါက နောက်တစ်ခါတွင် ထိုဗိုင်းရပ်စ် အမျိုးအစားကို ခံနိုင်ရည် ရှိလာသည်)။ ဆယ်ကျော်သက်များ၊ အရွယ်ရောက် ပြီးသူများတွင် ပုံမှန် ဖျားနာခြင်း […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေကို တစ်ယောက်တည်းပြုစုစောင့်ရှောက်ရတော့မယ့် ဖေဖေတို့အတွက် လမ်းညွှန်

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတယ်ဆိုတာ သမုဒ္ဒရာခရီးတစ်ခုပါပဲ။ ပြင်းထန်တဲ့မုန်တိုင်းတွေ၊ လှိုင်းကြမ်းတွေနဲ့ တစ်ခါတလေတော့လည်း နေသာသာနဲ့ ငြိမ်းချမ်းတဲ့ အရသာလေးတွေနဲ့ ပြည့်နှက်နေတဲ့ ခရီးတစ်ခုပါ။ စိတ်တူကိုယ်တူ လက်တွဲဖော်ရှိရင်တောင် ဒါဟာအတော်ကို ခက်ခဲတဲ့ တာဝန်တစ်ခုဖြစ်နေပါပြီ။ ဒါပေမဲ့ သင်တစ်ယောက်တည်း ဒီအလုပ်ကို လုပ်ရတော့မယ်ဆိုရင်တော့ ခက်ခဲမှုက နှိုင်းဆလို့မရတဲ့ အခြေအနေထိ မြင့်တက်သွားပါပြီ။ ကမ္ဘာတစ်လွှားက မိဘတွေဟာ ကလေးတွေကို သူတို့ကိုယ်တိုင် ပြုစုပျိုးထောင်ကြပါတယ်။ နှစ်ယောက်လှော်ရမယ့်လှေကို သင်တစ်ယောက်တည်း လမ်းပြ တစ်ယောက်တည်းလှော်နေရလို့ မိဘအုပ်ထိန်းမှုဆိုတဲ့ ရေယဉ်ကြောကြီးကို သင်မဖြတ်သန်းနိုင်ဘူးလို့ မထင်လိုက်ပါနဲ့။ အောက်ပါအချက်တွေက သင့်ရဲ့ခရီးလမ်း ဖြောင့်ဖြူးချောမွေ့စေဖို့ ကူညီနိုင်ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ။ အဆင့်မြင့် ဇိမ်ခံ spa တွေသွားတာက တကယ်ကို ကောင်းမွန်တယ်ဆိုပေမယ့် မိဘနေရာရောက်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါဆိုတဲ့စကားက သင့်ရဲ့အခြေခံလိုအပ်ချက်တွေကို ဖြည့်တင်းတာထက် ပိုလာပါပြီ။ တကယ်လို့များ သင့်ကို သတိပေးမယ့် လက်တွဲဖော်မရှိတော့ဘူးဆိုရင်တော့ […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

စာဖတ်ခြင်းက သင့်ကလေးကို ပိုမိုထူးချွန်လာစေပါတယ်

ကလေးတွေအတွက် စာဖတ်ခြင်းဆိုတာ အပန်းပြေစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စိတ်ဆန္ဒအလျောက် စာဖတ်ခြင်းမျိုး ဖြစ်သင့်ပါတယ်။ ကလေးတွေမှာလည်း စာဖတ်ခြင်းက နေ ပျော်ရွှင်မှုကို ခံစားရယူနိုင်ပါတယ်။ ဒီအလေ့အထဟာ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေးစွမ်းရည်နဲ့ နားလည်ပေးတတ်ခြင်းအလေ့အထတွေကို တိုးတက်လာစေပါတယ်။ OECD ရဲ့ လေ့လာမှုအရ စာဖတ်တဲ့အလေ့အထက ကလေးတွေရဲ့ မိသားစုနောက်ခံထက် ပိုပြီးအရေးကြီးတယ်လို့ ဆိုပါတယ်။ ဒါဟာ သူတို့ရဲ့ စိတ်ဓာတ်၊ အတွေးအခေါ်နဲ့ ဦးနှောက်စွမ်းရည်အပေါ် ကြီးမားတဲ့ လွှမ်းမိုးမှုတစ်ခု ဖြစ်စေနိုင်ပါတယ်။ စာဖတ်ခြင်းက ကလေးတွေအတွက် ဘယ်လိုကောင်းကျိုးတွေ ရစေသလဲ။ Research Evidence on Reading for Pleasure လို့ အမည်ရတဲ့ သုတေသန တစ်ခုကို Education Standards Research Team (ESARD)က ၂၀၁၂တုန်းက ပြုလုပ်ခဲ့ပြီး ဒီလေ့လာမှုက ပျော်ရွှင်ဖို့ စာဖတ်တဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

