ရေခဲကပ်တာက နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ထိခိုက်မိပြီဆိုရင် ရောင်ရမ်းတာကို လျော့ကျစေဖို့ မြန်နိုင်သမျှ မြန်မြန် ရေခဲဝတ် ကပ်ပေးပါ။ တစ်ခါကပ်ရင် ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက်အထိ ကပ်ပေးပြီး တစ်နေ့ကို ၃ ကြိမ် နဲ့ အထက် ကပ်ပေးလို့ ရပါတယ်။
ရေခံဝတ် ကပ်တဲ့အခါ အရေပြား နဲ့ ရေခံအိတ်ကြားမှာ အဝတ်စ သန့်သန့် ခပ်ပါးပါးတစ်ခု ထားပေးပါ။ ၂ ရက် ၃ ရက်လောက်အထိ ကပ်ပေးပါ။ အရောင်ကျသွားပြီဆိုရင် ၄ ရက်မြောက်လောက်မှာ ရေနွေးဝတ် ကပ်ပေးပါ။
ဖွားဖက်တော်ကို ထပ်မံ ထိခိုက်မိတာမျိုး မဖြစ်စေဖို့အတွက် ပွပွချောင်ချောင် ဘောင်းဘီတို ဝတ်ဆင်ပါ။ တင်းကြပ်တဲ့ အတွင်းခံတွေကို ဝတ်တာမျိုး မလုပ်ပါနဲ့။ ထိခိုက်မှု လုံးဝ သက်သာသွားမှ အတွင်းခံကို ဝတ်ဆင်ပါ။
ဒီလို အခြေအနေဆိုရင် ဆရာဝန် ပြပါ
ကပ္ပာယ်အိတ်မှာ ထိခိုက်မိတာက သွေးမတိတ်တမ်း ထွက်နေမယ်။ ထိခိုက်မှုကြောင့် သတိလစ်သလို ဖြစ်မယ်။ အားနည်းမယ်။ နာကျင်နေမယ်။ မတ်တတ်ရပ်ဖို့တောင် ခက်တဲ့ အနေအထားမျိုးဖြစ်စေတဲ့ ပြင်းထန်တဲ့ ထိခိုက်မှုတွေ ဖြစ်မယ်ဆိုရင် အရေးပေါ်ပြုစုကုသနည်း လုပ်ဆောင်ပြီး နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံး ပို့ဆောင်လို့ ကုသမှု ခံယူဖို့ လိုပါမယ်။
- အရေပြားက ပွင့်သွားတာ၊ ပေါက်ပြဲသွားတာမျိုး ဖြစ်ပြီး ချုပ်ဖို့လိုမယ်ဆိုရင်
- အရေပြားက ပြတ်ရှမိတာဖြစ်ပြီး မေးခိုင်ကာကွယ်ဆေး ထိုးမထားဘူးဆိုရင်
- ကပ္ပာယ်အိတ်က ရောင်ရမ်းနာကျင်နေမယ်ဆိုရင်
- နာကျင်ပြီး ဆီးသွားရခက်နေမယ်ဆိုရင်
- ဆီးသွားတဲ့အခါ သွေးပါနေမယ်ဆိုရင်
- အကိုက်အခဲပျောက်ဆေး သောက်ထားပေးမယ့် ဆေးသောက်ပြီး ၂ နာရီ ကြာတဲ့အထိ နာကျင်တာ မသက်သာဘူးဆိုရင်
- အသက် ၁ နှစ်အောက် ကလေး ဖြစ်နေမယ်ဆိုရင် တော့ နီးစပ်ရာဆေးခန်းကို အမြန်ဆုံး သွားရောက်ဖို့ လိုပါမယ်။
ဖွားဖက်တော်မှာ ထိခိုက်ဒဏ်ရာရနိုင်လား
အမျိုးသားတွေရဲ့ ဖွားဖက်တော်မှာ ပါဝင်နေတဲ့ အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ ကပ္ပာယ်အိတ် နဲ့ လိင်တံတွေကို အရိုးတွေနဲ့ ကာကွယ်ထားတာမျိုး မရှိတာကြောင့် အလွယ်တကူ ထိခိုက် ဒဏ်ရာရနိုင်ပါတယ်။ မကြာခဏဆိုသလိုလည်း အသေးစား ထိခိုက်တာမျိုးတွေ ရှိနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။