ကိုရိုနာဗိုင်းရပ်စ်

COVID-19ဆိုတာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုဖြစ်ပြီး သာမန်လက္ခဏာတွေကနေ အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။ အတွေ့များရတဲ့ လက္ခဏာတွေကတော့ ချောင်းခြောက်ဆိုးတာ၊ နုံးတာ၊ ဖျားတာတွေပဲ ဖြစ်ပါတယ်။ တချို့တွေမှာ တုပ်ကွေးလိုမျိုး လက္ခဏာတွေ ခံစားရတတ်ပြီး နာတာရှည်နောက်ဆက်တွဲဆိုးကျိုးတွေ၊ အသက်သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းတွေကို ဒီစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း ဘာတွေသိထားဖို့ လိုမလဲ!

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ကိုဗစ်ဖြစ်ပွားခဲ့တာ နှစ်ကာလအားဖြင့် အတော်အတန် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့်လည်း ကမ္ဘာတလွှားမှာ အခုချိန်ထိ  ကိုဗစ်ဗိုင်းရပ်စ်က ပပျောက်မသွားဘဲ သန္ဓေပြောင်းမှု အမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ ဆက်လက် ဖြစ်ပွားနေဆဲပါ။ အခုနောက်ဆုံးတွေ့ရှိထားတဲ့ ကိုဗစ် မျိုးစိတ်အသစ်ကတော့ EG.5.1 ဖြစ်ပြီး အတိုကောက် Eris လို့လည်း ခေါ်ပါတယ်။ လက်ရှိ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဖြစ်ပွားနေတဲ့ ကိုဗစ် ဖြစ်ပွားမှုတွေက ဒီမျိုးစိတ်ကြောင့်ပါ။ ကိုဗစ်တွေက မျိုးဗီဇ ပြောင်းလဲမှု တစ်ခု ဖြစ်ပြီးတိုင်းမှာ မျိုးစိတ်အသစ်တစ်ရပ်က လျင်မြန်တဲ့ အရှိန်နဲ့ ကူးစက်ဖြစ်ပွားတာမျိုးတွေ ရှိလာနေပါတယ်။ ဒါကြောင့် အခုတစ်ခေါက်လည်း သတိထားမှုတွေ လုပ်ဆောင်နိုင်စေဖို့အတွက် ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း သိထားသင့်တာလေးတွေကို ဝေမျှပေးချင်ပါတယ်။ ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း […]

ကိုရိုနာဗိုင်းရပ်စ် ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာလမှာ ဘာတွေ မစားသင့်ဘူးလဲ.......

COVID - 19 ဗိုင်းရပ်စ်က ကိုယ်ခံအားစနစ် တစ်ခုလုံးကို ထိခိုက်စေသလို ကိုယ်အလေးချိန် ကျတာ၊ အားနည်းတာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ ကိုဗစ် ကူးစက်ခံရတဲ့အခါ ဗိုင်းရပ်စ်ကို အကောင်းဆုံး တုံ့ပြန် တိုက်ထုတ်ဖို့အတွက် ဆေးဝါး အကူအညီ လိုအပ်သလို အစားအစာကိုလည်း အာဟာရပြည့်ဝအောင် မှန်မှန်ကန်ကန် စားသုံးမိဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ကိုဗစ်ကာလမှာ ဘာတွေ မစားသင့်ဘူးလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ ကိုဗစ်ကာလမှာ မေ့မထားသင့်တဲ့ အချက်တစ်ခု ကိုဗစ်ကာလမှာ မေ့မထားသင့်တဲ့ အချက် တစ်ခုက အာဟာရ ပြည့်ဝမျှတအောင် စားဖို့ပါ။ အာဟာရ ပြည့်ဝမျှတအောင် စားသုံးတာက ကိုဗစ်ကို ကာကွယ်နိုင်သလို ကိုဗစ် ကူးစက်ခံရရင်လည်း ခံနိုင်ရည် ရှိအောင် ထောက်ကူပေးပါတယ်။ ကိုဗစ်ကာလမှာ ကျန်းမာစေဖို့ အာဟာရ ပြည့်ဝအောင် စားသုံးဖို့ လိုတယ်ဆိုပေမယ့် အစားအစာတိုင်းက […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ရောဂါ ကို ပြင်းပြင်းထန်ထန် ခံစားရနိုင်သူများ

ကိုဗစ်ရောဂါ နဲ့ ပတ်သက်လာရင် တချို့က တုပ်ကွေးလို လက္ခဏာတွေနဲ့ ပြန်လည်သက်သာသွားကြပေမယ့် တချို့က ပြင်းထန်တဲ့ ဝေဒနာတွေ  ခံစားရပြီး အောက်ဆီဂျင်ရှူရတဲ့အဆင့်အထိ ရောက်ကြပါတယ်။ ဒီတော့ ဘယ်လိုလူတွေက ကိုဗစ်ဖြစ်ရင် ပိုပြီးပြင်းပြင်းထန်ထန် ခံစားရနိုင်လဲဆိုတာ လေ့လာကြည့်ရအောင်။ ကိုဗစ်ရောဂါ ပြင်းပြင်းထန်ထန် ခံစားရတယ်ဆိုတာ ကိုဗစ်ရောဂါရှိနေတဲ့ သူတစ်ယောက်က ဆေးရုံတက်ရလောက်တဲ့ အနေအထားဖြစ်တယ် အထူးကြပ်မတ်ဆောင်မှာ ကုသရတယ် အသက်ရှူစက်တင်ရတယ် အသက်အန္တရာယ်ရှိတဲ့ အနေအထားကို ရောက်ခဲ့တယ်ဆိုရင် ပြင်းထန်တယ်လို့ ပြောလို့ရပါတယ်။ ဘယ်လိုလူတွေက ပြင်းထန်ကိုဗစ်ဖြစ်နိုင်သလဲ။ အသက်ကြီးတဲ့သူတွေ အရွယ်မရွေး ကိုဗစ်ရောဂါ ကူးစက်နိုင်တယ်ဆိုပေမယ့် လူလတ်ပိုင်းနဲ့ လူကြီးပိုင်းက အများဆုံး အကူးခံရပါတယ်။ ပြင်းထန်ကိုဗစ်ဖြစ်နိုင်ခြေက အသက်ကြီးလာလေလေ ဖြစ်နိုင်ခြေ များလေလေပါ။ ၈၅နှစ်နဲ့အထက်ဆိုရင်တော့ အဆိုးဆုံးပေါ့။ ဒါ့ပြင် အသက်လည်း ကြီးမယ်။ ရောဂါအခံလည်း ရှိမယ်ဆိုရင်တော့ ပိုပြီး ပြင်းထန်နိုင်ခြေ များပါတယ်။ အထူးသဖြင့် ဘိုးဘွားရိပ်သာလိုမျိုး […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကနေ ပြန်လည်ကျန်းမာလာတဲ့အခါ ကိုယ်ခံအား အမြန်ဆုံး ပြန်ပြည့်စေဖို့

အခုလက်ရှိ မြန်မာနိုင်ငံမှာ အသေအပျောက်များတဲ့ ကိုဗစ်လှိုင်းကို ရင်ဆိုင်နေရပါတယ်။ ဒီကာလမှာ ကိုဗစ်ကြောင့် သေဆုံးသွားရသူတွေ ရှိသလို ကိုဗစ်ကနေ ပြန်လည် ကျန်းမာလာသူတွေလည်း ရှိပါတယ်။ ဒီတစ်ခေါက်တော့ ကိုဗစ်ကနေ ပြန်လည်ကျန်းမာလာတဲ့အခါ ကိုယ်ခံအား အမြန်ဆုံး ပြန်ပြည့်စေဖို့ ဘာတွေလုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ကိုဗစ်ကနေ ပြန်လည်ကျန်းမာလာပေမယ့် ရုတ်တရက် သေဆုံးမှုတွေကလည်း မနည်းပါဘူး။ ကိုဗစ်ကနေပြီးတောင် ပြန်ကောင်းလာတယ်။ အခုဆို ၂၁ ရက်တောင် ကျော်နေပြီ။ ဒီနေ့မှ ရုတ်တရက်ကြီး အကောင်းကြီးကနေ ဆုံးပါးသွားတယ်ဆိုတာမျိုးတွေက ကိုဗစ်ကနေ နာလန်ထလာချိန်မှာ လိုက်နာရမယ့် အချို့အချက်လေးတွေကို မလိုက်နာမိတာကြောင့် ဖြစ်ရတာပါ။ ရောဂါအခံ ရှိတာကြောင့်လည်း ပါတာပေါ့လေ။ ဒီလို နာလန်ထချိန်မှာ ရုတ်တရက် သေဆုံးမှုတွေ မဖြစ်စေဖို့အတွက် မဖြစ်မနေ ဂရုစိုက်ဖို့ လိုမယ့် တစ်ချက်က ကိုယ်ခံအားပြည့်ဝလာစေဖို့ ပါ။ ကိုယ်ခံအား […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကပ်အတွင်း အောက်ဆီဂျင် ပြည့်ဝစေဖို့ ဘယ်လို စားသောက်ကြမလဲ.......

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အောက်ဆီဂျင်ပမာဏ ရုတ်တရက် ကျဆင်းသွားတယ်ဆိုတာကိုတော့ အားလုံး သိထားပြီးသား ဖြစ်မှာပါ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အောက်ဆီဂျင် ကျသွားတဲ့အခါ အသက်ရှူတာ ပြတ်တောင်းပြတ်တောင်း ဖြစ်စေသလို သေဆုံးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီကာလမှာ သွေးတွင်းအောက်ဆီဂျင်ပမာဏကို ထိန်းညှိပေးနိုင်မယ့် အကောင်းဆုံးသော နည်းလမ်းက အာဟာရ ပြည့်ဝအောင် စားသုံးမှုပါပဲ။ ဒီတော့ သွေးတွင်း အောက်ဆီဂျင် ပြည့်ဝစေဖို့ ဘာတွေစားရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ အောက်ဆီဂျင် ပြည့်ဝစေဖို့ ဘာတွေစားရမလဲ အောက်ဆီဂျင် ပြည့်ဝစေဖို့ အခုလိုလေး စားသုံးပေးဖို့ လိုပါမယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ အစားအစာတွေ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကျန်းမာခြင်းရဲ့ အဓိက ဇာတ်ဆောင်ပါ။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ အစားအစာတွေက ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးသလို နှလုံးရောဂါ နဲ့ ကင်ဆာလိုမျိုး ရောဂါတွေဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေက […]


ကိုရိုနာဗိုင်းရပ်စ်

ကလေးတွေက ကိုဗစ် ဖြန့်ချီသူတွေလား

ကလေးတွေမှာလည်း လူကြီးတွေလိုပဲ အရွယ်မရွေး ကိုဗစ် ကူးစက်ခံရနိုင်ပါတယ်။ ဒါပေမယ့် အများစုက လက္ခဏာမပြင်းထန်ကြပါဘူး။ ကလေးတချို့ဆို လက္ခဏာတောင်မပြကြပါဘူး။ အနည်းစုလောက်ပဲ ပြင်းထန်တဲ့အဆင့်ထိ ဖြစ်သွားနိုင်ပါတယ်။ ဒီအချက်က ကိုဗစ်ကူးစက်တာ၊ ရောဂါပြန့်တာကို လေ့လာတဲ့နေရာမှာ အများကြီး အရေးပါပါတယ်။ ကလေးကိုဗစ်နဲ့ လူကြီး ကိုဗစ် ကလေးတွေမှာ ဘာကြောင့် ကိုဗစ် ဖြစ်ရင် မပြင်းထန်တာလဲဆိုတာနဲ့ ပတ်သက်ပြီး ရှင်းပြထားတာတွေ အမျိုးမျိုး ရှိပါတယ်။ ပထမတစ်ချက်က ကလေးတွေက မကြာခဏဆိုသလို အအေးမိဖျားနာတတ်တာကို သိကြမှာပါ။ ဒီလိုအအေးမိစေတဲ့ ဗိုင်းရပ်စ်တွေထဲမှာ တခြားသော ကိုရိုနာဗိုင်းရပ်စ်တွေလည်း ပါပါတယ်။ ဒီဗိုင်းရပ်စ်ကို ကလေးရဲ့ ကိုယ်ခံအားက ကျင့်သားရနေတဲ့အတွက် ကိုဗစ်ဖြစ်တဲ့အခါ မပြင်းထန်တာ ဖြစ်နိုင်ပါတယ်တဲ့။ နောက်တစ်ချက်က ကလေးရဲ့ ခုခံအားက ဗိုင်းရပ်စ်ကို တုံ့ပြန်ပုံနဲ့ လူကြီး ကိုယ်ခံအား တုံ့ပြန်ပုံနဲ့ မတူပါဘူးတဲ့။ တချို့လူကြီးတွေမှာ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်က နာလန်ထ ပြီး ရုတ်တရက် သေဆုံးရတဲ့ အကြောင်းရင်း

