backup og meta

ကပ္ပယ်အိတ် ( scrotum) တစ်ဝိုက်ယားယံတာ ဘာ့ကြောင့်ဖြစ်ရတာလဲ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကပ္ပယ်အိတ် ( scrotum) တစ်ဝိုက်ယားယံတာ ဘာ့ကြောင့်ဖြစ်ရတာလဲ။ ။

    အမျိုသားတို့ ကပ္ပယ်အိတ်ပေါ်က အရေပြားလေး ယားယံတာမျိုး ဖြစ်ဖူးကြပါသလား။ တစ်နေ့ခင်းလုံး ဘာလက္ခဏာမှ မပြဘဲညကျမှ ယားယံတာမျိုး ဖြစ်တတ်ကြပါသလား။ ပုံမှန်ဆို ဒီ ကပ္ပယ်အိတ်ပေါ်က အရေပြားလေးက ယားမနေသင့်ဘူးလေ။ ဒါတွေ ဘာ့ကြောင့်ဖြစ်ရတာလဲ။ တစ်ကိုယ်ရည်သန့်ရှင်းမှု အပိုင်း အားနည်းလို့လား။ အခြား ကျန်းမာရေး ပြဿနာတွေ ရှိလို့လား။

    ( ၁ ) တစ်ကိုယ်ရည် သန့်ရှင်းမှုအားနည်းခြင်း ။

    ခုလို ပူတဲ့ေနွရာသီဆို ပိုဆိုးတာပေါ့။ ကိုယ်ဝတ်ထားတဲ့ အတွင်းခံက ချွေးတွေစိုနေတဲ့အပြင် တစ်နေ့လုံးလည်း ဝတ်ထားရတော့ ယားဖို့ အခွင့်အရေးပိုများသွားပြီပေ့ါ။ ဒါကို တစ်နေ့တစ်ထည် အတွင်းခံ မလဲဘဲ ပြန်ပြန်ဝတ်နေရင်တော့ တစ်ကိုယ်သန့်ရှင်းမှု အပိုင်းမှာ သုညပဲဗျို့။ ဒါပေမယ့် ဒီလို တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းလို့ ဖြစ်ရတဲ့ ပြဿနာတွေက သန့်ရှင်းရေးလုပ်လိုက်တဲ့အခါ ပျောက်သွားတာများပါတယ်.

    တစ်ကိုယ်ရည်သန့်ရှင်းမှုလည်းရှိရက်နဲ့ ကပ္ပယ်အိတ်တစ်ဝိုက်ယားယံနေပြီဆိုရင်တော့ ဒါ ကျန်းမာရေးနဲ့ဆိုင်တဲ့ ပြဿနာတစ်ခုခုကြောင့် ဖြစ်ဖို့အလားအလာများသွားပါပြီ။ ဒါဆို ဘာတွေလဲဆက်ကြည့်ရအောင် ။ ။

    ( ၂ ) အရေပြားပွတ်တိုက်မှု များခြင်း ။

    ပူအိုက်တဲ့ရာသီကြောင့် လိင်အဂါၤတစ်ဝိုက်ခြောက်သွေ့တာမျိုး ဖြစ်တဲ့အခါ၊ တစ်နေကုန် သွားလာလှုပ်ရှားနေရလို့ ချွေးစိုတဲ့ အတွင်းခံနဲ့ ကပ္ပယ်အိတ်ပေါ်က အရေပြားနဲ့ ပွတ်တိုက်မှု များနေတဲ့အခါ အရေပြားက အထိမခံဖြစ်လာပြီး ယားယံခြင်း စတင်ပါတော့တယ်။ လက္ခဏာတွေကတော့

  • အရေပြားကြီးက ကြမ်းကြမ်းကြီးဖြစ်နေမယ်
  • အနီကွက်ေလးတွေကိုလည်း တွေ့ရတတ်တယ်
  • အရေပြားလန်တာမျိုးလည်းဖြစ်နေတတ်ပါတယ်။
  • ( ၃ ) အရေပြားမှိုစွြဲခင်း

    ကိုယ်ခန္ဓါပေါ်မှာ မျက်လုံးမြင်နိုင်ဖို့ ခက်ခဲတဲ့ သတ္တဝါလေးတွေ အများကြီးနေထိုင်ပါတယ်။ အဲဒီ အထဲကမှ နယ်မြေတော်တော်များများမှာ မင်းမူပြီး ဒုက္ခပေးနေတာ အထင်ရှားဆုံးကတော့ မှိုရောဂါပေါ့။ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းတဲ့အခါ၊ အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံမိတဲ့အခါမျိုးမှာ လိင်အဂါၤတစ်ဝိုက် သူတို့စပြီး သောင်းကျန်းလာပေါတော့တယ်။

    အဲဒီ အထဲမှာ နာမည်အကြီးဆုံးကတော့ candidiasisလို့ခေါ်တဲ့ မှိုရောဂါပဲ ဖြစ်ပါတယ်။ သူတို့စပြီး အားကောင်းလာတဲ့အခါ ကပ္ပယ်အိတ်တစ်ဝိုက် ပိုးဝင်သလိုမျိုး လက္ခဏာတွေဖြစ်ပြီး စပြီး ယားယံလာပါတော့တယ်။ လက္ခဏာတွေကတော့

    • ဆီးသွားရင် နာတာ
    • လိင်တံနဲ့ ကပ္ပယ်အိတ်တစ်ဝိုက်မှာ ပူစပ်ပူစပ်ဖြစ်နေတာ
    • အရေပြားတွေ ရောင်ပြီး နီရဲနေတာ
    • အနံ့ဆိုးဆိုးထွက်နေတာနဲ့
    • အရေပြားတွေ ခြောက်ပြီး အဖတ်တွေ လန်နေတာမျိုး ဖြစ်တတ်ပါတယ်။

    ( ၄ ) လိင်အဂါၤတစ်ဝိုက်ရေယုန်ပေါက်ခြင်း ။

    သူကတော့ herpes virus လို့ခေါ်တဲ့ ဗိုင်းရပ်စတ်လိင်အဂါၤတစ်ဝိုက်မှာ ရေယုန် ရောဂါ ဖြစ်နေသူနဲ့ လိင်ဆက်ဆံမိတဲ့အခါ၊ ရေယုန်ဖြစ်နေတဲ့ အရေပြားနဲ့ ထိမိတဲ့အခါမှာ ရေယုန်ရောဂါ ကူးစက်လာနိုင်ပါတယ်။ လိင်အဂါၤတစ်ဝိုက်ရေယုန်ပေါက်ခြင်း ရဲ့ လက္ခဏာတွေကတော့

    • လိင်အဂါၤတစ်ဝိုက်က အရေပြားတွေ မခံမရပ်နိုင်အောင်ယားနေမယ်
    • လူကလည်း နေမကောင်းချင်သလိုလိုဖြစ်မယ်
    • လိင်အဂါၤတစ်ဝိုက်မှာလည်း အရည်ကြည်ဖုလေးတွေ ပေါက်နေမယ်
    • ဆီးသွားရင် နာကျင်မယ် စတာတွေ ပဲ ဖြစ်ပါတယ်။

    ( ၅ ) ဆီးပူညောင်းကျရောဂါ

    ဒါကလည်း လိင်ဆက်ဆံရာက တစ်ဆင့် ကူးစက်တဲ့ ရောဂါဖြစ်ပြီး ဘက်တီးရီးယားတစ်မျိုးကြောင့်ဖြစ်ရတာပါ။ သူ့ရဲ့ လက္ခဏာတွေကတော့

    • ကပ္ပယ်အိတ်တစ်ဝိုက် ဖောင်းလာခြင်း၊ ယားယံခြင်း
    • ဆီးသွားရင်နာကျင်ြခင်း
    • လိင်တံကနေ ပြည်လိုမျိုး ( စိမ်းဝါရောင်အရည်တွေ အဖြူရောင်အရည်တွေ ဆင်းလားခြင်း)
    • ကပ္ပယ်အိတ်အတွင်းမှ ဝှေးစေ့အောင့်ခြင်း တို့ ဖြစ်ပါတယ်။

    ( ၆ ) အခြား ကပ္ပယ်အိတ်ယားယံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေကတော့

    • လိင်အဂါၤတစ်ဝိုက် ကြွက်နို့ပေါက်ခြင်း
    • Chlamydia လို့ခေါ်တဲ့လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါဖြစ်ခြင်း
    • ဆီးခုံမွေးမှာ သန်းများပေါက်ခြင်း
    • Trichomonas vaginalis ဘက်တီးရီးယားကြောင်ဖြစ်တဲ့ လိင်မှတစ်ဆင့် အရေပြားရောဂါ ကူးစက်ခြင်း
    • Scabies လို့ခေါ်တဲ့ ဝဲပေါက်ခြင်း တို့ပဲဖြစ်ပါတယ်

    ဘယ်လို ကုသရမလဲ ။။

    တစ်ကိုယ်ရည်သန့်ရှင်းမှု မရှိလို့ ဖြစ်တဲ့ ယားယံခြင်း ပြဿနာတွေကတော့ တစ်ကိုယ်ရည်သန့်ရှင်းရေးကိုပြန် ဂရုစိုက်လိုက်တဲ့အခါကျ သက်သာသွားမှာပါ။ ဒါပေမယ့် ယားယံခြင်းကို ဖြစ်စေတဲ့ အခြား ကျန်းမာရေး ပြဿနာအများကြီးကလည်း ရှိသေးတာကြောင့် သူ့ကိုဖြစ်စေတဲ့ အကြောင်းအရင်းကို သေချာကုသမှ ပျောက်သွားနိုင်မှာပါ။ ဒါ့ကြောင့် မပေါ့ဆဘဲ ဆရာဝန်နဲ့တိုင်ပင်ကာ ယားယံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းကို သေချာရှာပြီး ကုသဖို့လိုပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement