သွေးနှင့် HIV ကူးစက်ခြင်း
HIV ရောဂါသည် သွေးမှ အများဆုံး ကူးစက်ပါသည်။ သွေးသွင်းခြင်းသည် မိမိကို သွေးလှူသော လူများအဖို့ ရောဂါရှိနေပါက ကူးစက်နိုင်ခြေ များပါသည်။ သွေးသွင်းခြင်းဖြင့် ကူးစက်နိုင်သောကြောင့် မသွင်းခင် ဆေးစစ်ခြင်းမှာ ၁၉၈၅ ခုနှစ်မှစ၍ လုပ်လာကြပါသည်။ သွေးလှူသူများသည် ရောဂါပိုးရှိသည်ဟူ၍ ပေါ်ပေါက်လာပါက လှူ၍ မရနိုင်ပါ။ ထိုသို့ စမ်းသပ်မှု ပြုလုပ်ပြီးသည့်တိုင် မပေါ်ပေါက်သော ပမာဏ ရှိနိုင်ပါသေးသည်။ ကူးစက်နှုန်း အနည်းငယ် ရှိနိုင်ပါသည်။
တားမြစ်ဆေးများကို တခြားသူများနှင့် အတူတူ ဆေးထိုးအပ် မျှဝေ၍ အသုံးပြုပါကလည်း ရောဂါပိုး ပို၍ ကူးစက်နိုင်ပါသည်။ သို့သော် သွေးသွင်းခြင်းလောက် ကူးစက်နိုင်မှု မများပြားပါ။ စီဒီစီ အဖွဲ့၏ ခန့်မှန်းချက်များအရ လူ ၁၀၀၀၀ တွင် ၆၃ ဦးသည် ဆေးထိုးအပ် မျှသုံးခြင်းမှ ကူးစက်နိုင်ပါသည်။ ဆေးထိုးအပ် စူးခြင်းမှာ လူ ၁၀၀၀၀ တွင် ၂၃ ဦး ကူးစက်နိုင်ပါသည်။
ကိုက်ခြင်း၊ တံတွေးထွေးခြင်းနှင့် ခန္ဓါကိုယ် အရည်များ (သုတ်ဦးရည်၊ တံတွေး) စသော အရည်များမှ ကူးစက်မှုနှုန်းသည် မပြောပလောက်ပါ။
လိင်ဆက်ဆံမှုမှ ကူးစက်ခြင်း
HIV ရောဂါပိုး ရှိသောသူများနှင့် လိင်ဆက်ဆံပါက ကူးစက်မှုနှုန်း များပြားပါသည်။
ပါးစပ်နှင့် ဖြစ်စေ၊ စအိုမှ ဖြစ်စေ လိင်ဆက်ဆံပါက အထူးသဖြင့် ကွန်ဒုံး မပါဘဲ အသုံးပြုပါက ပို၍ ကူးစက်နိုင်ပါသည်။
ပါးစပ်နှင့် ဆက်ဆံခြင်းသည် ကူးစက်မှုနှုန်း အနည်းဆုံး ဖြစ်ပါသည်။ သို့သော် ပါးစပ်ထဲတွင် သုတ်ရည်လွှတ်ပါက ကူးစက်မှုနှုန်း မြင့်မားနိုင်ပါသည်။
ထို့ကြောင့် လိင်ဆက်ဆံနေစဉ် မိမိကိုယ်ကို အမြဲ ဂရုစိုက်ရပါမည်။ တခြားသော သူများနှင့် လိင်ဆက်ဆံမည် ဆိုပါက သုတ်ပိုး၊ ယောနိအရည်များကို ကာကွယ်နိုင်သော ကွန်ဒုံးသုံး၍ဖြစ်စေ၊ ကာကွယ်မှု ယူခြင်းဖြင့် HIV ရောဂါကို ကာကွယ်နိုင်ပါသည်။
ကွန်ဒုံးအသုံးပြု၍ လိင်ဆက်ဆံခြင်းသည် ပေါက်ခြင်း၊ ပြဲခြင်းများ ရှိသည့်အတွက် မည်မျှ ကူးစက်နှုန်း ရှိသည်ကို မခန့်မှန်းနိုင်ပါ။ မိမိသည် လိင်ဆက်ဆံသူဖြစ်လျှင် အချင်းချင်း တိုင်ပင်ပြီး မိမိလုံခြုံရေးအတွက် ဆေးစစ်ထားသင့်ပါသည်။
မိခင်မှ ကလေးသို့ ကူးစက်ခြင်း
သွေးနှင့် ခန္ဓါကိုယ် အရည်များအပြင် အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားချိန်နှင့် နို့တိုက်ချိန်များတွင် မိမိ၏ကလေးသို့ ကူးစက်နိုင်ပါသည်။ HIV ရှိသော မိခင်သည် နို့မတိုက်သင့်ပါ။ နို့ရည်မှတစ်ဆင့် ကလေးကို ကူးစက်တတ်သောကြောင့် ဖြစ်ပါသည်။ HIV ရောဂါပိုးသည် မိခင် သို့မဟုတ် စောင့်ရှောက်ပေးသူမှ ကလေးကို အစားအစာ ဝါးကျွေးခြင်းကြောင့်လည်း ကူးစက်နိုင်ပါသည်။ သို့သော် ထိုသို့သော ဖြစ်စဉ်မှာ ရှားပါသည်။
AIDS ရောဂါသည် HIV ရောဂါပိုးမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ ခန္ဓါကိုယ်၏ ခုခံအားစနစ်ကို တိုက်ဖျက်ခြင်းဖြင့် အန္တရာယ်ပေးပါသည်။ ရောဂါတားဆေးများသည် ရောဂါပိုးကို တခြားသူများသို့ ကူးစက်ခြင်းမှ လျော့နည်းစေပါသည်။ သို့သော် ဆေးတစ်မျိုးတည်း သောက်သုံးခြင်းံသည် အပြည့်အဝ ကာကွယ်မှုမပေးနိုင်ပါ။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။