backup og meta

အမျိုးသားတို့ရဲ့ လိင်စိတ် ဆိုတာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတို့ရဲ့ လိင်စိတ် ဆိုတာ

    အမျိုးသားတွေဟာ လိင်မှုရေးရာကိစ္စတွေနဲ့ ပတ်သက်လာရင် လွန်ကဲစွာ စွဲလမ်းနှစ်ခြိုက်တတ်ကြပြီး လိင်စိတ် လွန်ကဲတတ်ကြတယ်လို့ လူအတော်များများက ထင်ထားကြပါတယ်။ စာအုပ်တွေ၊ ရုပ်ရှင်တွေနဲ့ တီဗီအစီအစဉ်တွေမှာ ပါဝင်တဲ့ အကြောင်းအရာတွေ၊ ဇာတ်ဝင်ခန်းတွေမှာ အမျိုးသားတွေရဲ့ လိင်စိတ် လွန်ကဲမှုကို ဖော်ပြထားတတ်ကြပါတယ်။ အမျိုးသမီးတွေကိုကျတော့ စိတ်ကူးယဉ်ဆန်ပြီး အချစ်တစ်ခုတည်းကိုသာ တပ်မက်ကြသလို ရိုက်ကူးထားတာကို တွေ့နိုင်ပါတယ်။ တကယ့်လက်တွေ့မှာ အမျိုးသားတို့ရဲ့ လိင်စိတ် ဆိုတာ ကရော ဘယ်လိုရှိမလဲ။

    အမျိုးသားတို့ရဲ့ လိင်စိတ် ဆိုတာ

    အမျိုးသားတွေရဲ့ လိင်စိတ်က လွန်ကဲတယ်လို့ ဖော်ပြယူဆထားကြတာဟာ အမှန်တရားလား။ ကဲ အောက်မှာ ထင်မြင်ယူဆချက်အချို့ကို ဖြေရှင်းချက်တွေနဲ့တကွ ကြည့်လိုက်ကြရ အောင်။

    (အမျိုးသားတွေဟာ အချိန်ပြည့်လိင်ကိစ္စကို တွေးတောနေတတ်တယ်။

    အမေရိကန်နိုင်ငံ အိုဟိုင်းရိုးပြည်နယ်က လေ့လာချက်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ လေ့လာချက်အရ ငယ်ရွယ်တဲ့အမျိုးသားတစ်ယောက်ဟာ တစ်နေ့မှာ လိင်မှုကိစ္စအကြောင်းကို ၁၉ ကြိမ်လောက် တွေးတောပါသတဲ့။ အမျိုးသမီးတစ်ယောက်ဟာတော့ လိင်ဆက်ဆံမှုအကြောင်းကို ၁၀ ကြိမ်လောက် တွေးတောတယ်လို့ ဆိုထားပါတယ်။

    သို့သော် အမျိုးသားတွေအနေနဲ့ သူတို့ရဲ့ တွေးတောမှုအကြောင်း ဖွင့်ဟပြောကြားရာမှာ အမျိုးသမီးတွေထက် သက်သောင့်သက်သာပိုရှိပြီး မရှက်မကြောက်တာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

    () အမျိုးသားတွေဟာ အမျိုးသမီးတွေထက် တစ်ကိုယ်ရည်အာသာဖြေခြင်း (Masturbation) ကိုပိုလုပ်တတ်တယ်။

    ၂၀၀၉ ခုနှစ်တုန်းက တရုတ်ပြည်နယ်မှာ Masturbation နဲ့ပတ်သက်တဲ့ သုတေသနတစ်ခုကို လူငယ်အယောက် ၆၀၀ နဲ့ ပြုလုပ်ခဲ့ပါတယ်။ ၄၈.၈ ရာခိုင်နှုန်းသော မိန်းကလေးတွေနဲ့ ၆၈.၇ ရာခိုင်နှုန်းသော ယောက်ျားလေးတွေဟာ တစ်ကိုယ်ရည်အာသာဖြေခြင်းကို ပြုလုပ်ကြပါသတဲ့။

    ဒီသုတေသနကို ခြုံငုံလေ့လာလိုက်တဲ့ အခါမှာတော့ အရွယ်ရောက်ပြီးသူများဟာ တစ်ကိုယ်ရည်အာသာဖြေခြင်းအပေါ် မကောင်းဘူးလို့ ယူဆထားကြပါတယ်။ ရှက်စရာတစ်ခုအနေနဲ့ သတ်မှတ်ထားကြပုံပါပဲ။ အထူးသဖြင့် အမျိုးသမီးတွေပါ။

    (အမျိုးသားတွေဟာ လိင်ခံစားမှု အထွတ်အထိပ်ရောက်ဖို့ ၂ မိနစ်မှ ၇ မိနစ်အထိ ကြာမြင့်ပါ တယ်။

    လိင်စိတ်တစ်ခုပြီးမြောက်ဖို့အတွက် (Orgasm ရဖို့ရန်အတွက်) အဆင့်လေးဆင့်ကို ကျော်ဖြတ်ရ ပါတယ်။

    • (၁) excitement (စိတ်လှုပ်ရှားနေချိန်)
    • (၂) plateau (ဇာတ်ရှိန်တက်နေချိန်)
    • (၃) orgasm (အထွဋ်အထိပ်ရောက်ခြင်း/လိင်စိတ်ပြီးမြောက်ခြင်း)နဲ့
    • (၄) resolution (အခြားခံစားချက်တစ်ခုသို့ ကူးပြောင်းသွားခြင်း)တို့ ဖြစ်ပါတယ်။

    အမျိုးသားရော၊ အမျိုးသမီးရောမှာ ဒီလေးဆင့်လုံးဖြတ်သန်းရမှာပါ။ လိင်မှုကိစ္စတစ်ခုရဲ့ ကြာမြင့်ချိန်ကို သတ်မှတ်ဖို့က ခက်ခဲပါတယ်။ စိတ်လှုပ်ရှားပြီး အရှိန်တက်နေတဲ့ ပထမအဆင့်နှစ်ခုဟာ မိနစ်ပိုင်းများစွာကနေ နာရီပေါင်းများစွာထိကြာနိုင်ပါတယ်။ လူတစ်ဦးနဲ့ တစ်ဦး လုံးဝမတူပါဘူး။

    (၄)  အမျိုးသားတွေဟာ ဘာအနှောင်အဖွဲ့မှမပါတဲ့ လိင်ဆက်ဆံမှုကို အမျိုးသမီးတွေထက် ပိုလုပ်ကြပါတယ်။

    နိုက်ကလပ်တွေ၊ ဘားတွေမှာ သဘောကျနှစ်ခြိုက်တဲ့ တစ်စုံတစ်ယောက်ကို တွေ့လိုက်တဲ့အခါ ညတစ်ညကို အတူတူပျော်ရွှင်ရင်ခုန်စွာ ဖြတ်သန်းတဲ့ လိင်မှုကိစ္စကို ဆိုလိုတာပါ။ ဟုတ်ပါတယ်။ အမျိုးသားတွေဟာ (non-string attached) ဆိုတဲ့ ဘာအနှောင်အဖွဲ့မှမပါတဲ့ (one night stand) တစ်ညတာ ကုန်ဆုံးခြင်းမျိုးကို ပိုမိုပြုလုပ်တတ်ကြပါတယ်။

    အမျိုးသမီးတွေရော မလုပ်ကြဘူးလား။ မဟုတ်ပါဘူး။ အမျိုးသမီးတွေဟာ စိတ်ချလုံခြုံရတဲ့ အခြေအနေမျိုးတွေမှာဆိုရင်၊ မိမိစိတ်ကို လုံခြုံပြီး ဘာအန္တရာယ်၊ ဘာအကျိုးဆက်မှ မရှိနိုင်တဲ့ အခြေအနေမျိုးတွေမှာဆိုရင်တော့ လက်ခံကြပါတယ်။

    ဒါကို ကြည့်မယ်ဆိုရင် လူမှုပတ်ဝန်းကျင်က ထင်မြင်ယူဆချက်တွေနဲ့ အမျိုသားတွေ လိင်မှုကိစ္စအပေါ် သတ်မှတ်ချက်တွေဟာ အမျိုးသမီးတွေရဲ့ လိင်မှုစိတ်သဘောထားအပေါ်မှာ အတော်လေး လွှမ်းမိုးထားပုံရပါတယ်။ အန္တရာယ်ကင်းပြီး ဖောက်ပြန်ခြင်းမဟုတ်တဲ့ လိင်မှုကိစ္စများဟာ အဆင်ပြေပါတယ်။ မိမိရဲ့ လိင်စိတ်ကို ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်တွေနဲ့ မထိန်းချုပ်ထားသင့်ပါဘူး။

    (၅)  လိင်တူအမျိုးသား (Gay) တွေဟာ အမျိုးသမီးအချင်းချင်းစိတ်ဝင်စားသူ (Lesbian) တွေထက် လိင်ဆက်ဆံမှုအကြိမ်ရေ ပိုများကြပါတယ်။

    ဒီထင်မြင်ယူဆချက်ကို မှန်သလား မှားသလား ပြောရတာဟာ ခက်လှပါတယ်။ လိင်တူအမျိုးသား၊ အမျိုးသမီးတွေနဲ့ သာမာန်ချစ်သူစုံတွဲတွေ ဒါမှမဟုတ်  ဘယ်လိုပါတနာတွေဖြစ်စေ လိင်ဆက်ဆံမှု အတွေ့အကြုံမျိုးစုံ ရှိနိုင်ပါတယ်။

    သာမန်အမျိုးသားတစ်ယောက်ဟာ အမျိုးသမီးနဲ့လိင်ဆက်ဆံဖို့ အခက်အခဲ အနည်းငယ်ရှိနိုင်ပေမယ့် လိင်တူအမျိုးသားစုံတွဲကတော့ အခက်အခဲမရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ နောက်ဆက်တွဲကိစ္စတွေလည်း ပိုရှင်းပါတယ်။ ဥပမာ ကိုယ်ဝန်ရှိသွားနိုင်ခြင်း။ ထို့အတူပဲ လိင်တူအမျိုးသမီး (Lesbian) စုံတွဲတွေမှာလည်း သူတို့ရဲ့ လိင်ဆက်ဆံမှုပုံစံဟာ တစ်ခြားစုံတွဲတွေထက် ကွဲပြားခြားနားနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်ဟာ သတ်မှတ်ဖို့ရန် ခက်ခဲပါတယ်။

    (၆)  အမျိုးသားတွေဟာ အမျိုးသမီးတွေထက်စာရင် စိတ်ကူးယဉ်ဆန်တဲ့ အချစ်ကို စိတ်ဝင်စားမှု နည်းပါးကြပါတယ်။

    ချစ်သူအပေါ် စိတ်လှုပ်ရှားရင်ခုန်ခြင်းဟာ အမျိုးသမီးတွေရော အမျိုးသားတွေမှာပါ ရှိနိုင်တာမို့ ဒီအချက်က မှားနိုင်ပါတယ်။ သို့သော်လည်း အမျိုးသားတို့ရဲ့ ထုံးစံအတိုင်း နုရွတဲ့အရာမျိုးကို သိပ်စိတ်မဝင်စားကြဘဲ ပြတ်ပြတ်သားသားနဲ့ အလုပ်တစ်ခုကိုပြုလုပ်တတ်ကြတာမို့ ဒီအချက်က မှန်တယ်လို့လည်း ပြောလို့ရနိုင်ပါသေးတယ်။

    လိင်စိတ်နဲ့ ဦးနှောက်

    လိင်စိတ်ကို ဘယ်လိုကိရိယာ၊ ဘယ်လိုနည်းပညာနဲ့မှ တိုင်းတာလို့မရပါဘူး။ ဦးနှောက်ထဲမှာရှိတဲ့ အစိတ်အပိုင်းအချို့ဟာ လိင်မှုကိစ္စတစ်ခုကို တွေးတောလိုက်တာနဲ့ စိတ်ကြည်နူးခြင်း၊ စိတ်ပျော်ရွှင်တက်ကြွခြင်းတွေနဲ့တကွ လိင်စိတ်ကိုနိုးထစေပါတယ်။ ဒီအခါ အမျိုးသားတို့ရဲ့ လိင်အင်္ဂါဟာ ထောင်မတ် လာရပါတယ်။ လိင်စိတ်ကြွစေတဲ့ ပုံတွေကိုကြည့်ရှုတဲ့အခါ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် လိင်စိတ်နိုးကြားခြင်း ပိုများတယ်လို့လည်း ဆိုထားပါတယ်။

    ဒါ့ပြင် Testosterone ဆိုတဲ့ ကျား ဟော်မုန်းရှိခြင်းကြောင့် လိင်စိတ်ဖြစ်ရခြင်းပါ။ ကျားဟော်မုန်းပမာဏဟာ မနက်မှာအမြင့်ဆုံးဖြစ်ပြီး၊ ညအခါမှာ ကျဆင်းပါတယ်။ အမျိုးသားတွေရဲ့ ဆယ်ကျော်သက် အချိန်မှာ ကျားဟော်မုန်းပမာဏဟာ အများဆုံးဖြစ်ပြီး ဒီထက်အသက်ကြီးလာတာနဲ့အမျှ တဖြည်း ဖြည်းကျဆင်းလာပါတယ်။

    အမျိုးသားတွေမှာ လိင်စိတ်ဟာ တစ်ဦးနဲ့တစ်ဦး မတူညီနိုင်သလို တစ်ချိန်နဲ့တစ်ချိန်လည်း မတူညီနိုင်ပါဘူး။ ဒါပေမဲ့ လိင်ဆက်ဆံခြင်းဟာ ကျန်မာရေးအကျိုးကျေးဇူးတွေရှိနေပါတယ်။

    အထက်ပါ အကြောင်းအရာတွေအရ အမျိုးသားတွေရဲ့ လိင်စိတ်ဟာ အမျိုးသမီးတွေထက် ပိုမြင့်မားတယ်လို့ တထစ်ချမဆိုလိုနိုင်ပါဘူး။ ဒါပေမယ့် ရာခိုင်နှုန်းတစ်ခုအထိ ရောင်ပြန်ဟပ်နေတာဖြစ်လို့ အမျိုးသားတွေရဲ့ လိင်စိတ် (Male Sexual Drive) အကြောင်းကို ယခုလို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။

    ရေးသားသူ-ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement