ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ

ခိုဆိုတာ မြန်မာနိုင်ငံရဲ့  နေရာတော်တော်များများမှာ တွေ့နိုင်တဲ့ ငှက်အမျိုးအစားပါ။ ဒီမှာက ခိုစာကျွေးတဲ့အလေ့အထရှိတဲ့အပြင် အိမ်နေမှာပါ ပေးနေကြတာကြောင့် လူတွေနဲ့ တော်တော်ကြီး နီးနီးကပ်ကပ်ကို ရှိနေတာပါ။ ဒါပေမဲ့ ဒီခိုတွေက လူတွေကိုတော့ ကောင်းကျိုးမပေးပါဘူး။ ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ က လူတွေကို အသက်အန္တရာယ်ဖြစ်စေသည်အထိ ပြင်းထန်ပါတယ်။ ခိုကနေ ရောဂါတွေ ဘယ်လိုကူးသလဲ ခိုချေးတွေကို ရှူမိရာကနေတဆင့် ကူးတာပါ။ လတ်လတ်ဆတ်ဆတ် ချေးတွေထက်စာရင် ခြောက်သွားတဲ့အခါ အမှုန်အမွှားတွေ ဖြစ်ပြီး ဒါကို ရှူမိရင် အဆုတ်ထဲရောက်ပြီး ကူးစက်တတ်ပါတယ်။ အဲ့ကနေမှ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်သွားပြီး ရောဂါဖြစ်စေပါတယ်။ ခိုတွေနဲ့ အနီးကပ်နေတဲ့သူတွေမှာ ဖြစ်နိုင်ခြေ များပါတယ်။ အထူးသဖြင့် ခုခံအားကျတဲ့သူဆိုရင် ပိုသတိထားသင့်ပါတယ်။။ သာမန်လူတွေမှာ ရောဂါဖြစ်နိုင်ခြေ နည်းပေမဲ့ ခုခံအားကျနေရင်တော့ ကူးစက်လွယ်ပါတယ်။ ဥပမာ HIV/ AIDS […]

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

Yaws (ယော အနာရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Yaws (ယော အနာရောဂါ) ကဘာလဲ။ ယောအနာရောဂါသည် အရေပြား၊ အရိုးနှင့် အဆစ်များတွင် ဘက်တီးရီးယားပိုးဝင်သော နာတာရှည်ရောဂါဖြစ်သည်။ ယောအနာ တွင် အဆင့် ၃ ဆင့်ရှိပါသည်။ (၁) အစောပိုင်းအဆင့် ယော ရောဂါပိုးနှင့် ထိတွေ့မိပြီး ၅-၆ ပတ်အကြာတွင် သင့်အရေပြားပေါ်တွင် အနီ ရောင် အဖုအပိန့်များ ပေါ်လာမည်ဖြစ်သည်။ အထူးသဖြင့် တင်ပါးသားနှင့် ခြေထောက်များတွင် အဖြစ်များပါသည်။ ထိုအဖုများကို frambesioma သို့မဟုတ် mother yaw ဟုတခါတရံတွင် ခေါ်ကြပြီး တဖြေးဖြေးကြီးထွားလာကာ အဝါရောင်အနာဖေးများဖြစ်သွားကြသည်။ အနာဖြစ်သော နေရာတဝိုက်တွင် ယားယံခြင်း၊ အကြိတ်ဖုများဖြစ်ခြင်းတို့ဖြစ်ပြီး အနာများသည် ခြောက်လခန့်အကြာတွင် အလိုလိုကျက်သွားသော်လည်း အမာရွတ်များ ကျန်ရစ်ခဲ့ပေသည်။ (၂) ဒုတိယအဆင့် တိုအဆင့်တွင် အဆင့် ၁ တွင် ဖြစ်သော အဖုများ မပျောက်ဘဲကျန်ရှိနေခြင်းမျိုးဖြစ်နိုင်သလို ပထမအဆင့် အနာပျောက်ပြီး ရက်သတ္တပတ်များ၊ […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

