ကျောက်ကပ်ထိခိုက်တာ ဒါကတော့ ရုတ်တရက် သေနိုင်တဲ့ အကြောင်းအရင်း မဟုတ်ပေမယ့် ပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာထဲမှာ ပါပါတယ်။ အထူးသဖြင့် အသက်၆၀ကျော်အရွယ်တွေ၊ ကိုဗစ်ဖြစ်တုန်းက ပြင်းထန်ခဲ့တဲ့ သူတွေ၊ နဂိုတည်းက ဆီးချို၊ သွေးတိုး၊ နာတာရှည် ကျောက်ကပ်ရောဂါရှိတဲ့သူတွေဆို ပိုသတိထားသင့်ပါတယ်။ လက္ခဏာတွေကတော့
-ဆီးနည်းသွားတာ
-ဆီးထဲ သွေးပါတာ
-ဆီးအရောင်နောက်တာ
-သွေးစစ်ကြည့်ရင် ဓာတ်ဆားတွေ ပုံမှန်မဟုတ်တာ၊ ဆီးထဲမှာ အသားဓာတ်ပါတာကို တွေ့ရမှာပါ။
ကိုဗစ်ကြောင့် ဖြစ်တဲ့ လေဖြတ်တာက သွေးကြောမှာ သွေးခဲပိတ်လို့ လေဖြတ်တာပါ။ ကိုဗစ်က သွေးခဲဖြစ်လွယ်စေတာကြောင့်ပါ။ နောက်ဆက်တွဲ အနေနဲ့ လေဖြတ်တာကို လူငယ်တွေမှာပါ တွေ့နေရတာကြောင့် အထူးဂရုစိုက်သင့်ပါတယ်။ လက္ခဏာတွေကတော့ ရုတ်တရက်
-မျက်နှာရွဲ့လာတာ
-လက်မမြှောက်နိုင်တော့တာ
-စကားလေးလာတာ
-ကိုယ်တစ်ခြမ်းလေးလာတာ စတာတွေပဲ ဖြစ်ပါတယ်။
ဒါ့ပြင် ကိုဗစ်ကြောင့် ဦးနှောက်ရောင်တာ၊ Guillain-Barre syndrome လို့ ခေါ်တဲ့ အာရုံကြောရောဂါလည်း ဖြစ်နိုင်ပါသေးတယ်။
ကိုဗစ်ကနေ နာလန်ထလာပြီဆိုရင်
ဒါကြောင့် ကိုဗစ်ဖြစ်ပြီးလို့ ၁၄ရက် ပြည့်ပြီ ဒါမှမဟုတ် ၂၁ရက်ပြည့်ပြီဆိုလည်း မပေါ့ပါနဲ့။ ကိုယ့်ကိုယ်ကို သက်သာလာတာ၊ အပြီး မပျောက်သေးဘူး။ ဂရုစိုက်ရဦးမယ်၊ အနေအထိုင် ဆင်ခြင်ရဦးမယ်လို့ နှလုံးသွင်းထားပါ။
နေပြန်ကောင်းလာလည်း လက္ခဏာတွေကို ဆက်ပြီး စောင့်ကြည့်ဖို့ လိုပါတယ်။ မူမမှန်တာရှိရင် ဆေးတွေ စစ်ဖို့ လိုပါတယ်။ ဘာတွေ စစ်ရမလဲဆိုတာကို ကိုဗစ်တုန်းက ပြခဲ့တဲ့ ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။ ကိုယ့်လက္ခဏာ၊ ဖြစ်နိုင်တဲ့ နောက်ဆက်တွဲတွေပေါ် မူတည်ပြီး လိုအပ်တာ ညွှန်ပါလိမ့်မယ်။
ကိုဗစ်ရဲ့ နောက်ဆက်တွဲ ပြဿနာတွေက အသက်ကြီးငယ်မရွေး၊ ကျားမမရွေး ခံရနိုင်ပါတယ်။ တချို့ဆို ကိုဗစ်ဖြစ်တုန်းက ပြင်းထန်တာမရှိဘဲ နာလန်ထအချိန်ကျမှ နောက်ဆက်တွဲတွေ ခံစားရတာမျိုး ရှိပါတယ်။ အထူးသဖြင့် လူငယ်တွေပါ။ ဖြစ်တုန်းက မပြင်းထန်ဘူးဆိုပြီး ပေါ့ပေါ့ဆဆနဲ့ ဂရုမစိုက်တာမျိုး မလုပ်သင့်ပါဘူး။
ကိုဗစ်ဖြစ်ပြီးသား လူနာတွေ အနေနဲ့ နာလန်ထအချိန်မှာ ပင်ပင်ပန်းပန်း သိပ်မလုပ်ပါနဲ့။ ကိုဗစ်ဖြစ်တုန်းကလိုပဲ ကောင်းကောင်းအနားယူ၊ အာဟာရပြည့်အောင် စားပါ။ ရောဂါလက္ခဏာ တစ်ခုခု ခံစားရတဲ့အခါ ဆရာဝန်နဲ့ ပြန်ပြပါ။ လိုအပ်တာတွေ စစ်ဆေးပြီး အချိန်မီကုသမှု ခံယူပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။