မပေါ့ဆသင့်တဲ့ ကိုယ်ဝန်ဆောင်သွေးတိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 3 mins read
Share now

ကိုယ်ဝန်ဆောင်ချိန်က ခန္ဓါကိုယ်မှာရောဂါတွေအလွယ်တကူဝင်ရောက်လာနိုင်တဲ့ အချိန်တစ်ခုပါပဲ။ ဒီအချိန်မှာ အနေအထိုင် အစားအသောက်ကိုသေချာဂရုမစိုက်ဘူးဆိုရင်မေမေရောဘေဘီလေးကိုပါထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်မေမေတိုင်း သတိထားသင့်တဲ့ ကိုယ်ဝန်ဆောင်သွေးတိုးကိစ္စလေးကိုပြောပြပေးပါရစေနော်။

သွေးတိုးဆိုတာ

သွေးတိုးဆိုတာကသွေးကြောနံရံတွေအပေါ်မှာ သက်ရောက်နေတဲ့သွေးဖိအားပုံမှန်ထက်များနေတဲ့ အခြေအနေပါ။ နှလုံးကသွေးကြောတွေဆီကိုသွေးကို ညှစ်ထုတ်ပေးပြီးသွေးကြောတွေကသွေးတွေကို ခန္ဓါကိုယ်အနှံ့ကို သယ်ပို့ပေးပါတယ်။သွေးတိုးဖြစ်တဲ့အခါမှာတော့သွေးကြောတွေထဲမှာရှိနေတဲ့ ဖိအားတွေက ပုံမှန်ထက်ပိုများနေတဲ့ အခြေအနေတစ်ရပ်ဖြစ်ပေါ်နေတာပါ။

ကိုယ်ဝန်ဆောင်သွေးတိုး

ကိုယ်ဝန်ဆောင်သွေးတိုးဆိုတာက ကိုယ်ဝန်ဆောင်ချိန်မှာ ရှိသင့်တဲ့သွေးပေါင်ချိန်ထက်တွေထက်များနေတဲ့ အခြေအနေတစ်ရပ်ပါ။ မိခင်က ကိုယ်ဝန်ဆောင်ချိန်မှာသွေးတိုးရောဂါ ခံစားရမယ်ဆိုရင်နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေများနိုင်သလိုမေမေရော ကလေးအတွက်ပါ စိုးရိမ်ရပါတယ်။ ကိုယ်ဝန်ဆောင်ကာလ အပတ် ၂၀နောက်ပိုင်းမှာဖြစ်လာတဲ့ လက္ခဏာတစ်ခုပါ။ ဒီကာလကနေ ကိုယ်ဝန်မွေးဖွားတဲ့အချိန်ထိတောက်လျှောက်ခံစားရမယ့် အခြေအနေတစ်ရပ်ပေါ့။ ကိုယ်ဝန်ဆောင်ချိန်သွေးတိုးရှိနေပြီဆိုရင်သွေးပေါင်ချိန်ကြည့်တဲ့အခါ အပေါ်သွေးက ၁၄၀ mmHg ရှိနေပြီး အောက်သွေးက ၉၀ mmHg ရှိနေနိုင်ပါတယ်။ ဒီအခြေအနေက အမြဲလိုလိုဖြစ်နေမယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်သွေးတိုးရှိနေပြီလို့ပြောလို့ရပါတယ်။ ကိုယ်ဝန်ဆောင်သွေးတိုးဆိုတဲ့နေရာမှာလည်း
သွေးတိုးရောဂါအခံရှိတာ – ကိုယ်ဝန်မဆောင်ခင်ကတည်းကသွေးတိုးရှိနေတဲ့ အခြေအနေ

Chronic hypertension with superimposed preeclampsia – ကိုယ်ဝန်မဆောင်ခင်ကတည်းကသွေးတိုးရှိပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာသွေးတိုးရောဂါ ပိုဆိုးလာတဲ့အခြေအနေ

ကိုယ်ဝန်ဆောင်သွေးတိုး – ကိုယ်ဝန်ဆောင်ကာလ အပတ် ၂၀နောက်ပိုင်းမှာမှသွေးပေါင်ချိန်မြင့်တက်လာတဲ့ အခြေအနေမျိုးဖြစ်ပြီး အရင်ကသွေးတိုးလက္ခဏာတစ်စုံတရာ ခံစားရဖူးခြင်းမရှိတဲ့ အခြေအနေ

ကိုယ်ဝန်သွေးဆိပ်တက်ခြင်း – ကိုယ်ဝန်ဆောင်နောက်ပိုင်းကာလမှာ ခံစားရတဲ့ အခြေအနေတစ်ခုပါ။သွေးတိုးတာရဲ့နောက်ဆက်တွဲအနေနဲ့ခံစားရတာပါ။သွေးထဲမှာ ပရိုတင်းများနေတာ။ခြေလက်တွေဖောရောင်နေတာမျိုးဖြစ်နိုင်ပါတယ်။ ခန္ဓါကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေကို ထိခိုက်မိစေနိုင်ပြီး မိခင်ရော ကလေးကို ပါထိခိုက်စေနိုင်တဲ့အခြေအနေဆိုပြီး အမျိုးမျိုးကွဲပြားပါသေးတယ်။

ကိုယ်ဝန်ဆောင်သွေးတိုး ဘယ်သူတွေမှာပိုဖြစ်နိုင်လဲ

အမျိုးသမီးတိုင်း ကိုယ်ဝန်ဆောင်သွေးတိုးမခံစားရနိုင်ပေမယ့် ကိုယ်ဝန်ဆောင်အများစုက ကိုယ်ဝန်ဆောင်သွေးတိုးခံစားရနိုင်ပါတယ်။ အခုပြောပြမယ့်မေမေတွေကတော့ ကိုယ်ဝန်ဆောင်သွေးတိုး ခံစားရနိုင်ခြေပိုများသူတွေပေါ့။

  • အသက် ၂၀အောက်မေမေတွေ
  • အသက် ၄၀ အထက်မေမေတွေ
  • သွေးတိုးရောဂါအခံရှိတဲ့မေမေတွေ
  • ပထမကိုယ်ဝန်တုန်းက ကိုယ်ဝန်ဆောင်သွေးတိုးခံစားရဖူးတဲ့မေမေတွေ
  • ကိုယ်ဝန်ဆောင် ဆီးချိုရှိတဲ့မေမေတွေ
  • အဝလွန်ေနတဲ့မေမေတွေ
  • ကိုယ်ခံအားြပဿနာရှိတဲ့မေမေတွေ
  • ကျောက်ကပ်ရောဂါရှိတဲ့မေမေတွေ
  • အမြွှာကိုယ်ဝန်ေဆာင်ထားရတဲ့မေမေတွေ
  • ကိုယ်ဝန်ဆောင်သွေးတိုးခံစားရဖူးတဲ့ မျိုးရိုးရှိတဲ့မေမေတွေက ကိုယ်ဝန်ဆောင်သွေးတိုးခံစားရနိုင်ခြေ ပုံမှန်ထက်ပိုများကြပါတယ်။

ကိုယ်ဝန်ဆောင်သွေးတိုးကြောင့် ဘာတွေဖြစ်နိုင်လဲ

ကိုယ်ဝန်ဆောင်သွေးတိုးခံစားရပြီဆိုရင်မေမေရော ကလေးမှာပါ ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။ အကြောင်းကတော့ ကိုယ်ဝန်ဆောင်သွေးတိုးက အချင်း ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေနိုင်တာကြောင့်ဘေဘီလေးဆီ အာဟာရတွေနဲ့အောက်ဆီဂျင်ရောက်ရှိမှုကို ကန့်သတ်တာမျိုးဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေက
  • လမစေ့ဘဲ ကလေးမွေးဖွားတာ
  • ပေါင်မပြည့်တဲ့ ကလေးမွေးတာ
  • အချိန်မတိုင်ခင် အချင်းကွာတာ
  • မိခင်တက်တာ
  • လေဖြတ်တာ
  • ကျောက်ကပ်ထိခိုက်တာ
  • အသည်းထိခိုက်တာ
  • သွေးခဲတာ
  • ခွဲမွေးရတာမျိုးတွေလိုမျိုးနောက်ဆက်တွဲကျန်းမာရေးပြဿနာတွေခံစားရနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့သွေးတိုးရောဂါကြောင့်ဘေဘီလေးေရာ၊မေမေမှာပါထိခိုက်တာမျိုးမဖြစ်စေဖို့ ဒီနည်းလမ်းလေးတွေက သက်သာစေဖို့ရော ကာကွယ်တဲ့အနေနဲ့ပါ အသုံးဝင်မှာပါ။

ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်ဖို့ မဆိုလိုပါဘူး။ ကိုယ်ဝန်ဆောင်မေမေတို့ သက်တောင့်သက်သာဖြစ်စေပြီး ကိုယ်ခံအားကောင်းစေမယ့်လေ့ကျင့်ခန်းမျိုးကို တစ်နေ့ကို မိနစ် ၃၀လောက်လုပ်ပေးပါ။ လမ်းလျှောက်တာမျိုးဖြစ်ဖြစ်၊ ကိုယ်ဝန်ဆောင်ယောဂလိုမျိုးလေ့ကျင့်ခန်းတွေလုပ်ပေးပါ။

ဆားလျှော့စားပါ

ကိုယ်ဝန်ဆောင်သွေးတိုးကိုကာကွယ်နိုင်မယ့် သဘာဝ နည်းလမ်းတစ်ခုက ဆားလျှော့စားတာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာဟော်မုန်းမမျှတတာကြောင့် ကိုယ်ခံအားထိခိုက်တာမျိုးဖြစ်စေနိုင်သလိုသွေးတိုးတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ဆားလျှော့စားတာကမေမေတို့အတွက် အကောင်းဆုံးဖြစ်မှာပါ။

ငှက်ပျောသီးစားပေးပါ

တစ်နေ့ကို ငှက်ပျောသီးတစ်လုံး ပုံမှန်စားပေးပါ။ ဒီလိုစားပေးတာက အမျှင်ဓါတ်ရရှိစေတာကြောင့် ဝမ်းမှန်စေနိုင်သလို ပိုတက်ဆီယမ်ပါဝင်မှုကြောင့်သွေးတိုးကာကွယ်ပေးမှာ အသေအချာပါ။သွေးတိုးတတ်သူတွေအတွက် ဓါတ်စာဆိုလည်း မမှားပါဘူး။

စိတ်ဖိစီးမှုလျှော့ပါ

စိတ်ဖိစီးမှုကလည်းသွေးတိုးစေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ဒါကြောင့် တစ်နေ့ကို မိနစ် ၃၀လောက် သီချင်းနားထောင်ပေးတာ၊ တရားထိုင်တာမျိုးတွေလုပ်ပြီးသွေးတိုးတာမျိုးမဖြစ်အောင် ကာကွယ်ပေးပါ။

ကဖင်းရှောင်ပါ

ကဖင်းသောက်သုံးမှုကလည်းသွေးတိုးစေတဲ့ အကြောင်းအရင်းတစ်ခုပါ။ ဒါကြောင့်မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့သွေးပေါင်ချိန်ရရှိစေဖို့ ကဖင်းကို တတ်နိုင်သမျှလျှော့ပါ။

သရေစာတွေရှောင်ပါ

အာလူးကြော်တွေ၊ကွတ်ကီးတွေလိုမျိုး တာရှည်ခံအောင်လုပ်ထားပြီး အငန်ကဲတဲ့ အစားအသောက်တွေကို တတ်နိုင်သမျှရှောင်ပါ။ ဒါမှ ကိုယ်ဝန်ဆောင်ချိန်မှာသွေးတိုးဖြစ်တာကိုလျော့ကျစေနိုင်မှာပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အသက်ရှင်သန်ဖို့ ကျောက်ကပ် တစ်လုံးတည်းက လုံလောက်ရဲ့လား

ကျောက်ကပ်ဟာ ခန္ဓာကိုယ်တွင်းက အရည် ၂၀၀ လီတာလောက်မှာ ပါဝင်တဲ့ အညစ်အကြေးတွေကို နေ့စဉ်စစ်ထုတ်ပေးနေတဲ့ ကိုယ်တွင်း အင်္ဂါတစ်ခုဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ပိုမိုကောင်းမွန်တဲ့ ရလဒ်နဲ့အတူ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိလာတဲ့ အမေရိကန်ရဲ့ ကိုဗစ်ကာကွယ်ဆေး

ကမ္ဘာတစ်လွှားမှာ ကိုဗစ်ကြောင့် စီးပွားရေးတွေ ထိခိုက်နေရသလို ဆုံးရှုံးနေရတဲ့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ခါးနာခြင်း

လမ်းလျှောက်နိုင်စေဖို့ မတ်မတ်ရပ်နိုင်စေဖို့  စသည်ဖြင့် ခါးရဲ့အထောက်အပံ့တွေက များလှပါတယ်။ ဒီလိုပဲ ခါးနာသွားစေနိုင်တဲ့ အပြုအမူတွေကလည်း မနည်းလှပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အိပ်နေစဉ် သွားရည်ကျတာကို သက်သာစေဖို့

အိပ်နေတုန်း သွားရည်ကျတာက လူအများစု ကြုံဖူးမယ့် အိပ်စက်မှုဆိုင်ရာ ပြဿနာတစ်ခုပါ။ ဒီအခြေအနေကို လူတိုင်း တစ်ကြိမ်တော့ ကြုံဖူးမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ပျင်းလည်းပျင်းတယ်၊ ဝိတ်လည်းကျချင်တယ်ဆိုရင်

ပျင်းလည်းပျင်းတယ်၊ ဝိတ်လည်းကျချင်တယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
သရက်သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

သရက်သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
အသည်းတစ်ခြမ်းနဲ့ လူသား

အသည်းတစ်ခြမ်းနဲ့ လူသား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read