backup og meta

ကိုဗစ်ကပ်အတွင်း အောက်ဆီဂျင် ပြည့်ဝစေဖို့ ဘယ်လို စားသောက်ကြမလဲ.......

ကိုဗစ်ကပ်အတွင်း အောက်ဆီဂျင် ပြည့်ဝစေဖို့ ဘယ်လို စားသောက်ကြမလဲ.......

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အောက်ဆီဂျင်ပမာဏ ရုတ်တရက် ကျဆင်းသွားတယ်ဆိုတာကိုတော့ အားလုံး သိထားပြီးသား ဖြစ်မှာပါ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အောက်ဆီဂျင် ကျသွားတဲ့အခါ အသက်ရှူတာ ပြတ်တောင်းပြတ်တောင်း ဖြစ်စေသလို သေဆုံးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီကာလမှာ သွေးတွင်းအောက်ဆီဂျင်ပမာဏကို ထိန်းညှိပေးနိုင်မယ့် အကောင်းဆုံးသော နည်းလမ်းက အာဟာရ ပြည့်ဝအောင် စားသုံးမှုပါပဲ။ ဒီတော့ သွေးတွင်း အောက်ဆီဂျင် ပြည့်ဝစေဖို့ ဘာတွေစားရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။

အောက်ဆီဂျင် ပြည့်ဝစေဖို့ ဘာတွေစားရမလဲ

အောက်ဆီဂျင် ပြည့်ဝစေဖို့ အခုလိုလေး စားသုံးပေးဖို့ လိုပါမယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ အစားအစာတွေ

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကျန်းမာခြင်းရဲ့ အဓိက ဇာတ်ဆောင်ပါ။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ အစားအစာတွေက ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးသလို နှလုံးရောဂါ နဲ့ ကင်ဆာလိုမျိုး ရောဂါတွေဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေက သွေးတွင်း အောက်ဆီဂျင်ပမာဏ မြင့်တက်စေဖို့လည်း ထောက်ကူပေးပါသေးတယ်။

ဒါကြောင့် သွေးတွင်းအောက်ဆီဂျင် ပြည့်ဝနေစေဖို့ ထောပတ်သီး၊ ငှက်ပျောသီး၊ မုန်လာဥနီ၊ တရုတ်နံနံ၊ ကြက်သွန်ဖြူ၊ စွံပလွန်သီး စတာတွေကို စားသုံးပေးဖို့ လိုပါမယ်။ ဒီအသီးအနှံတွေမှာ pH ပါဝင်မှုက 8 ဖြစ်တာကြောင့် သွေးတွင်း အောက်ဆီဂျင်ပမာဏကို မြင့်တက်စေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ

အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေက အစာခြေစနစ်ကို ကျန်းမာစေသလို သွေးတွင်းကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေနိုင်ပါတယ်။ အဆာခံနိုင်စေလို့ အဝမလွန်စေဖို့ ထောက်ကူပေးပါတယ်။

ပဲပင်ပေါက်၊ ပန်းသီး၊ တရုတ်ဇီးသီး တို့က အမျှင်ဓာတ် ကြွယ်ဝပြီး  pH ပါဝင်မှုက 8 ဖြစ်တာကြောင့် အစာကြေလွယ်ပြီး သွေးတွင်း အောက်ဆီဂျင်ပမာဏကို မြင့်တက်စေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

သံပရိုသီး

သံပရိုသီးက ဓာတ်တိုးဆန့်ကျင်အာနိသင် အကြွယ်ဝဆုံး အသီး တစ်မျိုးပါ။ သံပရိုသီးက အက်ဆစ် ပါဝင်မှု များပေမယ့် ကျန်းမာစေဖို့ အတော်လေး ထောက်ကူပေးနိုင်ပါတယ်။ ချောင်းဆိုးတာ၊ အအေးမိတာ၊ တုပ်ကွေးဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။

သံပရိုသီးက အသည်းကို သန့်စင်ပေးသလို ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝမှုက သွေးတွင်း အောက်ဆီဂျင်ပမာဏကို မြင့်တက်စေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

ကဲ……. သွေးတွင်းအောက်ဆီဂျင် ပမာဏကို မြှင့်တင်ဖို့အတွက် အခုပြောခဲ့တာလေးတွေကို နေ့စဉ်စားသုံးမှုမှာ မမေ့မလျော့ ပါဝင်အောင် စားသုံးပေးလိုက်စို့နော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

A nutritionist recommends what you need in your diet for healthy oxygen levels. https://www.healthshots.com/healthy-eating/superfoods/foods-that-maintain-your-oxygen-levels/ Accessed Date 9 August 2021

Foods to help increase blood circulation: What to know https://www.medicalnewstoday.com/articles/foods-that-increase-blood-flow Accessed Date 9 August 2021

ယခုပုံစံ

10/09/2021

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးပြန်ကြော သွေးမခဲစေဖို့ ဘာတွေ စားကြမလဲ။

ကိုဗစ်လူနာတွေ ခြေထောက်သွေးပြန်ကြော သွေးမခဲစေဖို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 10/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement