backup og meta

မျက်စိ ကျန်းမာရေး အတွက် အကောင်းဆုံးဗီတာမင်နဲ့ အာဟာရဓာတ်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်စိ ကျန်းမာရေး အတွက် အကောင်းဆုံးဗီတာမင်နဲ့ အာဟာရဓာတ်များ

    မျက်စိ ဆိုတာ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းတွေထဲမှာ ပါဝင်ပါတယ်။ အမြင်အာရုံမကောင်းရင် လူရဲ့လုပ်ဆောင်နိုင်စွမ်းကျဆင်းရသလို ထိခိုက်မှုအန္တရာယ်တွေလည်း မကာကွယ်နိုင်တော့ပါဘူး။

    ဒါ့ကြောင့် အမြင်အာရုံအတွက် လိုအပ်တဲ့ဗီတာမင်တွေအလုံအလောက်ရဖို့က ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် အရေးကြီးပါတယ်။ မျက်စိနဲ့အမြင်အာရုံအတွက် အရေးကြီးတဲ့ ဗီတာမင်နဲ့အာဟာရဓာတ်တွေကတော့ –

    ဗီတာမင် C

    ဗီတာမင် C ဟာ ကျန်းမာရေးအတွက် ဘက်ပေါင်းစုံက အရေးပါတဲ့အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ လိမ္မော်သီးကီဝီ ၊စတော်ဘယ်ရီလို သီးနှံတွေနဲ့ ပန်းဂေါ်ဖီစိမ်းငရုတ်သီး စတဲ့ ဟင်းသီးဟင်းရွက်တွေမှာပါဝင်လေ့ရှိပါတယ်။ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေအပြင် မျက်စိအတွင်းတိမ်မဖြစ်စေဖို့ကာကွယ်ပေးနိုင်တယ်၊ အသက်အရွယ်ကြောင့် အမြင်အာရုံချို့ယွင်းမှုအတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။

    ဗီတာမင် E

    ဗီတာမင် E ကလည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုလို လုပ်ဆောင်ပေးပြီး မျက်စိအတွင်းတိမ်ဖြစ်ခြင်းနဲ့ အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်းကို ကာကွယ်ပေးပါတယ်။ ဗီတာမင် E ကို ဗာဒံစေ့၊ မြေပဲ၊ နေကြာစေ့ တို့လို အစေ့အဆန်တွေကနေ ရရှိနိုင်ပါတယ်။

    ဗီတာမင် A

    ဗီတာမင် A ဟာ ညဘက်မြင်နိုင်စွမ်း၊ အနာကျက်ခြင်းနဲ့ ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်ချက်အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဗီတာမင် A က အသက်အရွယ်ကြောင့်ဖြစ်တဲ့ မျက်စိမှုန်ခြင်းဖြစ်စဉ်ကို နှေးကွေးစေပါတယ်။ မုန်လာဥနီ၊ ကန်စွန်းဥနဲ့ ခရမ်းချဉ်သီးတို့မှာပါဝင်တတ်တဲ့ ဗီတာမင် A ကို မျက်စိအားဆေးပုံစံနဲ့လည်း သောက်သုံးကြပါတယ်။

    ဗီတာမင် B complex

    Burplex လို့သိထားကြတဲ့ ဗီတာမင် B complex ဆိုတာ ဗီတာမင်B1၊ B2၊ B3၊ B5၊ B6၊ B12 ၊ folic acid, biotin နဲ့ choline တို့ပါဝင်တာဖြစ်ပါတယ်။B complex အုပ်စုဝင် ဗီတာမင်တွေဟာ နာတာရှည်ရောင်ရမ်းမှုတွေကို သက်သာလျော့ပါးစေပြီး သွေးတွင်း homocysteine ပမာဏများခြင်းကို ကာကွယ်ပေးပါတယ်။ homocysteine က မျက်ကြည်လွှာကို ထိခိုက်စေတဲ့ သွေးကြောဆိုင်ရာပြဿနာတွေကို ဖြစ်စေပါတယ်။ ဗီတာမင် Bတွေက မျက်စိမှုန်ခြင်းနဲ့ မျက်စိရောဂါတွေကို အန္တရာယ်လျော့နည်းစေဖို့ ကူညီပေးပါတယ်။

    Lutein

    Lutein က ကိုက်လန်၊ ဟင်းနုနွယ်စတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာ တွေ့ရတဲ့ အာဟာရဓာတ်တစ်မျိုးပါ။ မျက်ကြည်လွှာအတွက် အကျိုးပြုတဲ့ ဒီဓာတ်က အမြင်အာရုံအတွက်တော်တော်ကို အရေးပါပါတယ်။ lutein နဲ့ zeaxanthin တို့လို ဓာတ်တွေဆီက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေရရှိနိုင်ပြီး အတွင်းတိမ်နဲ့ အမြင်မှုန်ဝါးခြင်းလိုမျိုး ရောဂါပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

    Zeaxanthin

    Carotenoids ဓာတ်အမျိုးအစားပေါင်း ၆၀၀ကျော်ရှိပေမယ့် ၂၀ ခန့်ကပဲ မျက်စိကျန်းမာရေးအတွက် အကျိုးပြုနိုင်ပါတယ်။ Lutein နဲ့ zeaxanthin က မြင်လွှာရဲ့ အလယ်ကmacula အစိတ်အပိုင်းကို နူးညံ့စေပြီး မျက်စိတစ်ရှူး၊ မှန်ဘီလူးနဲ့ macula အပိုင်းကို ကာကွယ်ပေးနိုင်ပါတယ်။ မြင်ကွင်းရှင်းလင်းစေပြီး ရုတ်တရက်မှုန်ဝါးခြင်း၊ အလင်းရောင်မခံနိုင်ခြင်းနဲ့ အတွင်းတိမ်လိုမျိုး မျက်စိရောဂါတွေကို ကာကွယ်ပေးပါတယ်။

    Omega-3 Fatty Acids

    Omega-3 Fatty Acids ဟာ ခန္ဓာကိုယ်အနှံ့က တစ်ရှူးတွေအတွက် ကောင်းမွန်တဲ့ အကျိုးပြုအဆီတွေဖြစ်ပါတယ်။ ဆီးချိုရှိသူတွေမှာ အဖြစ်များတဲ့ အမြင်အာရုံထိခိုက်မှုကို ကာကွယ်ပေးပါတယ်။

    မျက်စိအားကောင်းစေတဲ့ ဒီလိုဗီတာမင်နဲ့ အာဟာရဓာတ်တွေကို ဘယ်ကအများဆုံးရနိုင်မလဲ –

  • မုန်လာဥနီ
  • အစိမ်းရောင်ရှိတဲ့အသီးအရွက်တွေ (ဥပမာ – ကိုက်လန်၊ ဟင်းနုနွယ်)
  • ဂေါ်ဖီထုပ်မျိုးနွယ်ဝင် ဟင်းသီးဟင်းရွက်တွေ (ပန်းဂေါ်ဖီစိမ်း၊ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ)
  • ချိုချဉ်အသီးတွေ (လိမ္မော်သီး၊ ဂရိတ်ဖရု၊ သံပရာသီး)
  • ကန်စွန်းဥ
  • ပဲစိမ်း
  • ကြက်ဥ
  • ဘယ်ရီသီးတွေ
  • သင်္ဘောသီး၊သရက်သီး၊ ကီဝီသီး၊ဖရဲသီးနဲ့ မာလကာသီး
  • ပြောင်းဖူး
  • အစေ့အဆန် (နေကြာစေ့၊နှမ်း၊ဟေဇယ်သီး၊ဗာဒံစေ့)
  • ပင်လယ်စာတွေ၊ omega-3 နဲ့ zinc ပါဝင်မှုများတဲ့ အစားအစာတွေ (ဆော်လမွန်ငါး၊ မက်ကရယ်ငါး၊ ဆာဒင်းနဲ့ တူနာငါး) တို့ကနေ ရရှိနိုင်ပါတယ်။
  • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement