၃။ လိင်တံအရေပြား မှိုစွဲခြင်း (Yeast Infection)
လိင်အင်္ဂါကို သေချာသန့်ရှင်းမှုမလုပ်တဲ့အခါ၊ ပေါင်ခြံတစ်ဝိုက် ချွေးအလွန်အကျွံထွက်တာ၊ မိန်းမကိုယ်မှိုစွဲနေတဲ့ အမျိုးသမီးနဲ့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံတဲ့အခါ အရေပြားက မှိုစွဲနိုင်ပါတယ်။ ရောဂါလက္ခဏာအနေနဲ့ လိင်တံအရေပြားပေါ်မှာ အဖြူရောင်အကွက်တွေ ပေါ်လာတာ၊ မှိုစွဲတဲ့နေရာက ယားပြီး ပြောင်လက်လက်၊ စိုလက်လက် ဖြစ်နေတာ၊ နီရဲနေတာ၊ ပူစပ်ပူလောင်ဖြစ်တာတွေကို တွေ့နိုင်ပါတယ်။ မှိုစွဲနေတဲ့ အရေပြားကို ပွတ်တိုက်မိတဲ့အခါ၊ ကုတ်မိတဲ့အခါ၊ ပစ္စည်းတစ်ခုခုနဲ့ ထိခိုက်မိတဲ့အခါမှာလည်း ပွန်းပဲ့ဒဏ်ရာဖြစ်နိုင်ပါတယ်။
၄။ လိင်မှတဆင့် ကူးစက်ရောဂါတွေ (STDs)
လိင်အင်္ဂါရေယုန်၊ လိင်အင်္ဂါကြွက်နို့၊ ကာလသားရောဂါ၊ HIV ကူးစက်ခံရတဲ့အခါ လိင်အင်္ဂါရဲ့ အရေပြားက ပွန်းပဲ့ထားသလိုမျိုး နီပြီးယားယံတာမျိုး၊ အင်ပျဉ်ထတာမျိုး တွေ့ရပါတယ်။ လက္ခဏာအရမ်းပြင်းထန်လာတဲ့အခါမှာ လိင်တံရဲ့ အရေပြားက ဟပြီး ပြဲသွားတတ်ပါတယ်။ ပုံမှန်ပွန်းပဲ့ဒဏ်ရာလိုမဟုတ်ဘဲ လိင်မှတစ်ဆင့်ကူးစက်ရောဂါကြောင့် ဖြစ်တဲ့ဒဏ်ရာတွေက အောက်သိုးသိုး အနံ့ထွက်တာ၊ အလွန်အမင်းနာကျင်ပြီး ရောင်ရမ်းနေတာ၊ အဖျားတက်ပြီး ခေါင်းကိုက်တာ၊ အဖုအပိမ့်တွေ ထတာမျိုးတွေပါ တွေ့ရတတ်ပါတယ်။
ဆရာဝန်ပြဖို့လိုအပ်လား။ ဘာလုပ်သင့်လဲ။
ပုံမှန်ပွန်းပဲ့ထိခိုက်တာလောက်နဲ့တော့ ဆရာဝန်နဲ့ပြဖို့ မလိုအပ်ပါဘူး။ အနာဖြစ်ကာစအချိန်ကနေ ပျောက်သွားတဲ့အချိန်ထိ သေချာဂရုစိုက်ပေးမယ်ဆိုရင် ပျောက်ဖို့လည်း လွယ်သလို အနာမရင်းအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
- အရင်ဆုံး လက်ကိုဆပ်ပြာနဲ့ သန့်စင်အောင်ဆေးကြောပါ။
- ပြီးသွားရင် လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက်ကို ဆပ်ပြာနဲ့ သေချာတိုက်ချွတ်ပြီး ရေအေးနဲ့ လောင်းချလိုက်ပါ။
- ခြောက်အောင် သုတ်ပါ။ သုတ်ပြီးသွားမှ ပိုးသတ်လိမ်းဆေး တစ်မျိုးမျိုး လိမ်းထားပါ။
- ဒဏ်ရာနည်းနည်းကြီးရင် ပလာစတာကပ်ပါ။ အနာသေးရင် မကပ်လည်းရပါတယ်။
- ပလာစတာ ကပ်ထားရင် တစ်နေ့တစ်ကြိမ် သို့မဟုတ် ရေချိုးပြီးတိုင်း အသစ်တစ်ခုလဲပါ။
- လက်နဲ့ အနာနဲ့ မထိအောင်၊ မကုတ်မိအောင် ဂရုစိုက်ပါ။
- လက်နဲ့အာသာဖြေတာ၊ အကာအကွယ်မဲ့လိင်ဆက်ဆံတာကို တတ်နိုင်သလောက် ရှောင်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။