ကိုယ်ဝန်ဆောင်ချိန်မှာ အခြားအချိန်တွေထက် အစစအရာရာကို သတိထားကြတယ်ဟုတ်။ ဒါက ကိုယ်ဝန်ဆောင်မေမေတိုင်း လုပ်ဖြစ်တဲ့ အလုပ်တစ်ခုပေါ့။ ဒါလေးက ငါကြိုက်တယ်ဆိုပေမယ့် စားလိုက်ရင် ဗိုက်ထဲက ကလေးအတွက်အဆင်ပြေပါ့မလားဆိုတာက ကိုယ်ဝန်ဆောင်တလျှောက်လုံးမှာ မေမေတို့ရဲ့ အတွေးကို အစိုးမိုးထားနိုင်ဆုံးအရာပေါ့။ ဒီတစ်ခေါက်တော့ ဒိန်ချဉ်ကြိုက်တဲ့ လေဒီဗိုက်လေးတွေအတွက် ကိုယ်ဝန်ဆောင်ချိန်မှာ ဒိန်ချဉ်သောက်လို့ဖြစ်လားဆိုတဲ့ အကြောင်းလေး ပြောပြပေးပါရစေ။