backup og meta

လိင်တံထိပ်အရေပြား ခွဲစိတ်ဖယ်ရှားရင် နာသလား ဆရာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်တံထိပ်အရေပြား ခွဲစိတ်ဖယ်ရှားရင် နာသလား ဆရာ

    လိင်တံထိပ်အရေပြား ခွဲစိတ်ဖယ်ရှားရင် နာသလား ဆိုတာ အခုမှ ပထမဆုံး ထိပ်အရေပြားဖြတ်မယ့် ညီလေးတွေ မကြာခဏ လာမေးတတ်ကြတဲ့ မေးခွန်းတစ်ခုပါ။ ယောက်ျားလေး အများစုကတော့ နာကျင်တာကို သိပ်ပြီး မကြောက်တတ်ကြဘူးဆိုပေမယ့် ကိုယ့်ရဲ့ ဖွားဖက်တော်နေရာမှာ လုပ်တဲ့ ခွဲစိတ်မှုဖြစ်တဲ့အတွက် စိုးရိမ်စိတ်တွေနဲ့ ရောပြီး ကြောက်တတ်ကြတာ သဘာဝပါ။

    ဘာကြောင့် လိင်တံထိပ်အရေပြားဖယ်ရှားချင်တာလဲ။

    ဒါက အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပြန်မေးရမယ့် မေးခွန်းတစ်ခုပါ။ အရေပြားဖယ်လို့ ကျန်းမာရေးအတွက်ရော တစ်ကိုယ်ရေသန့်ရှင်းမှုအတွက်ပါ အကျိုးထူးရတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် ကာယကံရှင်ရဲ့ စိတ်ဆန္ဒက ဒီခွဲစိတ်မှုအတွက် စိတ်အားထက်သန်မှ ဖြစ်မှာပါ။

    တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးဖြစ်စေလဲ။

    ထိပ်အရေပြားမဖြတ်ထားတဲ့ အမျိုးသားတွေ သန့်ရှင်းမှုကို ဂရုမစိုက်တဲ့အခါ ထိပ်အရေပြားပတ်လည်မှာ အဖြူရောင်အရိအချွဲနဲ့ အဖတ်တွေ ကပ်နေတတ်ပြီး အနံ့ထွက်တတ်ပါတယ်။ နံရုံတင်ပဲလားဆိုတော့ ဘက်တီးရီးယားပိုးတွေ ပါနေတဲ့အတွက် အခန့်မသင့်ရင် ဆီးလမ်းကြောင်း ပိုးဝင်တာ၊ အရေပြား မှိုစွဲတာ၊ ထိပ်အရေပြား ရောင်တာ၊ အနံ့အသက်ဆိုး ထွက်တာတွေ ဖြစ်နိုင်ပါတယ်။

    ထိပ်အရေပြားကို ဖြတ်လိုက်တဲ့အခါ ဒီအဖတ်တွေကို နည်းသွားပြီး အနံ့အသက်ဆိုးတွေ တော်တော်ကို နည်းသွားပါတယ်။ နောက်တစ်ချက်က ထိပ်အရေပြား ဖုံးနေတာမဟုတ်တော့တဲ့အတွက် ပွတ်တိုက်ထိခိုက်မှုတွေ နည်းသွားပြီး အရေပြားယားယံခြင်း၊ မတော်တဆ ပွန်းပဲ့မိခြင်း၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါများ ဝင်လာနိုင်ခြေ နည်းသွားခြင်း စတဲ့အကျိုးကျေးဇူးများကို ရရှိနိုင်ပါတယ်။

    လိင်တံထိပ်အရေပြား ခွဲစိတ်ဖယ်ရှားရင် နာသလား

    အသေးစား ခွဲစိတ်မှုဆိုတဲ့အလျောက် နာကျင်မှုကတော့ အနည်းငယ်ရှိနိုင်ပါတယ်။ ခွဲစိတ်နေစဉ်မှာ ဆရာဝန်အနေနဲ့ လိုအပ်တဲ့ မေ့ဆေးတွေ၊ ထုံဆေးတွေ ပေးမှာဖြစ်ပြီး ဆေးအရှိန်ပြယ်သွားမှသာ အနည်းငယ်နာကျင်မှုကို ခံစားရမှာပါ။ ဒါကလည်း စိုးရိမ်စရာ မဟုတ်ပါဘူး။

    ဆရာဝန်ညွှန်ကြားတဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်ရင် မနာတော့ပါဘူး။ များသောအားဖြင့် ခွဲစိတ်အပြီး ၃ရက်မှ တစ်ပတ်လောက်အထိ နာကျင်တဲ့အရှိန်က ကျန်နေတတ်ပြီး နောက်ပိုင်းမှာတော့ ပုံမှန်အတိုင်း နေထိုင်ရတာ အဆင်ပြေသွားမှာပါ။

  • ထိပ်အရေပြား ဖြတ်ရင် ဘာတွေ သတိထားဖို့လိုမလဲ။
  • ထိပ်အရေပြား ဖြတ်ပြီးကာစမှာ ဆရာဝန်အနေနဲ့ လိင်တံအနာကို ပိုးမဝင်အောင် ကာကွယ်ပေးဖို့ ပလာစတာ dressing အုပ်ပေးထားမှာဖြစ်ပြီး ဒီ dressing ကို ရက်ချိန်းအတိုင်း ဆရာဝန်ဆီ လာပြသရင်း လဲလှယ်ပေးဖို့ လိုအပ်ပါတယ်။

    အနာမကျက်သေးသ၍ လိင်တံကို လက်နဲ့ထိတာ၊ အာသာဖြေတာ၊ လိင်ဆက်ဆံတာ၊ ရေနဲ့ ထိတာမျိုးတော့ မလုပ်ရပါဘူး။ အတွင်းခံ၊ ဘောင်းဘီကိုလည်း အရမ်းကျပ်တာမျိုး မဝတ်ပါနဲ့။ Boxer ကဲ့သို့ လေဝင်လေထွက်ကောင်းတဲ့ အတွင်းခံမျိုး၊ ဘောင်းဘီအပွ၊ ပုဆိုးတွေပဲ အဓိက ဝတ်ပေးပါ။ ဒဏ်ရာကို သန့်ရှင်းအောင် ထားပေးပါ။

    • ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ အချိန်ဘယ်လောက် စောင့်ရလဲ။

    မွေးကင်းစ ကလေးအရွယ်မှာ ဖြတ်ထားခဲ့ရင်တော့ ခွဲထားတဲ့ဒဏ်ရာ ကျက်ဖို့ သိပ်ပြီး မကြာတတ်ပေမဲ့ လူကြီးဖြစ်လာတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် လှုပ်ရှားမိတာ၊ ထိခိုက်မိတာ၊ လိင်တံရဲ့ အရေပြားက ပိုရှည်လာတဲ့အတွက် သက်သာရန် အချိန်အနည်းငယ် ကြာတတ်ပါတယ်။

    နဂိုအတိုင်း ပြန်ကောင်းလာဖို့ ကြာချိန်ဟာ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူနိုင်ပါဘူး။ ရက်သတ္တပတ်အနည်းငယ်ကနေ တစ်လလောက်ထိ ကြာနိုင်ပါတယ်။ ကိုယ့်ရဲ့ ခွဲထားတဲ့ဒဏ်ရာကို ထိတွေ့ကိုင်တွယ်ခြင်း၊ ထိခိုက်မိခြင်း မရှိဘူးဆိုရင်တော့ သက်သာဖို့ အချိန်မြန်ပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Myo Myat မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement