ဖက်ဖယ်ရွက်ရဲ့ ကျန်းမာရေးအာနိသင်

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ထိုင်းဟင်းလျာတိုင်းလိုလိုမှာ ပါတတ်တဲ့ ဖက်ဖယ်ရွက်လေးက ဟင်းခတ်အမွှေးအကြိုင်အနေနဲ့တင်မဟုတ်ဘဲဆေးဖက်လည်းဝင်ပါသေးတယ်။ အာရှနိုင်ငံတော်တော်များများမှာ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အသုံးပြုလေ့ရှိတဲ့ ဖက်ဖယ်ရွက်လေးက ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေကိုများပေးစွမ်းနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

ဖက်ဖယ်ရွက်ဆိုတာက

ဗီယက်နမ်မျိုးရင်းဝင်အပင်တစ်မျိုးဖြစ်ပြီး ဟင်းချိုတွေ၊ စတူး နဲ့ အသုပ်တွေထဲမှာ ဟင်းခတ်အမွှေးအကြိုင် အနေနဲ့အသုံးပြုကြပါတယ်။ ဟင်းလျာတွေထဲမှာ ဟင်းခတ်အမွှေးအကြိုင် အဖြစ်အဓိကအသုံးပြုကြတဲ့အရွက်တစ်မျိုးပေါ့။ အစိမ်းရင့်ရောင်ရှိတဲ့ အရွက်ခပ်ချွန်ချွန်လေးတွေပါ။ ဖလေဗာနွိုက်ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓါကိုယ်အတွက်တော်တော်လေးအထောက်အပံ့ဖြစ်စေနိုင်ပါတယ်။

ဖက်ဖယ်ရွက်ရဲ့ ကျန်းမာရေးအာနိသင်

ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ ဟင်းလျာတွေရဲ့ အနံ့အရသာကိုတိုးစေနိုင်တဲ့ ဖက်ဖယ်ရွက်လေးက

ဘယ်သူတွေနဲ့ မသင့်တော်ဘူးလဲ……

ဖက်ဖယ်ရွက်လေးကဆေးဖက်ဝင်တယ်ဆိုပေမယ့် ဒီလိုအခြေအနေတွေဆိုရင်တော့ မစားသုံးသင့်ပါဘူး။ တကယ်လို့ စားမယ်ဆိုရင်တောင် ကျွမ်းကျင်သူတွေနဲ့သေချာတိုင်ပင်ပြီးမှ စားသင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်မေမေတွေ
  • နို့တိုက်နေရတဲ့မေမေတွေ
  • ရောဂါအခံတစ်ခုခုရှိတာကြောင့် ပုံမှန်ဆေးဝါးမှီဝဲနေရသူတွေအနေနဲ့ ဖက်ဖယ်ရွက်ကို မစားသုံးသင့်ပါဘူး။

ဖက်ဖယ်ရွက်ကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ စားသုံးလို့ရသလို၊ ချင်း (ဂျင်း)၊ ပျားရည်၊ ငရုတ်ကောင်းတို့နဲ့ရောစပ်ပြီးဆေးအဖြစ်လည်း မှီဝဲပေးလို့ရပါတယ်။ အရွက်ကြိတ်ရည်ကိုလည်း အသုံးပြုပေးလို့ရပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဇန်နဝါရီ 1, 1970 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 16, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။