ပါးစပ်ထဲပေါက်တဲ့ အနာအဖြူလေးများ
Aphthous ulcer ကို တချို့ကတော့ Stress ulcer လို့လည်းခေါ်တတ်ကြပါတယ်။ အများအားဖြင့် အဲဒီအနာလေးတွေက စိတ်ဖိစီးမှုများတဲ့အချိန်တွေမှာ ပိုပြီးသိသိသာသာလေးကိုဖြစ်နေတတ်လို့ Stress ulcer လို့လည်းခေါ်တတ်ပါတယ်။ အဲဒီအနာလေးတွေကို ဖြစ်လေ့ဖြစ်ထရှိဖူးတဲ့သူမှသာ ဘယ်လောက်တောင်နာရလဲ၊ ကသိကအောက်ဖြစ်ရလဲဆိုတာကို ခံစားတတ်မှာပါ။
ဘယ်သူတွေမှာဖြစ်တတ်လဲ။ ဘယ်နေရာတွေမှာဖြစ်တတ်လဲ။
ဒီအနာတွေ ဖြစ်တတ်တဲ့သူမှာဆိုရင် ခဏခဏကိုဖြစ်ပါတယ်။ ပါးစပ်ကလွဲပြီး တခြားနေရာတွေမှာ မဖြစ်ပါဘူး။ ပါးစပ်ထဲမှာတော့ နေရာစုံအောင်ကိုဖြစ်ပါတယ်။ နှုတ်ခမ်းအတွင်းပိုင်းတွေ၊ ပါးစောင်တွေ၊ အာခေါင်တွေ၊ လျှာအောက်တွေ အားလုံးမှာဖြစ်နိုင်ပါတယ်။ အများဆုံးအဖြစ်များတာကတော့ ပါးစောင်နဲ့ နှုတ်ခမ်းအတွင်းပိုင်းတွေမှာပါ။ ၇ရက်ကနေ ၁၀ရက်လောက်ကြာရင်ပျောက်သွားပါတယ်။ အမာရွတ် မကျန်တတ်ပါဘူး။
ကလေးအရွယ် ဒါမှမဟုတ် လူပျိုဖော်ဝင်စအရွယ်မှာကတည်းက စဖြစ်တတ်ပါတယ်။ အဝိုင်း ဒါမှမဟုတ် ဘဲဥပုံစံလေးတွေဖြစ်တတ်ပါတယ်။ အရမ်းနာပါတယ်။ အစာစားရင် အခက်အခဲဖြစ်ပါတယ်။
အနာကသိသိသာသာကို ပတ်ဝန်းကျင်အသားနဲ့ကွဲပြားနေပါတယ်။ အနာရဲ့ပတ်ပတ်လည်လေးတွေက နီနေတတ်ပြီး အနာကတော့ အဖြူရောင် ဒါမှမဟုတ် မီးခိုးရောင်ဖြစ်ပါတယ်။
မျိုးရိုးနဲ့သက်ဆိုင်ပြီး အသက်၃၀ကျော်ရင်တော့ လုံးဝပျောက်သွားတတ်တယ်လို့ ဆိုပါတယ်။ တစ်ခုသတိထားရမှာက ပါးစပ်မှာဖြစ်တဲ့အနာတိုင်း Aphthous ulcer (AU) မဟုတ်ပါဘူး။ အထက်မှာဖော်ပြထားသလို ပုံစံမျိုးတွေရှိမှသာ AU ဖြစ်နိုင်တာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။