backup og meta

Single Father တစ်ယောက်အနေနဲ့ ဘဝကို ဘယ်လို ဖြတ်သန်းမလဲ

Single Father တစ်ယောက်အနေနဲ့ ဘဝကို ဘယ်လို ဖြတ်သန်းမလဲ

စင်ဂယ်ဖေဖေ (Single Father) တစ်ယောက်ဖြစ်ရတာ မလွယ်ကူလှပါဘူး။ စားဝတ်နေရေးအတွက် နေ့စဉ်လုပ်ငန်းဆောင်တာ အလုပ်တာဝန်ဝတ္တရားတွေကို ဆောင်ရွက်ရင်း ရင်သွေးလေးတွေကိုလည်း ကောင်းမွန်စွာ ကြီးပြင်းလာအောင် ထိန်းကျောင်းရတယ်ဆိုတာ ခက်ခဲတဲ့ ကိစ္စတွေပါ။ Single Father တစ်ယောက်အနေနဲ့ ဘဝကို ဘယ်လို ဖြတ်သန်းမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

အထူးသဖြင့် အမျိုးသားတစ်ယောက် ကလေးထိန်းတယ်ဆိုတာ အမျိုးသမီးတွေထက်တော့ ပိုပြီး ကသီလင်တ နိုင်နိုင်တယ်မဟုတ်လား။ ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းခွင်ထဲက အလုပ်တွေအကြောင်းကို ခရေစေ့တွင်းကျ နားလည်တတ်ကျွမ်းနေတတ်ပေမယ့် သားသမီးကို ဘယ်လို ပြုစုယုယရမယ်ဆိုတာမျိုးကိုတော့ ဖေဖေတို့ တတ်ကျွမ်းနားလည်ဖို့ ခက်ခဲနေတတ်ပါတယ်။

စင်ဂယ်ဖေဖေ တစ်ယောက်ဖြစ်လာပြီဆိုရင် မိသားစုတာဝန်တွေ၊ သားသမီးအရေးကိစ္စတွေ၊ လုပ်ငန်းခွင်ဖိအားတွေနဲ့ ပိုပြီး စိတ်ပင်ပန်းနေရတတ်ပါတယ်။

ဒီစာစုလေးမှာတော့ စင်ဂယ်ဖေဖေ တွေ စိတ်ဖိစီးမှုမများပဲ နေ့စဉ်ဘဝမှာ စနစ်တကျစီမံခန့်ခွဲရင်း သားသားမီးမီးတွေနဲ့ ပျော်ရွှင်စွာဖြတ်သန်းနိုင်စေမယ့် နည်းနာတွေကို မျှဝေပေးချင်ပါတယ်။

Single Father တစ်ယောက်အနေနဲ့ ဘဝကို ဘယ်လို ဖြတ်သန်းမလဲ

Single Father တစ်ယောက်အနေနဲ့ ဘဝကို အခုလိုလေး ဖြတ်သန်းလို့ ရပါတယ်။

အချိန်ဇယား သတ်မှတ်ပါ

အလုပ်ချိန်နဲ့ သားသမီးတွေကို အချိန်ပေးဖို့ အချိန်တွေကို စနစ်တကျ သတ်မှတ်ထားဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကိုယ်က နောက်ခံမိသားစုဝင်မရှိပဲ သားသမီးကို ကိုယ်တစ်ယောက်တည်း ထိန်းကျောင်းနေရသူဆိုရင် အချိန်ဇယားသတ်မှတ်ထားဖို့ ပိုပြီးလိုအပ်ပါတယ်။ အလုပ်နဲ့ ရင်သွေးတို့အကြားမှာ မျှတစွာ အချိန်ကို စီမံခန့်ခွဲနိုင်ခြင်းမရှိလို့ဖြစ်လာတဲ့ စိတ်ဖိစီးမှုဟာ စင်ဂယ်ဖေဖေ တွေ၊ စင်ဂယ်မေမေတွေအားလုံးကို ဒုက္ခအပေးဆုံး စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်ပါတယ်။

ပတ်ဝန်းကျင်ရဲ့ စိတ်ခေါ်မှုတွေကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ပါ

စင်ဂယ်မေမေဖြစ်မှ ပတ်ဝန်းကျင်ရဲ့ ဒဏ်ကို ခံရတာမဟုတ်ပါဘူး။ စင်ဂယ်ဖေဖေတွေလည်း ဒီဒဏ်ကို ခံရလေ့ရှိပါတယ်။ ဒီလိုပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ဖို့လိုအပ်ပါတယ်။ အရေးအကြီးဆုံးက ရင်သွေးတို့ ပျော်ရွှင်နေဖို့မဟုတ်လား။

အကူအညီရယူပါ

မိသားစုဝင်တွေ၊ ညီအကို မောင်နှမတွေရဲ့ အကူအညီကို ရယူဖို့ မရှက်ပါနဲ့။ ဘိုးဘိုးဘွားဘွားတွေ ရှိနေသေးတယ်ဆိုရင် ကလေးအတွက် အများကြီး အထောက်အကူဖြစ်စေပါလိမ့်မယ်။ ကိုယ်က ပုံမှန်အပြင်မှာ အလုပ်သွားထွက်လုပ်နေရသူတစ်ယောက်ဆိုရင် ဒီလိုအကူအညီမျိုးက ပိုပြီး လိုအပ်ပါတယ်။

ကလေးကို မိခင်နဲ့ တွေ့ခွင့်ပြုပါ

တရားဥပဒေကြောင်းအရပဲဖြစ်ဖြစ်၊ လူသားတစ်ယောက်ရဲ့ အခွင့်အရေးအရပဲဖြစ်ဖြစ် မိခင်ဖြစ်သူက ကလေးနဲ့ တွေ့ခွင့်ရှိပါတယ်။ ဆုံးပါးသွားတာဆိုရင်တော့ တစ်မျိုးပေါ့။ ဒီလိုတွေ့ဆုံခွင့်ပေးတာဟာ ကလေးအတွက် စိတ်ပိုင်းဆိုင်ရာ နာကျင်ခံစားရမှုကို လျော့ကျစေနိုင်တာမို့ မဖြစ်မနေ အချိန်ပေးဆောင်ရွက်သင့်တဲ့ ကိစ္စတစ်ခုပါ။

ရည်မှန်းချက်ပန်းတိုင်ထားပါ

ကလေးအတွက်ရော ကိုယ်တိုင်အတွက်ပါ ရည်မှန်းချက်ပန်းတိုင်ရှိထားဖို့ လိုအပ်ပါတယ်။ ဘဝကို ဖြစ်သလိုဖြတ်သန်းခြင်းဟာ တခြားလူတွေထက် စင်ဂယ်ဖေဖေ တို့အတွက် ပိုထိခိုက်စေပါလိမ့်မယ်။ သားသမီးကို ဖခင်တစ်ဦးတည်းအနေနဲ့ ထိန်းကျောင်းရင်း အောင်မြင်တဲ့ဖခင်ကောင်းတစ်ယောက်ဖြစ်လာစေဖို့ သိပ်ကိုအရေးကြီးလှပါတယ်။

အဆက်ဟောင်းကို ဝေဖန်မနေပါနဲ့

လမ်းခွဲခဲ့ပြီးကြပြီပဲ။ တစ်ယောက်နဲ့ တစ်ယောက် အပြစ်မြင်မနေကြသင့်တော့ပါဘူး။ ဒီလို တစ်ယောက်နဲ့ တစ်ယောက် အပြစ်မြင်နေကြတာ၊ အပြစ်တင်နေမိတာဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိစေသလို စိတ်ပင်ပန်းမှုကိုသာ ပိုတိုးပွားစေမှာပါ။ ကိုယ့်ရင်သွေးကိုယ်တိုင်လည်း မသင့်လျော်တဲ့ အတွေးအခေါ်တွေကို လက်ခံမိသွားအောင် သင်ကြားပေးသလိုဖြစ်သွားနိုင်ပါတယ်။

ရေတိုရေရှည် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားပါ

စင်ဂယ်မိဘတစ်ယောက်ရယ်လို့ဖြစ်လာရင် သားသမီးအတွက်ရော ကိုယ်တိုင်အတွက်ပါ ရေတိုရေရှည် အနာဂတ်အစီအစဉ်တွေချမှတ်ထားဖို့ အထူးလိုအပ်ပါတယ်။ ရင်သွေးအတွက် ပညာသင်ပေးဖို့၊ ကျန်းမာပျော်ရွှင်ဖို့၊ အနာဂတ်ဘဝကိုဖန်တီးပေးဖို့ချည်း စဉ်းစားနေလို့မရပါဘူး။ သူ့ကို ပံ့ပိုးပေးရမယ့် ကိုယ့်အတွက်လည်း စဉ်းစားရပါမယ်။ တစ်ချို့တွေက သားသမီးအတွက်ပဲ စဉ်းစားပြိး ကိုယ့်အတွက် မစဉ်းစားဘူးလို့ တွေးတတ်ပါတယ်။ တကယ်တော့ ဒီအယူအဆဟာ မှားယွင်းပါတယ်။ သားသမီးကို ဖြည့်ဆည်းပေးရမှာ ကိုယ်ဖြစ်တယ်ဆိုတာကို မမေ့ဖို့ အထူးအရေးကြီးပါတယ်။

ပျော်ပျော်နေပါ

ကိုယ်တိုင်ရော ရင်သွေးရော ပျော်ရွှင်နေဖို့က အဓိက အကျဆုံးကိစ္စပါ။ ပျော်ရွှင်အောင် ဘယ်လိုနေမလဲ၊ ကလေးကိုလည်း ပျော်အောင် ဘယ်လိုဖန်တီးပေးမလဲဆိုတာကို တွေးတောနေ၊ ဖန်တီးပေးနေဖို့ လိုအပ်ပါလိမ့်မယ်။ ခရီးအတူသွားတာ၊ ရုပ်ရှင်အတူကြည့်တာ၊ အတူတူဆော့ကစားတာမျိုးတွေပေါ့။

နောက်ပြီး ထပ်မံ သိမှတ်ထားရဦးမယ့် အချက်တွေကတော့

  • စိတ်ဖိစီးမှုနည်းပါးပြီး သမမျှတမှုရှိတဲ့ အလုပ်မျိုးကို လုပ်ဖို့၊
  • စိတ်ခံစားချက်တွေကို တင်းကျပ်နေတဲ့အထိ ရင်ထဲမှာ သိုမှီးမထားဖို့၊
  • ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေဟာ ကလေးတွေဆီကို ရိုက်ခတ်နိုင်တာမို့ မြန်မြန်လျှော့ချဖို့၊
  • ရင်သွေးကိုလည်း အိမ်ထောင်ရေး အခြေအနေကို စနစ်တကျရှင်းပြပေးထားဖို့နဲ့
  • အနာဂတ်အတွက် မှန်ကန်တဲ့ လမ်းကြောင်းတွေကို ဂရုတစိုက်ရွေးချယ်ဖို့တွေရယ်ပါပဲ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.mayoclinic.org/healthy-lifestyle/childrens-health/in-depth/single-parent/art-20046774

https://goodmenproject.com/families/tips-becoming-successful-single-dad-jvinc/

https://www.lifehack.org/369056/4-smart-ways-for-single-dads-balance-work-and-life

https://www.huffpost.com/entry/what-no-one-ever-tells-you-about-being-a-single-dad_n_575b5039e4b0e39a28adb8d7?guccounter=1&guce_referrer=aHR0cHM6Ly93d3cuZ29vZ2xlLmNvbS8&guce_referrer_sig=AQAAAGS5X7Jr0ejBTuIattEVCTzNJ49F-m8p8OQ8eujwkmS-24CxiVXpbHUF4L2aVVuHx5iQHeRWd3wrREgIk5wAtKlpvFUY5VJGlOio5W_g40pISPzg3_8aG7ewwktLcxH7oQ7aGlbpX9hPKhWigKdUlb-Nqj28VHA4DZrNHOhLf1te

https://www.verywellfamily.com/adjust-to-life-as-a-single-father-1270849

https://www.telegraph.co.uk/family/parenting/brilliant-single-dad-man-learnt-job/

ယခုပုံစံ

10/11/2023

Ye Zon Aung မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အီလက်ထရောနစ်ပစ္စည်းတွေဟာ ကလေးတွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်သလဲ

ဖေဖေ ဖြစ်ဖို့ ဘာတွေ ပြင်ဆင်ထားရမလဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 10/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement