အမျိုးသားတစ်ယောက် လူပျိုဖော်ဝင်ကာစ အသက် ၉နှစ်မှ ၁၄နှစ်အတွင်း လိင်တံနဲ့ ဝှေးစေ့ဟာ နဂိုကထက် ပိုကြီးလာတတ်တာ သဘာဝပါပဲ။ ဒီအရွယ်မှာ ကျားဟော်မုန်းတွေ တိုးလာမယ်။ အသံက ခပ်သြသြဖြစ်လာပြီး ဝက်ခြံတွေ ပိုပေါက်လာမယ်။ ကိုယ်ခန္ဓာအရွယ်အစား ကြီးထွားလာပြီး အရပ်ရှည်လာမယ်။ ကိုယ်နံ့၊ ချွေးနံ့တွေ ထွက်လာပြီး အရင်ကထက် ပိုပြင်းလာမယ်။ ဒါတွေအားလုံးဟာ အမျိုးသားတိုင်း ကျော်ဖြတ်ကြရတဲ့ လူပျိုဘဝဖြစ်စဉ်တွေပါပဲ။