သင့်ငယ်ပါ တိုဝင်သွားပြီလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 23, 2020 . 2 mins read
Share now

ခုနကအကောင်း ခုကြည့်လိုက်တော့မှ ငယ်ပါကို မတွေ့တော့လို့ ခေါင်းထဲမှာ ဒိန်းခနဲတက်ဆောင့်ပြီး လန့်သွားတဲ့သူများ ရှိသလား။ တစ်ခါလည်း မဟုတ် နှစ်ခါလည်းမဟုတ် ဒီကိစ္စနဲ့ ပတ်သတ်ပြီး အထိတ်တလန့် ဖြစ်ရပြီဆိုရင် သင့်မှာ koroလို့ ခေါ်တဲ့ ကြောက်လန့်ခြင်း တစ်မျိုး ဖြစ်နေပြီလို့ပဲ ပြောပါရစေ။

တကယ်တော့ koroဆိုတာ culture- bound syndrome လို့ ခေါ်တဲ့ ဓလေ့ထုံးစံတွေကြောင့် အစွဲအလမ်းကြီးတာမျိုးပါ။ သမိုင်းကို ပြန်ကောက်ရမယ်ဆိုရင် koro ဆိုတာ မလေးတရုတ်စကားဖြစ်ပြီး ‘ကျုံ့သွားတယ်’လို့ အဓိပ္ပာယ်ရပါတယ်။ အာရှနိုင်ငံတွေမှာ အတွေ့ရအများဆုံးပါပဲ။

ဟိုးအနောက်နိုင်ငံတွေမှာဆိုရင်တော့ ဒါဟာ စုန်းမပြုစားတာမို့လို့ ပြန်ပြီးတောင်းပန်ကြပါတယ်။ ခုခေတ်စကားနဲ့ဆို နတ်ကိုင်လိုက်တာပေါ့။

နောက်တစ်ခုက ဒီလိုမကျုံ့ခင်မှာ ဆစ်ခနဲနာပြီးမှ ကျုံ့သွားတဲ့အတွက် ‘တိုနာ’လို့လည်း မြန်မာမှုပြုပြီး ခေါ်ကြပါသေးတယ်။

ဒါဆို လိင်အင်္ဂါက တကယ်ကျုံ့ဝင်တတ်သလား။ စိတ်ပိုင်းဆိုင်ရာ သက်သက်လား။

အမျိုးသားတွေရဲ့ လိင်အင်္ဂါက ဖော့ချောင်းနဲ့ တူပါတယ်။ ထောင်မတ်ဖို့ဆိုရင် သွေးတွေ စီးဝင်လာမှ ထောင်နိုင်တာမျိုးပါ။ နောက်ပြီး လိင်တံရဲ့ နောက်ဘက်မှာ နေရာလွတ်မရှိပါဘူး။ ဒါကြောင့် လိင်တံဟာ လိပ်ရဲ့ ခေါင်းလေးလို ကိုယ်ထဲကို ဝင်မသွားနိုင်ပါဘူး။ လိင်တံထောင်မတ်တာနဲ့ ပျော့နေတဲ့ အချိန်မှာ အရွယ်အစားကွာခြားတာက သာမန်ကိစ္စပါပဲ။ ဒါဟာ တိုဝင်သွားတာ မဟုတ်ပါဘူး။

ဖြစ်ရပ်တစ်ခုမှာ အမျိုးသား တစ်ယောက်က ရေအေးနဲ့ ရေချိုးပြီး ပြန်တက်လာတဲ့အချိန်မှာ သူ့ပစ္စည်း မရှိတော့ပါဘူးဆိုပြီး ထိတ်လန့်တကြားနဲ့ ဆေးရုံကို ပြေးလာပါတယ်။ တကယ်တော့ သူ့ပစ္စည်းက ပျောက်သွားတာလား။ အေးလို့ ပေါင်မှာ ကပ်နေတာလား။ အမျိုးသားတွေပဲ ဖြေကြည့်ပါဦး။

