အခြားခံတွင်းရောဂါ ပြဿနာများ

အခြားခံတွင်းရောဂါ ပြဿနာများ သည် အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားခံတွင်းရောဂါ ပြဿနာများ

ဗီတာမင် B12 ချို့တဲ့ ခြင်းနှင့် ကျီးကန်းပါးစပ်

ခုလိုကာလမျိုးမှာ ရာသီဥတုကြောင့်ရော စားသောက်နေထိုင်မှုပုံစံကြောင့်ပါ ကျီးကန်းပါးစပ် (Angular Cheilitis) လို ဝေဒနာမျိုးကို ကြုံရတတ်ပါတယ်။ ဒီဝေဒနာဟာ ဗီတာမင် B12 ချို့တဲ့ မှုရဲ့ အရေးပါတဲ့ လက္ခဏာတစ်မျိုးဆိုတာကိုတော့ လူသိနည်းပါတယ်။ ကျီးကန်းပါးစပ် ဆိုတာက နှုတ်ခမ်းထောင့်တွေ နီရဲအက်ကွဲကာ ပါးစပ် ဟမရ ပြုမရဖြစ်တဲ့ ဝေဒနာတစ်မျိုးပါ။ စားရသောက်ရ စကားပြောဆိုရတာမှာ အတော်လေး ကသိကအောက်နိုင်တဲ့ ရောဂါဆိုပါတော့။ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်သော်ငြား အတော်လေးစိတ်အနှောင့်အယှက်ပေးတဲ့ ပြဿနာမျိုးလို့တော့ ဆိုရပါလိမ့်မယ်။ ပုံမှန်အားဖြင့် ဗီတာမင် B မှာ အုပ်စုဝင်အမျိုးအစား ၈ မျိုးရှိပါတယ်။ ကျီးကန်းပါးစပ် လို နှုတ်ခမ်းမှာဖြစ်တဲ့ ပြဿနာတွေဟာ ဗီတာမင် B အုပ်စုထဲက ဗီတာမင် B12 ချို့တဲ့မှုကြောင့်ဖြစ်ရတာပါ။ ဗီတာမင် B ချို့တဲ့ တဲ့အခါမှာ ရောဂါလက္ခဏာအမျိုးမျိုးပြသလေ့ရှိပြီး […]

အခြားခံတွင်းရောဂါ ပြဿနာများ ကို ရှာဖွေမည်။

အခြားခံတွင်းရောဂါ ပြဿနာများ

သွားကျန်းမာရေး - အာခံတွင်း အဖြူကွက်

အဓိပ္ပါယ်ဖွင့်ဆိုချက်Leukoplakia (အာခံတွင်း အဖြူကွက်) ဆိုတာဘာလဲ။ Leukoplakia ဆိုတာ ပါးစောင်၊ သွားဖုံးနဲ့ လျှာတွေမှာ ထူပြီးအဖြူရောင်ရှိတဲ့အကွက်တွေဖြစ်နေတာပါ။ ဒီအကွက်တွေဟာ ဆဲလ်ကြီးထွားမှုက လိုအပ်သည်ထက်ပိုနေတာကြောင့်ဖြစ်ရတာဖြစ်ပြီး ဆေးရွက်ကြီးအသုံးပြုသူတွေမှာ အဖြစ်များပါတယ်။ သူတို့ဟာ သွားတု၊အံကပ်တပ်ထားတာအံမဝင်တာတွေ သို့မဟုတ် ပါးစောင်ထဲထည့်ပြီးဝါးနေတတ်တဲ့အလေ့အထတွေ ကြောင့်လည်းဖြစ်တတ်ပါသေးတယ်။ တစ်ခါတလေမှာ leukoplakia က ခံတွင်းကင်ဆာနဲ့လည်းဆက်စပ်နေတတ်ပါသေးတယ်။ အဖြူကွက်တွေက အတော်ကိုဆိုးရွားနေတဲ့ပုံပေါ်ရင်တော့ သွားဆရာဝန်က အသားစကို ဓါတ်ခွဲစမ်းသပ်စစ်ဆေးခိုင်းပါလိမ့်မယ်။ သွားဆရာဝန်က အနာနဲ့ ရလာတဲ့အသားစ စစ်ချက်ကို စစ်ဆေးပြီးတဲ့အခါမှာ ရောဂါကိုဘယ်လိုထိန်းချုပ်ရမလဲ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ ကုသမှုတွေဟာ အနာဖြစ်စေတဲ့အချက်အလက်တွေကို ဖယ်ရှားခြင်းနဲ့ စတင်ရမှာပါ။ ဥပမာ-ဆေးရွက်ကြီးဖြတ်ခိုင်းခြင်းနဲ့ တပ်ထားတာအဆင်မပြေတဲ့ သွားတုတွေ အံကပ်တွေကိုပြန်လည်ပြင်ဆင်ပေးခြင်း စတဲ့အချက်တွေနဲ့ အစပြုပါလိမ့်မယ်။ လက္ခဏာများLeukoplakia (အာခံတွင်း အဖြူကွက်) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Leukoplakia ဟာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ဖြစ်ပေါ်နိုင်ပါတယ်။ အပြောင်းအလဲတွေက များသောအားဖြင့် သွားဖုံး၊ ပါးစောင်၊ […]


အခြားခံတွင်းရောဂါ ပြဿနာများ

မက် အင်ဖက်တမင်း/ယာဘ စိတ်ကြွဆေးကြောင့်ဖြစ်သော ခံတွင်းပြဿနာများ

အဓိပ္ပါယ်ဖွင့်ဆိုချက်Meth Mouth (မက်အင်ဖက်တမင်း ယာဘ စိတ်ကြွဆေးကြောင့် ဖြစ်သော ခံတွင်း ပြဿနာ) ဆိုတာဘာလဲ။ Meth Mouth ဆိုတာ တရားဝင်မဟုတ်ဘဲ ပြင်းထန်စွာစွဲလမ်းစေတတ်တဲ့ ဆေးတစ်မျိုးဖြစ်တဲ့ methamphetamine (မက်အင်ဖက်တမင်း ယာဘဆေး) ကြောင့်ဖြစ်တဲ့ သွားနဲ့ခံတွင်း ကျန်းမာရေးပျက်စီးခြင်းလို့သတ်မှတ်လို့ရပြီး ဒါက ဆေးသုံးစွဲသူတွေကို ပေးနိုင်တဲ့ ဆိုးရွားတဲ့ဆိုးကျိုးသက်ရောက်မှုတွေထဲက တစ်ခုပါပဲ။ Methamphetamine ဆိုတာ ဗဟိုအာရုံကြောစနစ်ကို ပိုပြီးတက်ကြွအောင်လှုံ့ဆော်ပေးနိုင်တဲ့စွမ်းအင်ပြည့် စိတ်ကြွဆေးတစ်မျိုးဖြစ်ပြီး အသက်ရှူမဝခြင်း၊ ကိုယ်အပူချိန်မြင့်မားခြင်း၊ အော်ကလီဆန်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ နှလုံးခုန်နှုန်းပုံမှန်မဟုတ်ခြင်း၊ သွေးဖိအားမြင့်မားခြင်း၊ ရာသက်ပန်ဦးနှောက်ပျက်စီးခြင်း နဲ့ သွားပျက်စီးနိုင်ခြင်း စတာတွေဖြစ်စေတတ်ပါတယ်။ လက္ခဏာများMeth Mouth ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Methamphetamine (မက်အင်ဖက်တမင်း ယာဘ စိတ်ကြွဆေး) သုံးစွဲခြင်းဟာ ခံတွင်းကိုဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ မှတ်တမ်းတွေမှာတော့ ငယ်စဉ်ကလေးဘဝတုန်းက သွားပိုးစားတဲ့ပုံစံမျိုး ခုချိန်မှာလည်းသွားပိုးစားခြင်းကပြန့်နှံ့နေရင် […]


အခြားခံတွင်းရောဂါ ပြဿနာများ

အမွေးထူပြီး မဲနေသော လျှာ

အဓိပ္ပါယ်ဖွင့်ဆိုချက်အမွေးထူပြီး မဲနေသော လျှာဆိုတာ ဘာလဲ။ Black hairy tongue (အမွေးထူပြီး မဲနေသော လျှာ) ဆိုတာ အန္တရာယ်မရှိတဲ့ ခံတွင်းပိုင်းဆိုင်ရာ ယာယီပြဿနာတစ်ခုပါ။ အဲဒီအခြေအနေမှာ သင့်လျှာဟာ မည်းမှောင်တဲ့အမွှေးမျှင်တွေနဲ့ ဖုံးအုပ်ထားသလိုမျိုး ဖြစ်နေပါလိမ့်မယ်။ ဖြစ်ပေါ်စေတဲ့အကြောင်းအရင်းကတော့ သင့်လျှာပေါ်မှာ ရှိတဲ့အဖုလေးတွေအပေါ်မှာ (ရသာခံဖုလေးတွေ အပါအဝင်) အများအပြားပေါ်ထွက်လာတဲ့ ဆဲလ်အသေလေးတွေကြောင့်ပဲ ဖြစ်ပါတယ်။ ပုံမှန်ထက် အနည်းငယ်ပိုရှည်နေတဲ့ အဖုလေးတွေပေါ်မှာ ဆေးရွက်ကြီး၊ ဘက်တီးရီးယားနဲ့ အမြှုပ်တွေဟာ ပုံမှန်ထက် ကြာမြင့်စွာ တည်ရှိတတ်ပါတယ်။ Black hairy tongue ရဲ့ပုံစံဟာ အန္တရာယ်များသလို ထင်ရပေမယ့် တကယ်တော့ မဟုတ်ပါဘူး။ များသောအားဖြင့် သင်ဟာ နာကျင်မှုတောင် မခံစားရပါဘူး။ ဒီပြဿနာဟာ အများအားဖြင့် ကုသမှုခံယူစရာ မလိုဘဲ အလိုအလျောက် ပျောက်ကင်းလေ့ရှိပါတယ်။ လက္ခဏာများBlack hairy tongue (အမွေးထူပြီး […]


အခြားခံတွင်းရောဂါ ပြဿနာများ

ပါးစပ် အပူလောင်သလို ခံစားရသော ပြဿနာစု

အဓိပ္ပါယ်ဖွင့်ဆိုချက်Burning Mouth Syndrome ကဘာလဲ။ Burning Mouth Syndrome ဆိုတာ လူနာအများစုက သူတို့ပါးစပ်တွေအပူလောင်နေသလိုခံစားနေရတယ်လို့ဖော်ပြလေ့ရှိပြီး ပါးစပ်တွင်း ပုံမှန်ခံစားမှုမရှိခြင်းလို့ သတ်မှတ်ကြတဲ့ အဖြစ်များတဲ့ အခြေအနေတစ်ခုပါ။ များသောအာဖြင့် ဒီလိုခံစားမှုဟာ ပါးစပ်ရဲ့အရှေ့ပိုင်းမှာဖြစ်လေ့ရှိပါတယ်။ ပြောရမယ်ဆိုရင်တော့ နှုတ်ခမ်းအတွင်းသားမျက်နှာပြင်တွေမှာ၊ အာခေါင်ပေါ်မှာ နဲ့ လျှာထိပ်နဲ့ဘေးတွေမှာ ခံစားရလေ့ရှိပါတယ်။ အချို့လူနာတွေက လျှာမှာပဲဖြစ်တတ်ပေမယ့် ဖော်ပြပါနေရာတွေအားလုံးမှာဖြစ်ကြတာမျိုးလည်း တွေ့ရတတ်ပါတယ်။ အချို့လူနာတွေကတော့ အရသာခံအာရုံဆုံးရှုံးသွားတတ်တာ သို့မဟုတ် အရသာပြောင်းပြီးရနေတာမျိုး (ခါးတာလို သို့မဟုတ် ဆားငန် တာလိုအရသာမျိုး) ဖြစ်တတ်ပါတယ်။ အခြားလူနာတွေကတော့ သူတို့ပါးစပ်ဟာ ခြောက်ကပ်နေတာ ဒါမှမဟုတ် ကပ်စေးစေးဖြစ်နေတယ်လို့ ခံစားရတတ်ပါတယ်။ ဒီလိုမျိုးတွေခံစားနေရပေမယ့်လည်း ပါးစပ်နံရံတွေကတော့ ပုံမှန်အတိုင်းလိုဖြစ်နေမှာပါ။ လက္ခဏာများBurning Mouth Syndrome ရဲ့လက္ခဏာတွေကဘာတွေလဲ ဒီရောဂါအဖြစ်များတဲ့လူတွေကတော့ သွေးဆုံးပြီးအမျိုးသမီးတွေပါ။ သင့်မှာလည်း လျှာ၊အာခေါင်၊နှုတ်ခမ်း၊ သွားဖုံးတွေ သို့မဟုတ် ပါးစောင်တွေမှာ ပူလောင်နေတဲ့ခံစားချက်မျိုးရနေတာလည်း […]


အခြားခံတွင်းရောဂါ ပြဿနာများ

ကျိုင်းအနာ Canker sore

အဓိပ္ပါယ်ဖွင့်ဆိုချက်Canker sore (ကျိုင်းအနာ)ကဘာလဲ။ Aphthous ulcers လို့ခေါ်တဲ့ canker sores တွေဟာ သေးငယ်ပြီး တိမ်တဲ့အနာတွေဖြစ်ပြီး ခံတွင်းရဲ့ပျော့ပျောင်းတဲ့တစ်သျှူးတွေ (soft tissues)နဲ့ သွားဖုံးအောက်ခြေမှာဖြစ်တတ်ပါတယ်။ ဒီအနာတွေဖြစ်ရင် နာကျင်ပြီး စားသောက်ခြင်းနဲ့စကားပြောခြင်းတွေမှာ အခက်အခဲတွေ့ရတတ်ပါတယ်။ သူတို့ဟာ ထိတွေ့ရုံနဲ့ မကူးစက်နိုင်ဘဲ အနာတစ်ခုတည်းဖြစ်စေ အများကြီးဖြစ်စေ ပေါက်တတ်ပါတယ်။ Canker sore (ကျိုင်းအနာ)က ဘယ်လောက်အဖြစ်များသလဲ လူတိုင်းမှာ canker sores ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေမှာ တွေ့ရတာပိုများပြီး အမျိုးသမီးတွေမှာပိုပြီးအဖြစ်များပါတယ်။ ရှုပ်ထွေးတဲ့canker sores (complex canker sores)တွေဟာ ရှားပါးပေမယ့် ရိုးရိုးကျိုင်းအနာဖြစ်ဖူးသူတွေမှာတော့ ဖြစ်နိုင်ချေပိုများပါတယ်။ လက္ခဏာများCanker sore (ကျိုင်းအနာ) ရဲ့လက္ခဏာတွေကဘာတွေလဲ Canker sores တွေဟာ လုံးဝန်းတာသို့မဟုတ် ဘဲဥပုံရှိပြီး အလယ်မှာ အဖြူရောင်သို့မဟုတ် အဝါရောင်ဖြစ်နေကာ အနားသတ်တွေကတော့ နီရဲနေတတ်ပါတယ်။ […]


သွားပြဿနာများ

သွားပိုးပေါက်များ

အဓိပ္ပါယ်ဖွင့်ဆိုချက်သွားပိုးပေါက်ဆိုတာ ကဘာလဲ။ သွားပိုးပေါက် သို့မဟုတ် သွားပျက်စီးခြင်း ဆိုတာ သွားရဲ့မာကြောတဲ့အပေါ်ယံလွှာ ကြွေလွှာ ပျက်စီးခြင်းကိုဆိုလိုပါတယ်။ သွားပိုးပေါက်ဆိုတာကတော့ သွားထဲမှာ အပေါက်သေးသေးလေးဖြစ်နေတာပါ။ သွားပိုးပေါက် က ဘယ်လောက်အဖြစ်များသလဲ ကလေးတွေ၊ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ပြီးသားလူတွေထိ ဒီပြဿနာကို ကြုံနိုင်ပါတယ်။ လက္ခဏာများသွားပိုးပေါက်ရဲ့လက္ခဏာတွေကဘာတွေလဲ သွားပိုးပေါက်တွေရဲ့ လက္ခဏာနဲ့ သင်္ကေတတွေဟာ သူတို့ရဲ့တည်နေရာနဲ့ ဧရိယာပေါ်မူတည်ပြီးအမျိုးမျိုးကွဲပြားပါတယ်။ သွားပိုးပေါက်တွေစဖြစ်လာပြီဆိုရင်လည်း ဘာလက္ခဏာမှပြဦးမှာမဟုတ်သေးပါဘူး။ ပျက်စီးမှုတွေပိုကြီးလာပြီဆိုရင်တော့ အောက်ပါအချက်တွေဖြစ်နိုင်ပါတယ်။ • သွားနာခြင်း • သွားကို အထိမခံနိုင်ခြင်း • အချို ၊ အပူ သို့မဟုတ် အအေး တစ်ခုခု စားတဲ့အချိန်မှာ အနည်းငယ်နာကျင်တာကနေ စူးစူးရှရှနာကျင်တာမျိုးထိဖြစ်နိုင်ခြင်း • သွားမှာမြင်နိုင်တဲ့အပေါက်တွေရှိနေခြင်း • အညိုရောင်၊အမဲရောင် သို့မဟုတ် အဖြူရောင်အစွန်းများ သွားပေါ်တွင်ကျန်ရှိနေခြင်း • ကိုက်လိုက်တာနဲ့ နာကျင်မှုကိုခံစားရခြင်း အထက်မှာဖော်ပြထားတဲ့အချက်တွေမဟုတ်ဘဲ အခြားလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့သင့်မှာလက္ခဏာတစ်ခုခုရှိနေတယ်လို့ထင်နေရင် ဆရာဝန် သို့မဟုတ် ဆေးပညာဆိုင်ရာကျွမ်းကျင်သူနဲ့တိုင်ပင်ပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင်က သွားပိုးပေါက်တွေဖြစ်နေပြီဆိုတာ သိဦးမှာတော့မဟုတ်ပါဘူး။ ဒါကြောင့် ခံတွင်းက […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားကျန်းမာရေး - နှုတ်ခမ်းကွဲ၊အာခေါင်ကွဲခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်း ကဘာလဲ။ နှုတ်ခမ်းကွဲခြင်းဆိုတာ မွေးကတည်းက အပေါ်နှုတ်ခမ်း ၂ခြမ်းဟာ စေ့မနေဘဲ ကွဲနေတာကိုခေါ်ပါတယ်။ မမွေးဖွားလာခင်ကတည်းက ကွဲနေတာပါ။ အလားတူကိစ္စမျိုး အာခေါင်မှာလည်းဖြစ်တတ်ပါတယ်။ နှုတ်ခမ်းကွဲခြင်းနှင့် အာခေါင်ကွဲခြင်းဟာ တစ်ခုစီလည်းဖြစ်တတ်သလို လူတစ်ယောက်တည်းမှာ ၂မျိုးလုံးဖြစ်နေတာမျိုးလည်းရှိတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးဟာ အစောပိုင်းသန္ဓေသားဖွံ့ဖြိုးစဉ်ကာလမှာတည်းက ဖြစ်တာပါ။ ခုလို အင်္ဂါမစုံမှုဟာ မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်တတ်သလို ကိုယ်ဝန်ဆောင်စဉ်မှာ မိခင်နဲ့ပတ်ဝန်းကျင်ဆိုင်ရာထိတွေ့မှုတွေ ထိခိုက်မှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လက္ခဏာများနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်း ရဲ့လက္ခဏာတွေကဘာတွေလဲ အများအားဖြင့်တော့ နှုတ်ခမ်းကွဲ အာခေါင်ကွဲတာတွေဟာ မွေးမွေးချင်းကိုသိနိုင်ပါတယ်။ အောက်ဖော်ပြပါ ပုံစံတွေအတိုင်း ဖြစ်ပေါ်နိုင်ပါတယ်။ • နှုတ်ခမ်းနဲ့အာခေါင်မှာဖြစ်နေတဲ့ကွဲကြောင်းဟာ မျက်နှာတစ်ခြမ်းတည်းမှာရော နှစ်ခြမ်းလုံးမှာပါ ဖြစ်နိုင်ပါတယ်။ • နှုတ်ခမ်းအကွဲကတော့ နှုတ်ခမ်းမှာVပုံသဏ္ဍာန်ကွဲကြောင်းအသေးလေးဖြစ်နိုင်သလို နှုတ်ခမ်းကနေ အပေါ်သွားဖုံးနဲ့ နှာခေါင်းအောက်ထိလည်းရှည်လျားနိုင်ပါတယ်။ • အာခေါင်ကွဲတာကတော့ မျက်နှာအသွင်အပြင်ကို မထိခိုက်နိုင်ပါဘူး အချို့ဖြစ်ရပ်အနည်းစုမှာ ကွဲကြောင်းဟာ အာခေါင်ပျော့ရဲ့ကြွက်သားတွေမှာပဲပေါ်တတ်ပါတယ်။ (submucous cleft palate)။ အာခေါင်ပျော့ဆိုတာကတော့ ပါးစပ်အနောက်နားမှာရှိတာပါ။ ဒီလိုကွဲတဲ့ပုံစံကတော့ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ပါးစပ်နာ

အဓိပ္ပါယ်ဖွင့်ဆိုချက် ပါးစပ်နာ (Cold sore) ဆိုတာဘာလဲ။ Cold sore (ပါးစပ်နာ) ဆိုတာက ပါးစပ်မှာအနာဖြစ်ခြင်း ဖြစ်ပါတယ်။ သူ့ကို fever blister အပူဖု လို့ လည်း ခေါ်ကြပါတယ်။ ဒီရောဂါက ရေယုန်ဗိုင်းရပ်စ် အမျိုးအစား ၁ ကူးစက်မှုကြောင့်ဖြစ်ပွားခြင်းဖြစ်ပါတယ်။ သင့်မှာဒီ ဗိုင်းရပ်စ်မျိုးရှိနေပြီဆိုရင် သူကသင်နဲ့အကြာကြီးနေတော့မှာပါ။ ပါးစပ်နာ တွေက ထိတွေ့ဆက်ဆံခြင်းကနေ ကူးစက်နိုင်တဲ့ရောဂါပါ။ ရောဂါလက္ခဏာတွေကို ချက်ချင်းမပြဘဲ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ရက်အနည်းငယ်ကြာမှပြတတ်ပါတယ်။ ရောဂါကုသပျောက်ကင်းသွားပြီးရင်တောင်မှ သင့်ဘဝတစ်လျှောက်လုံးမှာ ခဏခဏပြန်ပေါ်လာနိုင်ပါတယ်။ လက္ခဏာများပါးစပ်နာ (Cold sore) ရဲ့လက္ခဏာတွေကဘာတွေလဲ ပါးစပ်နာ တွေဟာများသောအားဖြင့် အဆင့်လိုက် ကြီးထွားလာတာပါ။ • နှုတ်ခမ်းတစ်ဝိုက်မှာ ယားယံခြင်းသို့မဟုတ် တဆစ်ဆစ်ဖြစ်နေခြင်းကိုခံစားနေရပါလိမ့်မယ်။ • ရက်အနည်းငယ်ကြာတဲ့အခါမှာ သေးငယ်မာကြောပြီး နာကျင်စေတဲ့ဖုလေးတွေထွက်ပေါ်လာပါလိမ့်မယ်။ များသောအားဖြင့်ဒါက ပါးစပ်တစ်ဝိုက်မှာသာဖြစ်တတ်ပြီး တစ်ခါတလေမှာတော့ နှာခေါင်းနဲ့ပါးတွေမှာပါဖြစ်တတ်ပါတယ်။ အချို့တွေက စုပေါက်နေပြီးအရည်ကြည်တွေဖြစ်နေတတ်ပါတယ်။ • အဖုလေးတွေဟာ ရက်အနည်းငယ်အကြာ သို့မဟုတ် […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားကျန်းမာရေး - သွားကြွေလွှာ ပျက်စီးခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်သွားကြွေလွှာ ပျက်စီးခြင်း (dental erosion) ကဘာလဲ။ Erosion (တိုက်စားခြင်း)ဆိုတာ အက်ဆစ်ကြောင့် သွားကြွေလွှာတွေပျက်စီးခြင်းကိုခေါ်ပါတယ်။ ကြွေလွှာဆိုတာ မာကြောပြီး သွားကို ကာကွယ်ပေးနေတဲ့အလွှာပါ။ ဒီအလွှာက သူ့အောက်မှာရှိတဲ့ ထိခိုက်မခံတဲ့ သွားအလွှာ(dentine)ကိုကာကွယ်ပေးပါတယ်။ ဒီကြွေလွှာပျက်စီးသွားပြီဆိုရင် အောက်အလွှာဖြစ်တဲ့ dentine ကိုထိခိုက်စေမှာဖြစ်ပြီး နာကျင်မှုနဲ့ အထိခိုက်မခံနိုင်မှု စတာတွေကိုဖြစ်စေနိုင်ပါတယ်။ လက္ခဏာများသွားကြွေလွှာ ပျက်စီးခြင်း (dental erosion) ရဲ့လက္ခဏာတွေကဘာတွေလဲ သွားကြွေလွှာ ပျက်စီးခြင်း ရဲ့ လက္ခဏာတစ်ရပ်ကတော့ ချောမွတ်တောက်ပြောင်တဲ့ သွားရဲ့အလွှာဆုံးရှုံးသွားတာပါပဲ။ သွားကြွေလွှာ ပျက်စီးခြင်း ဟာ သွားအမြစ်တွေကိုလည်း အပူတွေ အအေးတွေနဲ့ထိတွေ့မခံနိုင်အောင် ပြုလုပ်ပါသေးတယ်။ နောက်ဘက်အံသွားတွေမှာ သွားကြွေလွှာ ပျက်စီးခြင်း ဖြစ်တဲ့အခါ သွားရဲ့ကိုက်ဝါးတဲ့မျက်နှာပြင်တွေပျက်စီးစေပါတယ်။ ပတ်ဝန်းကျင်က သွားမျက်နှာပြင်တွေဟာ တိုက်စားမှုကြောင့် ပျော်ဝင်သွားတဲ့အခါမှာ သွားဖာခြင်း က ပိုပြီးသင့်တော်လာပါတယ်။ ကြွေလွှာပျက်စီးသွားတဲ့အခါမှာ သွားပိုးပေါက်တွေပိုပြီးဖြစ်လာနိုင်သလို သွားပျက်စီးနိုင်ချေလည်း ပိုများလာပတယ်။ သွားပျက်စီးမှုတွေဟာ မာကြောတဲ့ကြွေလွှာထဲဝင်လာပြီးတဲ့အခါမှာတော့ သွားရဲ့အဓိကကိုယ်ထည်ထဲကို […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းခြောက်ခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်Dry Mouth (ခံတွင်းခြောက်ခြင်း) ကဘာလဲ။ Xerostomia လို့ခေါ်တဲ့ခံတွင်းခြောက်ခြင်းဟာ တံတွေးအထွက်နည်းခြင်းကြောင့်ဖြစ်ရတာပါ။ ဒါဟာရောဂါတစ်ခုတော့မဟုတ်ပေမယ့် ကျန်းမာရေးအခြေအနေတစ်ခုခုရဲ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်သလို antihistamines၊ နှာပိတ်သက်သာဆေး၊ အကိုက်အခဲပျောက်ဆေး၊ဆီးဆေး နဲ့အခြားသောဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေလည်းဖြစ်နိုင်ပါတယ်။ တံတွေးဟာ သွားတွေမပျက်စီးအောင်နဲ့ ပါးစပ်ထဲမှာရှိတဲ့ နူးညံ့တဲ့တစ်သျှူးတွေ၊ မာကျောတဲ့တစ်သျှူးတွေ စတာတွေကို ကျန်းမာနေစေဖို့ ထိန်းညှိပေးတဲ့ ခံတွင်းရဲ့အခြေခံတိုက်စစ်လည်းဖြစ်ပါတယ်။ တံတွေးဟာ အစာတွေနဲ့ အခြားသောအပိုင်းအစတွေကိုဖယ်ရှားရှင်းလင်းပေးပြီး ပါးစပ်ထဲမှာရှိတဲ့ ဘက်တီးရီးယားတွေကထုတ်လွှတ်လိုက်တဲ့ အက်ဆစ်တွေကို ဓါတ်ပြယ်စေပါတယ်။ ဒါတင်မကပါဘူး ရောဂါတွေကိုတိုက်ဖျက်နိုင်တဲ့အရာတွေကိုလည်း ပါးစပ်ထဲမှာထုတ်ပေးတဲ့အပြင် ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေဝင်ရောက်လာမှုနဲ့ကြီးထွားလာမှုတို့ကို ရှေ့တန်းက ကာကွယ်ပေးနေတာပါ။ ခံတွင်းခြောက်တာနဲ့ဆက်စပ်နေတဲ့ အဖြစ်များတဲ့ပြဿနာတွေကတော့ လည်ချောင်းကြာရှည်နာခြင်း၊ ပူလောင်နေသလိုခံစားရခြင်း၊ စကားပြောရ ဒုက္ခရောက်ခြင်း၊ မြိုချရခက်ခြင်း၊ အသံဝင်ခြင်း၊သို့မဟုတ် နှာခေါင်းလမ်းကြောင်းခြောက်သွေ့ခြင်း စတာတွေပါဝင်ပါတယ်။ အချို့အခြေအနေတွေမှာ ခံတွင်းခြောက်ခြင်းဟာ Sjőgren’s syndrome (ရှိုးဂရင်း ရောဂါ) ရဲ့လက္ခဏာတစ်ရပ်လည်းဖြစ်နိုင်ပါသေးတယ်။ Sjőgren’s syndrome ဆိုတာဟာ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်