ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာသက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 10, 2020 . 2 mins read
Share now

ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်ကပြောင်းလဲမှုတွေအများကြီးဖြစ်နိုင်ပါတယ်။ ဝမ်းက တစ်နေ့တစ်ကြိမ်မသွားဘူး။ ၃ ရက်လောက်မှ တစ်ခါသွားတယ်။ ဗိုက်အောင့်တယ်။ ဝမ်းသွားရင် ဝမ်းကမပျော့ဘူးဆိုတဲ့ လက္ခဏာတွေက ကိုယ်ဝန်ဆောင်ချိန်မှာတော်တော်များများ ကြုံတွေ့ရတဲ့ ကိုယ်ဝန်ဆောင်ချိန်ဝမ်းချုပ်ခြင်း လက္ခဏာတွေပါ။

ဒါတွေကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်ရတာပါ

ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာက အဖြစ်များတဲ့ပြဿနာတစ်ခုပါ။ ဒီအချက်တွေကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်ရတာပါ။

  • ဟော်မုန်းအပြောင်းအလဲဖြစ်တာကြောင့်
  • သားအိမ်ကဖိထားတာကြောင့်
  • ကိုယ်ဝန်ဆောင်ချိန်မှာသောက်သုံးရတဲ့ သံဓာတ်အားဖြည့်ဆေးတွေကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ ဝမ်းချုပ်ရတာပါ။

ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာသက်သာစေဖို့ ဘာတွေစားမလဲ

အမျှင်ဓာတ်များတဲ့ အစားအစာတွေက ကိုယ်ဝန်ဆောင်မေမေတွေကို ဝမ်းချုပ်တာသက်သာစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကင်းစေဖို့ဆိုရင် တစ်နေ့ကို အမျှင်ဓာတ် ၂၅ ဂရမ်ကနေ ၃၀ ဂရမ်အထိစားပေးဖို့လိုပါမယ်။

  • လတ်ဆတ်တဲ့သစ်သီးတွေ
  • ဟင်းသီးဟင်းရွက်တွေ
  • ပဲအမျိုးမျိုး
  • အုတ်ဂျုံနဲ့လုပ်ထားတဲ့ကွေကာအုပ်
  • ဇီးသီးခြောက်
  • ဂျုံကြမ်းပေါင်မုန့်
  • ပန်းသီး
  • ငှက်ပျောသီး
  • သဖန်းသီး
  • စတော်ဘယ်ရီသီး
  • ပြောင်းဖူး
  • မုန်လာဥနီ
  • ပန်းဂေါ်ဖီစိမ်း
  • မုန်ညှင်းထုပ်တို့ကို စားပေးလို့ရပါတယ်။

ဝမ်းချုပ်တာသက်သာစေမယ့် နည်းလမ်းတွေက ဘာတွေလဲ

ဝမ်းချုပ်တာကို အစားအသောက်နဲ့ ဂရုစိုက်ပြီးရင်တော့ ဒီနည်းလေးတွေနဲ့ ဂရုစိုက်ဖို့လည်းလိုပါဦးမယ်။

ရေသောက်ပေးပါ

ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ်ပြည့်နေစေဖို့ကမေ့ထားလို့ မဖြစ်တဲ့အချက်တစ်ခုပါ။ ကိုယ်ဝန်ဆောင်မေမေတစ်ယောက်က တစ်နေ့ကို အနည်းဆုံးရေ ၈ ခွက်ကနေ ၁၂ ခွက်အထိသောက်ဖို့လိုပါမယ်။ ဒီလိုသောက်ပေးမှ အူတွေလှုပ်ရှားမှုကောင်းစေပြီး ဝမ်းမှန်စေမှာပါ။

နည်းနည်းချင်းနဲ့ အကြိမ်ရေများများစားပေးပါ

ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အနေနဲ့ တစ်ခါတည်းနဲ့ တဝစားတာမျိုးမလုပ်သင့်ပါဘူး။ တစ်နေ့တာမှာ ၅ ကြိမ် ကနေ ၆ကြိမ်လောက်ထိခွဲပြီး နည်းနည်းချင်းစီစားပေးပါ။ ဒါမှ အစာအိမ်က ဝန်မပိဘဲ စားလိုက်တဲ့ အစားအစာတိုင်းကို အကောင်းဆုံးချေဖျက်နိုင်မှာပါ။ ဒါကြောင့် အစားစားတိုင်း နည်းနည်းချင်းစီနဲ့ ခဏခဏစားပေးပါ။