Plague (ပလိပ်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Plague (ပလိပ်ရောဂါ) ကဘာလဲ။ ပလိပ်ရောဂါဆိုတာက ပြင်းထန်သော ဘက်တီးရီးယား ကူးစက်ရောဂါတစ်ခုပြီး လှေးမှတစ်ဆင့် Yersinia pestis ပိုး ကူးစက်ခံရသောကြောင့် ဖြစ်တဲ့ရောဂါ တစ်မျိုးပါ။ Plague (ပလိပ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါက တော်တော်လေးအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အခြေအနေများကို သတိထားဆင်ခြင်ပြီး ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ လက္ခဏာများPlague (ပလိပ်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ ပလိပ်ရောဂါအမျိုးအစားပေါ်မူတည်ပြီး လက္ခဏာများ အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ ဥပမာ Bubonic ပလိပ် – ဒီပလိပ်ရောဂါ၏ အဖြစ်များဆုံး လက္ခဏာက ပေါင်ခြံ၊ ချိုင်းနှင့် လည်ပင်းတို့မှာရှိတဲ့ ပြန်ရည်ကျိတ်များ ကြက်ဥခန့်ကြီးမားလာကာ နာကျင်ပြီး ကိုင်ကြည့်လျှင် ပူနွေးနေခြင်းတို့ ဖြစ်ပါတယ်။ တခြားလက္ခဏာများအနေနဲ့ကတော့ ရုတ်တရတ်ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မောပန်းခြင်း၊ မအီမသာနှင့် ကြွက်သားများနာခြင်းတို့ပဲ ဖြစ်ပါတယ်။ သွေးဆိပ်သင့်ပလိပ် – အတွေ့ရများဆုံးလက္ခဏာများမှာ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ အလွန်အမင်း အားနည်းခြင်း၊ […]


ဇီကာဗိုင်းရပ်စ်

ဦးနှောက်ကင်ဆာကို ဇီကာဗိုင်းရပ်စ်နဲ့ ကုသနိုင်

သုတေသနတစ်ခုက ဦးနှောက်ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထား၊ တိုက်ဖျက်နိုင်ဖို့ ဇီကာဗိုင်းရပ်စ်ကို အသုံးပြုဖို့လေ့လာနေပြီး ခုချိန်ထိတော့ ရလဒ်တွေက အလားအလာကောင်းနေတယ်လို့ သိရပ်ါတယ်။ ဒါပေမယ့်ဘေးအန္တရာယ်ကင်းတဲ့ ကုသမှုတစ်ခုဖြစ်လာဖို့ကတော့ အချိန်အတော်စောင့်ရဦးမယ်လို့ သုတေသီတွေကပြောပါတယ်။   ဇီကာရောဂါပိုးကို ကုသရေးမှာသုံးလို့ရနိုင်ပါ့မလား။ သုတေသနအသစ်ကတော့ ရနိုင်ပါတယ်လို့ဖြေပါတယ်။ ဒီဗိုင်းရပ်စ်က ဗဟိုအာရုံကြောစနစ်အတွင်းမှာ အာရုံကြောဆဲလ်တွေနဲ့glial ဆဲလ်တွေကို ခွဲခြားပေးတဲ့ ဦးနှောက်ဆဲလ် (neural progenitor cells) တွေကို ပစ်မှတ်ထားတိုက်ဖျက်ပေးလေ့ရှိတာကြောင့်ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒီအချက်ကြောင့်ပဲ ကိုယ်ဝန်ဆောင်ချိန်မှာ ဇီကာကူးစက်ခံရတဲ့ မိခင်တွေရဲ့ သားသမီးတွေဟာ မွေးရာပါဦးခေါင်းသေးရောဂါ (microcephaly) နဲ့မွေးဖွားလာရတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချက်ကြောင့်ပဲ ဇီကာဗိုင်းရပ်စ်က ဦးနှောက်ကင်ဆာတစ်မျိုး (glioblastoma) ဖြစ်ခြင်းကို အားပေးတဲ့ glioblastoma ပင်မဆဲလ်တွေကို တိုက်ဖျက်နိုင်တာဖြစ်ပါလိမ့်မယ်။ သုတေသနကို Washington University School of Medicine မှ ပညာရှင်တွေကလေ့လာခဲ့တာဖြစ်ပြီးThe Journal of Experimental […]


အင်းဆက်မှတဆင့် ကူးစက်သော ရောဂါများ

Malaria (ငှက်ဖျား) ဆိုတာ ဘာလဲ

Malaria (ငှက်ဖျား) ဆိုတာ ဘာလဲ ဆိုတာကို လေ့လာလိုက်ရအောင်နော်။ Malaria (ငှက်ဖျား) ဆိုတာ ဘာလဲ  Malaria (ငှက်ဖျား) ဆိုတာ က အဖျားကြီးပြီးချမ်းတုန်လာတဲ့ပြင်းထန်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ရောဂါပိုးသယ်ဆောင်ထားတဲ့Anopheles အမျိုးအစားခြင်ကိုက်ခံရတာကနေတဆင့် ကူးစက်တာဖြစ်ပါတယ်။ရောဂါပိုးကူးစက်ခံထားရတဲ့ခြင်တွေကPlasmodium ပိုးတွေကိုသယ်ဆောင်ထားတာဖြစ်ပါတယ်။ ရောဂါပိုးသယ်ဆောင်ထားတဲ့ခြင်က လူကိုကိုက်လိုက်တဲ့အခါရောဂါပိုးကသွေးကြောတွေထဲကိုရောက်ရှိသွားပါတယ်။ ပိုးတွေက ခန္ဓါကိုယ်ထဲရောက်ရှိသွားတဲ့အခါ အသည်းဆီကိုရောက်ရှိသွားပြီး အသည်းမှာရှင်သန်ကြီးထွားတာဖြစ်ပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာတော့ ပိုးတွေကသွေးကြောထဲရောက်ရှိသွားပြီးသွေးနီဥဆဲလ်တွေဆီကို စတင်ကူးစက်ပါတယ်။သွေးနီဥဆဲလ်ထဲရောက်ရှိသွားပြီးနောက် ၄၈ နာရီကနေ ၇၂ နာရီအတွင်းပေါက်ပွားလာပြီး ဆဲလ်တွေဆီကိုကူးစက်တာဖြစ်ပါတယ်။ ပိုးတွေကသွေးနီဥဆဲလ်တွေထဲမှာ ဆက်လက်ပြန့်နှံ့နေပြီး ၂ ရက် ၃ ရက်အကြာမှာမှရောဂါလက္ခဏာတွေစပေါ်လာပါတယ်။ ငှက်ဖျားရောဂါပိုးရှင်သန်ပေါက်ဖွားရာ အပူပိုင်းနဲ့ သမပိုင်းတွေမှာ ရောဂါအဖြစ်များပါတယ်။ ငှက်ဖျားရောဂါလက္ခဏာတွေကဘာတွေလဲ ငှက်ဖျားရောဂါရဲ့ရောဂါလက္ခဏာတွေကို သာမန်ငှက်ဖျားရောဂါ (uncomplicatedmalaria) နဲ့ပြင်းထန်တဲ့ငှက်ဖျားရောဂါ (severe mlaria) ဆိုပြီး ၂ မျိုးခွဲခြားသတ်မှတ်ထားပါတယ်။ သာမန်ငှက်ဖျားရောဂါ (Uncomplicated malaria) သာမန်ငှက်ဖျားရောဂါကိုရောဂါလက္ခဏာပေါ်လာတဲ့အချိန်မှသာသိရှိနိုင်တာဖြစ်ပါတယ်။ပြင်းထန်တာမျိုးတွေနဲ့ ကိုယ်တွင်းအင်္ဂါထိခိုက်တာမျိုးတွေတော့မရှိပါဘူး။ မကုသဘဲနေမယ်ဆိုရင်တော့ရောဂါပြင်းထန်လာနိုင်ပါတယ်။ ကိုယ်ခံအားနည်းနေမယ်ဆိုရင်လည်းရောဂါကပြင်းထန်လာနိုင်ပါတယ်။ ရောဂါလက္ခဏာတွေ အနေနဲ့ကတော့ အေးတာ၊ ပူတာ။ ချွေးထွက်တာတွေ ကနေတဆင့် […]


