backup og meta

ကိုဗစ်ကာလမှာ သွေးတွင်းအောက်ဆီဂျင် ကို အခုလို မြှင့်တင်ပါ။


Aye Thi Mon မှ ရေးသားသည်။ · 10/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုဗစ်ကာလမှာ သွေးတွင်းအောက်ဆီဂျင် ကို အခုလို မြှင့်တင်ပါ။

    အခုလို ကိုဗစ်ကာလမှာ အများဆုံး ကြားနေရတဲ့ စကားတစ်ခွန်းက သွေးတွင်းအောက်ဆီဂျင် ကျတယ်ဆိုတဲ့ စကားပါ။ COVID-19 ကို ခံစားနေရသူတွေဟာ သွေးတွင်းအောက်ဆီဂျင် ပမာဏ အလွန်အကျွံ ကျဆင်းရာကနေ အသက်ဆုံးရှုံးသွားကြတာ များပါတယ်။

    ဒီတစ်ခေါက်တော့ အခုလို ကိုဗစ်ကာလမှာ သွေးတွင်းအောက်ဆီဂျင်ကို ဘယ်လို မြှင့်တင်မလဲဆိုတာကို ပြောပြပေးသွားပါမယ်။

    သွေးတွင်းအောက်ဆီဂျင်ဆိုတာ ဘာလဲ……

    သွေးတွင်းအောက်ဆီဂျင်ဆိုတာက သွေးနီဥဆဲလ်လေးတွေထဲမှာ သယ်ဆောင်ထားတဲ့ အောက်ဆီဂျင်ပမာဏပါ။ ဒါက အခြား အချိန်တွေမှာ မကြာခဏ စစ်ဆေးဖို့ မလိုပေမယ့် အခုလို ကိုဗစ်ကာလမှာတော့ နေ့တိုင်း နီးပါး စစ်ဆေးဖို့ လိုပါမယ်။

    အချို့ရောဂါ ကူးစက်ခံရသူတွေမှာ ဘာလက္ခဏာမှ မပြဘဲ သွေးတွင်းအောက်ဆီဂျင်ပဲ ကျဆင်းနေတာကြောင့် ကျန်းမာရေးကို ဂရုစိုက်ဖို့ဆိုရင် အခုလိုကာလမှာ သွေးတွင်းအောက်ဆီဂျင် ပမာဏကို နေ့စဉ် စစ်ဆေးတိုင်းတာဖို့ လိုပါမယ်။

    သွေးတွင်းအောက်ဆီဂျင် ကျလာတဲ့အခါ ဘယ်လို ခံစားရမလဲ…….

    အောက်ဆီဂျင် တအားကျလာပြီဆိုရင်

    စွမ်းအင်က အောက်ဆီဂျင်ကနေ လာတာပါ……..

    ကျန်းမာတဲ့ အရွယ်ရောက်ပြီးသူ တစ်ဦးဟာ တစ်မိနစ်ကို ၁၂ ကြိမ်ကနေ အကြိမ် ၂၀ ဝန်းကျင် အသက်ရှူပါတယ်။ အသက်ရှူနှုန်း နှေးသူတွေမှာတော့ တစ်မိနစ်ကို ၆ ကြိမ်ကနေ ၈ ကြိမ်အထိ ရှူတာမျိုးလည်း ရှိပါတယ်။

    ဒါပေမယ့် သွေးတွင်း အောက်ဆီဂျင် ပြည့်ဝစေဖို့ဆိုရင် အကြိမ်ရေ များများ အသက်ရှူတာက အကောင်းဆုံး ဖြစ်မှာပါ။ အသက်ရှူလိုက်တဲ့အခါ ခန္ဓာကိုယ်က ဆဲလ်တွေဆီကို အောက်ဆီဂျင် ရောက်ရှိသွားပြီး ဆဲလ်တွေထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို စွန့်ထုတ်ပစ်လိုက်ပါတယ်။

    ဒီလို စွန့်ထုတ်ပြီး သက်ရှိလုပ်ငန်းစဉ်တွေအတွက် အားဖြည့်ပေးပါတယ်။ ခန္ဓာကိုယ်က စွမ်းအင် ၉၀ ရာခိုင်နှုန်းက အောက်ဆီဂျင်ကနေ လာတာပါ။

    ကိုဗစ်ကာလမှာ သွေးတွင်းအောက်ဆီဂျင် များများရစေဖို့

    အောက်ဆီဂျင်က ခန္ဓာကိုယ်ဆဲလ်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့အရာပါ။ ခန္ဓာကိုယ် လုပ်ငန်းဆောင်တာတွေ အတွက်ရော စွမ်းအင်အတွက်ပါ အရေးပါတဲ့ လောင်စာ တစ်မျိုးပါ။

    ဒီတော့ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အောက်ဆီဂျင်ပမာဏကို များများရစေဖို့ လုပ်ဆောင်ပေးရမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ ဒီနည်းလမ်းလေးတွေက ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား……

    လေသန့်သန့်ကို ရှူရှိုက်ပါ။

    နေအိမ်မှာ လေဝင်လေထွက် ကောင်းအောင် ထားပါ။ ပြတင်းပေါက်တွေ ဖွင့်ထားပါ။ လေကောင်းလေသန့် များများရအောင် လုပ်ဆောင်ပါ။ လေကောင်းလေသန့်က အဆုတ်အတွက် လုံလောက်တဲ့ အောက်ဆီဂျင် ပမာဏကို ထောက်ပံ့ပေးပါတယ်။

    ရေသောက်ပါ

    ကိုယ်တွင်းမှာ အောက်ဆီဂျင် ပြည့်ဝစွာရရှိပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်နိုင်ဖို့ဆိုရင် အဆုတ်က ရေဓာတ်ပြည့်ဝဖို့ လိုပါတယ်။ ဒါကြောင့် နေ့စဉ် ရေပမာဏ လုံလောက်အောင် သောက်သုံးဖို့ လိုပါတယ်။

    လူတစ်ဦး အနေနဲ့ အသက်ရှူသွင်း ရှူထုတ်ဖို့ တစ်နေ့ကို ပျမ်းမျှ ရေ ၄၀၀ မီလီလီတာ ရရှိဖို့ လိုအပ်ပါမယ်။ဒါကြောင့် နေ့စဉ် ရေ ၂ လီတာ ပုံမှန် သောက်သုံးပေးဖို့ လိုပါမယ်။ ရေသောက်တာကလည်း သွေးတွင်းအောက်ဆီဂျင် ပမာဏကို တက်စေနိုင်ပါတယ်။

    သံဓာတ် ပြည့်ဝအောင် စားသုံးပါ။

    အချို့သော အစားအစာတွေက သွေးတွင်းအောက်ဆီဂျင် ပမာဏကို မြင့်တက်စေနိုင်ပါတယ်။ သံဓာတ်က သွေးနီဥဆဲလ်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရ တစ်မျိုးပါ။ သွေးနီဥဆဲလ်တွေက ခန္ဓာကိုယ် အနှံ့ကို သွေးတွေ ပို့ဆောင်ပေးပါတယ်။ တကယ်လို့ သံဓာတ် မပြည့်ဝဘူးဆိုရင် ပင်ပန်းနွမ်းနယ်မှုကို ခံစားရမှာ ဖြစ်သလို သွေးတွင်းအောက်ဆီဂျင် ပမာဏလည်း ကျဆင်းမှာ ဖြစ်ပါတယ်။

    ဒါကြောင့် သံဓာတ် ပြည့်ဝစေဖို့ သံဓာတ် ကြွယ်ဝတဲ့ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်းတို့လိုမျိုး အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ ပန်းသီး၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ကြက်သား၊ ငါး စတာတွေကို နေ့စဉ် စားသုံးမှုမှာ ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။

    လေ့ကျင့်ခန်း လုပ်ပါ။

    လေ့ကျင့်ခန်း လုပ်တဲ့အခါ အောက်ဆီဂျင်ကို ပိုမို ရယူရသလို ပိုမို အသုံးပြုရပါတယ်။ သွေးတွင်း အောက်ဆီဂျင်ပမာဏ များများရစေဖို့ဆိုရင် လမ်းလျှောက်တာလိုမျိုး ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေကို ပုံမှန် လုပ်ပေးလို့ ရသလို cardio လေ့ကျင့်ခန်းတွေ လုပ်ပေးလို့လည်း ရပါတယ်။

    အသက်ရှူ လေ့ကျင့်ပါ။

    အသက်ရှူ လေ့ကျင့်ခန်း လုပ်တာက အဆုတ်တွေကို ကျန်းမာစေနိုင်ပြီး သွေးတွင်း အောက်ဆီဂျင်ပမာဏကိုလည်း တက်စေနိုင်ပါတယ်။ အသက်ကို ဖြည်းဖြည်း မှန်မှန်နဲ့ ရှိုက်ရှူတာက သွေးတွင်း အောက်ဆီဂျင်ပမာဏကို တက်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် အသက်ရှူ လေ့ကျင့်ခန်း လုပ်ဖို့ ပြောပါရစေ။

    အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေနဲ့ သွေးတွင်း အောက်ဆီဂျင် ပမာဏကို မြှင့်တင်ပြီး ကိုဗစ်ကာလမှာ ကျန်းမာအောင် ကိုယ်တိုင်ကိုရော မိသားစုဝင်တွေကိုပါ ဂရုစိုက်လိုက်ရအောင်လား……………

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 10/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement