ရောင်နေတာ ၂ရက်ထက်ကျော်သွားပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြဖို့လိုအပ်ပါတယ်။ Balanitis ဖြစ်တာသေချာပြီဆိုရင်တော့ ပိုးသတ်ဆေး၊ ယားယံတာ သက်သာစေဖို့ လိမ်းဆေး သို့မဟုတ် အရေပြားမှိုရောဂါအတွက် လိမ်းဆေးတစ်မျိုးမျိုးပေးမှာဖြစ်ပါတယ်။
မကုသဘဲ ပစ်ထားလိုက်မယ်ဆိုရင်တော့ အရေပြားနောက်လှန်ဆွဲလို့မရတော့တဲ့အထိ ဖြစ်သွားနိုင်တယ်ဆိုတာ သတိထားပါ။
၅။ ဂနိုရောဂါ
ဆီးပူညောင်းကျရောဂါလို့လည်း လူသိများတဲ့ ဂနိုဟာ လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါဖြစ်ပါတယ်။ ရောဂါပိုးရှိသူရဲ့ ပါးစပ်၊ မိန်းမကိုယ်၊ စအိုဖြင့် ထိုးသွင်းဆက်ဆံတဲ့အခါ အကာအကွယ်မသုံးရင် ကူးစက်ခံရနိုင်ပါတယ်။
အမျိုးသားတွေမှာ အများအားဖြင့် လက္ခဏာမပြတတ်ပါဘူး။ လက္ခဏာပြလာတဲ့အခါမှာလည်း လိင်တံမှအနံ့ထွက်တာ၊ ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်တာ၊ လိင်တံမှ စိမ်းဖန့်ရောင်၊ အဝါရောင် သို့မဟုတ် အဖြူရောင်ပြည်ရည်တွေ စိမ့်ထွက်လာတာ၊ လိင်အင်္ဂါ သို့မဟုတ် စအိုဝပတ်လည်မှာ ယားယံတာ၊ သွေးထွက်တာ၊ ဝမ်းသွားစဉ် နာကျင်ပြီး အောင့်တာဖြစ်နိုင်ပါတယ်။
ဂနိုရောဂါရှိတယ်လို့ သံသယရှိတယ်ဆိုရင် ဆရာဝန်နဲ့ ပြဖို့လိုအပ်ပါတယ်။ ထိုးဆေးအပြင် ရောဂါကိုအမြန်ဆုံး သက်သာစေမယ့် ဆေးတွေကို ဆရာဝန်အနေနဲ့ ညွှန်းပေးမှာဖြစ်ပါတယ်။ ဒီကြားထဲမှာ ကိုယ့်ဆီက ရောဂါပိုးက ပျံ့နှံ့နိုင်တဲ့အတွက် လိင်ဆက်ဆံတာကို ရှောင်သင့်ပါတယ်။ လိင်ကတဆင့် ကူးစက်ရောဂါတွေ ဖြစ်တဲ့အတွက် အဖော်ကိုပါ ဆေးစစ်ပေးပြီး ကုသသင့်ပါတယ်။
၆။ ခလက်မီးဒီးယားရောဂါ (Chlamydia)
အကာအကွယ်မဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေထဲမှာ ပါဝင်တဲ့ ခလက်မီးဒီးယားဟာလည်း လိင်တံကို မကောင်းတဲ့အနံ့အသက်တွေ ဖြစ်စေနိုင်ပါတယ်။ ဆီးသွားစဉ် ပူလောင်နေတာ၊ ပုံမှန်မဟုတ်တဲ့ အရည်တွေ စိမ့်ထွက်လာတာ၊ ဝှေးစေ့က အောင့်နေပြီး ရောင်နေတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ မကုသဘဲထားလိုက်မယ်ဆိုရင် တခြားသူတွေကိုပါ ရောဂါပိုးကူးစက်စေနိုင်ပြီး မျိုးပွားခြင်းဆိုင်ရာ ပြဿနာတွေပါ ဖြစ်စေနိုင်ပါတယ်။
လိင်မှတစ်ဆင့် ကူးစက်ခံရတဲ့ ရောဂါအတွက် ဆရာဝန်နဲ့ မဖြစ်မနေပြသရပါမယ်။ ဆရာဝန်ပေးတဲ့ ရောဂါပိုးသတ်ဆေးကို ဆေးအညွှန်းအတိုင်း သောက်မယ်ဆိုရင်တော့ မြန်မြန်ပျောက်သွားမှာပါ။ လုံးဝအကင်းမပျောက်ခင်အထိ လိင်မှုကိစ္စတွေကို ရှောင်ကြဉ်ဖို့တော့ လိုပါတယ်။
၇။ ဘက်တီးရီးယားပိုးကြောင့် မဟုတ်ဘဲ ဆီးပြွန်ရောင်ခြင်း
ဂနိုဖြစ်စေတဲ့ ဘက်တီးရီးယားပိုးဝင်တာ မဟုတ်ဘဲ တခြားဘက်တီးရီးယားပိုးဟာ ဆီးပြွန်ထဲဝင်ပြီး ရောင်ရမ်းလာတဲ့အခါမှာ လိင်တံအနံ့ဆိုးထွက်နိုင်ပါတယ်။ လိင်တံထိပ်ဖူးမှာ ယားယံတာ၊ ရောင်နေတာ၊ ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်တာ၊ လိင်တံထိပ်မှ အဖြူနောက်ရောင်နဲ့ အနံ့ဆိုးတဲ့ အရည်တွေ စိမ့်ထွက်လာတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။
ဒီရောဂါအတွက် ဆရာဝန်အနေနဲ့ Antibiotics တွေ ပေးမှာဖြစ်ပြီး တခြားသူတွေကို ကူးစက်ခြင်းမဖြစ်စေဖို့ လိင်မှုကိစ္စတွေကို ခဏရှောင်ဖို့ လိုအပ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။