နှလုံး နဲ့ပတ်သက်ပြီး ဒီအချက်တွေ သိပြီးပြီလား……….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

နှလုံးခုန်နေတာက အသက်ရှင်သန်နေတယ်ဆိုတဲ့ လက္ခဏာတစ်ခုပါ။ သက်ရှိတစ်ဦးဦး နှလုံးရပ်သွားပြီဆိုရင် ရှင်သန်မှု အဆုံးသတ်သွားပါပြီ။ ဒီ ရှင်သန်မှုလက္ခဏာဖြစ်တဲ့ နှလုံး အကြောင်း သင်ဘယ်လောက်ထိ သိထားလဲဆိုတာ ဒီဆောင်းပါးလေး ကနေတဆင့် ဆန်းစစ်ကြည့်ရအောင်လား……..

နှလုံး ဘယ်လိုများ အလုပ်လုပ်တာလဲ………..

နှလုံး က ခန္ဓာကိုယ် သွေးလည်ပတ်မှုစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ နှလုံးကို သွေးလွှတ်ခန်း၊ သွေးပြန်ခန်း၊ နှလုံးအဆို့ရှင်၊ သွေးလွှတ်ကြောတွေ၊ သွေးပြန်ကြောတွေနဲ့ ဖွဲ့စည်းထားပါတယ်။ နှလုံးကသွေးတွေကိုသိုလှောင်တယ်၊ ပို့လွှတ်တယ်။ ခန္ဓာကိုယ်အနှံ့ကို အောက်ဆီဂျင်တွေရောက်ရှိစေတယ် စတဲ့ ရှင်သန်မှုအတွက် အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးပါတယ်။

နှလုံးကျန်းမာစေဖို့ ဘာတွေလုပ်ရမလဲ……….

နှလုံးကျန်းမာမှ ခန္ဓာကိုယ်ကျန်းမာမှာပါ။ ဒီတော့ နှလုံးကျန်းမာစေဖို့အတွက်

နှလုံး နဲ့ပတ်သက်ပြီး ဒါတွေ သိပြီးပြီလား………

အသက်ရှူလိုက်တိုင်း ခုန်နေတဲ့ နှလုံးလေးနဲ့ ပတ်သက်ပြီး သိသူနည်းနေတဲ့အချက်အချို့က
  • နှလုံးရဲ့ အရွယ်အစားက လူကြီးတစ်ယောက်ရဲ့ လက်သီးဆုပ်စာလောက်ပဲရှိပါတယ်။ နှလုံးက အရွယ်အစားအရမ်းမကြီးပါဘူး။
  • နှလုံးက တစ်နေ့ကို အကြိမ်ရေ ၁၁၅၀၀၀ ခုန်ပါတယ်။
  • နှလုံးက နေ့စဉ် သွေး ဂါလံ ၂၀၀၀ နီးပါးကို ညှစ်ထုတ်ပေးပါတယ်။
  • ခန္ဓာကိုယ်ထဲက ထုတ်ပြီးတဲ့အထိတောင် နှလုံးက ဆက်ခုန်နေနိုင်ပါသေးတယ်။
  • ပထမဆုံးသော နှလုံးခွဲစိတ်မှုကို ၁၉၅၈ ခုနှစ်က လုပ်ဆောင်ခဲ့တာပါ။ ဒီခွဲစိတ်မှုကို ခံယူခဲ့သူဟာ အသက် ၈၆ နှစ်မှာ နှလုံးနဲ့ မသက်ဆိုင်တဲ့ ရောဂါတစ်ရပ်ကြောင့် သေဆုံးခဲ့ပါတယ်။
  • အသက်အငယ်ဆုံး နှလုံးခွဲစိတ်ကုသမှုခံယူခဲ့သူဟာ အသက်တစ်မိနစ်သာရှိသေးတဲ့ မွေးကင်းစ ကလေးမလေးတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ခွဲစိတ်မှုဟာ အောင်မြင်ခဲ့ပါတယ်။
  • ပထမဆုံးသော နှလုံးရောဂါအဖြစ် သတ်မှတ်နိုင်ခဲ့မှုက လွန်ခဲ့တဲ့ နှစ် ၃၅၀၀ ခန့်က ဆေးရည်စိမ်ခဲ့တဲ့ အီဂျစ် မံမီရုပ်တုတစ်ခုမှာဖြစ်ပါတယ်။
  • ကမ္ဘာ့အသေးဆုံး နို့တိုက်သတ္တဝါဖြစ်တဲ့  American pygmy shrew ဟာ နှလုံးခုန်အမြန်ဆုံး သက်ရှိဖြစ်ပြီး တစ်မိနစ်ကို နှလုံးခုန်နှုန်း ၁၂၀၀ အထိရှိပါတယ်။
  • ရုတ်တရက်နှလုံးရပ်မှု တော်တော်များများက တနင်္လာနေ့မှာ ဖြစ်တာများပါတယ်။
  • လူတစ်ယောက်ရဲ့ နှလုံးက ပျမ်းမျှအားဖြင့် တစ်ပေါင်နီးပါ အလေးချိန်ရှိပါတယ်။ အမျိုးသားတွေရဲ့ နှလုံးက အမျိုးသမီးတွေရဲ့ နှလုံးထက် ၂ အောင်စနီးပါး အလေးချိန်ပိုပါတယ်။
  • အမျိုးသမီးတွေက အမျိုးသားတွေထက် မဆိုစလောက် နှလုံးခုန်မြန်ပါတယ်။
  • ကြားနေရတဲ့ နှလုံးခုန်သံက နှလုံးအဆို့ရှင်တွေ ပိတ်တာ ဖွင့်တာကြောင့် ဖြစ်လာတဲ့အသံပါ။
  • အသည်းကွဲတာကြောင့် သေတယ်ဆိုတာက မဟုတ်ပါဘူး။ အသည်းကွဲတယ်ဆိုတဲ့ လက္ခဏာက ရုတ်တရက်နှလုံးရပ်တာနဲ့ ဆင်တူပါတယ်။ မတူတာကတော့ အသည်းကွဲတယ်ဆိုတာက စိတ်ဖိစီးမှုတွေ များလွန်းတာကြောင့်စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းပမာဏ အဆမတန် မြင့်တက်မှုကြောင့် ဖြစ်လာရတာပါ။
  • အသည်းကွဲတာကြောင့် သေတယ်ဆိုတာက ဖြစ်တောင့်ဖြစ်ခဲဖြစ်ရပ်တစ်ခုပါ။
  • ခန္ဓာကိုယ်အနှံအပြားက သွေးကြောတွေအားလုံးကို ဆန့်ထုတ်ကြည့်မယ်ဆိုရင် မိုင် ၆၀၀၀၀ ကျော်ရှိပါတယ်။
  • နှလုံးဆဲလ်တွေက ကွဲပွားတာမျိုးမရှိတာကြောင့်  နှလုံးကင်ဆာက ဖြစ်တောင့်ဖြစ်ခဲ ကျန်းမာရေး အခြေအနေပါ။
  • ရယ်မောတာက နှလုံးကို ကျန်းမာစေနိုင်ပါတယ်။ အကြောင်းကတော့ ရယ်မောတာက စိတ်ဖိစီးမှုကို ပြေလျော့စေပြီး ကိုယ်ခံအားကို ကောင်းစေနိုင်တာကြောင့်ပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကလေးမီးဖွားချိန် မှာ ကြုံရနိုင်တဲ့ အခက်အခဲများ

ကလေးမီးဖွားချိန် မှာ အဖြစ်များတဲ့ ပြဿနာတွေကို လျှော့ချဖို့အတွက် ကိုယ်ဝန်မှန်မှန်အပ်ဖို့၊ တတ်ကျွမ်းတဲ့သူနဲ့ မွေးဖို့ လိုအပ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဘေဘီလေးက ကြက်သွန်နီ (Onions) စားလို့ရရဲ့လား

ဘေဘီလေးက ကြက်သွန်နီ (onions) စားလို့ရရဲ့လား။ ဘယ်အရွယ်မှာ စစားလို့ ရတာလဲ။ ဒီမေးခွန်းက မေမေတိုင်း မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းတစ်ရပ်ပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ်ကာကွယ်ဆေး နဲ့ myths တွေ အများကြီးကို ကြားမိနေနိုင်ပါတယ်။ ဒီအချက်တွေက တကယ်ရော မှန်ရဲ့လား။ ယုံကြည်သင့်ရဲ့လား။ သတင်း အမှန်တွေက ဘာတွေလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ဘာတွေ ခံစားရနိုင်လဲ

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ဘာတွေကို သတိထားဖို့ လိုမလဲ။ ဘယ်လိုတွေ ဂရုစိုက်ရမလဲ။ ကာကွယ်ဆေး ထိုတာနဲ့ ပတ်သက်ပြီး ဘာတွေ သိထားဖို့ လိုမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

သွေးဖြူဥဆဲလ် ရောဂါ (White Blood Cell Disorder)

သွေးဖြူဥဆဲလ် ရောဂါ (White Blood Cell Disorder)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 25, 2021 . 3 mins read
ရနံ့ကုထုံး (Aromatherapy) ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ရနံ့ကုထုံး (Aromatherapy) ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 25, 2021 . 2 mins read
ကလေးကျန်းမာရေး အကြောင်း

ကလေးကျန်းမာရေး အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 25, 2021 . 3 mins read
ကိုယ်ဝန်ဆောင်မေမေ ကော်လာဂျင် သောက်လို့ရလား......................

ကိုယ်ဝန်ဆောင်မေမေ ကော်လာဂျင် သောက်လို့ရလား………………….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 25, 2021 . 2 mins read