အခြားခံတွင်းရောဂါ ပြဿနာများ

အခြားခံတွင်းရောဂါ ပြဿနာများ သည် အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားခံတွင်းရောဂါ ပြဿနာများ

ဗီတာမင် B12 ချို့တဲ့ ခြင်းနှင့် ကျီးကန်းပါးစပ်

ခုလိုကာလမျိုးမှာ ရာသီဥတုကြောင့်ရော စားသောက်နေထိုင်မှုပုံစံကြောင့်ပါ ကျီးကန်းပါးစပ် (Angular Cheilitis) လို ဝေဒနာမျိုးကို ကြုံရတတ်ပါတယ်။ ဒီဝေဒနာဟာ ဗီတာမင် B12 ချို့တဲ့ မှုရဲ့ အရေးပါတဲ့ လက္ခဏာတစ်မျိုးဆိုတာကိုတော့ လူသိနည်းပါတယ်။ ကျီးကန်းပါးစပ် ဆိုတာက နှုတ်ခမ်းထောင့်တွေ နီရဲအက်ကွဲကာ ပါးစပ် ဟမရ ပြုမရဖြစ်တဲ့ ဝေဒနာတစ်မျိုးပါ။ စားရသောက်ရ စကားပြောဆိုရတာမှာ အတော်လေး ကသိကအောက်နိုင်တဲ့ ရောဂါဆိုပါတော့။ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်သော်ငြား အတော်လေးစိတ်အနှောင့်အယှက်ပေးတဲ့ ပြဿနာမျိုးလို့တော့ ဆိုရပါလိမ့်မယ်။ ပုံမှန်အားဖြင့် ဗီတာမင် B မှာ အုပ်စုဝင်အမျိုးအစား ၈ မျိုးရှိပါတယ်။ ကျီးကန်းပါးစပ် လို နှုတ်ခမ်းမှာဖြစ်တဲ့ ပြဿနာတွေဟာ ဗီတာမင် B အုပ်စုထဲက ဗီတာမင် B12 ချို့တဲ့မှုကြောင့်ဖြစ်ရတာပါ။ ဗီတာမင် B ချို့တဲ့ တဲ့အခါမှာ ရောဂါလက္ခဏာအမျိုးမျိုးပြသလေ့ရှိပြီး […]

အခြားခံတွင်းရောဂါ ပြဿနာများ ကို ရှာဖွေမည်။

အခြားခံတွင်းရောဂါ ပြဿနာများ

အဖြစ်များသော ခံတွင်းပြဿနာများ

ခံတွင်းထဲမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ နာကျင်မှုတွေကို သင်ခံစားဖူးပါသလား။ ဒါမှမဟုတ် တစ်ခါတလေ နှုတ်ခမ်းခြောက်တာမျိုးဖြစ်ဖူးပါသလား။ ဒါတွေကို ယေဘုယျအားဖြင့်တော့ ခံတွင်းပြဿနာများ လို့ ခေါ်ကြပါတယ်။ လူတိုင်းဟာ တစ်ချိန်မဟုတ် တစ်ချိန်တော့ ခံတွင်းပြဿနာတွေဖြစ်ကြတာပါပဲ။ ဒါက မထူးဆန်းတဲ့ကိစ္စပါ။ လျှာ၊ သွားဖုံး၊ နှုတ်ခမ်း၊ သွားတွေနဲ့ အာခေါင်တွေမှာလည်း ပြဿနာရှိနိုင်ပါတယ်။ ခံတွင်းနံ့ဆိုးခြင်းကိုလည်း ခံတွင်းပြဿနာလို့ယူဆနိုင်ပါတယ်။ အဖြစ်များတဲ့ ခံတွင်းရောဂါနဲ့ ပြဿနာအချို့ကို အောက်မှာဖော်ပြထားပါတယ်။ ကံကောင်းစွာနဲ့ပဲ အများစုကသူတို့ဘာသာ ပျောက်ကင်းသွားတတ်ကြတယ်လေ။ အဖြစ်များသော ခံတွင်းပြဿနာများ ပါးစပ်ထဲက အနာဖြူဖြူလေးများ ပါးစပ်ထဲက အနာဖြူဖြူလေးတွေ ဒါမှမဟုတ် ကျိုင်းအနာလို့ခေါ်တဲ့ canker soreဟာ ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့်ဖြစ်လာရတာပါ။ သင်က မတော်တဆ လျှာနဲ့ နှုတ်ခမ်းတွေကို ကိုက်မိရင် ကိုက်မိတဲ့နေရာတစ်ဝိုက်မှာ အနာဖြူဖြူလေးတွေ ထွက်လာနိုင်ပါတယ်။ အပူကန်နာ လို့လည်းခေါ်ကြပါသေးတယ်။ Cold sore Cold sore တွေကတော့ […]


အခြားခံတွင်းရောဂါ ပြဿနာများ

လှပသောနှုတ်ခမ်းများကို ပိုင်ဆိုင်နိုင်မယ့် နည်းလမ်းကောင်းများ

အမျိုးသမီးအများစုအတွက် နှုတ်ခမ်းလေးတွေဟာ အလွန်အရေးကြီးပြီး မျက်နှာရဲ့ တန်ဖိုးရှိတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းသားတွေကို သဘာဝအတိုင်း ပန်းရောင်သန်းပြီး ပျော့ပြောင်းနေစေဖို့ နည်းလမ်းလေးတွေကို ဖေါ်ပြပေးလိုက်ပါတယ်။ ၁။ ရေ အမြောက်အမြားသောက်ပါ။ လူတိုင်း တစ်နေ့ကို ရေနှစ်လီတာလောက် သောက်ဖို့ လိုအပ်ပါတယ်။ ရေအလုံအလောက်သောက်ခြင်းဟာ တစ်နေ့တာလုံး လန်းဆန်းနေရုံသာမက နှုတ်ခမ်းနဲ့ အသားအရေ အတွက်လည်း ရေဓါတ်ဖြည့်တင်းပေးပါတယ်။   ၂။ နှုတ်ခမ်းကို လျှာနဲ့ လျက်တဲ့ အကျင့်ကို ချက်ခြင်း ရပ်လိုက်ပါ။ နှုတ်ခမ်းခြောက်လာရင် လူတွေဟာ သူတို့ရဲ့ နှုတ်ခမ်းကို လျှာနဲ့ လျက်တတ်ကြပါတယ်။ ဒါဟာ နှုတ်ခမ်းသားပျော့ပြောင်းစေဖို့အတွက် အကျိုးမရှိတဲ့အပြင် နှုတ်ခမ်းသားကို ကာကွယ်ပေးတဲ့ အလွှာတစ်လွှာကို ပျက်စီးစေပြီး ခြောက်သွေ့စေတယ်လို့ Robert Brodell က ပြောပါတယ်။ ဒီလိုလုပ်မယ့်အစား နှုတ်ခမ်းအဆီ အသုံးပြုခြင်းနဲ့ ရေလုံလောက်စွာ သောက်ခြင်းဟာ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းအနာဖြစ်ခြင်းကိုဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ။

