အခြားခံတွင်းရောဂါ ပြဿနာများ

အခြားခံတွင်းရောဂါ ပြဿနာများ သည် အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားခံတွင်းရောဂါ ပြဿနာများ

ဗီတာမင် B12 ချို့တဲ့ ခြင်းနှင့် ကျီးကန်းပါးစပ်

ခုလိုကာလမျိုးမှာ ရာသီဥတုကြောင့်ရော စားသောက်နေထိုင်မှုပုံစံကြောင့်ပါ ကျီးကန်းပါးစပ် (Angular Cheilitis) လို ဝေဒနာမျိုးကို ကြုံရတတ်ပါတယ်။ ဒီဝေဒနာဟာ ဗီတာမင် B12 ချို့တဲ့ မှုရဲ့ အရေးပါတဲ့ လက္ခဏာတစ်မျိုးဆိုတာကိုတော့ လူသိနည်းပါတယ်။ ကျီးကန်းပါးစပ် ဆိုတာက နှုတ်ခမ်းထောင့်တွေ နီရဲအက်ကွဲကာ ပါးစပ် ဟမရ ပြုမရဖြစ်တဲ့ ဝေဒနာတစ်မျိုးပါ။ စားရသောက်ရ စကားပြောဆိုရတာမှာ အတော်လေး ကသိကအောက်နိုင်တဲ့ ရောဂါဆိုပါတော့။ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်သော်ငြား အတော်လေးစိတ်အနှောင့်အယှက်ပေးတဲ့ ပြဿနာမျိုးလို့တော့ ဆိုရပါလိမ့်မယ်။ ပုံမှန်အားဖြင့် ဗီတာမင် B မှာ အုပ်စုဝင်အမျိုးအစား ၈ မျိုးရှိပါတယ်။ ကျီးကန်းပါးစပ် လို နှုတ်ခမ်းမှာဖြစ်တဲ့ ပြဿနာတွေဟာ ဗီတာမင် B အုပ်စုထဲက ဗီတာမင် B12 ချို့တဲ့မှုကြောင့်ဖြစ်ရတာပါ။ ဗီတာမင် B ချို့တဲ့ တဲ့အခါမှာ ရောဂါလက္ခဏာအမျိုးမျိုးပြသလေ့ရှိပြီး […]

အခြားခံတွင်းရောဂါ ပြဿနာများ ကို ရှာဖွေမည်။

အခြားခံတွင်းရောဂါ ပြဿနာများ

ပါးစပ် အပူလောင်သလို ခံစားရသော ပြဿနာစု

အဓိပ္ပါယ်ဖွင့်ဆိုချက်Burning Mouth Syndrome ကဘာလဲ။ Burning Mouth Syndrome ဆိုတာ လူနာအများစုက သူတို့ပါးစပ်တွေအပူလောင်နေသလိုခံစားနေရတယ်လို့ဖော်ပြလေ့ရှိပြီး ပါးစပ်တွင်း ပုံမှန်ခံစားမှုမရှိခြင်းလို့ သတ်မှတ်ကြတဲ့ အဖြစ်များတဲ့ အခြေအနေတစ်ခုပါ။ များသောအာဖြင့် ဒီလိုခံစားမှုဟာ ပါးစပ်ရဲ့အရှေ့ပိုင်းမှာဖြစ်လေ့ရှိပါတယ်။ ပြောရမယ်ဆိုရင်တော့ နှုတ်ခမ်းအတွင်းသားမျက်နှာပြင်တွေမှာ၊ အာခေါင်ပေါ်မှာ နဲ့ လျှာထိပ်နဲ့ဘေးတွေမှာ ခံစားရလေ့ရှိပါတယ်။ အချို့လူနာတွေက လျှာမှာပဲဖြစ်တတ်ပေမယ့် ဖော်ပြပါနေရာတွေအားလုံးမှာဖြစ်ကြတာမျိုးလည်း တွေ့ရတတ်ပါတယ်။ အချို့လူနာတွေကတော့ အရသာခံအာရုံဆုံးရှုံးသွားတတ်တာ သို့မဟုတ် အရသာပြောင်းပြီးရနေတာမျိုး (ခါးတာလို သို့မဟုတ် ဆားငန် တာလိုအရသာမျိုး) ဖြစ်တတ်ပါတယ်။ အခြားလူနာတွေကတော့ သူတို့ပါးစပ်ဟာ ခြောက်ကပ်နေတာ ဒါမှမဟုတ် ကပ်စေးစေးဖြစ်နေတယ်လို့ ခံစားရတတ်ပါတယ်။ ဒီလိုမျိုးတွေခံစားနေရပေမယ့်လည်း ပါးစပ်နံရံတွေကတော့ ပုံမှန်အတိုင်းလိုဖြစ်နေမှာပါ။ လက္ခဏာများBurning Mouth Syndrome ရဲ့လက္ခဏာတွေကဘာတွေလဲ ဒီရောဂါအဖြစ်များတဲ့လူတွေကတော့ သွေးဆုံးပြီးအမျိုးသမီးတွေပါ။ သင့်မှာလည်း လျှာ၊အာခေါင်၊နှုတ်ခမ်း၊ သွားဖုံးတွေ သို့မဟုတ် ပါးစောင်တွေမှာ ပူလောင်နေတဲ့ခံစားချက်မျိုးရနေတာလည်း […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားကျန်းမာရေး - ခံတွင်းနံ့ဆိုးခြင်း

ခံတွင်းနံ့ဆိုးခြင်းဆိုတာဘာလဲ။ ခံတွင်းနံ့ နံခြင်း ဆိုတာ ရှက်ဖွယ်ကောင်းပြီး စိတ်မချမ်းမြေ့ဖွယ်အခြေအနေတစ်ခုပါ။ သင်က ခံတွင်းနံ့ဆိုးနေတယ်ဆိုရင် သွားဆရာဝန်ကို သွားပြပါ။ ခံတွင်းနံ့ဆိုးခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး အကြောင်းရင်းကိုရှာဖွေနိုင်မှသာ အကောင်းဆုံးကုသနည်းကို ဆုံးဖြတ်နိုင်ပါတယ်။ ခံတွင်းနံ့ဆိုးခြင်းရဲ့ သင်္ကေတနဲ့ လက္ခဏာတွေကဘာတွေလဲ။ ခံတွင်းနံ့ဆိုးခြင်းဟာ ဖြစ်ရတဲ့အကြောင်းရင်းပေါ်မူတည်ပြီး အနံ့အမျိုးမျိုးကွဲပါတယ်။ အချို့လူတွေက သူတို့မှာ ခံတွင်းနံ့မရှိပေမယ့် သိပ်ပြီးစိုးရိမ်ပူပန်တတ်ကြပါတယ်။ အချို့လူတွေကတော့ ခံတွင်းနံ့ဆိုးနေပေမယ့် သူတို့ကိုယ်တိုင် မသိကြပါဘူး။ ကိုယ့်ခံတွင်းနံ့ဘယ်လိုရှိလဲဆိုတာ ကိုယ်ကိုယ်တိုင်အနံ့ခံလို့မရနိုင်ဘူးလေ။ ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက် သို့မဟုတ် ဆွေမျိုးတစ်ယောက်ကို သင့်ခံတွင်းနံ့အကြောင်းမေးမြန်းနိုင်ပါတယ်။ အထက်မှာဖော်ပြထားတာတွေအပြင် အခြားလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့သင့်မှာ လက္ခဏာတွေပြနေခဲ့ရင် ဆရာဝန် သို့မဟုတ် ဆေးပညာကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ ကုသမှု · ဘာလုပ်သင့်သလဲ။ ခံတွင်းနံ့ဆိုးတဲ့ပြဿနာအများစုကို အိမ်မှာပဲဖြေရှင်းလို့ရပါတယ်။ အချို့သော အိမ်မှာသုံးနိုင်တဲ့နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။ တစ်ရက်မှာ အနည်းဆုံး၂ကြိမ် သွားတိုက်ခြင်းနဲ့ လျှာကိုသန့်စင်ခြင်းအပြင် တစ်ရက်မှာအနည်းဆုံးတစ်ကြိမ် သွားပွတ်ကြိုးသုံး၍ သွားကြားထိုးခြင်းဖြင့် ခံတွင်းသန့်ရှင်းရေးပြုလုပ်နိုင်ပါတယ်။ ဆေးရွက်ကြီးပါဝင်ပစ္စည်းများကိုရှောင်ကြဉ်ပါ။ အနံ့ပြင်းတဲ့စားစရာ ဥပမာ ကြက်သွန်ဖြူ၊ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း