အခြားခံတွင်းရောဂါ ပြဿနာများ

အခြားခံတွင်းရောဂါ ပြဿနာများ သည် အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားခံတွင်းရောဂါ ပြဿနာများ

ဗီတာမင် B12 ချို့တဲ့ ခြင်းနှင့် ကျီးကန်းပါးစပ်

ခုလိုကာလမျိုးမှာ ရာသီဥတုကြောင့်ရော စားသောက်နေထိုင်မှုပုံစံကြောင့်ပါ ကျီးကန်းပါးစပ် (Angular Cheilitis) လို ဝေဒနာမျိုးကို ကြုံရတတ်ပါတယ်။ ဒီဝေဒနာဟာ ဗီတာမင် B12 ချို့တဲ့ မှုရဲ့ အရေးပါတဲ့ လက္ခဏာတစ်မျိုးဆိုတာကိုတော့ လူသိနည်းပါတယ်။ ကျီးကန်းပါးစပ် ဆိုတာက နှုတ်ခမ်းထောင့်တွေ နီရဲအက်ကွဲကာ ပါးစပ် ဟမရ ပြုမရဖြစ်တဲ့ ဝေဒနာတစ်မျိုးပါ။ စားရသောက်ရ စကားပြောဆိုရတာမှာ အတော်လေး ကသိကအောက်နိုင်တဲ့ ရောဂါဆိုပါတော့။ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်သော်ငြား အတော်လေးစိတ်အနှောင့်အယှက်ပေးတဲ့ ပြဿနာမျိုးလို့တော့ ဆိုရပါလိမ့်မယ်။ ပုံမှန်အားဖြင့် ဗီတာမင် B မှာ အုပ်စုဝင်အမျိုးအစား ၈ မျိုးရှိပါတယ်။ ကျီးကန်းပါးစပ် လို နှုတ်ခမ်းမှာဖြစ်တဲ့ ပြဿနာတွေဟာ ဗီတာမင် B အုပ်စုထဲက ဗီတာမင် B12 ချို့တဲ့မှုကြောင့်ဖြစ်ရတာပါ။ ဗီတာမင် B ချို့တဲ့ တဲ့အခါမှာ ရောဂါလက္ခဏာအမျိုးမျိုးပြသလေ့ရှိပြီး […]

အခြားခံတွင်းရောဂါ ပြဿနာများ ကို ရှာဖွေမည်။

အခြားခံတွင်းရောဂါ ပြဿနာများ

သွားဖုံးသွေးယိုစီးခြင်းမှ ကင်းဝေးစေဖို့ နည်းလမ်းကောင်း (၈) ချက်

ကျွန်တော်တို့ သွားတိုက်နေရင်းနဲ့ ဖြစ်စေ၊ သွားပွတ်ကြိုး အသုံးပြုနေတဲ့အချိန်မှာဖြစ်စေ သွားဖုံးကနေ သွေးတွေထွက်နေတာ ဖြစ်ဖူးမယ်ထင်ပါတယ်။ ဘာမှ မဖြစ်လောက်ပါဘူးလေ ဆိုတဲ့အထင်နဲ့ အမှုမဲ့ အမှတ်မဲ့ နေလိုက်ပေမဲ့ ဒီ သွားဖုံးသွေးယိုစီးတဲ့ ပြဿနာဟာ တခြားသော ကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာ သတိထားသင့်ပါတယ်။ သွားတိုက်ရင်းနဲ့ သွားပွတ်တံနဲ့ သွားဖုံးခြစ်မိသွားတာ၊ ကိုယ့်ရဲ့ မေးရိုးနဲ့ ပါးစပ်တစ်ဝိုက်ကို ထိခိုက်မိတာ၊ ကိုယ်ဝန်ဆောင်နေစဉ်၊ သွားချေးကျောက်ေတွကို မသေမသပ်ခြစ်ထုတ်ထားတာ၊ သွားဖုံးနီရဲနေတာတွေကြောင့် သွားဖုံးသွေးယိုစီးခြင်း ဖြစ်နိုင်ပါတယ်။ သွားဖုံးက နီရဲနေပြီဆိုရင် တဖြည်းဖြည်းနဲ့ ရောင်လာမယ်၊ ထိလိုက်တဲ့အချိန်မှာ ပျော့အိအိလေး ဖြစ်နေတော့ ပွန်းပဲ့ဖို့ ပိုမိုလွယ်ကူပါတယ်။ ကြာလာတာနဲ့အမျှ သွားဖုံးရောင်တာ၊ ခံတွင်းရေစီးကမ်းပြိုလိုက်တာတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ သွားဖုံးကနေ သွေးယိုစီးတာတွေ မဖြစ်စေဖို့ ကာကွယ်နိုင်မယ့် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းကောင်း (၈) […]


အခြားခံတွင်းရောဂါ ပြဿနာများ

ပါးစပ်ထဲပေါက်တဲ့ အနာအဖြူလေးများ

ပါးစပ်ထဲမှာ အဖြူရောင်ရှိတဲ့အနာလေးတွေ ပေါက်ဖူးပါသလား။ သိပ်အရမ်းကြီးမဆိုးပေမယ့် အစားစားရတာ၊ ရေသောက်ရတာ၊ လည်ချောင်းမျိုရတာကအစနာကျင်နေတတ်တယ်။ စပ်လည်းစပ်တယ်လေ။ အဲဒီအနာလေးတွေကို Aphthous ulcer လို့ ခေါ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ပါးစပ်ထဲပေါက်တဲ့ အနာအဖြူလေးများ အကြောင်းနဲ့ ဘယ်လိုကာကွယ်ကုသရမလဲဆိုတာလေးတွေကို ပြောပြပေးသွားမှာပါ။ ပါးစပ်ထဲပေါက်တဲ့ အနာအဖြူလေးများ Aphthous ulcer ကို တချို့ကတော့ Stress ulcer လို့လည်းခေါ်တတ်ကြပါတယ်။ အများအားဖြင့် အဲဒီအနာလေးတွေက စိတ်ဖိစီးမှုများတဲ့အချိန်တွေမှာ ပိုပြီးသိသိသာသာလေးကိုဖြစ်နေတတ်လို့ Stress ulcer လို့လည်းခေါ်တတ်ပါတယ်။ အဲဒီအနာလေးတွေကို ဖြစ်လေ့ဖြစ်ထရှိဖူးတဲ့သူမှသာ ဘယ်လောက်တောင်နာရလဲ၊ ကသိကအောက်ဖြစ်ရလဲဆိုတာကို ခံစားတတ်မှာပါ။ ဘယ်သူတွေမှာဖြစ်တတ်လဲ။ ဘယ်နေရာတွေမှာဖြစ်တတ်လဲ။ ဒီအနာတွေ ဖြစ်တတ်တဲ့သူမှာဆိုရင် ခဏခဏကိုဖြစ်ပါတယ်။ ပါးစပ်ကလွဲပြီး တခြားနေရာတွေမှာ မဖြစ်ပါဘူး။ ပါးစပ်ထဲမှာတော့ နေရာစုံအောင်ကိုဖြစ်ပါတယ်။ နှုတ်ခမ်းအတွင်းပိုင်းတွေ၊ ပါးစောင်တွေ၊ အာခေါင်တွေ၊ လျှာအောက်တွေ အားလုံးမှာဖြစ်နိုင်ပါတယ်။ အများဆုံးအဖြစ်များတာကတော့ ပါးစောင်နဲ့ နှုတ်ခမ်းအတွင်းပိုင်းတွေမှာပါ။ ၇ရက်ကနေ […]


အခြားခံတွင်းရောဂါ ပြဿနာများ

အမူအကျင့်မှားတွေကြောင့် ဖြစ်လာတတ်တဲ့ ခံတွင်းရောဂါ (၅) မျိုး

ခံတွင်းနဲ့ပတ်သက်ရင် သွားမှန်မှန်တိုက်ပါ ဆိုတဲ့စကားကို ငယ်ငယ်တည်းက ကြားဖူးနေကျဖြစ်မှာပါ။ သွားတိုက်ဖို့ စသင်ပေးကတည်းက မိဘတွေပြောလေ့ရှိတဲ့အမှာစကားပါ။ ဒါပေမယ့် သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် မလုပ်သင့်တဲ့ အမူအကျင့်မှားတွေလုပ်မိနေရင်ရော သိပါ့မလား။ မသိလိုက်ဘဲ လူအတော်များများလုပ်မိနေတဲ့အမှားတချို့ကို အရင်ပြောပြလိုက်မယ်နော်။ ရေခဲတုံးဝါးစားတာ - အအေးသောက်တိုင်း ရေခဲတုံးကိုဝါးစားတတ်တဲ့သူတွေရှိတယ်၊ ရေခဲချောင်း၊ ရေခဲခြစ် အသေကြိုက်တဲ့သူတွေရှိတယ်။ ရေခဲရဲ့ ကြွတ်ဆတ်၊အေးစက်မှုက သွားကိုကျိုးပဲ့လွယ်စေပါတယ်။ သွားကြွေလွှာမျက်နှာပြင်မှာ တော်ရုံမမြင်ရအောင်သေးငယ်လွန်းတဲ့အက်ရာလေးတွေဖြစ်စေတာပေါ့။ အဲဒီကနေ ကြာလာတာနဲ့အမျှ သွားပြဿနာဖြစ်လာစေတာပါ။ သွားကို ကိရိယာတစ်ခုလိုသုံးပစ်တာ- ဟယ် ကြည့်စမ်း သူကသွားသိပ်ကောင်းတာပဲ၊ ပုလင်းအဖုံးတောင် ကိုက်ဖွင့်တာ။ ဒီလိုချီးကျူးစကားတွေရဖို့ သွားရဲ့သက်တမ်းနဲ့ လဲလိုက်ရသလိုပါပဲ။ လူ့ခန္ဓာကိုယ်မှာ အစားအစာဝါးစားဖို့ သဘာဝကဖန်တီးပေးထားတဲ့ သွားဟာ ကတ်ကြေးမဟုတ်သလို၊ ဓါးလည်းမဟုတ်၊ ပလာယာ လည်းမဟုတ်ပါဘူး။ ဟိုကိုက်ဖွင့်၊ ဒီကိုက်ဖွင့်နဲ့ သုံးလွန်းတဲ့အခါ သွားကိုအထိနာစေတယ်၊ ပဲ့လာမယ်၊ နဲ့လာစေမယ်။ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အစားအစာ (၈) မျိုး

တစ်သက်တာလုံး ကျန်းမာတဲ့ သွားနဲ့ခံတွင်းကို ပိုင်ဆိုင်ချင်ပါသလား။ ဒီစိတ်ကူးလေးပြည့်ဝအောင်မြင်စေဖို့က အရမ်းကြီးတော့ မခက်ခဲပါဘူး။ သွားကိုထိခိုက်စေနိုင်တဲ့ အစားအစာတွေကိုရှောင်ရှားဖို့ပါ။ အခုတစ်ခေါက်တော့ သွားကောင်းကောင်းနဲ့အစားကောင်းကောင်းစားနိုင်စေဖို့ အတွက် ခံတွင်းကျန်းမာရေးေကာင်းစေဖို့ရှောင်ရှားရမယ့် အစားအသောက်လေးတွေအကြောင်းပြောပြပေးပါရစေ။ ဒီအစားအစာတွေက သွားနဲ့ခံတွင်းကိုထိခိုက်စေနိုင်ပါတယ် နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ သွားတွေကိုထိခိုက်စေတဲ့ အစားအစာတွေများပါနေပြီလားသိချင်ရင် အခုပြောမယ့်အချက်လေးတွေနဲ့ ဆန်းစစ်ကြည့်လိုက်ပါနော်။ (၁) အချဉ်ဓါတ်ပါတဲ့ ချိုချဉ်တွေ အချဉ်ဓါတ်ပါတဲ့ ချိုချဉ်တွေက သွားနဲ့ခံတွင်းကို ထိခိုက်စေနိုင်တယ်ဆိုတာပြောနေစရာတောင်မလိုအောင်ပါ။ ဒီသကြားလုံးတွေမှာပါတဲ့ အက်ဆစ်ကသွားကြွေလွှာတွေကို ပျက်စီးစေနိုင်သလို သွားပိုးစားနိုင်ခြေကိုလည်း ပိုများစေနိုင်ပါတယ်။ (၂) ပေါင်မုန့် ပေါင်မုန့်မှာပါတဲ့ ကစီဓါတ်နဲ့သကြားဓါတ်တွေက သွားမှာကပ်ကျန်နေပြီး ပေါင်မုန့်စလေးတွေကသွားကြားထဲမှာ ကျန်နေတာမျိုးဖြစ်စေနိုင်တာကြောင့် သွားပိုးစားတာနဲ့ သွားတွေထိခိုက်ပျက်စီးတာမျိုးကိုဖြစ်စေနိုင်ပါတယ်။ပေါင်မုန့်က အချိုဓါတ်သိပ်မပါရင်တောင်မှ ကစီဓါတ်ပါဝင်နေတာကြောင့် သွားတွေကို ထိခိုက်ပျက်စီးစေနိုင် ပါတယ်။ (၃) အယ်လ်ကိုဟော အယ်လ်ကိုဟောက ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုတာကိုတော့ သိထားပြီးဖြစ်မှာပါ။ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေက ခံတွင်းခြောက်စေပြီး သွားနဲ့ခံတွင်းကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ခံတွင်းထဲမှာ တံထွေးနည်းလာတာကြောင့် သွားတွေထဲမှာ စားကြွင်းစားကျန်တွေ ကပ်ကျန်နေနိုင်သလို သွားတွေပျက်စီးတာ၊သွားဖုံးရောဂါနဲ့ အခြားခံတွင်းရောဂါတွေကို […]