ခံတွင်းအနာ (ပါးစပ်အနာ) ဟာ ခံစားနေရတဲ့သူမှာ ကျိန်းစပ်ခြင်း၊ ကသိကအောင့်ဖြစ်ခြင်းတွေကို ဖြစ်ပေါ်တယ်။ ထို့ကြောင့် ခံတွင်းအနာဖြစ်လာရင် ဘယ်လိုသက်သာအောင် ဖြေရှင်းနိုင်မလဲဆိုတဲ့အချက်အလက်တွေကို အောက်တွင်ဖော်ပြထားတာ ဖြစ်ပါတယ်။ ခံတွင်းအနာဖြစ်စေတဲ့ အကြောင်းအရင်းတွေကို တားဆီးပါ။ ခံတွင်းအနာဟာ မြောက်များစွာသော အကြောင်းအရင်းများကြောင့် ဖြစ်နိုင်ပါတယ်။ အကယ်၍ သင့်မှာ ခံတွင်းအနာ ခဏခဏဖြစ်နေရင် အောက်ပါအချက်အလက်များကို လိုက်နာရမှာဖြစ်ပါတယ်။ • သွားများကို ပျော့ပျောင်းသော သွားပွတ်တံနှင့် ညင်သာစွာတိုက်ပါ။ နေ့စဉ် အစားစားပြီးတိုင်း သွားကြားများကို သွားပွတ်ကြိုးနှင့် သန့်ရှင်းရေးလုပ်ဖို့ မမေ့ပါနှင့်။ • Sodium lauryl sulfate မပါတဲ့ သွားတိုက်ဆေးကို ပြောင်းသုံးပါ။ Sodium lauryl sulfote ပါတဲ့ သွားတိုက်ဆေးဟာ ခံတွင်းအနာကို ကြိမ်ဖန်များစွာ ဖြစ်ပွားစေနိုင်ပါတယ်။ • ကျောင်းစာ (သို့) အလုပ်မှ စိတ်ဖိစီးမှုများကို လျှော့ချပါ။ စိတ်ဖိစီးမှုရှိနေတဲ့အချိန် (သို့) […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းအနာ ပျောက်ကင်းအောင်ဘယ်လိုကုသမလဲ။

ခံတွင်းအနာအများစုဟာ ၁၀ရက် ၁၄ရက်အတွင်း သူ့ဘာသာအနာကျက်သွားတဲ့အတွက် သီးသန့်ကုသစရာမလိုပါ။ ဒါပေမယ့် ခံတွင်းအနာဆိုးဆိုးရွားရွားနှင့် အရမ်းနာကျင်နေပြီး နေ့စဉ်လုပ်ငန်းဆောင်တာများ (ဥပမာ- အစားစားသောက်ခြင်း) ကိုအနှောင့်အယှက်ပြုပြီဆိုရင်တော့ ကုသမှုခံယူရမှာဖြစ်ပါတယ်။ အကယ်၍ခံတွင်းအနာဟာ ရောဂါအခံတစ်ခုခုကြောင့် ဖြစ်တယ်လို့ထင်ရင်တော့အထူးကုဆရာဝန်ဆီမှာ ဆက်လက်ကုသမှုခံယူရမှာ ဖြစ်ပါတယ်။ ကိုယ်တိုင်ပြုလုပ်နိုင်သော နည်းလမ်းများ ခံတွင်းအနာလေးရှိရုံမျှရှိတယ်ဆိုရင် မြန်မြန်ဆန်ဆန်ကျက်စေဖို့ သင်ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အဆင့်တွေရှိပါတယ်။ • သွားတိုက်တဲ့အခါသွားပွတ်တံအပျော့စားကို အသုံးပြုပါ။ • ခံတွင်းအနာမကျက်မချင်း မာကြောပြီး အပူအစပ်များသော၊ အက်စစ်ပမာဏများသော အစားအသောက်များကို ရှောင်ကြဉ်ပါ။ ကြေညက်စွာ ဝါးရလွယ်သော အစားအစာ ပျော့ပျော့လေးများကိုသာ စားသုံးပါ။ • သင့်ကို စိတ်ကျေနပ်ဖွယ်၊ စိတ်အပန်းဖြေဖွယ်ပေးနိုင်သော အားကစားများ (ဥပမာ-ယောဂ၊ တရားထိုင် (သို့) လေ့ကျင့် ခန်းပြုလုပ်ခြင်း) များနှင့် စိတ်ဖိစီးမှုကို လျှော့ချပါ။ • စိတ်ဖိစီးမှုလျော့ကျစေရန် စိတ်သက်သာရစေသော နည်းလမ်းများကို ရှာဖွေဖတ်ရှုပါ။ ချွန်ထက်သောသွား (သို့) ချွန်ထက်သော စားကြွင်းစားကျန်များကြောင့် ခံတွင်းအနာဖြစ်ခဲ့ရင် […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားကျန်းမာရေးဆိုင်ရာ ရှိုးဂရင်း ရောဂါစု

အဓိပ္ပါယ်ဖွင့်ဆိုချက်သွားကျန်းမာရေးဆိုင်ရာ ရှိုးဂရင်း ရောဂါစု (Sjőgrens syndrome) ဆိုတာဘာလဲ။ Sjőgrens syndrome ဆိုတာ ခုခံအားစနစ် ကမောက်ကမဖြစ်သွားတဲ့ ဖြစ်ရပ်ပါ။ ဒီအခြေအနေကို အဖြစ်များတဲ့ လက္ခဏာတွေဖြစ်တဲ့ မျက်လုံးခြောက်ခြင်းနဲ့ ခံတွင်းခြောက်ခြင်း ၂မျိုးနဲ့ အတည်ပြုလေ့ရှိပါတယ်။ ဒီရောဂါဟာ များသောအားဖြင့် အခြားခုခံအားစနစ်ပြဿနာတွေနဲ့တွဲပြီးဖြစ်လေ့ရှိပါတယ်။ သွေးလေးဖက်နာ၊ အရေပြားလေးဖက်နာစတဲ့ ရောဂါတွေနဲ့တွဲပြီးဖြစ်လေ့ရှိတာပါ။ ဒီရောဂါဖြစ်ရင်င် မျက်လုံးနဲ့ ပါးစပ်ထဲမှာရှိတဲ့ အကျိအချွဲတွေထုတ်ပေးနိုင်တဲ့ အမြှေးပါးနဲ့ အစိုဓါတ် စတဲ့ ဂလင်းတွေဟာ ဦးဆုံးရောဂါသက်ရောက်မှုဒဏ်ခံရတာပါ။ ရလဒ်ကတော့ မျက်ရည်နဲ့ တံတွေးထုတ်လုပ်မှုနည်းသွားတာပါပဲ။ သင်ဟာဘယ်အသက်အရွယ်ပဲရောက်ရောက်ဒီရောဂါဖြစ်နိုင်ပေမယ့် အများဆုံးကတော့ ဒီရောဂါဖြစ်တဲ့အချိန်မှာ အသက်၄၀အထက်မှာရှိနေကြတာပါ။ ဒီအခြေအနေကို အမျိုးသမီးတွေမှာပိုပြီးတွေ့ရများပါတယ်။ ကုသမှုတွေကတော့ ရောဂါလက္ခဏာတွေ သက်သာသွားစေဖို့ပဲ ဖြစ်ပါတယ်။ လက္ခဏာများသွားကျန်းမာရေးဆိုင်ရာ ရှိုးဂရင်း ရောဂါစု (Sjogren Syndrome) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ဒီရောဂါရဲ့အဓိက လက္ခဏာ၂ခုကတော့ • မျက်လုံးခြောက်တာ။ သင့်မျက်လုံးတွေပူနေတာ၊ယားနေတာ သို့မဟုတ် […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားကျန်းမာရေး - ဦးခေါင်းခွံနဲ့ မေးရိုးကို ဆက်ပေးထားသော မေးရိုးဆစ်မူမမှန်ပြဿနာ

အဓိပ္ပါယ်ဖွင့်ဆိုချက်။TMJ disorder ( ဦးခေါင်းခွံနဲ့မေးရိုးကို ဆက်ပေးထားသော မေးရိုးဆစ် မူမမှန်ပြဿနာ) ဆိုတာဘာလဲ။ Temporomandibular Joints လို့ခေါ်တဲ့ TMJတွေဟာ သင့်ပါးစပ်ကို ဖွင့်လို့ပိတ်လို့ရအောင်လုပ်ပေးတဲ့ မေးရိုးဆစ် (ဦးခေါင်းခွံနဲ့မေးရိုးကို ဆက်ပေးထားသောအဆစ်) နဲ့ကြွက်သားတွေပါ။ ခေါင်းရဲ့တစ်ဖက်တစ်ချက်စီမှာရှိပြီး သင်ဝါးတဲ့အချိန်၊ စကားပြောချိန် သို့မဟုတ် မြိုချတဲ့အချိန်တွေမှာ TMJက တစ်ပြိုင်နက်အလုပ်လုပ်ပေးပြီး သူ့မှာ ကြွက်သားတွေ၊ အရွတ်တွေနဲ့ မေးရိုးတွေပါဝင်ပါတယ်။ သူတို့တွေဟာ အောက်မေးရိုး (mandible)ကိုထိန်းချုပ်ပြီး ရှေ့ကို၊နောက်ကိုနဲ့ဘေးတိုက်တွေရွေ့လျားစေပါတယ်။ TMJတစ်ခုချင်းစီရဲ့ အံခွက်(socket)နဲ့ ဂုံညင်းကြားမှာ (ball) ချပ်ပြား(disc)လေးတစ်ခုစီရှိပါတ်ယ။ ဒီdisc လေးက မေးကိုအကျယ်ကြီးဖွင့်နိုင်ဖို့ နဲ့ ရွေ့လျားနိုင်ဖို့ သက်ရောက်လာတဲ့ ဝန်တွေကို ခံပေးပါတယ်။ ကြွက်သားတွေ၊ အရွတ်တွေ၊ discs တွေနဲ့ အရိုးတွေရဲ့ ရှုပ်ထွေးတဲ့စနစ်တွေနဲ့ ပုံမှန်စနစ်တကျအလုပ်လုပ်နေတာကိုတားဆီးလိုက်တဲ့ ဘယ်ပြဿနာမဆို နာကျင်စေတဲ့ TMJ မူမမှန်ပြဿနာကိုဖြစ်စေနိုင်ပါတယ်။ လက္ခဏာများTMJ […]


အခြားခံတွင်းရောဂါ ပြဿနာများ

မက် အင်ဖက်တမင်း/ယာဘ စိတ်ကြွဆေးကြောင့်ဖြစ်သော ခံတွင်းပြဿနာများ

အဓိပ္ပါယ်ဖွင့်ဆိုချက်Meth Mouth (မက်အင်ဖက်တမင်း ယာဘ စိတ်ကြွဆေးကြောင့် ဖြစ်သော ခံတွင်း ပြဿနာ) ဆိုတာဘာလဲ။ Meth Mouth ဆိုတာ တရားဝင်မဟုတ်ဘဲ ပြင်းထန်စွာစွဲလမ်းစေတတ်တဲ့ ဆေးတစ်မျိုးဖြစ်တဲ့ methamphetamine (မက်အင်ဖက်တမင်း ယာဘဆေး) ကြောင့်ဖြစ်တဲ့ သွားနဲ့ခံတွင်း ကျန်းမာရေးပျက်စီးခြင်းလို့သတ်မှတ်လို့ရပြီး ဒါက ဆေးသုံးစွဲသူတွေကို ပေးနိုင်တဲ့ ဆိုးရွားတဲ့ဆိုးကျိုးသက်ရောက်မှုတွေထဲက တစ်ခုပါပဲ။ Methamphetamine ဆိုတာ ဗဟိုအာရုံကြောစနစ်ကို ပိုပြီးတက်ကြွအောင်လှုံ့ဆော်ပေးနိုင်တဲ့စွမ်းအင်ပြည့် စိတ်ကြွဆေးတစ်မျိုးဖြစ်ပြီး အသက်ရှူမဝခြင်း၊ ကိုယ်အပူချိန်မြင့်မားခြင်း၊ အော်ကလီဆန်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ နှလုံးခုန်နှုန်းပုံမှန်မဟုတ်ခြင်း၊ သွေးဖိအားမြင့်မားခြင်း၊ ရာသက်ပန်ဦးနှောက်ပျက်စီးခြင်း နဲ့ သွားပျက်စီးနိုင်ခြင်း စတာတွေဖြစ်စေတတ်ပါတယ်။ လက္ခဏာများMeth Mouth ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Methamphetamine (မက်အင်ဖက်တမင်း ယာဘ စိတ်ကြွဆေး) သုံးစွဲခြင်းဟာ ခံတွင်းကိုဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ မှတ်တမ်းတွေမှာတော့ ငယ်စဉ်ကလေးဘဝတုန်းက သွားပိုးစားတဲ့ပုံစံမျိုး ခုချိန်မှာလည်းသွားပိုးစားခြင်းကပြန့်နှံ့နေရင် […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းအနာများ

