home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

အလုပ်များတဲ့မေမေတွေရဲ့ ကလေးအာဟာရအတွက် ရွေးချယ်မှု

အလုပ်များတဲ့မေမေတွေရဲ့ ကလေးအာဟာရအတွက် ရွေးချယ်မှု

ကလေးကို ထမင်းစကျွေးနေပြီဆိုရင် လိုအပ်တဲ့အာဟာရဓါတ်တွေအကုန်ပါဝင်စေဖို့ အမြဲအာရုံစိုက်နေရတာ မိခင်တွေပါ။ ကြီးထွားဖွံ့ဖြိုးကာစအရွယ်မှာ အာဟာရဓါတ်အလုံအလောက်မရရင် မဖြစ်လို့ လိုအပ်ချက်မရှိအောင် ကလေးရဲ့အစားအသောက်ကနေ ဖြည့်ဆည်းရပါတယ်။

အချိန်ရတဲ့ မေမေတွေက ကလေးအတွက် အာဟာရပြည့်မယ့် ဟိုမုန့်လေးကိုယ်တိုင်လုပ်ကျွေးလိုက်၊ ဒီစားစရာလေးလုပ်ပေးလိုက်နဲ့ အသေးစိတ်လုပ်ပေးနိုင်ပေမယ့် အလုပ်များတဲ့ မိခင်တွေအတွက်တော့ ကလေးကိုအပြင်က ကောင်းနိုးရာရာလေးတွေဝယ်ကျွေးတာများပါလိမ့်မယ်။ ဘယ်လောက်နာမည်ကြီးတဲ့ အစားအစာဖြစ်ပါစေ၊ ဒီအရွယ် ကလေးအတွက် အာဟာရထက် အဆီတွေ၊ ကိုလက်စထရောတွေ၊ အချိုများတာတွေလိုမျိုး ဆိုးကျိုးပေးမယ့်အရာတွေ ပါဝင်မှုများနေနိုင်ပါတယ်။ ဒါဆို ဘာလုပ်ရမလဲ။ ကိုယ်လည်းအချိန်မပေးနိုင်၊ ကလေးအာဟာရနဲ့ ပတ်သက်ပြီးလည်း သိပ်မသိတဲ့အနေအထားမှာ စိတ်ပူလာတဲ့ မိဘတွေရဲ့ခံစားချက်က ဆိုးပါတယ်။

ဒါပေမယ့် ရိုးရိုးကလေးနို့မှုန့်မဟုတ်ဘဲ ကလေးကြီးထွားဖွံ့ဖြိုးမှုအထောက်အကူပြုမယ့်နို့မှုန့်တွေ ရှိတာကြောင့် ပူစရာမလိုတော့ပါဘူး။ ဒီလိုနို့မှုန့်တွေက အစားစစားကာစအရွယ် ကလေးတွေမှာလိုအပ်မယ့် အာဟာရဓါတ်တွေကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓါတ်တွေအပြင် အစာခြေစနစ်ကိုကောင်းမွန်စေတဲ့ LcFOSဦးနှောက်နဲ့အမြင်အာရုံကို အထောက်အကူပေးတဲ့ DHA တို့ပါဝင်လို့ ကျန်းမာဖွံ့ဖြိုးမှုအတွက် စိတ်အေးရပါလိမ့်မယ်။

ကြီးထွားဖွံ့ဖြိုးမှုအတွက် အာဟာရနို့မှုန့်(Growing-up milk) ဆိုတာ ဘာလဲ

Growing-up milk ဆိုတာ ကလေးရဲ့အသက်အရွယ်အပိုင်းအခြားအလိုက် ရသင့်တဲ့ အာဟာရဓါတ်တွေကို အရည်သွေးမှန်မှန်၊ ပမာဏမှန်မှန်ထောက်ပံ့ပေးနိုင်တဲ့ နို့မှုန့်ဖြစ်ပါတယ်။ ဘာတွေပါလဲဆိုတော့ –