ပုံမှန် ကိုယ်လက်လှုပ်ရှားမှုရှိပါစေ

ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာသက်သာစေဖို့အတွက် ပုံမှန် ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့လိုပါမယ်။လေ့ကျင့်ခန်းလုပ်ပေးတာက အူမကြီးကို လှုပ်ရှားမှုကောင်းစေပြီး ဝမ်းချုပ်တဲ့ပြဿနာ ကင်းစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အနေနဲ့ တစ်ခါလုပ်ရင် မိနစ် ၂၀ ကနေ ၃၀ ထိ တစ်ပတ်ကို ၃ ကြိမ်လောက်ပေါ့ပါ့ပါးပါးကိုယ်လက်လှုပ်ရှားမှုလေးတွေလုပ်ပေးပါ။ မနက်ခင်းမှာ လမ်းလျှောက်တာ၊ရေကူးတာ၊ ကိုယ်ဝန်ဆောင်ယောဂလေ့ကျင့်တာမျိုးတွေလုပ်ပေးပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကြောင့် စိတ်မညစ်ရစေဖို့ ဒီနည်းလမ်းလေးတွေအတိုင်းစားသောက်နေထိုင်ပေးပါ။

ဒီလိုအခြေအနေဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုပါမယ်

ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အနေနဲ့ ဝမ်းချုပ်တာကြောင့် အခုလိုလက္ခဏာတွေခံစားလာရပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးသွားပြပေးဖို့လိုပါမယ်။

  • မအီမသာဖြစ်မယ်
  • အစာအိမ်နာမယ်
  • အော့အန်မယ်
  • ဝမ်းချုပ်တာက ၁ ပတ်၊ ၂ ပတ်လောက်ဖြစ်နေမယ်
  • စအိုကသွေးထွက်မယ်
  • ဝမ်းပျော့ဆေးသောက်ပေမယ့် ဝမ်းမသွားဘူးဆိုရင် ဆရာဝန်နဲ့အမြန်ဆုံးပြသဖို့လိုပါမယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆိုရီရေးစစ် (psoriasis) အရေပြားပြဿနာရှိတယ် ဘာတွေ စားရမလဲ။

အရေပြားပြဿနာ မှန်သမျှက မသက်သာပါဘူး။ ဆိုရီရေးစစ် အရေပြား ပြဿနာကို ခံစားနေရတယ်ဆိုရင်တော့ ပိုဆိုးပြီပေါ့။ အရေပြားကျန်းမာဖို့က အရေးကြီးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အဆုတ်ကျန်းမာစေဖို့ နေ့စဉ် လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်း ၄ မျိုး

အဆုတ်တွေက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းပါ။ ရှူသွင်းလိုက်တဲ့ အောက်ဆီဂျင်ကို ကာဗွန်ဒိုင်အောက်ဆိုဒ်တွေနဲ့ ဖလှယ်ပေးတဲ့ တာဝန်ကို ထမ်းဆောင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အနံ့ပျောက်ရင် ဘာလုပ်ရမလဲ။

ခုတလော အနံ့ မရတော့ဘူးဆိုရင် ကိုဗစ်ပဲဆိုပြီး စိုးရိမ်မှုတွေ အတော်လေး များနေကြပါတယ်။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုယ်ဝန်ဆောင် မေမေ အသားအရေ လှစေဖို့ ဒါတွေ စားဖို့ မမေ့နဲ့နော်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်း အပြောင်းအလဲကြောင့် အသားအရေ ပြောင်းလဲနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း အသားအရေလေး လှမြဲတိုင်း လှနေစေဖို့ ဘာတွေစားရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အူလမ်းကြောင်းစနစ်ဘယ်လိုအလုပ်လုပ်သလဲ

အူလမ်းကြောင်းစနစ်ဘယ်လိုအလုပ်လုပ်သလဲ

ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
ဘိုးဘိုးဘွားဘွားတို့ လေ့ကျင့်ခန်း လုပ်သင့်လား

ဘိုးဘိုးဘွားဘွားတို့ လေ့ကျင့်ခန်း လုပ်သင့်လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 24, 2020 . 2 mins read
နှင်းခူရှိသူတွေအတွက် စားသောက်မှုပုံစံ

နှင်းခူရှိသူတွေအတွက် စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 23, 2020 . 2 mins read
ဝမ်းဗိုက်အဆီတက်အောင် လုပ်မိနေပြီလား။

ဝမ်းဗိုက်အဆီတက်အောင် လုပ်မိနေပြီလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 21, 2020 . 2 mins read