အဓိပ္ပါယ်ဖွင့်ဆိုချက်။Mouth Sores (ခံတွင်းအနာ) ဆိုတာ ဘာလဲ။ • ခံတွင်းကျန်းမာရေးဆိုတာ သွားတွေအတွက်ပဲရည်ရွယ်တာမဟုတ်ပါဘူး။ ပါးစပ်တစ်ဝိုက် သို့မဟုတ် အတွင်းထဲမှာလည်း အနာတွေဖြစ်ပေါ်တတ်ပါတယ်။ ကံကောင်းတာကတော့ သူတို့ဟာ ရက်သတ္တ တစ်ပတ် သို့မဟုတ် ၂ပတ်အတွင်းမှာ အလိုလိုပျောက်ကင်းသွားနိုင်တာပါပဲ။ ခံတွင်းနာကျင်မှုတွေဟာ အမျိုးမျိုးကွဲပြားနိုင်ပြီး အကြောင်းရင်းတွေကလည်း အမျိုးမျိုးရှိနိုင်ပါတယ်။ • ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုတွေမှ ကူးစက်ခြင်း • လျော့ရိလျော့ရဲဖြစ်နေသော သွားညှိ နန်းကြိုးတွေကြောင့် နာကျင်ခြင်း၊ သွားတု သို့မဟုတ် အံကပ်က အံဝင်ခွင်ကျမဖြစ်ခြင်း သို့မဟုတ် သွားအကျိုးသို့မဟုတ် ဖာထားတဲ့သွားရဲ့ ထက်ရှတဲ့အစွန်းတွေကြောင့် နာကျင်ခြင်း • ရောဂါတစ်ခုခုရဲ့ လက္ခဏာ စတဲ့အကြောင်းရင်းတွေပါဝင်ပါတယ်။     လက္ခဏာများခံတွင်းအနာများ ၏ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ အောက်ပါအချက်တွေ သင့်မှာဖြစ်နေပြီဆိုရင် ခံတွင်းထဲမှာအနာရှိနေပါပြီ။ • နာကျင်နေတဲ့ အနာ သို့မဟုတ် ပါးစပ်ထဲမှာ၊ လျှာပေါ်မှာ၊ အာခေါင်ပျော့မှာ ၊ဒါမှမဟုတ် ပါးအတွင်းဘက်မှာ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းကင်ဆာ ကို ဘယ်လိုကာကွယ်ကြမလဲ