ကူးစက်ရောဂါများ

အိမ်မှာနေရင်း အလုပ်လုပ်သူတွေအတွက် ကျန်းမာစွာနေထိုင်နည်း

အိမ်မှာနေရင်း အလုပ်လုပ်သူတွေ ဘယ်လိုကျန်းမာအောင်နေထိုင်မလဲ အိမ်ကနေပဲ အလုပ်လုပ်သူတွေ၊ freelancer အလုပ်လုပ်သူတွေဟာ ကျန်းမာရေးအတွက် တွေးရပြီဆိုရင် များပြားလှတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ မီးဖိုချောင်ထဲက စားချင့်စရာသရေစာမုန့်တွေပေါနေတာရယ်၊လူမှုရေးမှာတက်တက်ကြွကြွမရှိတော့တာရယ်၊ အိပ်ရာထဲမှာ ကွန်ပျူတာတစ်လုံးနဲ့ အလုပ်လုပ်တာလိုမျိုး လုပ်ငန်းခွင်စွမ်းရည်မြှင့်တင်ရေးရှုထောင့်အရ မသင့်လျော်တဲ့အနေအထားနဲ့ အလုပ်လုပ်တာတွေဟာ ကျန်းမာရေးအတွက်လည်း ထိခိုက်မှုရှိစေနိုင်ပါတယ်။ အိမ်ကနေပဲ အလုပ်လုပ်မယ်ဆိုတဲ့သူတွေဟာ အရင်ဆုံး - (၁) အလုပ်လုပ်မယ့်သီးသန့်နေရာတစ်ခုခုဖန်တီးပါ အိမ်ထဲမှာ အလုပ်လုပ်ဖို့သီးသန့်နေရာလွတ်တစ်ခုကိုဖန်တီးပါ။ အိပ်ရာဆိုတာ အိပ်ဖို့အတွက်ပဲဖြစ်သင့်ပါတယ်။ အလုပ်တွေကို အိပ်ရာထသြယ်လာတာဟာ ကိုယ့်ရဲ့အနားယူမှုကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အခန်းကျဉ်းလေးတစ်ခုထဲမှာနေထိုင်သူဖြစ်ရင်တောင် စားပွဲ တစ်လုံး၊ခုံတစ်လုံးချပြီး နေရာသတ်မှတ်ကာ အလုပ်နဲ့ကိုယ်ရေးကိုယ်တာခွဲခြားထားလို့ရပါတယ်။ (၂) တစ်နာရီကြာတိုင်း တစ်ခါထ၊ ဟိုဟိုဒီဒီလှုပ်ရှားပေးပါ နေရာလေးကျနေပြီ။ ထိုင်လို့ကောင်းနေပြီဆိုရင် ထိုင်ခုံမှာကျောက်ချပြီးထိုင်နေဖို့လွယ်ပါတယ်။ တစ်နာရီကြာတိုင်းသတိပေးပြီး အကြောထဆန့်နိုင်ဖို့ နှိုးစက်ပေးထားပါ သို့မဟုတ် အပလီကေးရှင်းသုံးပါ။ အပြင်ခဏထွက်တာ၊ အိမ်နားတဝိုက် လမ်းပတ်လျှောက်တာ၊နေရောင်ခည်ခံပြီးလေကောင်းလေသန့်ရှူတာတွေလုပ်ပေးပါ။ (၃) အချိန်ဇယားဆွဲပြီး လုပ်ပါ အိမ်မှာပဲဆိုတော့ မနက်ကိုနောက်ကျမှအိပ်ရာထပြီး ကို့လို့ကန့်လန့်အချိန်မှာ အလုပ်စလုပ်တာမျိုးဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ်တကယ် […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

မိုးတွင်းမှာအဖြစ်များတဲ့ ရောဂါတွေအန္တရာယ်ကနေ ဘယ်လိုကာကွယ်မလဲ

မိုးတွင်းမှာအဖြစ်များတဲ့ရောဂါတွေအန္တရာယ်ကနေ ဘယ်လိုကာကွယ်မလဲ မိုးတွင်းမှာဖြစ်ပွားလေ့ရှိတဲ့ရောဂါတွေကရောဂါအခြေအနေမပြင်းထန်ခင်အထိရောဂါအမျိုးအစားကိုခန့်မှန်းရခက်ပါတယ်။ မိုးရာသီမှာဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါအချို့က ကုသရလွယ်ကူပေမယ့် ရောဂါအချို့က အသက်အန္တရာယ်ကိုထိခိုက်နိုင်တာကြောင့်စောစီးစွာရှာဖွေကုသနိုင်မှသာ အသက်အန္တရာယ်ကနေကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ မိုးရာသီမှာအဖြစ်များတဲ့ရောဂါတွေနဲ့ ကာကွယ်နိုင်မယ့်နည်းလမ်းလေးတွေမျှဝေပေးလိုက်ပါတယ်။   အအေးမိခြင်း အအေးမိဝေဒနာက မိုးတွင်းမှာအဖြစ်များတဲ့ရောဂါတစ်ရပ်ဖြစ်ပြီး လေထုထဲကနေတဆင့်ရောဂါပိုးတွေ ပြန့်နှံ့ရာကနေဖြစ်ပွားတာဖြစ်ပါတယ်။ အအေးမိတာက အသက်ရှုလမ်းကြောင်းအထက်ပိုင်းမှာ ခံစားရတဲ့ရောဂါဖြစ်ပြီး နှာခေါင်းနဲ့ လည်ချောင်းတွေမှာ ခံစားရနိုင်ပါတယ်။ အအေးမိရောဂါခံစားရတဲ့အခါ နှာစေးတာ၊လည်ချောင်းနာတာ၊ကိုယ်လက်တွေကိုက်ခဲတာ၊လည်ချောင်းနာတာနဲ့အဖျားတက်တာတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ကာကွယ်နိုင်မယ့်နည်းလမ်းများ - ကိုယ်ခံအားစနစ်ကောင်းမွန်လာစေဖို့နဲ့ ခန္ဓာကိုယ်ရဲ့ရောဂါခုခံနိုင်စွမ်းတိုးတက်စေဖို့ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရသင့်တင့်မျှတစွာ စားသုံးပေးပါ။   ကာလဝမ်းရောဂါ နောက်ထပ်အဖြစ်များတဲ့ မုတ်သုံရာသီရောဂါတစ်ခုကတော့ ကာလဝမ်းရောဂါပါ။ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတာ၊ မသန့်ရှင်းတဲ့ရေနဲ့ အစားအစာတွေကြောင့် ကာလဝမ်းရောဂါဖြစ်ပွားတာဖြစ်ပါတယ်။ ကာလဝမ်းရောဂါဖြစ်ပွားတဲ့အခါ အော့အန်တာနဲ့ ဝမ်းသွားတာတွေကြောင့် ရေဓာတ်ဆုံးရှုံးတာနဲ့ ကြွက်တက်တာတွေဖြစ်ပေါ်ခံစားခဲ့ရနိုင်ပါတယ်။ ကာလဝမ်းရောဂါက ခန္ဓာကိုယ်ကဆုံးရှုံးသွားတဲ့ရေဓာတ်ကိုပြန်လည်မဖြည့်တင်းနိုင်ဘူးဆိုရင်အသက်အန္တရာယ်စိုးရိမ်ရပါတယ်။။ ကာကွယ်နိုင်မယ့်နည်းလမ်းများ - သန့်ရှင်းတဲ့ရေကိုသောက်သုံးပါ ကောင်းမွန်တဲ့ရေဆိုးနုတ်စနစ်ရှိပါစေ လက်ကိုစင်ကြယ်စွာဆေးကြောပေးပါ   တိုက်ဖွိုက် တိုက်ဖွိုက်ရောဂါဟာ ရေမှာပေါက်ဖွားတဲ့Salmonella လို့ခေါ်တဲ့ ဘက်တီးရီးယားတွေကြောင့် ဖြစ်တာဖြစ်ပါတယ်။ မသန့်ရှင်းတဲ့ရေနဲ့အစားအစာတွေကနေတဆင့် ကူးစက်နိုင်သလို ရောဂါကူးစက်ခံထားရတဲ့ သူရဲ့မစင်ကြောင့် ညစ်ညမ်းနေတဲ့ရေကနေလည်း ကူးစက်ဖြစ်ပွားစေနိုင်ပါတယ်။ တိုက်ဖွိုက်ရောဂါခံစားရတဲ့အခါ အဖျားတာရှည်တာ၊ မခံမရပ်နိုင်အောင်ဗိုက်အောင့်တာ၊ […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

မိုးတွင်းမှာ ဘယ်လိုရောဂါတွေ အဖြစ်များသလဲ။

မိုးတွင်းမှာ ဘယ်လိုရောဂါတွေ အဖြစ်များသလဲ။ ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲဆိုတာကို သိရှိ ကာကွယ်နိုင်စေဖို့ ဆောင်းပါးလေးကို ဖော်ပြပေးလိုက်ပါတယ်။ မိုးတွင်းမှာ ဘယ်လိုရောဂါတွေ အဖြစ်များသလဲ။ မုတ်သုံရာသီက နွေရာသီရဲ့ပူပြင်းခြောက်သွ့မှုဒဏ်ကိုလျော့ပါးစေတယ်ဆိုပေမယ့် မုတ်သုံရာသီနဲ့အတူရောဂါဘယအမျိုးမျိုးပါလာတတ်ပါ တယ်။ မုတ်သုံရာသီတိုင်း လိုလိုမှာ သန့်ရှင်းမှုမရှိတဲ့အနေအထားတွေနဲ့ကြိုတင်ကာကွယ်မှုနည်းလမ်းတွေကိုလုပ်ဆောင်ဖို့အားနည်းတာကြောင့် ရောဂါအမျိုးမျိုးဖြစ်ပေါ်ခံစားရတတ်ပါတယ်။ မိုးတွင်းမှာ ဘယ်လိုရောဂါတွေ အဖြစ်များသလဲ။ ဆိုတာ နဲ့ရောဂါလက္ခဏာတွေကိုဖော်ပြပေးလိုက်ပါတယ်။ (၁) အအေးမိဖျားနာခြင်း - မိုးရာသီမှာ အတွေ့ရအများဆုံးရောဂါတစ်ရပ်ဖြစ်ပါတယ်။ ရာသီဥတု အပူချိန်ပြောင်းလဲမှုကြောင့် ဖျားနာကြတာဖြစ်ပါတယ်။ အဖျားဝင်လာပြီဆိုရင် အများစုက ကူးစက်ရောဂါအဖြစ် ပြောင်းလဲသွားပြီး တစ်ဦးကနေတစ်ဦးကိုကူးစက်နိုင်တာကြောင့် အဖျားမဝင်အောင်ကာကွယ်ဖို့လိုပါတယ်။ ရောဂါလက္ခဏာတွေ - နှာစေးတာ ကိုယ်လက်တွေကိုက်ခဲတာ လည်ချောင်းနာတာ အဖျားတက်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ (၂) ငှက်ဖျား -Anopheles အမျိုးအစားခြင်အကိုက်ခံရာကနေကူးစက်တဲ့ရောဂါဖြစ်ပါတယ်။ မိုးရာသီမှာ မိုးသည်းထန်စွာရွာသွန်းမှုက ခြင်တွေကိုပေါက်ဖွားစေတာကြောင့် ငှက်ဖျားရောဂါကိုဖြစ်ပွားစေပါတယ်။ ရောဂါလက္ခဏာတွေ- အချိန်မှန်အဖျားတက်တာ ခိုက်ခိုက်တုန်အောင်ချမ်းတာ ကြွက်သားတွေနာကျင်ကိုက်ခဲတာ အားနည်းတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ (၃) ကာလဝမ်းရောဂါ -မိုးရာသီမှာနောက်ထပ်အဖြစ်များတဲ့ရောဂါတစ်ရပ်ကတော့ […]


အင်းဆက်မှတဆင့် ကူးစက်သော ရောဂါများ

Chikungunya (ချင်ကန်ဂူညာ အဖျားခေါ် ဆင်တုပ်ကွေးရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Chikungunya (ချင်ကန်ဂူညာ အဖျားခေါ် ဆင်တုပ်ကွေးရောဂါ) ကဘာလဲ။ ချင်ကန်ဂူညာဆိုတာ ခြင်ကနေ ကူးစက်တဲ့ဗိုင်းရပ်စ်ပိုးဖြစ်ပါတယ်။ ကူးစက်တဲ့ လူနာဟာ အများအားဖြင့်ဖျားနာခြင်းနှင့်ပြင်းထန်သောအဆစ် နာကျင်မှုရုတ်တရက်စတင်ခြင်းတို့ ပူးတွဲ ခံစားရပါတယ်။ ချင်ကန်ဂူညာ ( Chikungunya )ဗိုင်းရပ်စ်ပထမဦးဆုံးတွေ့တာဟာ တန်ဇန်းနီးယားမှာဖြစ်ပြီး 1952 ခုနှစ်မှာ ဖြစ်ပွား ခဲ့ပါတယ်။ ဒါဟာ Togaviridae မျိုးနွယ်ဝင် alphavirus genus မျိုးစိတ် Ribonucleic အက်ဆစ် (အာအန်အေ) ဗိုင်းရပ်စ်ပိုးဖြစ်ပါတယ်။ Chikungunya (ချင်ကန်ဂူညာ အဖျားခေါ် ဆင်တုပ်ကွေးရောဂါ) က ဘယ်လောက်အဖြစ်များသလဲ Chikugunya အာရှ, အာဖရိက, ဥရောပနှင့်အမေရိကတိုက် တို့က နိုင်ငံ 60 ကျော်မှာ ဖြစ်တာ ဖြစ်ပါတယ်။ ဒါဟာ ဘယ်အသက်အရွယ်မဆိုကျားမမရွေး သက်ရောက်နိုင်ပါတယ်။ ဒါဟာသင့်ရဲ့အန္တရာယ်ဖြစ်နိုင်ချေကို လျှော့ချစီမံခန့်ခွဲနိုင်ပါတယ်။ နောက်ထပ်သတင်းအချက်အလက်အတွက် သင့်ဆရာဝန်နှင့်အတူဆွေးနွေးပေးပါ။ လက္ခဏာများChikungunya (ချင်ကန်ဂူညာ အဖျားခေါ် ဆင်တုပ်ကွေးရောဂါ) […]


ရေယုန်

Whitlow (လက်ရေယုန်အနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Whitlow (လက်ရေယုန်အနာ) ကဘာလဲ။ လက်ချောင်းတွေမှာပေါက်တဲ့ နာကျင်မှုကိုပေးတဲ့ အလွယ်တကူကူးစက်နိုင်တဲ့ အရေပြားရောဂါတစ်ခု ဖြစ်ပါတယ်။ herpes simplex virus ဗိုင်းရပ်စ် ကြောင့် ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးအမျိုးအစား(၁) နဲ့ (၂)နှစ်မျိုးလုံးက ရေယုန်ဖြစ်စေနိုင်ပါတယ်။ သင့်လက်ချောင်းမှာ ထိခိုက်ဒဏ်ရာရသွားတဲ့အချိန် ဗိုင်းရပ်စ်ပါတဲ့ခန္ဓါကိုယ်အရည်တွေနဲ့ ထိတွေ့မိခြင်းကြောင့်ဖြစ်ပါတယ်။   Whitlow (လက်ရေယုန်အနာ) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ် မရွေး၊ လူမျိုး မရွေး၊ ကျားမ မရွေးဖြစ်နိုင်ပါတယ်။ ကလေးတွေ၊ သွားဘက်ဆိုင်ရာ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေမှာတော့ ပိုတွေ့ရတတ်ပါတယ်။ ပါးစပ်တစ်ဝိုက် ရေယုန်ပိုးကူးခံထားရချိန်မှာ ကလေးက လက်ချောင်းတွေနဲ့လက်မကို စုပ်လိုက်ခြင်းကြောင့် အဓိကဖြစ်နိုင်ပါတယ်။ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေမှာတော့ ရေယုန်ရှိတဲ့လူနာနဲ့ ထိတွေ့နေရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အထက်မှာဖော်ပြခဲ့တာတွေအတွက် အမျိုးအစား(၁)ကြောင့်ဖြစ်ပြီးတော့ ကျန်တဲ့လူတွေမှာတော့ အမျိုးအစား(၂)ကြောင့်ဖြစ်နိုင်ပါတယ်။ ကံကောင်းတာကတော့ ဖြစ်စေနိုင်တဲ့အကြောင်းတွေကို ရှောင်ကြဉ်ခြင်းဖြင့် မဖြစ်အောင် ကာကွယ်နိုင်တာပဲဖြစ်ပါတယ်။ အသေးစိတ်သိလိုတယ်ဆိုရင်တော့ ဆရာဝန်နဲ့သွားပြသင့်ပါတယ်။ လက္ခဏာများWhitlow (လက်ရေယုန်အနာ) […]


အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများ

Whooping Cough (ကြက်ညှာချောင်းဆိုးရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Whooping Cough (ကြက်ညှာချောင်းဆိုးရောဂါ) ကဘာလဲ။ ကြက်ညှာချောင်းဆိုးရောဂါသည် နှာခေါင်းနဲ့လည်ချောင်းကနေတစ်ဆင့် ဝင်သော ကူးစက်မြန် အသက်ရှုလမ်းကြောင်းရောဂါ ကူးစက်ရောဂါတစ်ခုဖြစ်သည်။ အများစုမှာတော့ အက်သံပါအောင်ချောင်းဆိုးခြင်းရဲ့နောက်မှာ အသက်ရှူသံပြင်းပြင်းလိုက်လာခြင်းမျိုး ဖြစ်ပါတယ်။ ကူးစက်လွယ်တတ်ပေမဲ့ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကဲ့သို့သော ကာကွယ်ဆေးနဲ့ ကလေးတွေအရွယ်ရောက်ပြီးသူတွေမှာ မဖြစ်အောင်ကာကွယ်ထားနိုင်ပါတယ်။   Whooping Cough (ကြက်ညှာချောင်းဆိုးရောဂါ) က ဘယ်လောက်အဖြစ်များသလဲ။ မွေးကင်းစအရွယ်တွေနဲ့ကလေးငယ်တွေမှာ ပိုဖြစ်တတ်ပေမဲ့ ဘယ်အရွယ်မဆိုဖြစ်နိုင်ပါတယ်။ ဖြစ်စေတတ်တဲ့အကြောင်းတွေကိုရှောင်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ထပ်ပြီးသိလိုသည်တို့ကို ဆရာဝန်နဲ့ ပြသဆွေးနွေးနိုင်ပါတယ်။ လက္ခဏာများWhooping Cough (ကြက်ညှာချောင်းဆိုးရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ။ ကူးစက်ခံရပြီး ဆယ်ရက်လောက်ကြာမှ လက္ခဏာတွေပေါ်လာတတ်ပါတယ်။ အစောပိုင်းအဆင့်မှာဆိုရင် အအေးမိတဲ့လက္ခဏာလောက်သာ ပြတတ်ပါတယ်။ နှာရည်ကျခြင်း နှာပိတ်ခြင်း မျက်စိနီခြင်း၊မျက်ရည်ပူထွက်ခြင်း ဖျားခြင်း ချောင်းဆိုးခြင်း တစ်ပတ်နှစ်ပတ်အကြာမှာတော့ လက္ခဏာတွေ ပိုဆိုးလာပါတယ်။ အချိန်အကြာကြီး ပြင်းပြင်းထန်ထန်ချောင်းဆိုးရခြင်းကြောင့် အန်ခြင်း မျက်နှာနီလာခြင်း(သို့)ပြာသွားခြင်း အလွန်မောပန်းနွမ်းနယ်ခြင်း ချောင်းဆိုးပြီးနောက် အသက်ရှူသံပြင်းပြင်းထွက်ခြင်း နို့စို့ကလေးအရွယ်မှာတော့ချောင်းဆိုးတာကို မတွေ့ရတတ်ပါဘူး။ အသက်ရှုဖို့ ခက်တာတွေ၊ အသက်ရှူခဏရပ် သွားတာမျိုးတွေပဲ တွေ့ရတတ်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားလက္ခဏာတွေလည်းရှိနိုင်သေးပါတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်