ခံတွင်းနဲ့ပတ်သက်ရင် သွားမှန်မှန်တိုက်ပါ ဆိုတဲ့စကားကို ငယ်ငယ်တည်းက ကြားဖူးနေကျဖြစ်မှာပါ။ သွားတိုက်ဖို့ စသင်ပေးကတည်းက မိဘတွေပြောလေ့ရှိတဲ့အမှာစကားပါ။ ဒါပေမယ့် သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် မလုပ်သင့်တဲ့ အမူအကျင့်မှားတွေလုပ်မိနေရင်ရော သိပါ့မလား။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
ခံတွင်းနဲ့ပတ်သက်ရင် သွားမှန်မှန်တိုက်ပါ ဆိုတဲ့စကားကို ငယ်ငယ်တည်းက ကြားဖူးနေကျဖြစ်မှာပါ။ သွားတိုက်ဖို့ စသင်ပေးကတည်းက မိဘတွေပြောလေ့ရှိတဲ့အမှာစကားပါ။ ဒါပေမယ့် သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် မလုပ်သင့်တဲ့ အမူအကျင့်မှားတွေလုပ်မိနေရင်ရော သိပါ့မလား။
မသိလိုက်ဘဲ လူအတော်များများလုပ်မိနေတဲ့အမှားတချို့ကို အရင်ပြောပြလိုက်မယ်နော်။
အမူအကျင့်မှားတွေ လုပ်မိနေတုန်းပဲဆိုရင် သွားပြဿနာ၊ သွားဖုံးပြဿနာ အစုံပလုံဖြစ်လာတော့မှာပါ။ သွားဆရာဝန်ပြရတဲ့ အချိန်တွေရောက်လာနိုင်တာ ဒီရောဂါတွေကြောင့် အဖြစ်များပါတယ်။
(၁) သွားပိုးစားခြင်း
သွားပိုးပေါက်ဖြစ်တာက ကာကွယ်လို့ရတဲ့ရောဂါပါ။ သွားနဲ့သွားဖုံးတွေက ကစီဓာတ်နဲ့ သကြားဓာတ် ထိတွေ့ရတာများလာတဲ့အခါ ကြွေလွှာပျက်စီးစေမယ့် အက်စစ်တွေဖြစ်လာစေပါတယ်။ သကြားလုံး၊ အချိုရည်၊ ကွတ်ကီးစတဲ့ ကာဗိုဟိုက်ဒရိတ်များတဲ့အစားအစာတွေက သွားမှာ အကြွင်းအကျန်ကပ်ငြိစေနိုင်ပါတယ်။ အဲဒီကနေ ဘက်တီးရီးယားနဲ့သွားချေးတွေဖြစ်လာပြီး စတင်ပျက်စီးပါတော့တယ်။
(၂) သွားကျဉ်ခြင်း
သွားတွေဟာ အပူချိန်ပြောင်းလဲမှုကိုလိုက်ပြီး ကျုံ့ပြန့်မှုရှိပါတယ်။ သွားကျဉ်တတ်သူတွေ ပူတာနဲ့အေးတာတွေ စားမိတဲ့အချိန် ပိုခံစားရပါတယ်။ ကြာလာတာနဲ့အမျှ သွားကြွေလွှာတွေပျက်စီးလာပြီး သွားဖုံးတွေကျဉ်းလာမယ်၊ သွားမှာ အက်ကြောင်းသေးသေးလေးတွေဖြစ်လာမယ်၊ သွားအတွင်းပိုင်းပေါ်လာပြီး အာရုံကြောထိခိုက်မယ်။လေအေးလေးရှူမိရင်ကို သွားကျဉ်တာမျိုးအထိ ဆိုးလာမယ်။
(၃) သွားဖုံးရောဂါ
သွားဖုံးရောဂါကရောင်ရမ်းတာ၊ သွားကျိုးပဲ့တာ၊ကျွတ်တာ၊ အရိုးထိခိုက်တာတွေဖြစ်စေနိုင်တယ်။ စစချင်းမှာတော့ သွားချေးတွေမှာ ဘက်တီးရီးယားအလွှာဖြစ်လာမယ်၊ ကနဦးအဆင့်မှာ သွားဖုံးရောင်ခြင်း (gingivitis)ဖြစ်လာပြီး သွားဖုံးသွေးထွက်လွယ်မယ်၊ ရဲနေမယ်၊ရောင်နေမယ်။ ပိုဆိုးလာရင်ရေစီးကမ်းပြို (periodontitis)ဖြစ်လာပြီး သွားတွေကျွတ်တာ ဒါမှမဟုတ် သွားဆရာဝန်ဆီမှာ နုတ်ပစ်ရတာမျိုးဖြစ်လာနိုင်ပါတယ်။ ဒီရောဂါက သွားမှန်မှန်တိုက်ခြင်း၊ သွားပွတ်ကြိုးသုံးခြင်းတို့နဲ့ ကာကွယ်လို့ရနိုင်ပါတယ်။ သူ့ရဲ့သိသာတဲ့လက္ခဏာတစ်ခုက ခံတွင်းနံ့ဆိုးခြင်းဖြစ်ပါတယ်။
နေ့စဉ်ပုံမှန်သွားတိုက်ခြင်းနဲ့ သွားပွတ်ကြိုးသုံးခြင်းတို့က ခံတွင်းထဲက အစားအစာအကြွင်းအကျန်တွေ၊ သွားချေးတွေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားရှင်းလင်းပစ်နိုင်ပါတယ်။ ကြက်သွန်ဖြူလို အနံ့ပြင်းတဲ့အစားအသောက်တွေကြောင့် ယာယီဖြစ်တဲ့ခံတွင်းနံ့ဆိုးခြင်းမျိုး မဟုတ်ဘဲ အမြဲလိုလိုဖြစ်နေတာဆိုရင် သွားဖုံးရောဂါ သို့မဟုတ် တခြားသွားနဲ့ခံတွင်းပြဿနာတစ်ခုခုရဲ့လက္ခဏာဖြစ်နေနိုင်ပါတယ်။
(၅) ပါးစပ်အနာ
ခံတွင်းထဲမှာ ပါးစောင်မှာ၊ နှုတ်ခမ်းအတွင်းသားမှာ ဖြစ်တတ်တဲ့ အနာလေးတွေ က ပုံမှန်အားဖြင့် တစ်ပတ်၊နှစ်ပတ်လောက်ကြာတတ်ပြီး ဘက်တီးရီးယားသေစေတဲ့ခံတွင်းသန့်ဆေးရည်တွေသုံးဖို့လိုအပ်နိုင်ပါတယ်။ အလွယ်ပြောကြသလို အပူဖုဆိုတာထက် ဒီအနာလေး၊ အဖုလေးတွေဖြစ်လာစေနိုင်တဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။