အခြားခံတွင်းရောဂါ ပြဿနာများ

အခြားခံတွင်းရောဂါ ပြဿနာများ သည် အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားခံတွင်းရောဂါ ပြဿနာများ

ဗီတာမင် B12 ချို့တဲ့ ခြင်းနှင့် ကျီးကန်းပါးစပ်

ခုလိုကာလမျိုးမှာ ရာသီဥတုကြောင့်ရော စားသောက်နေထိုင်မှုပုံစံကြောင့်ပါ ကျီးကန်းပါးစပ် (Angular Cheilitis) လို ဝေဒနာမျိုးကို ကြုံရတတ်ပါတယ်။ ဒီဝေဒနာဟာ ဗီတာမင် B12 ချို့တဲ့ မှုရဲ့ အရေးပါတဲ့ လက္ခဏာတစ်မျိုးဆိုတာကိုတော့ လူသိနည်းပါတယ်။ ကျီးကန်းပါးစပ် ဆိုတာက နှုတ်ခမ်းထောင့်တွေ နီရဲအက်ကွဲကာ ပါးစပ် ဟမရ ပြုမရဖြစ်တဲ့ ဝေဒနာတစ်မျိုးပါ။ စားရသောက်ရ စကားပြောဆိုရတာမှာ အတော်လေး ကသိကအောက်နိုင်တဲ့ ရောဂါဆိုပါတော့။ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်သော်ငြား အတော်လေးစိတ်အနှောင့်အယှက်ပေးတဲ့ ပြဿနာမျိုးလို့တော့ ဆိုရပါလိမ့်မယ်။ ပုံမှန်အားဖြင့် ဗီတာမင် B မှာ အုပ်စုဝင်အမျိုးအစား ၈ မျိုးရှိပါတယ်။ ကျီးကန်းပါးစပ် လို နှုတ်ခမ်းမှာဖြစ်တဲ့ ပြဿနာတွေဟာ ဗီတာမင် B အုပ်စုထဲက ဗီတာမင် B12 ချို့တဲ့မှုကြောင့်ဖြစ်ရတာပါ။ ဗီတာမင် B ချို့တဲ့ တဲ့အခါမှာ ရောဂါလက္ခဏာအမျိုးမျိုးပြသလေ့ရှိပြီး […]

အခြားခံတွင်းရောဂါ ပြဿနာများ ကို ရှာဖွေမည်။

အခြားခံတွင်းရောဂါ ပြဿနာများ

Fissured tongue (လျှာကွဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Fissured tongue (လျှာကွဲခြင်း) ကဘာလဲ။ လျှာမှာ အက်ကြောင်းများ၊ ကွဲကြောင်းများ ရှိနေခြင်း ဖြစ်ပါတယ်။ အများအားဖြင့် အန္တရာယ်မရှိနိုင်ပေမယ့် ဆရာဝန်/သွားဆရာဝန်တို့နဲ့တော့ စိတ်ချရအောင် စစ်ဆေးကြည့်သင့်ပါတယ်။ လျှာကွဲခြင်းမှာ လျှာရဲ့ထိပ်နဲ့ဘေးတွေမှာ အက်ကြောင်း၊ ကွဲကြောင်းများရှိခြင်း လျှာမှာသာကွဲခြင်း ကွဲကြောင်းရဲ့ အနက်ဟာ အမျိုးမျိုးကွာခြားနိုင်ပြီး ၆မီလီမီတာအထိ နက်နိုင်ပါတယ်။ ကွဲကြောင်းအချင်းချင်းဆက်ပြီး လျှာကို အပိုင်းပိုင်းကွဲသလို ဖြစ်နေစေပါတယ်။ ကွဲကြောင်းများထဲမှာ အညစ်အကြေးများ စုမလာလျှင်တော့ ဘာလက္ခဏာမှ ခံစားရမည် မဟုတ်ပါ။ ကလေးဘဝမှစပြီး လျှာမှာ အကွဲကြောင်းများ ပေါ်နိုင်ပါတယ်။ သို့သော် လျှာကွဲခြင်းဟာ အရွယ်ရောက်ပြီးသူတွေမှာ ပိုအဖြစ်များပါတယ်။ အသက်ကြီးလေ အရေးအကြောင်းတွေ ထင်းလာလေဖြစ်သလို လျှာကွဲခြင်းကလည်း အသက်ကြီးလာလေ ထင်ရှားလာလေဖြစ်ပါတယ်။ သွားကျန်းမာရေး ပုံမှန်စစ်ဆေးလျှင်တော့ သွားဆရာဝန်က သင့်လျှာကွဲနေကြောင်း သိနိုင်ပါတယ်။ လျှာကွဲတဲ့လူနာအများစုကို ဒီလိုနည်းနဲ့သိနိုင်တာ ဖြစ်ပါတယ်။ Fissured tongue (လျှာကွဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ […]


အခြားခံတွင်းရောဂါ ပြဿနာများ

Thrush in adults (အရွယ်ရောက်ပြီးသူများတွင်တွေ့ရသော ပါးစပ်ထဲရှိ အဖြူဖတ်များ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Thrush in adults (အရွယ်ရောက်ပြီးသူများတွင်တွေ့ရသော ပါးစပ်ထဲရှိ အဖြူဖတ်များ) ကဘာလဲ။ အရွယ်ရောက်ပြီးသူများဧ။် ပါးစပ်ထဲတွင် တေ့ွရသော အဖြူဖတ်တွေဆိုတာ ဘာလဲ။ ပါးစပ်ထဲမှာတွေ့ရတဲ့ အဖြူဖတ်တွေက ပါးစပ်မှာဖြစ်တတ်တဲ့ မှိုရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါက ကူးစက်ရောဂါတစ်ခုမဟုတ်ဘဲ မှိုသတ်ဆေးသောက်ရုံနဲ့ ကုသလို့ ရနိုင်ပါတယ်။ ဒီရောဂါဟာ Candida လို့ခေါ်တဲ့ မှိုတစ်မျိုးကြောင့် ဖြစ်တတ်တဲ့အတွက် Oral Candidosis (ရောဂါဖြစ်စေသော မှိုကို အစွဲပြုပြီးခေါ်သောအမည်) လို့လည်း ခေါ်ကြပါတယ်။ Thrush in adults (အရွယ်ရောက်ပြီးသူများတွင်တွေ့ရသော ပါးစပ်ထဲရှိ အဖြူဖတ်များ) က ဘယ်လောက်အဖြစ်များသလဲ အရွယ်ရောက်ပြီးသူများဧ။် ပါးစပ်ထဲတွင် မှိုကြောင့်ဖြစ်သောအဖြူဖတ်တွေက အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများThrush in adults (အရွယ်ရောက်ပြီးသူများတွင်တွေ့ရသော ပါးစပ်ထဲရှိ အဖြူဖတ်များ) […]


အခြားခံတွင်းရောဂါ ပြဿနာများ

angular cheilitis (ကျီးကန်းပါးစပ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်angular cheilitis (ကျီးကန်းပါးစပ်) ကဘာလဲ။ နှုတ်ခမ်းနှစ်ခုဆုံတဲ့ထောင့်ချိုးတဲ့နေရာ နှုတ်ခမ်းထောင့်မှာ နီမြန်းရောင်ရမ်းနေတဲ့အကွက်များဖြစ်ပေါ်ခြင်း ဖြစ်ပါတယ်။ ပါးစပ်တစ်ဘက်သို့ နှစ်ဘက်လုံးမှာဖြစ်နိုင်ပါတယ်။ ရောင်ရမ်းခြင်းဖြစ်ပြီး ရက်အနည်းငယ်သာကြာနိုင်သလို နာတာရှည်ပြဿနာလည်းဖြစ်သွားနိုင်ပါတယ်။ angular cheilitis (ကျီးကန်းပါးစပ်) က ဘယ်လောက်အဖြစ်များသလဲ မွေးစကလေးငယ်များအပါအဝင် အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများangular cheilitis (ကျီးကန်းပါးစပ်) ရဲ့လက္ခဏာတွေကဘာတွေလဲ သင်အဓိကသတိထားမိမှာကတော့ သင့်နှုတ်ခမ်းပါးစပ်ထောင့်မှာ အထိမခံနိုင်ခြင်းနဲ့ အနာတွေဖြစ်ပါတယ်။ နှုတ်ခမ်းထောင့်တစိခု သို့မဟုတ် နှစ်ဖက်လုံးမှာ သွေးယိုခြင်း ပေါက်ပြဲခြင်း ကွဲခြင်း မာခြင်း ယားခြင်း နာခြင်း နီခြင်း အဖတ်များထခြင်း ရောင်ရမ်းခြင်း နှုတ်ခမ်းတွေက ခြောက်သွေ့ပြီးမသက်မသာခံစားရနိင်ပါတယ်။ တခါတလေမှာ သင့်နှုတ်ခမ်းနဲ့ပါးစပ်မှာ ပူလောင်နေသလိုခံစားရနိုင်ပါတယ်။ ခံတွင်းပျက်ခြင်းလည်းဖြစ်နိုင်ပါတယ်။ အထိမခံနိုင်ခြင်းက ပြင်းထန်တဲံအခါမှာ အစားစားဖို့ခက်နိုင်ပါတယ်။ အာဟာရလုံလုံလောက်လောက်မရခြင်းသို့ ကိုယ်အလေးချိန်ကျခြင်းတွေါဖြစ်နိုင်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို […]


အခြားခံတွင်းရောဂါ ပြဿနာများ

Salivary gland problems (တံတွေးဂလင်းပြဿနာများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Salivary gland problems (တံတွေးဂလင်းပြဿနာများ) ကဘာလဲ။ တံတွေးဂလင်းက ခံတွင်းစိုစွတ်နေဖို့၊ သွားပိုးမြန်မြန်စားမသွားစေဖို့နဲ့ အစာချေဖို့ကူညီပေးတဲ့ တံတွေးတွေကို ထုတ်ပေးတာပါ။ တံတွေးဂလင်းတွေဟာ ပုံမှန်အားဖြင့်သေးသေးလေးတွေဖြစ်ပြီး ခံတွင်းအတွင်းပိုင်း၊ နှုတ်ခမ်းနှင့် ပါးတို့တစ်ဝိုက်မှာ ရှိပါတယ်။ ကင်ဆာအကျိတ်တွေနဲ့ Sjogren’s syndrome လိုမျိုး ရောဂါပေါင်းများစွာဟာ တံတွေးဂလင်းပေါ်မှာ သက်ရောက်မှုတွေရှိနေပါတယ်။ အချို့ရောဂါတွေကတော့ အချိန်နဲ့ ကုစားသွားနိုင်သလို၊ ပဋဇီဝဆေးတွေနဲ့လည်း ကုစားနိုင်ပါတယ်။ ဒါပေမယ့်အချို့ကတော့ ခွဲစိတ်ခြင်းလိုမျိုး အထူးကုသနည်းတွေလိုအပ်ပါတယ်။   လက္ခဏာများSalivary gland problems (တံတွေးဂလင်းပြဿနာများ) ရဲ့လက္ခဏာတွေကဘာတွေလဲ တံတွေးဂလင်းကျောက်တည်ခြင်း၏ လက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။ လျာအောက်တွင် နာကျင်သော အကျိတ်ရှိခြင်း အစာစားနေစဉ် ပိုပိုနာလာခြင်း တံတွင်းဂလင်းရောင်ခြင်း၏ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ ပါးဒါမှမဟုတ် မေးရိုးအောက်တွင် အကျိတ်အဖောင်းရှိခြင်း ခံတွင်းအတွင်း၌ပြည်များရှိခြင်း ပြည်များအနံ့ထွက်နေခြင်း အဖျားရှိခြင်း တံတွင်းဂလင်းမှာ အရည်အိတ်တည်ခြင်းက အောက်ပါတို့ကို ဖြစ်စေနိုင်ပါတယ်။ ပေါက်ထွက်ပြီးနောက် အဝါရောင်ပြည်များထွက်လာခြင်း အစာစားရခက်ခဲခြင်း စကားပြောရခက်ခဲခြင်း အစာမျိုရခက်ခဲခြင်း တံတွင်းဂလင်းဗိုင်းရပ်စ်ပိုးဝင်ခြင်း လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ အဖျားရှိခြင်း ကြွက်သားများကိုက်ခဲခြင်း အဆစ်များကိုက်ခဲခြင်း ခေါင်းကိုက်ခြင်း Sjogren’s syndrome ၏ လက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။ ခံတွင်းခြောက်သွေ့ခြင်း မျက်လုံးခြောက်သွေ့ခြင်း သွားပိုးစားခြင်း ပါးစပ်နာခြင်း အဆစ်များရောင်ရမ်းခြင်း၊ နာကျင်ကိုက်ခဲခြင်း ချောင်းခြောက်ဆိုးခြင်း ဘာကြောင်းမှမရှိဘဲ […]


အခြားခံတွင်းရောဂါ ပြဿနာများ

Canker Sores (ပါးစပ်ထဲတွင် အနာပေါက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Canker Sores (ပါးစပ်ထဲတွင် အနာပေါက်ခြင်း) ကဘာလဲ။ ပါးစပ်ထဲတွင် အနာပေါက်ခြင်းဆိုသည်မှာ သေးငယ်ေသော အဖြူရောင် သို့မဟုတ် အဝါရောင် သို့မဟုတ် အနီရောင်အနာများ ခံတွင်းထဲတွင်ပေါက်ခြင်း ဖြစ်ပါသည်။ အထူးသဖြင့် ပျော့သော တစ်သျူးများ နှင့် သွားဖုံးအောက်တွင် ပေါက်လေ့ရှိပါသည်။ ထိုအနာများသည် နှုတ်ခမ်းပေါ်တွင်းမပေါက်တတ်ပါ။ ထို့ပြင် ကူးစက်တတ်သော အနာများ မဟုတ်ပါ။ Canker Sores (ပါးစပ်ထဲတွင် အနာပေါက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ပါးစပ်ထဲတွင် အနာပေါက်ခြင်းသည် အလွန် အဖြစ်များပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။ သို့သော် ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ လက္ခဏာများCanker Sores (ပါးစပ်ထဲတွင် အနာပေါက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အများဆုံးတွေ့ရသော လက္ခဏာများမှာ ဘဲဥပုံစံရှိ သေးငယ်ေသော အဖြူရောင် သို့မဟုတ် အဝါရောင် အနာများ နာကျင်နေသော အနီရောင်နေရာများ ပါးစပ်ထဲတွင် ထုံကျဉ်ခြင်း   အထက်တွင် မဖော်ပြထားသော […]


အခြားခံတွင်းရောဂါ ပြဿနာများ

Salivary Gland Cancer (တံတွေးဂလင်းကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Salivary Gland Cancer (တံတွေးဂလင်းကင်ဆာ) ကဘာလဲ။ တံတွေးဂလင်းတွေက တံတွေးတွေပြုလုပ်ပြီး သင့်ပါးစပ်ထဲကို ပြွန်တွေကတစ်ဆင့် ရောက်စေပါတယ်။ တံတွေးက ဝါးစားတဲ့အခါမျိုချတဲ့အခါအတွက် အစာကိုစွတ်စိုအောင်ပြုလုပ်ပေးပြီး အစာကိုချေဖျက်ပေးတဲ့အပြင် ပိုးတွေကိုပဋိပစ္စည်းတွေအားဖြင့် သတ်ပေးပြီး ခံတွင်းကိုသန့်စင်ပေးပါတယ်။ သင့်မေးရိုးအောက်နဲ့အနောက်မျာ နားရှေ့ကတံတွေးထွက်သောပါးကြိတ်၊ လျှာအောက်နဲ့မေးရိုးအောက်ဆိုပြီး တံတွေးဂလင်း၃စုံရှိပါတယ်။ တံတွေးဂလင်းသေးသေးလေးတွေကိုလည်း နှုတ်ခမ်း၊ ပါးစောင်အတွင်းနဲ့ လည်ချောင်းနဲပခံတွင်းတစ်လျှောက်တွေ့ရပါတယ်။ တံတွေးဂလင်းကင်ဆာက နားရှေ့မှာရှိတဲ့ဂလင်းကို အများဆုံးဖြစ်တတ်ပါတယ်။ Salivary Gland Cancer (တံတွေးဂလင်းကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများSalivary Gland Cancer (တံတွေးဂလင်းကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ တံတွေးဂလင်းကင်ဆာ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ မေးရိုးပေါ်မေးရိုးတစ်ဝိုက်၊ ပါးစပ်နဲပလည်ပင်းတေါမှာ တွေ့ရတဲ့အဖုအကျိတ် မျက်နှာအစိတ်အပိုင်းအချို့ထုံခြင်း မျက်နှာတစ်ခြမ်းကြွက်သားအားနည်းခြ်ငး တံတွေးဂလင်းနေရာမှာ ပြင်းပြင်းထန်ထနနာခြင်း မျိုချရခက်ခြင်း ပါးစပ်ကျယ်ကျယ်ဟဖို့ခက်ခြင်း တံတွေးဂလင်းအနီး အဖုအကျိတ်ထွက်ြခ်ငးက တံတွေးဂလင်းအကျိတ်ရဲ့ တွေ့များဆုံးလက္ခဏာတစ်ခုဖြစ်ပါတယ်။ ကင်ဆာလို့တော့ မဆိုလိုပါဘူး။ တံတွေးဂလင်းအကျိတ်အများစုက ကင်ဆာမဟုတ်တတ်ကြပါဘူး။ ကင်ဆာမဟုတ်တဲ့အခြေအနေအများစုကနေ တံတွေးဂလင်းပြွန်အတွင်း […]


အခြားခံတွင်းရောဂါ ပြဿနာများ

Oral Thrush (ခံတွင်း မှက္ခရုဆိုတာဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Oral Thrush (ခံတွင်း မှက္ခရု)ဆိုတာဘာလဲ။ ခံတွင်း မှက္ခရုကို ခံတွင်း မှိုပိုးဝင်ခြင်း လို့လည်း ခေါ်ပါတယ်။ ၎င်းသည် ခံတွင်းတွင် ဖြစ်သော မှိုပိုးတစ်ခုဖြစ်သည်။ မကူးစက်တတ်ပါ။ အများအားဖြင့် မှိုပိုးသတ်ဆေးများဖြင့် ကုသပျောက်ကင်းသည်။ ၎င်းသည် Candida albicans ဟုခေါ်သော မှိုတစ်မျိုး ပါးစပ်နံရံတွင် စုဝေးရာမှ ဖြစ်ပေါ်သည်။ Candida သည် ပါးစပ်တွင်ရှိသော ပုံမှန် ဇီဝသက်ရှိလေးများဖြစ်ပြီး တစ်ခါတစ်ရံတွင် အပွားလွန်ကာ လက္ခဏာများပေါ်တတ်သည်။ Oral Thrush (ခံတွင်း မှက္ခရု) က ဘယ်လောက်အဖြစ်များသလဲ ခံတွင်း မှက္ခရုသည် အလွန် အဖြစ်များပါသည်။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များသည်။ မည်သည့် အသက်အရွယ်မဆို ဖြစ်ပွားနိုင်သည်။ ဖြစ်ပွားနိုင်ချေမြင့်မားစေသော အကြောင်းအရာများကို လျော့ချခြင်းဖြင့် စီမံနိုင်သည်။ ပိုမိုသိရှိလိုသော အကြောင်းအရာများကို သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။ လက္ခဏာများOral […]


အခြားခံတွင်းရောဂါ ပြဿနာများ

Xerostomia (ဇီရိုစတိုမီးယား ခေါ် ပါးစပ်ခြောက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Xerostomia (ဇီရိုစတိုမီးယား ခေါ် ပါးစပ်ခြောက်ခြင်း)ဆိုတာဘာလဲ။ Xerostomia ကို ပါးစပ်ခြောက်ခြင်းလို့ လူသိများပြီး ဒါဟာ သင့်ပါးစပ်ခြောက်နေတတ်တဲ့ အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။ များသောအားဖြင့် ပါးစပ်ခြောက်ခြင်းဟာ ပါးစပ်အတွင်းမှာ ရှိတဲ့ တံတွေးဂလင်းတွေက တံတွေးထွက်မှု လျော့နည်းခြင်း (သို့) ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အချို့အခြေအနေတွေမှာ ပါးစပ်ခြောက်ခြင်းဟာ တံတွေးဂလင်းတွေကို ထိခိုက်စေတဲ့ အခြေအနေတွေကြောင့် ဖြစ်တာဖြစ်ပါတယ်။ တံတွေးကို အစာဝါးခြင်း၊ မျိုချခြင်း၊ အရသာခံခြင်း၊ စကားပြောခြင်းတွေအတွက် အသုံးပြုကြပါတယ်။ ဒီလှုပ်ရှားမှုတွေဟာ ပါးစပ်ခြောက်ခြင်းဖြစ်ရင် ပိုခက်ခဲနိုင်ပါတယ်။ တံတွေးဟာ ဘက်တီးရီးယားတွေ ထုတ်လုပ်လိုက်တဲ့ အက်စစ်တွေကို ခြေဖျက်ပြီး သွားပိုးစားခြင်းကို ကာကွယ်ပေးကာ ဘက်တီးရီးယား ကြီးထွားနှုန်းကို ကန့်သတ်ပေးပြီး အစာတွေကို ဆေးကြောပေးပါတယ်။ သင့်မှာ တံတွေးအလုံအလောက်မရှိပဲ ပါးစပ်ခြောက်တယ်ဆိုရင်တော့ အောက်ပါအခြေအနေတွေ ဖြစ်နိုင်ပါတယ်။ Plaque ဖြစ်နိုင်ခြင်း၊ သွားပိုးစားခြင်း၊ သွားဖုံးရောဂါ ပါးစပ်အနာများ ပါးစပ်အတွင်း […]


အခြားခံတွင်းရောဂါ ပြဿနာများ

Mouth Ulcers (ပါးစပ်အနာပေါက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Mouth Ulcers (ပါးစပ်အနာပေါက်ခြင်း)ဆိုတာဘာလဲ။ ပါးစပ်အနာတွေကို canker sores လို့လဲခေါ်ပြီး သူတို့ဟာ ပါးစပ်အတွင်း (သို့) သွားဖုံးအောက်မှာ သေးငယ်ပြီး အနီရောင်ရှိကာ နာကျင်တဲ့ အနာတွေဖြစ်ပါတယ်။ တခါတလေဖြစ်တဲ့ ပါးစပ်အနာတွေဟာ အန္တရာယ်မရှိပဲ ပြန်ကောင်းသွားတတ်ပါတယ်။ သူတို့က နာကျင်မှုနဲ့ အစာစားဖို့ ခက်ခဲခြင်းကိုသာ ဖြစ်စေတာဖြစ်ပါတယ်။   Mouth Ulcers (ပါးစပ်အနာပေါက်ခြင်း) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Mouth Ulcers ဟာ အလွန်အဖြစ်များပြီး အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများMouth Ulcers (ပါးစပ်အနာပေါက်ခြင်း)ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Mouth Ulcers ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အမာရွတ်မကျန်ပဲ တစ်ပတ်မှ နှစ်ပတ်အတွင်း ကောင်းသွားတတ်တဲ့ ပါးစပ်အတွင်းမှာရှိတဲ့ ဘဲဥပုံ၊ စက်ဝိုင်းပုံ […]


အခြားခံတွင်းရောဂါ ပြဿနာများ

Dry Mouth (အာခံတွင်းခြောက်သွေ့ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dry Mouth (အာခံတွင်းခြောက်သွေ့ခြင်း) ကဘာလဲ။ အာခံတွင်းခြောက်သွေ့ခြင်း (dry mouth) ဆိုတာ သင့်ရဲ့အာခံတွင်း ရုတ်တရက်ခြောက်သွေ့လာခြင်းကို ခေါ်ပါတယ်။ ဒီလိုအခြေအနေဟာ သင်စိတ်လှုပ်ရှားတဲ့အချိန် သို့မဟုတ် တံတွေး အထွက်နည်းနေချိန် စတဲ့ရေဓါတ်ခမ်းခြောက်တဲ့ အချိန်တွေမှာ များသောအားဖြင့် ဖြစ်တတ်ပါတယ်။ Dry Mouth (အာခံတွင်းခြောက်သွေ့ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများDry Mouth (အာခံတွင်းခြောက်သွေ့ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အာခံတွင်းခြောက်သွေ့ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါ လက္ခဏာတွေကတော့ • သင့်ရဲ့ ခံတွင်း၊ လည်ချောင်း၊ လျှာ စတာတွေမှာ ခြောက်သွေ့နေတယ်လို့ခံစားရခြင်း၊ • မကြာခဏ ရေဆာခြင်း ၊ • တံတွေးချွဲပျစ်ခြင်း၊ • ခံတွင်းအနံ့မကောင်းခြင်း နဲ့ • အစားအစာများ အရသာမြည်းစမ်းခြင်း၊ အစာဝါးစားခြင်း၊ အစာမြိုချခြင်း သို့မဟုတ် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်