  • ကလေးအတွက် လိုအပ်သမျှ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ( ဗီတာမင် C၊ သံဓါတ်၊ ဇင့်၊ စသည်)ဖြည့်ဆည်းပါဝင်ပါတယ်။
  • ကိုယ်ခံအားစနစ်ကို အထောက်အကူပြုမယ့်prebiotics (အကျိုးပြုအူတွင်းဘက်တီးရီးယားလေးတွေအတွက် အားဖြည့်ပေးတဲ့အမျှင်ဓါတ်တစ်မျိုးဖြစ်ပါတယ်)တွေ ပါဝင်တယ်။Prebiotic အမျှင်ဓါတ်ေတွကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။
  • ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အကျိုးပြုအဆီဓါတ်တွေ ပါဝင်တယ် (ဥပမာ omega-3 fatty acid တစ်မျိုးဖြစ်တဲ့ DHA) ပါဝင်ပါတယ်။

ကလေးရဲ့အာဟာရမှာ ဘာကြောင့်အရေးပါတာလဲ

Growing Up Milkတွေက ကျန်းမာရေးအတွက်သင့်တော်တဲ့အတိုင်းအတာပမာဏနဲ့ အာဟာရဓါတ်တွေပါဝင်လို့ ကလေးရဲ့စားသောက်ပုံမှာ လိုအပ်နေတဲ့ဟာကွက်တွေကိုဖြည့်ဆည်းပေးနိုင်ပါတယ်။ တချို့အာဟာရဓါတ်တွေဟာလည်း အစားအစာကနေရရှိနိုင်တဲ့ ပမာဏနည်းတတ်တာကြောင့် Growing Up Milkတွေကပဲ ကူညီဖြည့်ဆည်းပေးနိုင်ပါတယ်။ ကလေးတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်ဖို့အတွက် နွားနို့မှာ မပါတဲ့အာဟာရဓါတ်တွေပါထည့်သွင်းပြီး စီမံထုတ်လုပ်ထားတာပါ။ နွားနို့မှာ ပရိုတင်းပါဝင်မှုများပြီး တခြားဗီတာမင်နဲ့ သတ္တုဓါတ်တွေကျ နည်းနေတတ်ပါတယ်။ Growing Up Milkတွေက ပရိုတင်းနဲ့ဆိုဒီယမ်ကိုလျှော့ပြီး ကလေးအတွက် ညီညွတ်မျှတဲ့အာဟာရဓါတ်ပမာဏတွေ ချိန်ညှိထုတ်လုပ်ထားတာဖြစ်ပါတယ်။

ကိုယ်ခံအားအပေါ် သက်ရောက်မှု

အာဟာရလိုအပ်ချက်တွေဖြည့်ပေးတယ်ဆိုတာတင်မကဘဲ တခြားကောင်းကျိုးတစ်ခုကတော့ ကလေးရဲ့ကိုယ်ခံအားစနစ်ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေတာပါပဲ။ ကလေးတွေမှာ အာဟာရဓါတ်ကိုစုပ်ယူနိုင်ဖို့နဲ့ ရောဂါပိုးတွေကိုခုခံနိုင်ဖို့ အစာခြေစနစ်နဲ့ အကျိုးပြုဘက်တီးရီးယားတွေရဲ့လုပ်ဆောင်ချက်က သိပ်အရေးပါပါတယ်။ အူလမ်းကြောင်းက အကျိုးပြုဘက်တီးရီးယားလေးတွေအတွက်က prebiotics ဆိုတဲ့ အစာတွေက မဖြစ်မနေလိုအပ်ပါတယ်။ Growing Up Milk ထဲမှာ အဲဒီ Prebioticsတွေ ပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကိုအထောက်အပံ့ပေးပါတယ်။ လေ့လာမှုတွေအရ Prebiotics အမျှင်ဓါတ်တွေနဲ့ အကျိုးပြုအဆီဓါတ်တွေပါဝင်တဲ့Growing Up Milkသောက်သုံးတဲ့ကလေးတွေကရောဂါဖြစ်ပွားမှု၊ရောဂါပိုးကူးစက်ခံရမှုအဖြစ်နည်းပြီး ကျန်းမာတာကိုတွေ့ရပါတယ်။

ဒါ့ကြောင့် အလုပ်များတဲ့မေမေတွေ ကလေးအာဟာရအတွက်ခေါင်းခဲမနေပါနဲ့။ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ထက်မြက်မှုတို့အတွက် စိတ်ချရပြီးရောဂါကင်းဝေးကျန်းမာစေဖို့ ကလေးရဲ့အာဟာရလိုအပ်ချက်တွေကို Growing Up Milkတွေနဲ့ဖြည့်ဆည်းလိုက်ပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။