ဗာဒံစေ့မှာ ဦးနှောက်ဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဗာဒံစေ့မှာ ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေဖို့ အရေးပါတဲ့ L-carnitine နဲ့ riboflavin တို့လိုမျိုး အာဟာရဓာတ်တွေပါဝင်နေသလို
အယ်လ်ဇိုင်းမားရောဂါခံစားရနိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ အာရုံကြောစနစ် ကျန်းမာပြီး ဦးနှောက်စွမ်းဆောင်ရည်ကောင်းစေဖို့ဆိုရင် ဗာဒံစေ့စားပေးလို့ရပါတယ်။
ဝမ်းမှန်စေနိုင်တယ်
ဗာဒံစေ့မှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။ ဗာဒံစေ့စားပြီပြီးချင်း ရေသောက်ချလိုက်မယ်ဆိုရင် အစာခြေစနစ်ကို အကောင်းဆုံးလှုပ်ရှားမှုဖြစ်စေနိုင်မှာပါ။ ဒါကြောင့် အစာခြေစနစ်ကျန်းမာပြီး ဝမ်းမှန်စေဖို့ဆိုရင် တစ်နေ့ကို ဗာဒံစေ့ ၄ စေ့ကနေ ၅စေ့လောက်အထိ စားပေးပါ။
သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်
ဗာဒံစေ့မှာ ပိုတက်ဆီယမ်ပါဝင်မှုက သွေးပေါင်ချိန်ကို အကောင်းဆုံး အနေအထားဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။ နောက်တစ်ခုက ဗာဒံစေ့မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရတွေ ပြည့်ဝစွာပါဝင်နေတာပါ။ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို ပြည့်ဝအောင်စားသုံးမှုက စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေလိုမျိုး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းစေနိုင်သလို သွေးပေါင်ချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်စေမှာပါ။
သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။