ကိုဗစ်ဖြစ်ပြီးသွားပြီး ၁၄ရက် ဒါမှမဟုတ်  ရက် ၂၀ကျော်နေပြီ။ နာလန်ထ ချိန်မှာ ရုတ်တရက် လဲပြီး အသက်ပါပါသွားတယ်တို့၊ ပြန်သက်သာပြီးမှ အခြေအနေဆိုးသွားတယ်တို့ ပြောတာ ကြားဖူးမှာပါ။ ကိုဗစ်က ၁၄ရက်၊ ၂၁ရက်ကျော်သွားရင် သက်သာလာပြီလို့ပဲ ပြောလို့ရသေးတာပါ။ ၃လလောက် ဆက်ပြီးတော့ ဂရုစိုက်ရပါဦးမယ်။ ဘာကြောင့်လဲဆိုတော့ ကိုဗစ်မှာ ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိနေလို့ပါပဲ။ ကိုဗစ်ကနေ နာလန်ထ ပြီး ရုတ်တရက် သေဆုံးရတဲ့ အကြောင်းအရင်း ကိုဗစ်ရဲ့ နောက်ဆက်တွဲ ပြဿနာတွေထဲမှာ သာမန် အမောမခံနိုင်တာ၊ ချောင်းဆိုးတာ၊ အနံ့ပျောက်တာတွေ ကျန်ခဲ့တာ စတဲ့အပရိကလက္ခဏာလေးတွေ ခံစားရနိုင်သလို အသက်ပါပါသွားလောက်အောင် ပြင်းထန်တဲ့ နောက်ဆက်တွဲရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေကတော့ သွေးခဲပြဿနာ ကိုဗစ်ဗိုင်းရပ်စ်ကိုယ်တိုင်ကလည်း သွေးခဲတာကို ဖြစ်စေနိုင်သလို လူနာက အိပ်ရာထဲမှာ အကြာကြီးလှဲနေရတာ၊ ရေသောက်နည်းတာ စတာတွေကလည်း သွေးခဲစေပါတယ်။ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာလမှာ သွေးတွင်းအောက်ဆီဂျင် ကို အခုလို မြှင့်တင်ပါ။

အခုလို ကိုဗစ်ကာလမှာ အများဆုံး ကြားနေရတဲ့ စကားတစ်ခွန်းက သွေးတွင်းအောက်ဆီဂျင် ကျတယ်ဆိုတဲ့ စကားပါ။ COVID-19 ကို ခံစားနေရသူတွေဟာ သွေးတွင်းအောက်ဆီဂျင် ပမာဏ အလွန်အကျွံ ကျဆင်းရာကနေ အသက်ဆုံးရှုံးသွားကြတာ များပါတယ်။ ဒီတစ်ခေါက်တော့ အခုလို ကိုဗစ်ကာလမှာ သွေးတွင်းအောက်ဆီဂျင်ကို ဘယ်လို မြှင့်တင်မလဲဆိုတာကို ပြောပြပေးသွားပါမယ်။ သွေးတွင်းအောက်ဆီဂျင်ဆိုတာ ဘာလဲ...... သွေးတွင်းအောက်ဆီဂျင်ဆိုတာက သွေးနီဥဆဲလ်လေးတွေထဲမှာ သယ်ဆောင်ထားတဲ့ အောက်ဆီဂျင်ပမာဏပါ။ ဒါက အခြား အချိန်တွေမှာ မကြာခဏ စစ်ဆေးဖို့ မလိုပေမယ့် အခုလို ကိုဗစ်ကာလမှာတော့ နေ့တိုင်း နီးပါး စစ်ဆေးဖို့ လိုပါမယ်။ အချို့ရောဂါ ကူးစက်ခံရသူတွေမှာ ဘာလက္ခဏာမှ မပြဘဲ သွေးတွင်းအောက်ဆီဂျင်ပဲ ကျဆင်းနေတာကြောင့် ကျန်းမာရေးကို ဂရုစိုက်ဖို့ဆိုရင် အခုလိုကာလမှာ သွေးတွင်းအောက်ဆီဂျင် ပမာဏကို နေ့စဉ် စစ်ဆေးတိုင်းတာဖို့ လိုပါမယ်။ သွေးတွင်းအောက်ဆီဂျင် ကျလာတဲ့အခါ ဘယ်လို ခံစားရမလဲ....... အောက်ဆီဂျင် […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်လူနာတွေ ခြေထောက်သွေးပြန်ကြော သွေးမခဲစေဖို့

ကိုဗစ်လူနာတွေမှာ အိပ်ရာထဲလှဲနေတာများလို့ရော၊ ရောဂါကိုယ်တိုင်က ဆဲလ်တွေကို ရောင်ရမ်းစေလို့ရော ခြေထောက်သွေးပြန်ကြော တွေမှာ သွေးခဲပိတ်တတ်ပါတယ်။ ဒီသွေးခဲတွေက ပြုတ်ထွက်သွားလို့ အခန့်မသင့်ရင် အဆုတ်သွေးကြောမှာ ပိတ်ပြီး အသက်အန္တရာယ်ဖြစ်လာနိုင်ပါတယ်။ ကိုဗစ်ဖြစ်ပြီး နာလန်ထလာတဲ့ လူတွေရုတ်တရက်လဲကျသေဆုံးသွားတယ်ဆိုတာ ဒါကြောင့်လည်း ပါပါတယ်။ ဆရာဝန်တွေ အနေနဲ့ လူနာက သွေးခဲနိုင်တဲ့ အနေအထားဆိုရင် သွေးကျဲဆေးတွေ ထိုးပေးလေ့ရှိပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ လူနာက ထိုးလို့မရတဲ့ အခြေအနေမို့လို့၊ ထိုးရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများလို့၊ ဆေးဝယ်ဖို့ မတတ်နိုင်လို့ မထိုးရတာမျိုး ရှိပါတယ်။ ဒီလိုဆိုရင်တော့ အောက်က နည်းလမ်းတွေနဲ့ ကာကွယ်ဖို့ အကြံပေးပါရစေ။ ခြေထောက်သွေးပြန်ကြော သွေးမခဲစေဖို့ ဆွဲသားခြေအိတ် ဝတ်ပါ။ အမြင်မှာ မြင်နေကျ ဆွဲသားခြေအိတ် မဟုတ်ပါဘူး။ သွေးခဲတာကို ကာကွယ်ဖို့ ထုတ်ထားတဲ့ ခြေအိတ်ပါ။ Compression stockings လို့ […]


ကိုရိုနာဗိုင်းရပ်စ်

စပ်မိစပ်ရာ Covid – 19 ရေးရာ

ကိုရိုနာဗိုင်းရပ်စ် (Covid – 19) က မျိုးဗီဇ ပြောင်းလဲမှုနဲ့အတူ ကိုဗစ်တွေက တစ်လှိုင်းပြီး တစ်လှိုင်းဖြစ်ပေါ်နေပါတယ်။ ကိုဗစ် တစ်လှိုင်းပြီး တစ်လှိုင်းဖြစ်ပေါ်မှုနဲ့အတူ စာဖတ်သူတွေရဲ့ စိတ်ထဲမှာ စိုးရိမ်စိတ်တွေနဲ့အတူ သိချင်စိတ်တွေလည်း များနေမယ် ထင်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုဗစ်နဲ့ ပတ်သက်ပြီး စာဖတ်သူတွေ ဇဝေဇဝါဖြစ်နေနိုင်တဲ့ အကြောင်းလေးတွေကို ပြောပြပေးသွား ပါမယ်။ စပ်မိစပ်ရာ Covid – 19 ရေးရာ ကိုဗစ်က ရေကနေတဆင့် ကူးနိုင်လား……… အခုထိတော့ ကိုဗစ်က သောက်သုံးရေတွေ၊ ချိုးရေနဲ့ အခြားသော ရေအရင်းအမြစ်တွေမှာ ရှင်သန်နေထိုင်နိုင်တယ်ဆိုတဲ့ သက်သေ မတွေ့ရသေးပါဘူး။ သောက်သုံးရေတွေကို သန့်ရှင်းအောင် ဂရုစိုက်တာ၊ ကလိုရင်း ခတ်တာလိုမျိုး လုပ်တာကတော့ အကောင်းဆုံး ဖြစ်မှာပါ။ ကိုဗစ်က အစားအစာတွေကနေတဆင့်ရော ကူးနိုင်လား……… အခုထိတော့ အစားအစာတွေကနေ ကိုဗစ် ကူးစက်တယ်ဆိုတဲ့ အထောက်အထား မတွေ့ရသေးပါဘူး။ […]


ကိုရိုနာဗိုင်းရပ်စ်

တုပ်ကွေးကာကွယ်ဆေး က ပြင်းထန်ကိုဗစ်ကို ကာကွယ်နိုင်

နှစ်တိုင်း တုပ်ကွေးကာကွယ်ဆေး ထိုးလေ့ရှိတဲ့သူ၊ ဒီနှစ်လည်း ထိုးထားပြီးတဲ့သူတွေအတွက် သတင်းကောင်းပါ။ ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးထားတဲ့သူတွေမှာ ပြင်းထန်ကိုဗစ်ဖြစ်တာ၊ အထူးကြပ်မတ်ဆောင်တက်ရတာ၊ သွေးဆိပ်သင့်တာနဲ့ လေဖြတ်တာကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ တုပ်ကွေးကာကွယ်ဆေး ဆိုတာ တုပ်ကွေးကာကွယ်ဆေးကို မြန်မာနိုင်ငံမှာ နှစ်စဉ် ၅လပိုင်းလောက်ဆို စထိုးကြပါပြီ။ ရာသီတုပ်ကွေး ကို ကာကွယ်ဖို့ပါ။ ရာသီတုပ်ကွေးက ရက်ပိုင်းလောက်နေရင်  သက်သာတတ်ပေမယ့် လူကြီးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးတွေနဲ့ ခုခံအားကျနေတဲ့သူတွေမှာ မတော်တဆ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာရင် အခြေအနေဆိုးတာကြောင့် သူတို့ကို ထိုးပါလို့ တိုက်တွန်းလေ့ရှိပါတယ်။ ကိုဗစ်စဖြစ်တုန်းကလည်း တတ်နိုင်ရင် ထိုးထားကြပါလို့ အကြံပေးခဲ့ပါတယ်။ တုပ်ကွေးနဲ့ ကိုဗစ်က လက္ခဏာတူနေလို့ ခွဲရခက်တဲ့အပြင် လူတစ်ယောက်တည်းမှာ တုပ်ကွေးရော၊ ကိုဗစ်ပါ ဖြစ်လာရင် ပိုဆိုးနိုင်တာကြောင့် ကာကွယ်လို့ရတဲ့ ရာသီတုပ်ကွေးကို ကာကွယ်ဆေးထိုးပြီး ကာကွယ်ကြပါလို့ တိုက်တွန်းခဲ့ပါတယ်။ ခုတော့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း