အခြားခံတွင်းရောဂါ ပြဿနာများ

သင့်မှာ ခံတွင်းနံ့ဆိုးရှိနေပြီဆိုတာ သိနိုင်တဲ့အချက် (၇)ချက်

ခံတွင်းအနံ့ဆိုး ထွက်ခြင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ထိခိုက်စေသလို အများအမြင်မှာလည်း အထင်သေးစရာ ဖြစ်နိုင်ပါတယ်။ များသောအားဖြင့်ကတော့ တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းတာ၊ သွားတိုက်နည်း စနစ် မမှန်တာ၊ သောက်နေတဲ့ ဆေးဝါးတွေ၊ ကိုယ်ပုံမှန်စားနေတဲ့ အစားအစာတွေကြောင့် ခံတွင်းအနံ့ဆိုး ဖြစ်နိုင်ပါတယ်။ ခံတွင်းအနံ့ဆိုးတာရဲ့ နောက်ကွယ်မှာ ခံတွင်းနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေ၊ သွား အပေါ်ယံကြွေလွှာ ပျက်စီးတာ၊ သွားချေးတက်တာ (သွားကျောက်တည်တာ)၊ သွား အရောင်မှိန်လာတာ၊ သွားပိုးပေါက်ဖြစ်တာ၊ သွားပိုးစားတာတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ချစ်ရတဲ့သူ၊ ခင်မင်သူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ၊ စကားပြောဆိုတဲ့အခါ ကိုယ့်ကိုယ်ကို ရှက်ရွံ့နေပြီး စိတ်မလုံသလို၊ အားငယ်စိတ်တွေ ဖြစ်လာနိုင်ပါတယ်။ တချို့လူတွေမှာတော့ ကိုယ် ခံတွင်းအနံ့ဆိုးတာကို သိနေပေမယ့် ကိုယ့်ကိုယ်ကို ခံတွင်းနံ့ဆိုး ရှိနေမှန်း မသိတဲ့ သူတွေလည်း အများကြီးပါပဲ။ ကိုယ့်မှာ […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားချေးတွေ တာ့တာ

သွားမှာကပ်ငြိနေတဲ့ သွားချေးတွေက ကျန်းမာရေးအတွက်ရော ခံတွင်းအနံ့အသက်အတွက်ပါတော်တော်လေးဆိုးရွားတဲ့ ရန်သူတွေပေါ့။ စဖြစ်စမှာ မမြင်နိုင်ပေမယ့် တဖြည်းဖြည်းချင်းများလာတဲ့အခါ သွားမှာ စုပုံစေးကပ်လာသလိုခံစားရနိုင်ပါတယ်။ သွားချေးတွေရှိနေခြင်းက သွားကိုထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေနဲ့ ထိတွေ့စေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး သွားချေးတွေကြောင့် သွားတွေဝါတာ၊ အပေါ်ယံကြွေလွှာတွေ ဘက်တီးရီးယားတွေကြောင့် ထိခိုက်ပျက်စီးတာ၊ သွားပိုးစားတာ နဲ့ ခံတွင်းအနံ့ဆိုးတာတွေဖြစ်စေနိုင်ပါတယ်။ တော်တော်များများ သတိမထားမိတဲ့နောက်တစ်ချက်က သွားတွေက ခန္ဓါကိုယ်တစ်ခုလုံးကျန်းမာစေဖို့တော်တော်လေးအရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေတယ်ဆိုတာပါ။ သွားနဲ့ခံတွင်းကျန်းမာဖို့အတွက် တစ်ခါတလေမှာ တစ်နေ့ကို သွားနှစ်ကြိမ်တိုက်ရုံ သွားပွတ်ကြိုးသုံးပြီး သွားကြိုသွားကြားတွေထဲက စားကြွင်းစားကျန်တွေကို ဖယ်ရှားရုံနဲ့ မလုံလောက်တာမျိုးတွေရှိနိုင်ပါတယ်။ ဒီလိုအချိန်မှာတော့ သွားပေါ်က သွားချေးတွေကို ဖယ်ရှားဖို့အတွက် အစားအသောက်တွေကို အားကိုးဖို့လိုလာပါမယ်။ ကဲဒီတစ်ခေါက်တော့ပြုံးတိုင်းလှပနေစေဖို့အတွက်ဖြူဖွေးသန့်စင်တဲ့ သွားလေးတွေပိုင်ဆိုင်နိုင်စေဖို့ ဘာတွေစားရမလဲပြောပြပေးမယ်နော်။ သွားချေးတွေကို တာ့တာပြနိုင်ဖို့အတွက် သွားလေးတွေဖြူဖွေးသန့်စင်လှပနေစေဖို့အတွက် ဒါလေးတွေစားပေးသင့်ပါတယ်။ နို့ထွက်ပစ္စည်းတွေ နို့ထွက်ပစ္စည်းတွက တံထွေးထွက်အောင်လုပ်ဆောင်ပေးပြီး သွားတွေမျာ သွားချေးမတက်အောင်ကာကွယ်ပေးပါတယ်။ ခံတွင်းထဲမှာရှိတဲ့ တံထွေးတွေက သွားတွေမှာ သွားချေးတွေမကပ်အောင်ကာကွယ်ပေးတဲ့ သဘာဝပစ္စည်းတစ်မျိုးပေါ့။ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းနံ့ဆိုးလို့ လူကြားထဲ စကားမပြောရဲဘူး ဖြစ်နေလား ။ ။

လူကြားထဲ စကားပြောထဲအချိန်မှာ ကိုယ့်ခံတွင်းနံ့ဆိုးလို့ သူများ နှာခေါင်းရှုံ့သွားတဲ့ ဖြစ်ရပ်မျိုးကို သင်ကြုံတွေ့နေရပြီဆိုရင် သင့် ခံတွင်းကျန်းမာရေးကို ပြန်ဂရုစိုက်ဖို့လိုနေပါပြီ။ ခံတွင်းနံ့ဆိုးတာဟာ သင့်ရဲ့ ကိုယ်ပိုင်ယုံကြည်မှုကို ထိခိုက်စေနိုင်တဲ့အပြင် သင့်ကိုလူကြားထဲမှာ အရှက်ရစေတဲ့ ကိစ္စတစ်ခုပါ။ ဒီတော့ ကိုယ့်ရဲ့ခံတွင်းနံ့ဆိုးကို ဘယ်လိုပျောက်အောင် လုပ်မလဲ။ ။ သွားကို ပုံမှန်တိုက်ပါ - ခံတွင်းနံ့နံတာရဲ့ အဓိက အကြောင်းအရင်းက သွားကြိုသွားကြားထဲမှာ စားကြွင်းစားကျန်တွေ ကျန်ခဲ့တာကြောင့်နဲ့ သွားချေးတွေကြောင့်ပါ။ ဒီပြဿာနာကို အဖြေရှင်းနိုင်ဆုံးကတော့ သွားပုံမှန်တိုက်တာနဲ့ သွားပွတ်ကြိုး အသုံးပြုပေးတာဖြစ်ပါတယ်။ ခံတွင်းသန့်စင်ဆေးရည်ကို အသုံးပြုပြီး ပလုတ်ကျင်းပါ - ခံတွင်းသန့်စင်ဆေးရည်ကို နေ့စဉ် အသုံးပြုပေးပါ။ ခံတွင်းထဲမှာ ရှိတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ ဘက်တီးရီးယားတွေ ထပ်မပေါက်အောင် တားဆီးပေးနိုင်တဲ့ ခံတွင်းသန့်စင်ဆေးရည်တွေကို သုံးပေးဖို့တော့ အရေးကြီးပါတယ်။ ခက်တာက […]


အခြားခံတွင်းရောဂါ ပြဿနာများ

လျှာနာ နေလား ဒါလေးတွေစားပေးပါ

ခံတွင်းကျန်းမာရေးလို့ ပြောလိုက်ရင် တော်တော်များများပြေးမြင်တာက သွား နဲ့ သွားဖုံးပါ။ လူတော်တော်များများက လျှာလေးကို မေ့ထားတတ်ကြပါတယ်။ ခံတွင်းကျန်းမာရေးဆိုရင် လျှာလေးကို မေ့မထားဖို့ ပြောပါရစေ။ လျှာက ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပြီး အစားအစာတွေကို မျိုချတာ၊ အရသာခံတာ နဲ့ စကားပြောတာတွေ အဆင်ပြေပြေလုပ်ဆောင်နိုင်အောင်လုပ်ဆောင်ပေးပါတယ်။ မနက်ခင်းနဲ့ ညအိပ်ရာမဝင်ခင် ခံတွင်းသန့်ရှင်းရေးလုပ်တဲ့အခါ သွားနဲ့ သွားဖုံးပြီးရင် လျှာလေးကိုပါ ထည့်ပြီးသန့်ရှင်းပေးပါ။ လျှာလေးက နာနေလား၊ အရောင်ပြောင်းနေလားဆိုတာကို သေချာဆန်းစစ်ကြည့်ဖို့ ပြောပါရစေ။ ဒီတစ်ခေါက်တော့ လျှာနာ ရင် ဘာစားရမလဲဆိုတာကိုပြောပြပေးဖို့ပြောပါရစေ။ လျှာမှာ အနာတစ်ခုခုဖြစ်တာကြောင့် လျှာနာ နေပြီဆိုရင် လျှာကို ကိုက်မိထားတာကြောင့်ဖြစ်ဖြစ် ဒါမှမဟုတ် တစ်ခုခုထိခိုက်မိထားတာကြောင့် လျှာနာ နေပြီဆိုရင် ဒါလေးတွေကို စားကြည့်ပေးဖို့ပြောပါရစေ။ နို့နဲ့ နို့ထွက်ပစ္စည်းတွေ လျှာနာ တာကို သက်သာစေမယ့် စားစရာတစ်ခုပါ။ နို့နဲ့ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ကျန်းမာရေးနဲ့ သင့်ခံတွင်းရဲ့ဆက်နွှယ်မှု

ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပါဆိုတာက သွားနဲ့သွားဖုံးရောဂါအတွက်ပဲ အကျိုးရှိတာမဟုတ်ပါဘူး။ သွားနဲ့ခံတွင်းက တခြားရောဂါတွေနဲ့ အပြန်အလှန်ဆက်နွှယ်မှုရှိနေတာတော့ သိထားသင့်ပါတယ်။ သွားဖုံးရောဂါရှိသူတွေက မရှိသူတွေထက် နှလုံးရောဂါဖြစ်နိုင်တဲ့အန္တရာယ်ပိုများတယ်လို့ သုတေသနတွေ့ရှိချက်တွေရှိနေပါတယ်။ရောဂါဖြစ်စေတဲ့အဓိကအကြောင်းရင်း ဟုတ်မဟုတ်ကို သက်သေမပြနိုင်ပေမယ့် ဆက်နွှယ်မှုရှိနေတာကြောင့် ခံတွင်းကျန်းမာရေးကိုဂရုစိုက်တာက လွန်တယ်တော့မရှိပါဘူး။ သွားဖုံးရောဂါနဲ့ ဆီးချို ဆီးချိုရောဂါက ခန္ဓါကိုယ်ရဲ့ရောဂါခုခံနိုင်စွမ်းကို ကျဆင်းစေပါတယ်။ ဒါ့ကြောင့် သွေးတွင်းသကြားဓါတ်မြင့်တက်လာတဲ့အခါ သွားဖုံးရောဂါဖြစ်နိုင်ခြေပိုများပါတယ်။ ဒါ့အပြင် သွားဖုံးရောဂါကြောင့်သွေးတွင်းသကြားဓါတ်ကိုထိန်းဖို့ခက်စေနိုင်ပါတယ်။ ဒီလိုအပြန်အလှန်ဆက်နွှယ်မှုရှိတာကြောင့် သွားပုံမှန်တိုက်၊ သွားပွတ်ကြိုးသုံး၊ခံတွင်းသန့်ဆေးရည်နဲ့ပလုတ်ကျင်းပါ။ အာခေါင်ခြောက်၊ လျှာခြောက်တာက သွားပျက်စီးစေနိုင်တယ် တံတွေးက သွားနဲ့သွားဖုံးကို ဘက်တီးရီးယားရန်က ကာကွယ်ပေးပြီး သွားပိုးစားခြင်း၊သွားဖုံးရောင်ခြင်းတွေ ကင်းဝေးစေပါတယ်။ ဒါ့ကြောင့် တံတွေးသိပ်မထွက်တဲ့ အာခေါင်ခြောက်ခြင်းက သွားပျက်စီးခြင်းနဲ့ သွားဖုံးရောဂါတွေ ပိုဖြစ်လွယ်စေပါတယ်။ ဆေးဝါး ဆေးတချို့ရဲ့ဘေးထွက်ဆိုးကျိုးကြောင့် အာခေါင်ခြောက်လာတဲ့အခါ ၊ရေသောက်နည်းတဲ့အခါ ရောဂါပိုးတွေကို မဖယ်ရှားနိုင်ဘဲ သွားပျက်စီးမှုနဲ့ သွားဖုံးရောဂါတွေဖြစ်လာစေနိုင်ပါတယ်။ ဓါတ်မတည့်မှုသက်သာစေတဲ့ဆေးတွေ၊ အအေးမိနှာစေးပျောက်ဆေးတွေ၊ အကိုက်အခဲပျောက်ဆေး၊ စိတ်ကျရောဂါသောက်ဆေးတွေက အာခေါင်ခြောက်စေတဲ့ဆေးတွေစာရင်းမှာပါဝင်ပါတယ်။ စိတ်ဖိစီးမှုနဲ့ သွားကြိတ်ခြင်း စိတ်ဖိစီးနေတယ်၊ ပူပန်သောကရှိနေတယ်၊ စိတ်ကျနေတယ်ဆိုရင် […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းအနံ့ဆိုး ဘာကြောင့် ဖြစ်ရတာလဲ

ခံတွင်းကနေ အနံ့ဆိုးထွက်တဲ့ ပြဿနာဟာ ကိုယ့်အတွက်ကိုရော ဘေးပတ်ဝန်းကျင်က လူတွေကိုပါ စိတ်ကသိကအောက် ဖြစ်စေနိုင်လောက်တဲ့ ကိစ္စပါ။ အချိန်ကြာလာတာနဲ့အမျှ ခံတွင်းကျန်းမာရေးကိုလည်း ထိခိုက်စေတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း နည်းလာနိုင်ပါတယ်။ ဘာကြောင့် ခံတွင်းအနံ့ဆိုး ထွက်လာတာလဲ။ ဘယ်လိုဖြေရှင်းမလဲ။ တချို့သော အစားအစာတွေ၊ ကျန်းမာရေးပြဿနာနဲ့ နေထိုင်ပုံအမူအကျင့်တွေ၊ ခံတွင်းသန့်ရှင်းရေး သေချာမလုပ်တဲ့သူတွေမှာ ခံတွင်းအနံ့ဆိုး ထွက်လာနိုင်ပါတယ်။ ခံတွင်းသန့်စင်ဆေးရည်တွေ၊ ပူရှိန်းပါတဲ့ သကြားလုံးတွေဟာ ခံတွင်းအနံ့ဆိုးတွေကို ခေတ္တခဏ ပျောက်စေနိုင်ပေမဲ့ ရေရှည် ခံတွင်းကျန်းမာရေးအတွက်တော့ အဆင်မပြေပါဘူး။ ခံတွင်းအနံ့ဆိုး ထွက်လာရတဲ့ အကြောင်းရင်းနဲ့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းလို့ ရမလဲဆိုတာကိုပြောပြပေးမယ်နော်။ ၁။ အစားအစာ အစားအစာတွေ စားပြီးတဲ့အခါမှာ သွားကြားထဲ အကြွင်းအကျန်တွေ ကပ်ငြိနေနိုင်ပါတယ်။ ခံတွင်းသန့်ရှင်းမှု မရှိတဲ့ သူတွေဆိုရင် အချိန်ကြာလာရင် သွားကြားထဲ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားလာပြီး ခံတွင်းရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သွားပွတ်ကြိုးကို အသုံးပြုပြီး […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်