မူကြိုကလေးများတွင် ပေါင်းသင်းဆက်ဆံရေး ဖွံ့ဖြိုးမှု

အသက် ၃နှစ်မှ ၅နှစ်တွင် သင်၏ကလေးသည် တစ်ကိုယ်ကောင်းဆန်မှု နည်းလာပြီး ပို၍ ဖော်ရွေသော လူ တစ်ယောက်အဖြစ် ပြောင်းလဲလာသည်။ သင့်အပေါ်တွင် မှီခိုမှု နည်းလာပြီး အခြားလူများဖြင့် ဘယ်လို ဆက်ဆံရန်၊ မျှဝေရန် စတင်သင်ယူလာသည်။ မိဘများသည် ကလေးများ ပေါင်းသင်းဆက်ဆံရေး ဖွံ့ဖြိုးလာသော အချိန်တွင် ဘာတွေ ဖြစ်သလဲကို ပို၍လေ့လာသင့်ပြီး သူတို့ကောင်းစွာ ကြီးပြင်း လာရန် ကူညီရမည်။ စိတ်ကူးပြီးကစားခြင်း ဤအရွယ်တွင် ကလေးများသည် တစ်ဦးနှင့်တစ်ဦး ကစားကြသည်။ အခြားကလေးများဖြင့် လှုပ်ရှားမှုများကို အမှန်တကယ် လုပ်ဆောင်သည်။ အရုပ်များ၊ ဂိမ်းများထက် ယုံတမ်းပုံပြင်များလုပ်ပြီး ကစားကြသည်။ ကလေးများသည် အရွယ်ရောက်သူများ၏ အလုပ်ကို တုပပြီးကစားကြသည်။ ဥပမာ ဈေးဝယ်ထွက်ခြင်း၊ ရဲစခန်းသို့သွားခြင်း။ ထိုလှုပ်ရှားမှု များသည် ကလေးများကို ဆွဲဆောင်သည်။ အရွယ်ရောက်ပြီး သူများ၏ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများ TV ကြည့်ခြင်း ၊ ဖုန်း သို့ ကွန်ပြူတာသုံးခြင်းများကို ဖိအားမပေးပဲ လျှော့ကျစေခြင်း

ယနေ့ခေတ်ကလေးများသည် ကျွန်တော်တို့တုန်းကလို ကျောင်း ၊ သူငယ်ချင်းများ နှင့် ပြဿနာများရင်ဆိုင်နေရသော်လည်း သူတို့တွင် ပြဿနာတစ်ခုပါထပ်တိုးလာပါတယ် ။ အဲ့ဒါကတော့သူတို့ဟာ ဖုန်းတွေ၊ကွန်ပြူတာတွေ၊ ဗီဒီယိုဂိမ်းတွေနားကနေ တစ်ဖဝါးမှမခွာနိုင်ဖြစ်နေခြင်းပဲဖြစ်ပါတယ် ။ ဒါတွေဟာ ကလေးရဲ့စာကြည့်ချိန်နဲ့ ပြင်ပလောကကြီးမှာပျော်မွေ့ဖို့အချိန်တွေကို လျော့စေပါတယ် ။ မိဘများဟာ မိမိတို့ရဲ့ကလေးများ တီဗီကြည့်ခြင်း ၊ ဖုန်းသုံးခြင်း၊ ဂိမ်းဆော့ခြင်း တို့မှလျော့နည်းစေရန် အောက်ပါ ဖိအားပေးခြင်းမရှိတဲ့နည်းလမ်းများကို စမ်းသပ်ကြည့်သင့်ပါတယ် ။ သင့်ရဲ့ တီဗီကြည့်တဲ့ဖုန်းသုံးတဲ့အလေ့အကျင့်တွေကိုလျှော့ချပါ ။ သင့်ရဲ့ကလေးတွေဟာ သင်လုပ်နေတာတွေကို အမြဲတမ်းသတိထားကြည့်မနေပေမယ့် သင်ဟာတာ့သူတို့ရဲ့စံပြပုဂ္ဂုလ်ဖြစ်နေတုန်းပါပဲ။ ဒါကြောင့် မိမိကိုယ်တိုင် ကားမောင်းရင်းစာပို့နေတာတို့ ၊ တီဗီကြည့်တာတို့ ၊ ထမင်းစားစဉ် ဖုန်းတစ်လုံးနဲ့စားနေတာတွေကို မပြုပြင်ပဲ ကလေးကို တီဗီကြည့်တာတွေ၊ ဂိမ်းဆော့တာတွေလျှော့ခိုင်းဖို့မဖြစ်နိုင်ပါဘူး ။ ဖုန်းသုံးတာ ၊ ဂိမ်းဆော့တာရပ်သင့်သောအချိန်တွင် သတိပေးခြင်း ။ အီလတ်ထရောနစ်ပစ္စည်းများအသုံးမပြုပဲနေခြင်းဟာ မဖြစ်နိုင်သော်လည်း သင့်ရဲ့ကလေ အချိန်ဘယ်လောက်သုံးနေတယ်ဆိုတာကို […]


ကလေးအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

ကလေးတွေမှာ ဖြစ်တတ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်တွေအကြောင်း ဘာတွေသိထားရမလဲ

Respiratory syncytial virus ဆိုတာ အဆုတ်နဲ့ အသက်ရှူစနစ်မှာ ပိုးဝင်စေတဲ့ ဗိုင်းရပ်စ်တစ်မျိုးပါ။ ဒါဟာ အသက်အရွယ်မရွေးဖြစ်တတ်ပေမယ့် ကလေးတွေမှာဆိုရင်တော့ ရောဂါ လက္ခဏာတွေက ပိုပြီး ပြင်းထန်ပါတယ်။ လက္ခဏာများ ဒီဗိုင်းရပ်စ်ပိုးဝင်ရင် ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့ အသက်အရွယ်အလိုက်ပြောင်းလဲတတ်ပါတယ်။ ပိုးဝင်ပြီး ၄ရက်မှ ၆ရက်အတွင်း ဖြစ်ပေါ်လာတတ်ပါတယ်။ အသက်နည်းနည်းရလာပြီဖြစ်တဲ့ ကလေးတွေနဲ့ အရွယ်ရောက်ပြီးသူတွေမှာတော့ လက္ခဏာတွေက ပျော့ပြီး ပုံမှန်အဖြစ်များတဲ့ အအေးမိခြင်းရဲ့ လက္ခဏာတွေနဲ့ အတူတူပါပဲ။ ဒီအပျော့စားလက္ခဏာတွေမှာတော့ - ချောင်းခြောက်ဆိုးခြင်း - နှာစေးခြင်း - သိပ်မပြင်းသောအဖျားရှိခြင်း (ကိုယ်အပူချိန် သိပ်မမြင့်တဲ့ အဖျား) - ခေါင်းကိုက်ခြင်း - လည်ချောင်းနာခြင်း - နှာချေခြင်း စတာတွေပါဝင်ပါတယ်။ ဒီလက္ခဏာတွေဟာ တစ်ခါတည်း အားလုံးစုဖြစ်လာတာမဟုတ်ပါဘူး။ ဒီဗိုင်းရပ်စ်ဟာ ကလေးတွေကို ကူးစက်မယ်ဆိုရင်တော့ နမိုးနီးယား အဆုတ်ရောင်ရောဂါလို ပြင်းထန်တဲ့အခြေအနေတွေဖြစ်စေပါတယ်။ လက္ခဏာတွေကတော့ - ပြာခြင်း (အောက်ဆီဂျင်မဝခြင်းကြောင့် ဖြစ်ရတာပါ။ ) - အသက်ကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဆုပေးခြင်းစနစ် ၊ အမှန်နှင့်အမှား

ကလေးများကို အပြုသဘောဆောင်သော တွန်းအား ဖြစ်စေရန် ဆုပေးရန် လိုအပ်သည်။ သို့သော်လည်း လူအများ သည် ကလေးကို မှန်ကန်သော နည်းလမ်းဖြင့် ဆုပေးရန် မသိရှိပါ။ မှားယွင်းသော ဆုပေးခြင်းဆိုတာဘာလဲ။ မှားယွင်းသော ဆုပေးခြင်းဆိုသည်မှာ အပျက်သဘော ဆောင်သော တွန်းအားပေးမှုတစ်ခု ဖြစ်သည်။ ဥပမာ- သင့် ကလေးသည် သူ့အခန်းကို သန့်ရှင်းရေး မလုပ်ပါက သင်သည် သန့်ရှင်းရေးလုပ်ရန် ပြောမည့်အစား အခန်းသန့်ရှင်းရေး လုပ်ပြီးပါက ဆုအဖြစ် အရုပ်အသစ် တစ်ရုပ်ပေးမည်ဟု ပြောနိုင်သည်။ ကလေး၏ အပျက် သဘောဆောင်သော ရလဒ် သို့မဟုတ် မနှစ်သက်သော ခံစားမှုကို ဖယ်ရှားခြင်းဖြင့် သူတို့၏ တုံ့ပြန်မှု သို့မဟုတ် အပြု အမှုကို သန်မာစေသည်။ သင့်ကလေးသည် သူတို့ဆောင် ရွက်သောအခါ သင့်ဆီမှ စိတ်ဝင်စားမှု သို့မဟုတ် သူတို့လို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း