နောက်တစ်ခုက ဗိုက်ပူတဲ့အမျိုးသားတွေပါ။ ဗိုက်ကွယ်နေတာကြောင့် ပျော့နေတဲ့ လိင်တံကို မမြင်ရတော့တဲ့ အခါမျိုးမှာ လိင်တံကျုံ့သွားပါပြီ၊ မရှိတော့ပါဘူးဆိုပြီး ပြဿနာတက်တတ်ကြပါတယ်။

ပိုပြီးထူးဆန်းတာက ဒီလို တိုကျုံ့သွားတယ်လို့ ထင်တာ အမျိုးသားတွေပဲ မဟုတ်ပါဘူး။ အမျိုးသမီးတွေလည်း သူတို့ရဲ့ နို့သီးခေါင်းတွေ၊ ရင်သားတွေ တိုဝင်သွားတယ်။ အထဲကို ကျုံ့ဝင်သွားတယ်ဆိုပြီး အထိတ်တလန့်နဲ့ ရောက်လာကြတာတွေ အများကြီးပါ။

ဒါဆို စိတ်ရောဂါပေါ့။

ဒီလိုပြောလည်း ရပါတယ်။ အထူးသဖြင့်တော့ koroကို အကြောက်လွန်ရောဂါ phobiaလို့လည်း ပြောကြသလို၊ တချို့ကလည်း စိတ်အထိတ်တလန့် ဖြစ်တဲ့ ရောဂါ panic attackထဲ ထည့်ထားကြပါတယ်။

ဒါဟာ သိပ်ဆိုးပါတယ်နော်။ ဆိုးတယ်ဆိုတာ တကယ်လည်း တိုဝင်သွားတာမဟုတ်ဘဲ တိုတယ်လို့ ထင်တာတစ်ခုထဲနဲ့ လန့်ဖြန့်ပြီး အသက်အန္တရာယ်ရှိသွားတတ်ပါတယ်။ လန့်ပြီး ရှော့ရသွားတာပေါ့။

ဘယ်လိုကုကြသလဲ။

မတိုတဲ့ လိင်အင်္ဂါကိုတော့ ကုစရာ မလိုပါဘူး။ တကယ်တမ်းကုရတာက စိတ်အခြေအနေကိုပါ။

ဟိုးအရင် ဒါတွေ မသိခင်တုန်းကတော့ တစ်ယောက်ယောက် တိုဝင်ပြီး ကြောက်လန့်နေပြီဆိုရင် လိင်တံကို ကြိုးနဲ့ ဆွဲထုတ်ပေးတာမျိုး၊ လက်နဲ့ ဆွဲထုတ်ပေးတာမျိုး လုပ်ကြပါတယ်။ လက်နဲ့ ထိတွေ့ပြီး အနွေးဓာတ်ရတဲ့အတွက် ပြန်ပြီးသွေးဝင်လာတဲ့အခါ အထိုက်အလျောက်ထောင်မတ်လာတော့ ကျေနပ်သွားတာပေါ့။

သူတို့ရဲ့ ရိုးရာနည်းလမ်းတွေ၊ တိုင်းရင်းဆေးဝါးတွေနဲ့ ကုတာလည်း ရှိပါသေးတယ်။

အနောက်နိုင်ငံတွေမှာဆိုလည်း ယုံကြည်ရာကို ပူဇော်ပသလိုက်လို့ စိတ်ထဲမှာ ကျေနပ်ပြီး စိတ်အေးသွားတဲ့အခါ နဂိုအတိုင်း ပြန်ဖြစ်လာပါတယ်။

တကယ်တော့ စိတ်လှုပ်ရှားရင် သွေးကြောတွေကျုံ့လာတဲ့အတွက် လိင်တံဆီ သွေးရောက်တာနည်းသွားလို့ ပျော့ပြီး တိုသလို ဖြစ်သွားတာပါ။

ဒီခေတ်မှာတော့ ဒီလူနာတွေကို

  • အရင်ဆုံး အကျိုးသင့်အကြောင်းသင့် ရှင်းပြတယ်။ လက်ခံတော့လည်း ပြီးသွားတာပဲ။
  • လိုအပ်ရင် စိတ်ရောဂါကုဆေးတွေ ပေးတယ်။ အကြောက်လွန်ခြင်း အမျိုးအစားထဲမှာ ပါနေတာကိုး။
  • စိတ်ရောဂါအထူးကုတွေနဲ့ ဆွေးနွေးတိုင်ပင်တာ၊ စိတ်အနားရမယ့် ကုထုံးတွေနဲ့ ကုသတာမျိုး လုပ်လို့ရပါတယ်။

ဒီတော့ လိင်အင်္ဂါဟာ သင်ထင်သလို အထဲကို တိုဝင်မသွားတတ်ပါဘူး။ ဒါဟာ ရုပ်ရောဂါ မဟုတ်ပါဘူး။ စိတ်အခြေအနေ သက်သက်ပါပဲ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

လိင်ဆက်ဆံတဲ့အခါ Sex Toy တွေကို အသုံးပြုရင် ဘာကောင်းကျိုးရနိုင်လဲ

Sex Toy ဆိုတာ လိင်ဆက်ဆံတဲ့ နေရာမှာဖြစ်စေ၊ လိင်အာသာဖြေတဲ့နေရာမှာ ဆန္ဒအထွတ်အထိပ် ...

ရေးသားသူ Ye Myo Myat

စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း

လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာဟာ ယောက်ျားလေး ၁၀ ယောက်မှာ ၇ယောက်လောက် ကြုံတွေ့နေရတဲ့ ...

ရေးသားသူ Ye Myo Myat

Gym ကစားခြင်းနှင့် လူသိမှားနေသေးသော ဂျင်းတချို့…

Gym ယုံတမ်းစကား ကြွက်သား ကိုယ်အလေးချိန် ကျန်းမာရေး အလှအပ ခန္ဓာကိုယ် ဝက်ခြံ ကျားဟော်မုန်း လိင်အင်္ဂါ လိင်မှုကိစ္စ သုက်လွှတ် လေ့ကျင့်ခန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

စိတ်လှုပ်ရှားနေပြီဆိုရင် ဒီနည်းလမ်းတွေနဲ့ ထိန်းကြည့်ပါ။

စိတ်လှုပ်ရှား ကြောက်ရွံ့ panic attack အိပ်မပျော် အသက်ပြင်းပြင်းရှူ တရားထိုင် အာရုံစိုက် ကြွက်သားတွေဖြေလျှော့ စိတ်ငြိမ်ဆေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ညဘက်ရောက်တိုင်း ကြောက်စိတ် ဝင်တာ ဘာကြောင့်လဲ။

ညဘက်ရောက်တိုင်း ကြောက်စိတ် ဝင်တာ ဘာကြောင့်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 3 mins read
ချစ်မဝတဲ့လိင်မှုဘဝ မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင်

ချစ်မဝတဲ့လိင်မှုဘဝ မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
အချစ်ကပေးတဲ့ဒါဏ်ရာ (သို့) ချစ်တင်းနှောရင်းရနိုင်တဲ့ ဒါဏ်ရာအနာတရတွေ

အချစ်ကပေးတဲ့ဒါဏ်ရာ (သို့) ချစ်တင်းနှောရင်းရနိုင်တဲ့ ဒါဏ်ရာအနာတရတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
ဖွားဘက်တော်လေး ထွားဖို့ သန်ဖို့ P-Shot ဆေးထိုးသင့်သလား

ဖွားဘက်တော်လေး ထွားဖို့ သန်ဖို့ P-Shot ဆေးထိုးသင့်သလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 9, 2021 . 2 mins read