(၄) အချိုရည်တွေ
အချိုရည်တွေမှာ အက်ဆစ်ပါဝင်နေတာကြောင့် သွားအပေါ်ယံကြွေလွှာတွေကို ပျက်စီးစေနိုင်ပါတယ်။ ကာဗိုဟိုက်ဒရိတ်ပါဝင်နေတဲ့ အချိုရည်တွေက ခံတွင်းခြောက်ေစနိုင်ပြီး သွားတွေကိုလည်း အရောင်စွန်းထင်းစေနိုင်ပါတယ်။ သတိထားရမှာနောက်တစ်ချက်က ကာဗိုဟိုက်ဒရိတ်ပါတဲ့ အချိုရည်သောက်ပြီးပြီးချင်း သွားမတိုက်ပါနဲ့။
(၅)ရေခဲ
ရေခဲက ဘာမှမပါတဲ့ရေပဲဆိုပေမယ့်ရေခဲက မာကျောတာကြောင့် သွားကြွေလွှာတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ရေခဲဝါးစားတာက အခန့်မသင့်ရင် သွားပဲ့တာ၊ သွားကျိုးတာမျိုးတွေအထိဖြစ်စေနိုင်ပါတယ်။
(၆) အချဉ်သီးတွေ
လိမ္မော်သီး၊ ဂရိတ်ဖရု နဲ့ သံပရိုသီး၊ သံပရာသီးတို့လိုမျိုး အချဉ်သီးတွေက ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတောကြောင့် ကိုယ်ခံအားကောင်းစေတယ်ဆိုပေမယ့် သွားကေကြွလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
(၇) အာလူးကြော်
အာလူးကြော်က ကြွပ်ကြွပ်လေးနဲ့ ဝါးလို့ကောင်းပေမယ့် အာလူးကြော်မှာပါတဲ့ ကစီဓါတ်နဲ့ အချိုဓါတ်တွေက သွားတွေကို ထိခိုက်ပျက်စီးစေနိုင်ပြီးသွားချေးတွေကိုဖြစ်စေတာကြောင့် ပါးစပ်ထဲမှာ ဘက်တီးရီးယားတွေ အလွယ်တကူပေါက်ဖွားစေနိုင်ပါတယ်။
(၈) အသီးခြောက်တွေ
သစ်သီးခြောက်တွေက ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာဆိုပေမယ့် ကပ်စေးစေးနိုင်တဲ့ သစ်သီးခြောက်တွေက သွားတွေမှာ ကပ်ငြိနေပြီး အချိုဓါတ်ပါတာကြောင့် သွားတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အသီးခြောက်တွေစားပြီးတိုင်း သွားတိုက်တာ၊ ပလုတ်ကျင်းတာတွေလုပ်ဖို့မမေ့ပါနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။