မြန်မာနိုင်ငံလို ကွမ်းစားများ၊ ဆေးလိပ်သောက်များတဲ့ နိုင်ငံမှာ ခံတွင်းကင်ဆာ ဖြစ်တဲ့သူ မရှားပါဘူး။ ဒါကြောင့် သူ့အကြောင်းနဲ့ ဖြစ်တတ်တဲ့ လက္ခဏာတွေကို သိထားဖို့ လိုပါတယ်။ ခံတွင်းကင်ဆာ ဆိုတာ ဘာလဲ။ ခံတွင်းကင်ဆာဆိုတာ လျှာ၊ ပါးစပ်၊ နှုတ်ခမ်း သို့မဟုတ် သွားဖုံးမျက်နှာပြင်တွေကနေ အကျိတ်တွေ ထွက်လာခြင်းကို ခေါ်ပါတယ်။ ဒီအကျိတ်တွေဟာ တံတွေးဂလင်းတွေ၊ အာသီးနဲ့ pharynx (ပါးစပ်ကနေ လေပြွန်ထိရှိတဲ့ လည်ချောင်းအစိတ်အပိုင်း)တွေကနေလည်း ထွက်ပေါ်လာတတ်ပေမယ့် ဒါတွေက အဖြစ်နည်းပါတယ်။ ခံတွင်းကင်ဆာရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ခံတွင်းကင်ဆာရဲ့ ရောဂါလက္ခဏာတွေကတော့ အချိန်ကြာကြာ လည်ချောင်းနာပြီး မပျောက်တာ နှုတ်ခမ်းအနားသတ်မှာရှိတဲ့အသားတွေ ထူလာခြင်း၊ ဖောင်းလာခြင်း ပါးစပ်တွင်းမှာ အဖြူရောင် သို့မဟုတ် အနီရောင်အကွက်တွေ ဖြစ်နေခြင်း သွားကျွတ်ခြင်း သွားတု၊ အံကပ်များ လျော့ရဲလာခြင်း လျှာနာခြင်း မေးရိုးနာကျင်ခြင်း သို့မဟုတ် တင်းကျပ်နေခြင်း ဝါးရာမှာခက်ခဲခြင်း […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်း မှက္ခရု

အဓိပ္ပါယ်ဖွင့်ဆိုချက်ခံတွင်း မှက္ခရု (oral thrush) ဆိုတာဘာလဲ။ ခံတွင်းမှိုပိုးဝင်ခြင်း(ခံတွင်း မှက္ခရု)ဟာ Candida albicans လို့ခေါ်တဲ့ မှိုတစ်မျိုးက သင့်ရဲ့ပါးစပ်နံရံတွေမှာပေါက်ဖွားကပ်တွယ်နေတဲ့အခြေအနေမျိုးပါ။ Candida ဆိုတာ ကတော့ ပါးစပ်တွင်းမှာရှိတဲ့ ပုံမှန်အင်္ဂါတစ်ခုဖြစ်ပြီး တစ်ခါတလေမှာ ပိုပြီးကြီးထွားလာတတ်ကာ ရောဂါလက္ခဏာတွေဖြစ်စေပါတယ်။ ဒီရောဂါဟာ ခရင်မ်နဲ့တူတဲ့အဖြူရောင် အနာ တွေကို လျှာပေါ်နဲ့ ပါးစောင်တွေမှာအများအားဖြင့်ဖြစ်ပေါ်စေတတ်ပါတယ်။ တစ်ခါတလေမှာ ဒီရောဂါဟာ အာခေါင်၊သွားဖုံး သို့မဟုတ် အာသီး တွေ သို့မဟုတ် လည်ချောင်းအနောက်ဘက်ကိုတောင် ကူးစက်ပြန့်နှံ့နိုင်ပါသေးတယ်။ လူတိုင်းမှာ ခံတွင်း မှက္ခရု ဖြစ်နိုင်သော်လည်း ကလေးငယ်တွေ၊သက်ကြီးပိုင်းတွေနဲ့ ခုခံအားကျဆင်းနေတဲ့သူတွေ သို့မဟုတ် ကျန်းမာရေးမကောင်းသူ သို့မဟုတ် ဆေးသောက်နေရသူတွေမှာ အဖြစ်များပါတယ်။ ခံတွင်း မှက္ခရု ဆိုတာ သင်ကျန်းမာရေးကောင်းနေရင်တော့ မှုလောက်စရာပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် သင်ကကိုယ်ခံအားနည်းနေမယ်ဆိုရင်တော့ ဒီရောဂါရဲ့ လက္ခဏာတွေဟာ ပိုပြီးပြင်းထန်မှာဖြစ်ပြီး ထိန်းချုပ်ရလည်းခက်ခဲပါလိမ့်မယ်။ ရောဂါလက္ခဏာများခံတွင်း မှက္ခရု […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း